MUVAL - Myitkyina University Volunteers Association of Library

MUVAL - Myitkyina University Volunteers Association of Library About The Myitkyina University Libary.

Myitkyina  University Volunteers Association of library စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့၀င် ကျောင်းသား ကျော...
21/10/2021

Myitkyina University Volunteers Association of library
စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့၀င် ကျောင်းသား ကျောင်းသူ နှစ်ဦး
ဖြစ်သည့် သမိုင်းဌာန ဒုတိယနှစ်ဂုဏ်ထူးတန်း ကိုမျိုးထက်နိုင်လင်း
သင်္ချာဌာန ဒုတိယနှစ်မဟာတန်း မမြတ်နိုး၀ေ တို့သည် 19.10.21တွင် စစ်ကောင်စီ ဖမ်းဆီးချုပ်နှောင် ထားခြင်းမှ ပြန်လည်လွတ်မြောက်ခဲ့ပါသည်

# #သတင်းဖြန့်၀ေမှုနောက်ကျသည့် အတွက် တောင်းပန်ပါတယ် # #
MUVAL
#တာ၀န်ခံ

မြစ်ကြီးနား တက္ကသိုလ်  စာကြည့်တိုက် Volunteers  ကျောင်းသား၊ ကျောင်းသူများမှ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် နှင့် တက္ကသိုလ...
15/01/2021

မြစ်ကြီးနား တက္ကသိုလ် စာကြည့်တိုက် Volunteers ကျောင်းသား၊ ကျောင်းသူများမှ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် နှင့် တက္ကသိုလ် များ စာကြည့်တိုက် ဗဟိုဌာနကို သွားရောက်လေ့လာခဲ့ပြီး ဗဟိုစာကြည့်တိုက်မှုး ဆရာမကြီး
ဒေါက်တာ လှိုင်လှိုင်ကြီး နှင့် တွေ့ဆုံခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်မှ
မြစ်ကြီးနားတက္ကသိုလ် ကို စာအုပ်များ လှူဒါန်း ပေးသည့်အပြင် မိုးညှင်းတက္ကသိုလ်ကိုပါ စာအုပ်များ လှူဒါန်း ပေးခဲ့သည့်အတွက် ကျေးဇူး အထူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

နွေးနွေးထွေးထွေးနှင့် ကြိုဆိုလက်ခံရှင်းပြပေး ကြသည့် ဆရာမကြီး နှင့် တာဝန်ရှိ ဝန်ထမ်းများအားလုံးကိုလည်း မြစ်ကြီးနားတက္ကသိုလ် စာကြည့်တိုက် Volunteers မှ ကျေးဇူးတင်ပါတယ်။
😍😍😍😍😍😍😍😍😍

MUVAL
15.1.2021

ကျောင်းမဖွင့်​သေးပေမယ့် စာကြည့်တိုက်္မှာ အမြဲတမ်း စာလာဖတ်လို့ရတယ်နော်
08/01/2021

ကျောင်းမဖွင့်​သေးပေမယ့် စာကြည့်တိုက်္မှာ အမြဲတမ်း စာလာဖတ်လို့ရတယ်နော်


မြစ်ကြီးနားတက္ကသိုလ် စာကြည့်တိုက် မှာရှိတဲ့ Thesis စာရင်းတွေကို pdf file အနေနဲ့ အလွယ်တကူ download လုပ်ပြီး လေ့လာနိုင်ပါပ...
05/11/2020

မြစ်ကြီးနားတက္ကသိုလ် စာကြည့်တိုက် မှာရှိတဲ့ Thesis စာရင်းတွေကို pdf file အနေနဲ့ အလွယ်တကူ download လုပ်ပြီး လေ့လာနိုင်ပါပြီ

Ph.D ကျမ်းပြုစာတမ်းများ စာရင်း
http://www.umkn.edu.mm/wp-content/uploads/2020/11/Ph.D-List.pdf

M.A စာတမ်းခေါင်းစဉ်များ စာရင်း
http://www.umkn.edu.mm/wp-content/uploads/2020/11/M.A-Theses-list.pdf

M.Res စာတမ်းခေါင်းစဉ်များ စာရင်း
http://www.umkn.edu.mm/wp-content/uploads/2020/11/M.Res-Theses-List.pdf

