Grace Special Educational College 2 - Naypyitaw

Grace Special Educational College 2 - Naypyitaw Learning Together,
Sharing Together,
Growing Together,

Free Seminar အနေနဲ့ Knowledge Sharing  လေးတစ်ခုကို Leadership & Coaching ခေါင်းစဉ်ဖြင့် Success Way Management Academy န...
26/02/2023

Free Seminar အနေနဲ့ Knowledge Sharing လေးတစ်ခုကို Leadership & Coaching ခေါင်းစဉ်ဖြင့် Success Way Management Academy နဲ့ Grace Special Educational College တို့မှ ပြုလုပ်ပေးသွားဖို့ ရှိပါတယ်။

‌Leadership & Coaching

(1) SMART GOALS
(2) THE WAYS
(3) Action Plan

Leadership & Coaching ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သတ်သော Concept တွေကို Business Doctor ဆရာ ဦးသန့်ထူး ကနေ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

အထက်ပါ Free Seminar လေးကို အောက်ပါအတိုင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Topic: Leadership and Coaching
Date : 27 Feb, 2023 (Monday)
Time : 8:00 PM at Zoom
Speaker: Sayar U Thant Htoo (Business Doctor), CEO of GSEC

ဆရာ ဦးသန့်ထူးသည် FMCG နယ်ပယ်မှာ (၁၀)နှစ်ကျော်လုပ်ကိုင်ခဲ့ပြီး ပညာရေးနှင့် သင်ကြားရေးဖက်မှာ (၇)နှစ်ကျော် Professional Trainer အဖြစ် လုပ်ကိုင်နေခဲ့သူတစ်ဦးဖြစ်ပါသည်။

ဆရာသည် BE (Electronic Communication) ဘွဲ့အပြင် ABE (UK) Diploma in Business Management & Administration ကိုလည်း ရယူထားပါသည်။

ဆရာသည် လက်ရှိမှာ PCBA (North America) ရဲ့ Certified Business Coach တစ်ယောက်ဖြစ်တဲ့အပြင် UK အသိအမှတ်ပြု Business Doctor တစ်ဦးလည်း ဖြစ်ပါသည်။

လက်ရှိတွင် ဆရာဦးသန့်ထူးသည် MSME နယ်ပယ်ရှိ စီးပွားရေးလုပ်ငန်းများအတွက် အကြံပေးကူညီလုပ်ကိုင်ပေးလျှက် ရှိနေပါသည်။

လာမည့် တနင်္လာနေ့ (ဖေ‌ဖော်ဝါရီ ၂၇ ရက်) ည (၈)နာရီမှာ တက်ရောက်ရန် Grace Special Educational College မှ တက်ရောက်လိုသူများအားလုံးကိုလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

အောက်ဖော်ပြပါ google form ကို ဖြည့်စွက်၍ စာရင်းသွင်းနိုင်ပါပြီ။

https://docs.google.com/forms/d/e/1FAIpQLScNm86Pe5HF29NYUzlJaxICNI9LiX1cNDvE6eZIQXiKHCr3jw/viewform?usp=sf_link

👉မှတ်ချက်။ ။ ဆရာမှ Zoom ဖြင့် မျှဝေ‌နေစဉ်အချိန်တွင်း ထိရောက်စွာ မျှဝေနိုင်ရန် Web Cam (သို့) Video ဖွင့်၍ တက်ရောက်နားထောင်ရန် လေးစားစွာ ပန်ကြားလိုပါသည်။👈

အဆင်ပြေပါက ဖော်ပြပါ google form မှာ စာရင်းပေးလို့ရသလို ကျွန်မတို့ Admin Team ထံသို့ Page ရဲ့CB မှ တစ်ဆင့်လဲ စာရင်းပေးကာ Zoom Meeting Link ရယူနိုင်ပါတယ် ရှင်။




✨ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 Solution 𝐏𝐥𝐚𝐧 𝟐𝟎𝟐𝟑! ✨GSEC နှင့် FGL Institute တို့ ပူးပေါင်းဖွင့်လှစ်တဲ့ သင်တန်းတတ်ပြီးရင်းနှီးမြှပ်နှံမှု ရယ...
24/12/2022

