15/10/2025
၁၉၇၆ ခုနှစ် မန္တလေးတက္ကသိုလ် သစ္စာဆောင်ရှေ့ ညချမ်းအချိန်ခါ
" ဟေးးးး သစ္စာဆောင်မှာ မိန်းကလေးတွေရှိပေမယ့်
မိန်းကလေးတွေမှာသစ္စာမရှိဘူးကွ ဟားးးဟားးး"
ပါလာသမျှအဆောင်သားအားလုံးပျော်ရွှင်စွာရယ်မောလိုက်ကြပြီးနောက် ကျောင်းသားတစ်ယောက်က ဂစ်တာကို ကျွမ်းကျင်စွာတီးခတ်လိုက်လေသည်။
ထိုညများ၌ သစ္စာဆောင်ရှေ့တွင် ပလပ်ဖောင်းရှိုးများ အခါမလပ်ကျင်းပလေ့ရှိနေခဲ့ကြသည်။