M.Sc စာတမ်းခေါင်းစဉ်များစာရင်း
http://www.umkn.edu.mm/wp-content/uploads/2020/11/M.Sc-Theses-List.pdf

Credit to Myitkyina University Library page

🏆 𝐌𝐘𝐄𝐎 𝐑𝐞𝐠𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝐈𝐧 𝐊𝐚𝐜𝐡𝐢𝐧 🏆  မင်္ဂလာပါခင်ဗျာ။🙏   𝐌𝐘𝐄𝐎 ရဲ့ 𝐑𝐞𝐠𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝐌𝐨𝐧𝐭𝐡 ကို ပထမဆု...
16/10/2020

🏆 𝐌𝐘𝐄𝐎 𝐑𝐞𝐠𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝐈𝐧 𝐊𝐚𝐜𝐡𝐢𝐧 🏆
မင်္ဂလာပါခင်ဗျာ။🙏
𝐌𝐘𝐄𝐎 ရဲ့ 𝐑𝐞𝐠𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 𝐌𝐨𝐧𝐭𝐡 ကို ပထမဆုံးပြုလုပ်သွားမယ့် နေရာကတော့ ယခုပဲ ထွက်ရှိလာပြီဖြစ်ပါတယ်။😍
ဒီနေရာကတော့ မြန်မာနိုင်ငံရဲ့ မြောက်ဘက်ဆုံးအပိုင်းမှာတည်ရှိတဲ့ သဘာဝတရားတွေနဲ့အမြဲအေးချမ်းလှပနေတဲ့ 'ကချင်ပြည်နယ်' ပဲဖြစ်ပါတယ်။ 💙
𝐌𝐘𝐄𝐎 ရဲ့ 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐭𝐢𝐚𝐥 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 (𝐄𝐋𝐈) မှ လူငယ်ခေါင်းဆောင်တွေက ကချင်ပြည်နယ်မှ လူငယ်များအတွက် 'မနောအကနဲ့ အလားသဏ္ဌာန်တူတဲ့ Community Workshop' တစ်ခုကို ယူဆောင်ပေးလာတော့မှာပါ။ 📣📣📣
____________________________________________________
💎 မနောအကနဲ့ အလားသဏ္ဌာန်တူတဲ့ 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ဆိုတာ ဘယ်လိုမျိုးလဲ❓

- ကချင်တိုင်းရင်းသားတို့ရဲ့ မနောအကဟာ ထင်ရှားလှတဲ့ ရိုးရာအက ဖြစ်ပါတယ်။ ဒါ့အပြင် မနောအကဟာ လူဆန့်သမျှ ထောင်နှင့်ချီ၍ ကနိုင်တဲ့အက ဖြစ်ပါတယ်။
- ဒါဟာ 𝐌𝐘𝐄𝐎 ရဲ့ 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 နဲ့ ဆင်တူတဲ့ ပထမဆုံး အချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ဟာလည်း ကချင်ပြည်နယ်ရဲ့ တက္ကသိုလ်များမှ လူငယ်ခေါင်းဆောင်များက 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ပေါင်း (၁၂)ခုကို ဦးဆောင်ပြုလုပ်မှာမို့ လူငယ်ပေါင်း ထောင်နှင့်ချီပြီး ပါဝင်နိုင်မှာဖြစ်ပါတယ်။

- ဒုတိယအချက်အနေနဲ့ မနောအကဟာ စုပေါင်းကရတဲ့ အကဖြစ်တာကြောင့် မနောကွင်းကိုမူပြီး လက်ယာရစ်၍ ကရာ ခေါင်းဆောင်ရဲ့ ကဟန်အတိုင်း နောက်ပါလူများက ကသွားရတာဖြစ်ပါတယ်။
- ယခု Workshop ဟာလည်း ကချင်ပြည်နယ်ရှိ တက္ကသိုလ်ကိုယ်စားပြု လူငယ်ခေါင်းဆောင်များရဲ့ ဦးဆောင်သင်ကြားမှုများအတိုင်း လိုက်လံပြုလုပ်ပါဝင်ကာ ဟန်ချက်ညီညီနဲ့ သင်ယူဆွေးနွေးသွားရမှာပဲ ဖြစ်ပါတယ်။ ( လူငယ်ခေါင်းဆောင်တွေကတော့ ရှေ့ကဦးဆောင် ကပြသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ 🤗 )
______________________________________________________
💎 ဘယ်သူတွေတက်လို့ရမှာလဲ❓