✨ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 Solution 𝐏𝐥𝐚𝐧 𝟐𝟎𝟐𝟑! ✨

GSEC နှင့် FGL Institute တို့ ပူးပေါင်းဖွင့်လှစ်တဲ့
သင်တန်းတတ်ပြီးရင်းနှီးမြှပ်နှံမှု ရယူလိုက်ပါ

🤩 ပြိုင်ပွဲယှဉ်ပြိုင် ပထမဆု
ဆုငွေ 10 သိန်း ပေးဖို့ ကြိုဆိုလျှက်ပါ 💸💸💸

🤩 ပြိုင်ပွဲယှဉ်ပြိုင် ဒုတိယဆု
ဆုငွေ 5 သိန်း ပေးဖို့ ကြိုဆိုလျှက်ပါ 💸💸💸

🤩 ပြိုင်ပွဲယှဉ်ပြိုင် တတိယဆု
ဆုငွေ 3 သိန်း ပေးဖို့ ကြိုဆိုလျှက်ပါ 💸💸💸

Training (4) Days
👉 14-1-23 ( Saturday )
👉 15-1-23 ( Sunday )
👉 21-1-23 (Saturday)
👉 22-1-23 (Sunday )
Time : 6:00 PM to 9:00 PM with Zoom

👉 12-2-23 (Sunday ) Business Solution Plan Competation တွင် ယှဉ်ပြိုင်လိုသူများ

🎉သင်တန်းကြေး 75000 MMK
🎉ပြိုင်ပွဲဝင်မည် ဆိုပါက 75000 MMK

✍️သင်ကြားပေးမည့် သူ များ
👉 Business Doctor U Thant Htoo (CEO of GSEC)
👉 Tr Htet Htet Nandar (CEO of FGL)

စိတ်ဝင်စားသူများ "BSP" ဆိုတာလေး ထားခဲ့ပေးပါ ✍️

#သင့်အိမ်မက်တွေ ပြည့်စုံဖို့ GSEC မှာ ကျောင်း တက်ကြပါစို့

Ph: 09425305359




#2023

UK ABEအသိအမှတ်ပြု Professional Diploma In Entrepreneurship သင်တန်ကို 80% Scholarship လျှောက်ထားနိုင်ပါပြီ 😍 #မနက်ဖြန်တို...
06/08/2022

UK ABEအသိအမှတ်ပြု Professional Diploma In Entrepreneurship
သင်တန်ကို 80% Scholarship လျှောက်ထားနိုင်ပါပြီ 😍

#မနက်ဖြန်တိုင်းမှာတိုးတက်ပြောင်းလဲနေတဲ့ခေတ်မှာDiplomaဘွဲ့တစ်ခုတော့ရထားသင့်တယ်နော်......

21 ရာစုမှာ ကိုယ်ပိုင်လုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ချင်သူများ ၊ ကိုယ်ပိုင် စီးပွားရေးနှင့် အောင်မြင်တိုးတက်အောင် ကြိုးစားချင်စိတ်ရှိနေတယ်ဆိုရင် ယခုဖွင့်မည့် Professional Diploma In Entrepreneurship (PDE) Batch-9 အတန်းကို ကုန်ကျစရိတ် နည်းနည်းနှင့် UK Abe andores အသိအမှတ်ပြု ဘွဲ့လေးတော့တက်ရောက် ပိုင်ဆိုင်ထားလိုက်ပါနော်...........

