University of Co-operative and Management, Sagaing

University of Co-operative and Management, Sagaing Education

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ တက္ကသိုလ်တည်ထောင်သည့်(၁၄)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပ===...
11/02/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ တက္ကသိုလ်တည်ထောင်သည့်(၁၄)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပ
================================================

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၁.၂.၂၀၂၆)နေ့၊ နံနက်(၆း၃၀) နာရီအချိန် ၌ တက္ကသိုလ်တည်ထောင်သည့် (၁၄)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနား ပထမပိုင်း အစီအစဉ် အဖြစ် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို တိလောကမာရဇိန် ဆုတောင်းပြည့်မြတ်စွာ ဘုရားဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ အုပ်ချုပ်မှုဌာနများဖြစ်သော စီမံရေးရာဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံဖြိုးမှုဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးရာဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ/ကထိက(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရွှေသမားကျောင်းတိုက်ဆရာတော် အမှူးပြုသည့် သံဃာတော် အရှင်သူမြတ်များ အား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)တို့နှင့် တက္ကသိုလ်မိသားစုဝင်များမှ မုန့်ဟင်းခါး၊ အချိုပွဲများ ဖြင့် အာရုံဆွမ်း ဦးစွာ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ၄င်းနောက် သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ် ချီးမြှင့်ပေးခြင်း၊ သံဃာတော်အရှင်သူမြတ်များအား သင်္ကန်းအစရှိသောလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ခြင်းနှင့် ရေစက်သွန်းချအမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနား ပထမပိုင်းအစီအစဉ် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
ထို့နောက် ကြွရောက်လာကြသည့် ဧည့်သည်တော်များ၊ ဆရာ/ ဆရာမများနှင့် ဝန်ထမ်း မိသားစုဝင်များအား မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