-ကချင်ပြည်နယ်အတွင်းရှိ အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်း လူငယ်များ အားလုံး (အခမဲ့) ပါဝင်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
_______________________________________________________
💎 ဘယ်သူတွေက မျှဝေသွားမှာလဲ❓

- 𝐌𝐘𝐄𝐎-𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐭𝐢𝐚𝐥 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 (𝐄𝐋𝐈) ရဲ့ ကချင်ပြည်နယ်ရှိ တက္ကသိုလ်ကိုယ်စားပြု ရွေးချယ်ခံထားရသော လူငယ်ခေါင်းဆောင် (𝐂𝐚𝐦𝐩𝐮𝐬 𝐂𝐡𝐚𝐩𝐭𝐞𝐫 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫) များမှ ဦးဆောင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
________________________________________________________
💎 ဘာတွေသင်ယူရမှာလဲ❓

- လူငယ်တစ်ယောက်မှာ မရှိမဖြစ်လိုအပ်တဲ့ soft skills များနှင့် လုပ်ငန်းခွင်မှာ စမတ်ကျလာစေမယ့် Professional Skills တွေ၊
- အချင်းချင်း ရင်းနှီးခွင့်ရနိုင်မယ့် Ice-breaking Activities တွေ၊
- သင်ယူထားတာတွေကို ပြန်လည်ဆန်းစစ်နိုင်မယ့် mini quizzes တွေ၊
- ကချင်ပြည်နယ်ရှိ တက္ကသိုလ်ကိုယ်စားပြု လူငယ်ခေါင်းဆောင် တွေရဲ့ Live Chat တွေ၊
- Online Workshop Sessions တွေ၊
အစရှိသည်ဖြင့် ပါဝင်သွားမှာပါ။
_________________________________________________________
💎 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 တွေကိုတက်ဖို့ ဘယ်အချိန်ကစပြီး လျှောက်ထားနိုင်မလဲ❓

- Registration စတင်မည့်နေ့ရက် - အောက်တိုဘာလ ၁၅ရက် (𝟏𝟓𝐭𝐡 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟐𝟎𝟐𝟎)
- 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 ပိတ်မည့်ရက် - အောက်တိုဘာလ ၁၈ရက် (𝟏𝟖𝐭𝐡 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟐𝟎𝟐𝟎)
__________________________________________________________
💎 သင်တန်းမှာ ပါဝင်ခွင့်ရဖို့ ဘယ်လို Registration လုပ်ရမလဲ❓
- အောက်မှာ ဖော်ပြထားတဲ့ 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤 မှ 𝐫𝐞𝐠𝐢𝐬𝐭𝐞𝐫 လုပ်ပါ။
- သင်တန်းတက်ရောက်ရမည့် 𝐂𝐥𝐨𝐬𝐞𝐝 𝐠𝐫𝐨𝐮𝐩 အား 𝐣𝐨𝐢𝐧 ပါ။
(𝐂𝐥𝐨𝐬𝐞𝐝 𝐠𝐫𝐨𝐮𝐩 အား join ရာတွင် မိမိနာမည်နှင့် ဖုန်းနံပါတ်အား မှန်ကန်စွာ ဖြည့်သွင်းမှသာ group ထဲသို့ သင်တန်းစတင်မည့်နေ့ရက်မတိုင်ခင် ရောက်ရှိမည် ဖြစ်ပါသည်)

𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤 👉👉 https://m.me/myeo.hub?ref=vwk
____________________________________________________________

🚨🚨🚨 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 တစ်ခုစီတွင် လူငယ် အယောက် (၁၀၀)သာ လက်ခံမှာမို့ ဝင်ရောက် စာရင်းသွင်းသူ လူငယ် ၁၂၀၀ ပြည့်သည်နှင့် 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐦 ကို ပိတ်မည်ဖြစ်ပါသည်။ 🚨🚨🚨

(Register လုပ်ပြီးတဲ့ သူငယ်ချင်းတို့အနေနဲ့လည်း Comment Box မှာ 'DONE' ဆိုပြီး ရေးသားပေးခဲ့ကြပါဦးနော်😍)