ရည်ရွယ်ချက်....
1. မြန်မာနိုင်ငံရှိ လူငယ်များအားလုံး လက်လှမ်းမှီသော စီပွားရေးဆိုင်ရာ ပညာများ လေ့လာနိုင်စေရန်။
2. စစ်မှန်သော လက်တွေ့အသုံးချပညာရေး ရရှိရန်။
3. အရည်အချင်းပြည့်မှီသော နိုင်ငံတကာ အဆင့်မှီ ပညာရပ်များ လေ့လာရရှိရန်။

သင်ကြားပေးမည့် ဘာသာရပ်များ

1. Business Management
2. Marketing and Sale Plan
3.Human Capital Development
5.Supply Chain & Logistics
6. Financial and Accounting Fundamental
စတဲ့ ဘာသာရပ်ကြီး 6 ခုကို အချိန် ၃ လ ခွဲ လောက်ပေးပြီး ဂရုစိုက်တက်ရောက် လေ့လာမယ်ဆိုရင် UK Diploma က သင့်လက်ထဲ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

Diploma သင်တန်းအောင်မြင်သူများကို ခမ်းနားသော ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပကာ ဘွဲ့ဝတ်စုံနှင့် လက်မှတ်များ ကို ဂုဏ် ကျက်သရေရှိရှိ စင်မြင့်ပေါ် မှာ တက်ယူရရှိပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။....

Start Date
27. 8. 2022
အချိန်... 7:00 Pm - 9:00 Pm
Every Saturday & Sunday
နေရာ... Zoom platform

သင်တန်းကာလ
3.5 Months

သင်ကြားပေးမည့်ဆရာများ
Sir Yan Naing (Founder of GSEC-Sagaing) နှင့် Master Trainers များ ပါဝင်အားဖြည့် သင်ကြားပေးသွားပါမည်။

💲ပုံမှန်သင်တန်းကြေး-100$
💲ယခုသင်တန်းကြေး-20$ (80%Scholarship)
ဖြင့် တက်ရောက် နိုင်ပါသည်။

တက်ရောက်မည် ဆိုပါက Page Mesenger တွင် PDE Batch-9 ဟုပေးပို့၍ စာရင်းပေးသွင်း လိုက်ပါ..........




29/07/2022

Happy birthday ပါ ဆရာသန့်ထူး

🎂July 29, 2022 တွင် ကျရောက်မည့် Business Doctor ဆရာ ဦးသန့်ထူး ၏ မွေးနေ့ အမှတ်တရhttps://m.facebook.com/story.php?story_fb...
20/07/2022

🎂July 29, 2022 တွင် ကျရောက်မည့် Business Doctor ဆရာ ဦးသန့်ထူး ၏ မွေးနေ့ အမှတ်တရ

https://m.facebook.com/story.php?story_fbid=10220351257484277&id=1614994971

🎁အသေးစား စီးပွါးရေး လုပ်ငန်းရှင် များအတွက် အထောက်အကူပြုစေမည့် Coca -Cola LEHT Li Business Skills Training ကို ဆရာ ၊ ဆရာမ (3) ဦး မှ မျှဝေပေးသွားပါမည်

🏪 သင်တန်းလေးကို လာမည့်
July 25, 26, 27, 28,29 , 2022
(Monday , Tuesday , Wednesday , Thursday, Friday) အထိ

⏰ အချိန် က ညနေ 7:00 to 9:00pm အထိ

5 ရက် တိုင်တိုင် သင်ကြားမျှဝေပေးသွားပါမယ်

🏦သင်တန်းလေးကတော့ CSR မျှဝေ ပေးမှာ
ဖြစ်ပြီး Registration fees အနေနဲ့ 20,000 MMK သာ ပေးသွင်းရမှာဖြစ်ပါတယ်....

✍️သင်တန်းတက်ရောက်လိုပါက YES ဟုရေးခဲ့ပေးပါ။

 #ဝါဆိုလပြည့်နေ့... - ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာသန္ဓေ တောထွက် ဓမ္မစက်မ...
12/07/2022