ဒုတိယပိုင်း အစီအစဉ် ဆုပေးပွဲအခမ်းအနားကို မြစံပယ်အမျိုးသမီးဆောင်၌ နံနက်(၁၀း၀၀)နာရီတွင် တက္ကသိုလ်တည်ထောင်သည့်(၁၄)နှစ်မြောက် အထိမ်းအမှတ်နေ့ ဆုပေးပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ ပါသည်။ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ အုပ်ချုပ်မှုဌာနများဖြစ်သော စီမံ ရေးရာဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံဖြိုးမှုဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးရာ ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ/ကထိက(ဌာနမှူး) များ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ပါမောက္ခချုပ် ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် “တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအနေဖြင့် စည်းလုံးပျော်ရွှင်စွာ တက္ကသိုလ်၏ အစဉ်အလာကောင်းများ ကို ဆက်လက်ထိန်းသိမ်းသွားကြရန် မှာကြားလိုကြောင်း၊ ယနေ့အချိန်အထိ တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်လျက်ရှိသူ အမှုထမ်း(၁၃၆)ဦး၊ အရာထမ်း(၁၀၉)ဦး၊ စုစုပေါင်း(၂၄၅)ဦး ရှိနေပြီဖြစ်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ (၁၄၁၉)ဦး တက်ရောက်ပညာ သင်ကြားလျက် ရှိပြီဖြစ်ပါကြောင်း၊ တက္ကသိုလ်တည်ထောင်သည့်ခုနှစ်မှ ယနေ့ထိ တက္ကသိုလ်အနေဖြင့် Bachelor ဘွဲ့(၄၁၈၃)ဦး၊ Post Graduate Diploma ဘွဲ့ (၈၄)ဦး၊ Master ဘွဲ့(၁၀၄)ဦး၊ စုစုပေါင်း (၄၃၇၁)ဦးကို ပေးအပ်ခဲ့ပြီ ဖြစ်ပြီး မကြာမီကာလတွင် ပါရဂူဘွဲ့ပေးအပ်နိုင်ရေးအတွက် ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများအနေဖြင့် ၂၀၁၇ ခုနှစ် မှ ၂၀၂၆ ခုနှစ် ထိ အစိုးရဌာနတွင် လုပ်ကိုင်သူ (၅.၁၁)%၊ ကုမ္ပဏီနှင့် ဘဏ်တွင် လုပ်ကိုင်သူ (၂၀.၃)%၊ ကိုယ်ပိုင် စီးပွားရေးလုပ်ကိုင်သူ (၇.၉၁)%၊ Small Business များ၊ နိုင်ငံခြားသွားသူများနှင့် အခြားလုပ်ငန်းများတွင် လုပ်ကိုင်သူ (၆၇)% ရှိပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်အနေဖြင့် သင်ကြားရေးဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ နှင့် ဘွဲ့ကြို၊ ဘွဲ့ရ ကျောင်းသားကျောင်းသူများ အပြန်အလှန်ဖလှယ်ရန်၊ ဆရာ၊ ဆရာမများ အတွက် Scholarship နှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် Double Degree Program များရရှိရေး ဆောင်ရွက်ရန်၊ သင်ကြားလေ့ကျင့်မှုနယ်ပယ်များနှင့် ပညာရေးဆိုင်ရာ နယ်ပယ်များတွင် သင်ကြားရေး နည်းလမ်းများနှင့် သတင်းအချက်အလက်များ ဖလှယ်၍ ပူးပေါင်းဆောင်ရွက်ရန်၊ သုတေသီများနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ ပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပူးပေါင်း ဆောင်ရွက်ရန်တို့အတွက် Korea နိုင်ငံရှိ Korea Myanmar Research Association (KOMYRA)နှင့် Sunchon National University တို့နှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါကြောင်း၊ ဘွဲ့ကြိုဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ အပြန်အလှန် ဖလှယ်ခြင်းအစီအစဉ်အနေဖြင့် ကျောင်းသူ(၂)ဦးမှာ Sunchon National University တွင် ပညာဆည်းပူးခဲ့ပါကြောင်း၊ တက္ကသိုလ် သင်ကြားရေးဌာန(၁၁)ခုမှ မိမိတို့၏ သက်ဆိုင်ရာဘာသာရပ်အလိုက် ရေးသားတင်သွင်းထားသည့် လူမှုအဖွဲ့အစည်းအကျိုးပြုနှင့် ဘာသာရပ်အကျိုးပြုသုတေသန စာတမ်းပေါင်း(၂၃၇)စောင် ထုတ်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ သုတေသီများနှင့် သုတေသနလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ်အနေဖြင့် ယနေ့ထိ International Journal နှင့် International Conference စာတမ်းစုစုပေါင်း (၄၂)စောင် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒေသတွင်းအလုပ်အကိုင်ရရှိရေးနှင့် သင်ကြားသင်ယူမှုမြင့်မားစေရန် HRD သင်တန်းများဖြစ်သည့် MAR, MPA, MBA, နှင့် Dip.HRM သင်တန်းများကို LMS (Online) စနစ်ဖြင့် ဖွင့်လှစ်လျက်ရှိပြီး MAR (၁၉)ဦး၊ MPA (၆၆)ဦး၊ MBA (၁၁၆)ဦး၊ Dip.DS (၃၆)ဦးနှင့် Dip.HRM (၁၀၇)ဦး ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်မှ စ၍ MFM, MDev သင်တန်းများ ထပ်မံတိုးချဲ့ ဖွင့်လှစ်လျက်ရှိပြီး HRD Master Program (၅)ခုနှင့် Dip.HRM သင်တန်းမှာ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၉၈၃)ဦး ပညာသင်ယူလျက်ရှိပါကြောင်း၊ တက္ကသိုလ်မှ ချမှတ်ထားသော မူဝါဒ၊ ရည်မှန်းချက်များ နှင့်အညီ ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည်အချင်း ပြည့်ဝသော လူမှုစီးပွားရေးပညာကျွမ်းကျင်တတ်မြောက်သည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ် ပေးရန် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအနေဖြင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် သွားကြပါရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအစီအစဉ်ကျင်းပရာ တိုင်းဒေသကြီးအဆင့် ဇေယျာထူးချွန်ဆု (ပထမဆင့်) ရရှိသည့် ပါမောက္ခချုပ်အား ဒုတိယပါမောက္ခချုပ်(စီမံ)မှလည်းကောင်း၊ ပါမောက္ခချုပ်မှ ဇေယျာထူးချွန်ဆု(ပထမဆင့်) ရရှိကြသည့် ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် ပါမောက္ခ(ဌာနမှူး)(၂)ဦးတို့အား လည်းကောင်း တက္ကသိုလ်ကိုယ်စား ဂုဏ်ပြုမှတ်တမ်းနှင့်ဆုကြေးငွေများ ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ပါမောက္ခချုပ်မှ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံး/ကဗျာပြိုင်ပွဲဆု ရရှိသည့် ကျောင်းသူ (၅)ဦးတို့အား လည်းကောင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)မှ (၃)နှစ်နှင့်အထက် မည့်သည့်ခွင့်မှ ခံစားခဲ့ခြင်းမရှိသည့် အရာထမ်း(၁)ဦး၊ အမှုထမ်း(၉)ဦးနှင့် ၂၀၂၅ ခုနှစ်အတွင်း မည်သည့်ခွင့်မျှခံစားခြင်းမရှိသည့် အရာထမ်း(၆)ဦးအား လည်းကောင်း၊ ဌာနမှူး၊ စီမံခန့်ခွဲရေးဌာနမှ ၂၀၂၅ ခုနှစ်အတွင်း မည့်သည့်ခွင့်မှ ခံစားခဲ့ခြင်းမရှိသည့် အမှုထမ်း(၄)ဦးနှင့် အရိုးသားဆုံး ဆုရရှိသည့် ဝန်ထမ်း(၅)ဦးတို့အား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး နံနက် (၁၁း၀၀)နာရီအချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တက္ကသိုလ်တည်ထောင်သည့် (၁၄)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၄) နှစ် မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနား...
09/02/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၄) နှစ် မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ
****************************************