မင်္ဂလာပါ သူငယ်ချင်းတို့ရေ🤩ပျင်းနေကြပြီလား🥺📝MUVALကနေပြီးတော့ မြစ်ကြီးနားတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းတို့အတွက်...
11/10/2020

မင်္ဂလာပါ သူငယ်ချင်းတို့ရေ🤩
ပျင်းနေကြပြီလား🥺

📝MUVALကနေပြီးတော့ မြစ်ကြီးနားတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းတို့အတွက် တစ်စုံတစ်ခုယူလာပါပြီနော်😱
📝MUVALနဲ့ အဖွဲ့အစည်းတစ်ခုနဲ့ပူးပေါင်းပြီး သူငယ်ချင်းတို့အတွက်အကျိုးရှိစေမဲ့အရာ‌လေးတစ်ခုလုပ်ပေးသွားဖို့ရှိပါတယ်🥳
📝အ့ဲဒါကဘာဖြစ်မလဲ?? 👀ဘယ်သူနဲ့ပူးပေါင်းမှာလဲ??👀 ဘာတွေလုပ်ပေးသွားမှာလဲဆိုတာတွေကတော့ မကြာခင်မှာပြန်‌အသိပေးသွားမှာလို့ စောင့်ကြည့်ပေးကြပါအုံးနော် သူငယ်ချင်းတို့ရေ🥳

Something is Coming for you 😉
Don't miss out this opportunity and share to your friends 🙆‍♂️🥳

"Ready to Read" ဓာတ်ပုံပြိုင်ပဲွဲကြီးကတော့ မနေ့ည၉နာရီမှာပြီးဆုံးသွားခဲ့ပါပြီ အားလုံးစောင့်မျှော်နေကြတဲ့ ပြိုင်ပွဲရလဒ်ကတေ...
03/08/2020

"Ready to Read" ဓာတ်ပုံပြိုင်ပဲွဲကြီးကတော့ မနေ့ည၉နာရီမှာပြီးဆုံးသွားခဲ့ပါပြီ အားလုံးစောင့်မျှော်နေကြတဲ့ ပြိုင်ပွဲရလဒ်ကတော့🤗🤗🤗..........................................................................
Like and share အများဆုံးနဲ့

🏆သန်းထိုက်အောင် - ပထမဆု
🏆လွမ်းညွယ် - ဒုတိယဆု
🏆ယွန်းသီသီအောင် - တတိယဆု
တို့အသီးသီးဆွတ်ခူးသွားပါတယ်

Comment အရေအတွက်အများဆုံးနဲ့ အထူးဆုကို သိမ်းပိုက်သွားတဲ့သူကတော့ ပြိုင်ပွဲဝင်နံပါတ်(၈)သန်းထိုက်အောင် ပဲဖြစ်ပါတယ် 🎉🎉🎉

ဆုရရှိသူအားလုံးအတွက်ဂုဏ်ယူပါတယ်👏👏👏
ပြိုင်ပွဲဝင်သူများအားလုံးနဲ့အတူ like,comment&share ပေးခဲ့ကြတဲ့အယောက်တိုင်းကိုလည်း MUVAL မှ ကျေးဇူးတင်ရှိပါတယ်😍😍😍

📖Ready to Read📖📷ဓာတ်ပုံ ပြိုင်ပွဲ 📷       (Post 2)----------------------------------- ပြိုင်ပွဲစတင်ပါပြီ...- Like & Shar...
28/07/2020

📖Ready to Read📖
📷ဓာတ်ပုံ ပြိုင်ပွဲ 📷
(Post 2)
----------------------------------

- ပြိုင်ပွဲစတင်ပါပြီ...
- Like & Share များဖြင့် အားပေးနိုင်ပါပြီ...
- ယခုမှစ၍ ဩဂုတ်လ ၂ရက်နေ့ ည ၉နာရီမတိုင်မီ like and share များသာအကျုံးဝင်မည်ဖြစ်သည်...
- Page အား See First ပြုလုပ်ထားရန်။