#ဝါဆိုလပြည့်နေ့... -
ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ

ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ

သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို တဲ့

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်

~~~~~~~~~~~~~~~~~~~~~

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု

ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဉာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏

လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ် ဣန္ဒြိယပ
ရောပရိယဉာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။

ပထမဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်

သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။

သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်

ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တောျမူုလိုကျ၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ်ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။

ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

ဗုဒ်ဓသာသနံ စိရံ တိဋတု

GSEC-College ကျောင်းတော်ကြီးမှ ပြန်လည်ဝေမျှပူဇော်သည်🙏🙏🙏🙏🙏🙏


#ဝါဆိုလပြည့်နေ့

😱သင့်လုပ်ငန်းရေရှည်အောင်မြင်ဖို့ စနစ်ကျသော Plan တစ်ခု ရေးဆွဲပြီးပြီလား ?😎သင်ကမိမိလုပ်ငန်း မှာအမှန်တကယ်အောင်မြင်နိုင် မလာ...
05/07/2022

😱သင့်လုပ်ငန်းရေရှည်အောင်မြင်ဖို့ စနစ်ကျသော Plan တစ်ခု ရေးဆွဲပြီးပြီလား ?

😎သင်ကမိမိလုပ်ငန်း မှာအမှန်တကယ်အောင်မြင်နိုင် မလား ဆိုတာသင်ကိုယ်တိုင်တိုင်းတာနိုင်ပြီလား?

🤨သင့်ရဲ့လုပ်ငန်းကလာမည့် ၅နှစ်၁၀နှစ်အတွင်းတိုးတက်နိုင်ဖို့အလားအလာရှိပြီလား?

😇 ဒီအကြောင်းရာတွေသိဖို့ဆိုရင်သင့်မှာတိကျတဲ့ Plan တစ်ခုရှိထားဖို့လိုတယ်

😊သင်ကခရီးတစ်ခုသွားမယ်ဆိုပါစို့ Plan ရှိသောသူနှင့် 🙃 planမရှိသောသူဘယ်လိုကွာခြားမည်ဟုသင်ထင်ပါသလဲ?

🤩ဟုတ်ပါတယ် planရေးဆွဲထားတဲ့လူကတော့ရေရှည် မှာအားသာချက်ရှိပါတယ်

✍️စနစ်တကျ Plan ရေးဆွဲရန်လိုအပ်နေပြီဆိုရင်တော့
Business Strategic plan and Secret Markating
Strategy Plan အတန်းကို အောက်ပါ အစီအစဉ်အတိုင်း တက်ရောက်နိုင်ပါပြီ။

