16/10/2022
◾"ငါတို့ဘယ်လိုဖြတ်သန်းခဲ့ကြသလဲ" ကျောင်းသားမျိုးဆက်အသီးသီး၏ စကားဝိုင်း။
ကျွန်တော်တို့နိုင်ငံဟာ ကျောင်းသားသမဂ္ဂနဲ့တော်လှန်ရေး၊ တော်လှန်ရေးနဲ့ကျောင်းသားသမဂ္ဂ ဆိုတာခွဲခြားလို့မရတဲ့အထိ ယှဉ်တွဲနေတာပဲဖြစ်ပါတယ်။ ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ကြိုးပမ်းမှုကစလို့ အဆက်ဆက်သော အာဏာသိမ်းမှုတွေ၊ လူထုအုံကြွမှုတွေမှာ ကျောင်းသားသမဂ္ဂမျိုးဆက် တဆက်ပြီးတဆက်ဟာ အဓိကကျတဲ့နေရာကနေ မားမားမတ်မတ် တော်လှန်ခဲ့ကြပါတယ်။ ကျုပ်တို့ရဲ့ နောင်တော်ကျောင်းသားမျိုးဆက်တွေ ဘယ်လိုမျိုး ဖြတ်သန်းခဲ့ကြလဲ၊ တိုက်ပွဲဝင်ခဲ့ကြလဲ၊ သူတို့ခေတ်မှာ သူတို့ရေဘယ်လိုစီးခဲ့ကြသလဲ၊ ကျုပ်တို့ခေတ်ရဲ့ ရေစီးကိုကော သူတို့ဘယ်လိုမြင်ကြလဲ။ ဒါတွေကို သိထားကြဖို့ ကောင်းပါတယ်။ ကျောင်းသားတွေရဲ့ တော်လှန်ရေးလမ်းကြောင်းအတွက် အထောက်အကူဖြစ်ပါလိမ့်မယ်။
ကမ္ဘာ့ကျောင်းသားနေ့အထိမ်းအမှတ် အဖြစ် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ - SURC က ကျင်းပတဲ့ "ငါတို့ဘယ်လိုဖြတ်သန်းခဲ့ကြသလဲ" ဆိုတဲ့စကားဝိုင်းဆွေးနွေးပွဲကတော့ နောင်တော်မျိုးဆက်တွေ နဲ့ ကျွန်တော်တို့မျိုးဆက် ရဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေ၊ လက်ရှိနွေဦးတော်လှန်ရေးအပေါ် သူတို့ရဲ့ရှုမြင်ပုံတွေ ကြားသိရမှာပဲဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေအဖြစ်
(က) အောင်စောဦး (၇၄၊ ၇၅၊ ၇၆ မျိုးဆက်)
(ခ) မျိုးကြီး (၈၈ မျိုးဆက်)
(ဂ) မင်းသွေးသစ် (၂၀၁၅ မျိုးဆက်)
(ဃ) မင်းဟန်ထက် (၂၀၂၁ မျိုးဆက်)
ကျင်းပမည့်နေ့ရက် - အောက်တိုဘာလ ၁၇ ရက်နေ့၊ ၂၀၂၂ ခုနှစ်
ကျင်းပမည့်အချိန် - ည (၇) နာရီမှ ည (၉) နာရီ
GSCB, GMSR facebook စာမျက်နှာများ၊ကျောင်းသားသမဂ္ဂ အသီးသီး၏ လူမှုကွန်ယက်စာမျက်နှာများနှင့် အောက်ပါ မီဒီယာများတွင် စကားဝိုင်းအား တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။
Mizzima,DVB, Than Lwin Times, Than Lwin Khet,Burma VJ,Kanbawza Tai, Kanbawza Broadcasting,D-Day,Khit Thit, Zalen, Ayeyarwaddy Times, Mindat Post,Myanmar Press Photo Agency, People's Spring