---------------------------------
အမှတ်ပေးစည်းမျဥ်း

-(1like = 1mark)
-(1share = 1mark)
အဖြစ်သက်မှတ်မည်ဖြစ်ပြီး
🥇ပထမဆု
🥈ဒုတိယဆု
🥉တတိယဆု
များပေးအပ်သွားမည်ဖြစ်သည် (ပထမဆုရသူရဲ့ပုံကို page ရဲ့ Cover Photo အဖြစ်လည်း၂ လတိတိတင်ပေးထားအုံးမှာပဲဖြစ်ပါသည်)
**************************************************
🏆အထူးဆု🏆

Comment only စနစ်ဖြင့် အထူးဆုကိုလည်း ရွေးချယ်ချီးမြင့်ပါအုံးမည်။မိမိနှစ်သက်ရာပြိုင်ပွဲဝင်ရဲ့ပုံအောက်မှာ Comment ပေးရမှာပါ။ Cmt အရေအတွက်အများဆုံးသူတစ်ဦးကိုသာပေးအပ်မည်ဖြစ်၍ FB Acc တစ်ခုလျှင်တစ်ကြိမ်မကမန့်နိုင်သည်(Cmt သည် အထူးဆုတစ်ခုတည်းအတွက်သာ ဖြစ်သည်။)

အငြင်းပွားဖွယ်တစုံတရာရှိပါက MUVAL Team ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

-----------------------------------
#မိမိနှစ်သက်သောပြိုင်ပွဲ၀င်ပုံများအားစတင် vote ပေးပြီးအားပေးကြရအောင်🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗

Myitkyina University Volunteer Association of Library

📖Ready to Read📖📷ဓာတ်ပုံ ပြိုင်ပွဲ 📷- ပြိုင်ပွဲစတင်ပါပြီ...- Like & Share များဖြင့် အားပေးနိုင်ပါပြီ...- ယခုမှစ၍ ဩဂုတ်လ ၂...
28/07/2020

📖Ready to Read📖
📷ဓာတ်ပုံ ပြိုင်ပွဲ 📷

- ပြိုင်ပွဲစတင်ပါပြီ...
- Like & Share များဖြင့် အားပေးနိုင်ပါပြီ...
- ယခုမှစ၍ ဩဂုတ်လ ၂ရက်နေ့ ည ၉နာရီမတိုင်မီ like and share များသာအကျုံးဝင်မည်ဖြစ်သည်...
- Page အား See First ပြုလုပ်ထားရန်။

---------------------------------
အမှတ်ပေးစည်းမျဥ်း

-(1like = 1mark)
-(1share = 1mark)
အဖြစ်သက်မှတ်မည်ဖြစ်ပြီး
🥇ပထမဆု
🥈ဒုတိယဆု
🥉တတိယဆု
များပေးအပ်သွားမည်ဖြစ်သည် (ပထမဆုရသူရဲ့ပုံကို page ရဲ့ Cover Photo အဖြစ်လည်း၂ လတိတိတင်ပေးထားအုံးမှာပဲဖြစ်ပါသည်)
**************************************************
🏆အထူးဆု🏆

Comment only စနစ်ဖြင့် အထူးဆုကိုလည်း ရွေးချယ်ချီးမြင့်ပါအုံးမည်။ မိမိနှစ်သက်ရာပြိုင်ပွဲဝင်ရဲ့ပုံအောက်မှာ Comment ပေးရမှာပါ။ Cmt အရေအတွက်အများဆုံးသူတစ်ဦးကိုသာပေးအပ်မည်ဖြစ်၍ FB Acc တစ်ခုလျှင်တစ်ကြိမ်မကမန့်နိုင်သည်(Cmt သည် အထူးဆုတစ်ခုတည်းအတွက်သာ ဖြစ်သည်။)

အငြင်းပွားဖွယ်တစုံတရာရှိပါက MUVAL Team ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

-----------------------------------
#မိမိနှစ်သက်သောပြိုင်ပွဲ၀င်ပုံများအားစတင်voteပေးပြီးအားပေးကြရအောင်🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗

Myitkyina University Volunteer Association of Library

မြစ်ကြီးနားတက္ကသိုလ်ရဲ့ ကျောင်းသူ၊သားများအတွက် အပျင်းပြေ အလွမ်းဖြေဖို့ ပျော်စရာကောင်းတဲ့ အစီအစဉ်လေးတစ်ခု လာပါပြီ🤗🤗Covid ...
22/07/2020