🏠နေရာ ။ YMCA Hall , သိမ်ဖြူလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့် (45 လမ်းမှ ဝင်ပါ)
အချိန် ။ နံနက် 9:00နာရီ မှ ညနေ 4:30 အထိ
နေ့စွဲ။ ။ 19 July 2022 (အာဇာနည်နေ့)
FEES : ပုံမှန်သင်တန်းကြေး 2 သိန်း အစား ပထမ လူ 50 ဦး အတွင်း 90% Discount
လူဦးရေ 50ဦး မှ 100 ဦး အတွင်း 80% Discount

သင်ကြားပေးမည့် ဆရာများ

👨‍💻 Sayar Pyae Sone Win (Digital Marketer)
👨‍⚕️ Sayar U Thant Htoo (Business Doctor & CEO of GSEC)

✍️လူဦးရေ ကန့်သတ်ထားလို့ 09979770500 သို့ တက်ရောက်မည့်သူ နာမည် နှင့် ဖုံး နံပါတ်ပို့ပေးပါ

 #ယနေ့အတွက်အားပေးစကားလူသားတိုင်း မိမိဘဝကို တိုးတက်အောင်မြင်ချင်ရင် စာဖတ်ပါ။ စာဖတ်ရင်တိုးတက်မှာလားမမေးပါနဲ့။ စာအရင်ဖတ်ကြည...
14/06/2022

#ယနေ့အတွက်အားပေးစကား

လူသားတိုင်း မိမိဘဝကို တိုးတက်အောင်မြင်ချင်ရင် စာဖတ်ပါ။ စာဖတ်ရင်တိုးတက်မှာလားမမေးပါနဲ့။ စာအရင်ဖတ်ကြည့်ပါ။📖📖

📖 စာဖတ်ပါ..ဘာပဲဖြစ်ဖြစ် စာအရင်ဖတ်ပါ.📖📖


ငယ်ရွယ်တဲ့ အချိန် ၊
မိဘတွေ ထမင်းကျွေးနေတဲ့ အချိန်မှာ -
ပျော်ရွှင်မှုနောက်ကို မလိုက်ပါနဲ့ !!

တကယ်တော့
အလုပ်မရှိတာ မဟုတ်ပါဘူး.!
ရှိတဲ့အလုပ်ကို မလုပ်ကြတာပါ !!

ဝင်ငွေရတဲ့ အလုပ်ရှိသလို -
ဝင်ငွေရဖို့ နည်းလမ်းရှာရတဲ့ အလုပ်လဲရှိတယ် !!
(ပညာသင်တာ၊ဗဟုသုတ ရှာတာ၊စာဖတ်တာ)

ယခုဝင်ငွေရဖို့အတွက် ဝန်ထမ်း လုပ်ဖို့ လိုသလို -
ရေရှည်မှာ ဝင်ငွေရှာနိုင်ဖို့ စာဖတ်ဖို့လိုပါတယ် !
ဗဟုသုတတွေ ရှာဖို့ လိုပါတယ် !
အတွေ့အကြုံတွေ ယူဖို့လိုပါတယ် !!

"စာဖတ်သော လူမျိုးသည် တိုးတက်၍ ၊
တိုးတက်သောလူမျိုးတို့သည် စာဖတ်ကြသည်" ---!!

တိုးတက်ချင်ရင် စာဖတ်ပါ !
စာဖတ်ရင် ဘာရမလဲ မမေးပါနဲ့ !
ဘာရမလဲ သိချင်ရင် စာအရင်ဖတ်ပါ !!

ဝင်ငွေများများရချင်ရင် စာဖတ်ပါ -
စာဖတ်ရင် ဝင်ငွေ ဘယ်လောက်ရမလဲ မမေးပါနဲ့ !
ဝင်ငွေ ဘယ်လောက်ရမလဲ သိချင်ရင် စာအရင်ဖတ်ပါ !!

သူတို့တွေ ဘာလို့အောင်မြင်လဲ သိချင်ရင် စာဖတ်ပါ !
စာဖတ်ရင် သူတို့လို အောင်မြင်မလား လို့မမေးပါနဲ့ !
သူတို့လို အောင်မြင်ချင်ရင် စာအရင်ဖတ်ပါ !!

စိတ်ဓာတ်ကျရင် စာဖတ်ပါ -!
စာဖတ်ရင် စိတ်ဓာတ်ကျတာ ပျောက်မလား မမေးပါနဲ့ !
စိတ်ဓာတ် တက်ကြွချင်ရင် စာဖတ်ပါ !!

လူငယ်တွေ အတွေးအခေါ်ကြီးချင်ရင် စာဖတ်ပါ !
စာဖတ်ရင် အတွေးအခေါ်ကြီးလားလို့ မမေးပါနဲ့ !
အတွေးအခေါ်ကြီးချင်ရင် စာဖတ်ပါ !!

တိုးတက်ချင်ရင် စာဖတ်ပါ !!

ပိုက်ဆံဆိုတာ ရှာပြီးရင် ကုန်ချင် ကုန်လိမ့်မယ် !
စာဖတ်ပြီး အတွေးအခေါ်ရှာတာဟာ -
တစ်သက်လုံးမကုန်တဲ့ အရာပါ !!

"ပညာရွှေအိုး ၊ လူမခိုး" တဲ့...

သင်ထားတဲ့ ပညာတွေ
ရှာထားတဲ့ ပညာတွေကို ၊
ဘယ်သူမှ ခိုးလို့မရပါဘူး !!

အပျော်နောက်ကို မလိုက်ပါနဲ့ !!

မမြင်ရတဲ့ အနာဂတ်ကို ရင်ဆိုင်ဖို့ -
ပညာတွေ၊ဗဟုသုတတွေ၊အတွေ့အကြုံတွေနဲ့
အလှဆင်ထားပါ !!

အလုပ်မရှိရင် စာဖတ်ပါ -----
ဘဝအတွက် လှပပါလိမ့်မယ် !!
ဘဝအတွက် ခွန်အား ဖြစ်စေပါလိမ့်မယ် !!
ဘဝအတွက် လမ်းညွန်ပြပါလိမ့်မယ် !!
ဘဝအတွက် ဖေးမပေးပါလိမ့်မယ် !

ယခုဘဲ သင့်ဘဝကို စတင်ပြောင်းလဲဖို့အတွက် Comments မှာ Read ဟု မန့်ခဲ့ပေးပါ 😍😍😍😍

စာဖတ်သော လူမျိုးသည် တိုးတက်၍
တိုးတက်သော လူမျိုးများသည်
စာဖတ်ကြသည်..........


#စွန့်ဦးတီထွင်လုပ်ငန်းရှင်

 #စိတ်ဓာတ်ကျရာကနေကိုယ်တိုင်ရုန်းထွက်လိုက်ပါ=======================လောကကြီးထဲမှာ အသက်ရှင်ဖြတ်သန်းနေသရွေ့ ကျွန်တော်တို့ဟာ ...
04/06/2022

#စိတ်ဓာတ်ကျရာကနေကိုယ်တိုင်ရုန်းထွက်လိုက်ပါ
=======================
လောကကြီးထဲမှာ အသက်ရှင်ဖြတ်သန်းနေသရွေ့ ကျွန်တော်တို့ဟာ စိတ်ဓာတ်ကျတယ် ကျရှုံးတယ် ဝမ်းနည်းတယ်ဆိုတာကို အနည်း နဲ့ အများတော့လူတိုင်းခံစားရပါတယ်...

လူတွေဟာ စိတ်ဓာတ်ကျလာပြီဆိုရင် တစ်ချို့က ငိုယိုနေတတ်ကြတယ် / တစ်ချို့က လက်ရှိအခြေအနေကနေ ရှောင်ပြေးနေတတ်တယ် / တစ်ချို့က လူအများနဲ့ဝေးရာဆီမှာ တစ်ယောက်ထဲခံစားနေတတ်ကြတယ်...

စိတ်ညစ်တယ်ဆိုတာ နားလည်ရလွယ်ပေမယ့် စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ခြားသူကို ပြောပြဖို့ခက်သလို ကိုယ်တိုင်နားလည်ဖို့လည်းခက်တယ်....

ဒါကြောင့်စိတ်ဓာတ်ကျရာကနေ ကိုယ်တိုင်ရုန်းထွက်နိုင်ဖို့...
(၁) လမ်းလျှောက်ထွက်ပါ
ကျွန်တော်တို့ဟာ စိတ်ဓာတ်ကျနေပြီး လူတွေနဲ့အထိအတွေ့မရှိဘဲ အခန်းတွေမှာအောင်းနေလို့လည်း စိတ်ဓာတ်ကျတာဟာ လျော့သွားမှာမဟုတ်သလို ပျောက်ကွယ်သွားမှာလည်းမဟုတ်ပါဘူး
စိတ်ဓာတ်ကျနေတာကို လျော့ကျနိုင်ဖို့ မိမိချစ်ရတဲ့ သူငယ်ချင်းမိတ်ဆွေ မိသားစုတွေနဲ့တစ်နေ့ကို (၁) နာရီလောက်အတူတူလမ်းလျှောက်ထွက်ပါ...