မြစ်ကြီးနားတက္ကသိုလ်ရဲ့ ကျောင်းသူ၊သားများအတွက် အပျင်းပြေ အလွမ်းဖြေဖို့ ပျော်စရာကောင်းတဲ့ အစီအစဉ်လေးတစ်ခု လာပါပြီ🤗🤗

Covid ကာလအတွင်းအမှတ်တရ ဓာတ်ပုံပြိုင်ပွဲလေးပဲ ဖြစ်ပါတယ်
💜💙💚❤️💛🧡
ဘယ်လိုပုံကို ပြိုင်ရမလဲဆိုရင်

မိမိနှစ်သက်ရာ စာအုပ်တစ်အုပ်နဲ့ မိမိပုံကို တွဲဖက်ရိုက်ထားပြီး ပြိုင်ပွဲဝင်ရမှာပဲ ဖြစ်ပါတယ်

🤳🤳🤳🤳🤳🤳🤳🤳🤳
ကြိုက်နှစ်သက်တဲ့နေရာမှာ ကြိုက်သလို အနေအထားနဲ့ ရိုက်လို့ရပါတယ်ရှင့်

📷ပုံကိုတော့ ခြောက်ရက်အတွင်း page ရဲ့ message box မှာ လာပို့ပေးရမှာပါ
ပေးပို့လာတဲ့ပုံတွေကို pageကနေ ပြန်တင်ပေးပြီး like & share အများဆုံး ပုံများကို
🥇ပထမဆု
🥈ဒုတိယဆု
🥉တတိယဆု ဆိုပြီးချီးမြှင့်သွားပါမယ်
(ပထမဆုရသူရဲ့ပုံကို page ရဲ့ Cover Photo အဖြစ်လည်း၂ လတိတိတင်ပေးထားအုံးမှာပဲဖြစ်ပါတယ်)

😊😊😊 စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါရစေ။

စည်းကမ်းချက်များကတော့
📜 ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊သူ မည်သူမဆို ပါဝင်လို့ ရပါမယ်
📜အနည်းဆုံးတစ်လအတွင်းရိုက်ထားသောပုံဖြစ်ရပါမည်
📜 မိမိကိုယ်တိုင်၏ပုံ(သို့) မိမိကိုယ်တိုင်ရိုက်ထားသောပုံဖြစ်ရပါမည်

ပြိုင်ပွဲဝင်သူများသည်
✌️မိမိရဲ့ အမည်၊ မေဂျာနှင့် အတန်း ကိုအခုပဲ စာရင်းပေးသွင်းနိုင်ပါပြီနော်

😍😍😍😍
မှတ်ချက်။ ။ ပုံကို 22.7.2020 မှ 27.7.2020 ရက်နေ့အထိ ၅ ရက်အတွင်းပို့ပေးကြပါနော်



PhotoCredit

"မိုးကောင်း အ.ထ.က(၁) မဏိဒီပံစာကြည့်တိုက်သို့ လုပ်အားပေးခြင်းခရီးစဥ်"MLA(မြန်မာနိုင်ငံစာကြည့်တိုက်အသင်း)နှင့် ပညာရေးဝန်ကြ...
20/07/2020

"မိုးကောင်း အ.ထ.က(၁) မဏိဒီပံစာကြည့်တိုက်သို့ လုပ်အားပေးခြင်းခရီးစဥ်"

MLA(မြန်မာနိုင်ငံစာကြည့်တိုက်အသင်း)နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သော "ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတတ်ရေးစီမံကိန်း"တွင် ပါဝင်သော အ .ထ.က(၁) မိုးကောင်း ကျောင်းစာကြည့်တိုက်ဖွင့်လှစ်နိုင်ရန် စာအုပ်များတိုက်ပိုင်သွင်းခြင်းနှင့် စာပြုခြင်းလုပ်ငန်းကိုမြစ်ကြီးနားတက္ကသိုလ်မှ စာကြည့်တိုက်အဖွဲ့ နှင့်အတူ MUVAL များကကူညီဆောင်ရွက်ပေးခဲ့ပါသည်။ လှိုက်လှဲတဲ့ဧည့်ဝတ်ပြုပေးကြပါသော အ.ထ.က.(၁)မိုးကောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာ၊ဆရာမများအားလည်းအထူးကျေးဇူးတင်ရှိပါသည်☺

Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when MUVAL - Myitkyina University Volunteers Association of Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share