လမ်းလျှောက်ထွက်နေရင်း မိမိဖြစ်ချင်တဲ့ အနာဂတ်စိတ်ကူးတွေကို အတူတူတိုင်ပင်ဆွေးနွေးပုံဖော်ကြည့်ပါ ဒီလိုလုပ်ပေးရင်စိတ်ဓာတ်ကျတာဟာ သိသိသာသာလျော့သွားမှာဖြစ်ပါတယ်...

(၂)အိပ်ချိန်ပုံမှန်အိပ်ပါ
စိတ်ဓာတ်ကျတဲ့အချိန်ဆိုရင် လူတွေဟာအတွေးပေါင်းစုံနဲ့ကိုယ့်ကိုကိုယ် နှိပ်စက်ပြီးအိပ်ချိန်နောက်ကျတာတွေဖြစ်တတ်ပါတယ် နောက်တစ်နေ့ရောက်တဲ့အခါ စိတ်ဓာတ်ကျတာဟာ လျော့မသွားတဲ့အပြင်ပိုပြီးမြင့်မားလာတတ်တယ်...
ဒါကြောင့် ကျွန်တော်တို့ဟာ စိတ်ဓာတ်ကျတဲ့အချိန်မှာ အတတ်နိုင်ဆုံးဆန့်ကျင်ဘက်ဖြစ်တဲ့အတွေးတွေကို ထိန်းချုပ်ပြီးအိပ်ချိန်ကိုပုံမှန်အိပ်လိုက်ပါ။ အကယ်၍ အိပ်မပျော်ဘူးဆိုရင် ကာတွန်းဟာသစာအုပ်ဖြစ်ဖြစ် ပုံပြင်စာအုပ်ဖြစ်ဖြစ် ဖတ်ပေးရင်းစိတ်ဓာတ်ကျရာကနေ ကိုယ်တိုင်ရုန်းထွက်နိုင်ပါတယ်...

(၃) သင်ယူလေ့လာမှုအသစ်စတင်ပါ
ကျွန်တော်တို့ဟာ ဘာသာစကားတစ်ခုဖြစ်စေ မိမိဝါသနာပါတဲ့အလုပ်နဲ့ပတ်သပ်ပြီးဖြစ်စေ သင်ယူလေ့လာမှုအသစ်ပြုလုပ်နေတဲ့အချိန်မှာ မိမိကိုယ်ကိုအသုံးမကျဘူးလို့ခံယူထားတဲ့အတွေးကနေ ကိုယ့်ကိုကိုယ်လုပ်နိုင်တယ်ဆိုတဲ့ယုံကြည်မှုပိုတိုးတက်လာစေပါတယ်...

ကဲအခုဆိုရင်စိတ်ဓာတ်ကျရာကနေ ကိုယ်တိုင်ဘယ်လိုရုန်းထွက်မလဲဆိုတဲ့နည်းလမ်းလေးတွေ သိရပြီဆိုတော့စိတ်ဓာတ်ကျနေတယ်ဆိုရင် အခုပဲရုန်းထွက်ပြီး ပိုမိုတောက်ပတဲ့အနာဂတ်ကို လျှောက်လှမ်းလိုက်ပါနော်...

အောင်မြင်မှုဆိုတာကိုယ်ကိုယ်တိုင်လုပ်ယူရမယ့်အရာပါ သူများလုပ်ပေးရမယ့်အရာမဟုတ်ဘူး..

စိတ်ဓာတ်ကျတယ်ဆိုတာလူတိုင်းမှာဖြစ်တတ်ပါတယ် မတူညီတာတစ်ခုကတော့ ဖြစ်ပေါ်လာတဲ့ စိတ်ဓာတ်ကျမှုအပေါ် ဖြေရှင်းပုံချင်း ခံယူပုံချင်းမတူကြလို့ အောင်မြင်သူနဲ့ကျရှုံးသူဆိုတာဖြစ်လာတာပါ...

ကိုယ်တိုင်လည်း စိတ်ဓာတ်ကျရာကနေဘယ်လိုရုန်းထွက်မလဲဆိုတာ မိမိကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါ... မိတ်ဆွေ...........

လူကြီးမင်းအတွက် အကျိုး တစ်စုံတစ်ခု ဖြစ်ထွန်းခဲ့ပါက Comments မှာ Yes ဟုရေးပေးခဲ့ပါနော် 😍😍😍😍

အောင်မြင်သော စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် စီးပွားရေးခေါင်းဆောင်ကောင်းများ ၊ အရည်အချင်းပြည့်မှီသော ဝန်ထမ်းကောင်းများကို အစဥ်မွေးထုတ်ပေးလျှက် ရှိသော Grace Special Educational College -GSEC




#စွန့်ဦးတီထွင်လုပ်ငန်းရှင်

😱အရင်းအနှီး 10 သိန်းဖြင့် ကိုယ်ပိုင်လုပ်ငန်း တည်ထောင်လိုသူများ အတွက် 😱GSEC နှင့် Grace Hair Design Shop တို့ ပူးပေါင်းပြ...
31/05/2022

😱အရင်းအနှီး 10 သိန်းဖြင့် ကိုယ်ပိုင်လုပ်ငန်း
တည်ထောင်လိုသူများ အတွက် 😱

GSEC နှင့် Grace Hair Design Shop တို့ ပူးပေါင်းပြီး

😎Professional Certificate for Hair Designer

🙄ဘာတွေ သင်ကြားပေးမှာလဲ?

Day 1 - ဓါးကိုင်နည်း
Day 2 - ကပ်ကျေးကိုင်နည်း
Day 3 - စက်ကိုင်နည်း
Day 4 - ခေါင်းလျှော် ၊ မျက်နာဆေး၊
Day 5 - အဆိပ်ထုတ်နည်း ၊ ပေါင်းတင်နည်း၊ ရွှေသွင်းနည်း ၊ ငွေသွင်းနည်း ၊ ပုလဲ သွင်းနည်း
Day 6 - လောက်မုန့်တင်နည်း
Day 7 - ဆားဝတ်ခြံထုတ်နည်း
Day 8 - ဆံပင် ဖြောင့်နည်း ၊ ကောက်နည်:
Day 9 - ကာလာစုံဆိုးနည်း
Day 10 - နားဖေါက်နည်း
စာတွေ့ လက်တွေ့ ဘာသာစုံသင်တန်း ဖြစ်ပါတယ်
သင်တန်းကြေး တစ်ဦးလျှင် 4 သိန်း 2 လ အတွင်း မတတ်မချင်းသင်ကြားနိုင်ပါတယ်
ပထမ 10 ဦး အတွင်း 2 သိန်း ကျပ် ဖြင့်
50% Discount ရယူပါ

🤗ဘယ်သူတွေ တက်ရောက် လေ့လာသင့်လဲ?

🤔ကိုယ်ပိုင်လုပ်ငန်း စနစ်တကျ တည်ထောင်လိုသူများ
🤔ဆံပင်ညှပ်ပညာ ဖြင့် အသက်မွေး
ဝမ်းကြောင်းပြုလိုသူများ
🤗ဝင်ငွေကောင်းတဲ့ လုပ်ငန်း တစ်ခု တည်ထောင် လိုသူများ

🤩စိတ်ပါဝင်စားသူများ Comment တွင် HD လို့ ရေးပေးပါနော် ပြန်လည် ဆက်သွယ်ပေးပါမည် ဗျ
Hot line : 09451297787

Bonus : One Page Business Plan $300 တန် အတွက် Business Doctor 👨‍⚕️ မှ ဆရာ ဦးသန့်ထူး လာရောက်မျှဝေပေးပါမည်။

မှတ်ချက် ။ ။ သင်တန်းပြီးဆုံးပါက Franchise ယူမည့်သူများ ဦးစားပေးပါမည်

စတင်မည့်နေ့ ။ ။ June 13-22, 2022
သင်တန်းအချိန်။ ။ 9:00-4:00pm
ပုံမှန် သင်တန်းကြေး ။ ။ 400,000 ကျပ်
ပထမ ဆုံး 10 ဦး ။ ။ 50% Discount (2သိန်းကျပ်)
သင်တန်းနေရာ။ ။ အမှတ် 22၊ မာလာမြိုင် 4 လမ်း ၊ ပါရမီစိန်ဂေဟာ ကျောကပ်လမ်း ၊ 16 ရပ်ကွက် ၊ လှိုင်မြို့နယ်

Address

Naypyidaw

Telephone

+959666144497

Website

Alerts

Be the first to know and let us send you an email when Grace Special Educational College 2 - Naypyitaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Grace Special Educational College 2 - Naypyitaw:

Share