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၄)နှစ် မြောက် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို (၆.၂.၂၀၂၆)နေ့ နံနက်(၈:၃၀)နာရီ အချိန်တွင် T1 -203 စာသင်ခန်း၌ ကျင်းပခဲ့ပါသည်။

အဆိုပါစာတမ်းဖတ်ပွဲသို့ Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသော ပြင်ပ သဘာပတိများအဖြစ် အငြိမ်းစား ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ (သန်လျင်)မှ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သမဝါယမကောလိပ်များမှ ကျောင်းအုပ်ကြီးများ နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနမှ ဌာနမှူး၊ သင်ကြားရေးရာဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)များ၊ ကထိက(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ တာဝန်ရှိဝန်ထမ်းများနှင့် ကျောင်းသား /ကျောင်းသူများက စုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။

ပါမောက္ခချုပ် ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် “ယနေ့ စာတမ်းဖတ်ပွဲ Theme မှာ “Focuses on Applied Research that Connects Academic Concepts to Industry or Community needs” ဖြစ်ပြီး ပြည်တွင်းပြည်ပတွင် အရည်အသွေးပြည့်ဝပြီး လက်တွေ့ နယ်ပယ်တွင် အသုံးချနိုင်မည့် ဘာသာရပ်အကျိုးပြု၊ တက္ကသိုလ်အကျိုးပြု၊ ဒေသ အကျိုးပြု၊ နိုင်ငံအကျိုးပြုစာတမ်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ တက္ကသိုလ်အနေဖြင့် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိပြီး သုတေသန တွေ့ရှိချက်များကို လက်တွေ့အသုံးချနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်လျက် ရှိရာ တက္ကသိုလ်သင်ကြားရေးဌာန(၁၁)ဌာနမှ မိမိတို့၏ သက်ဆိုင်ရာဘာသာရပ်အလိုက် ရေး သားတင်သွင်းထားသည့် လူမှုအဖွဲ့အစည်းအကျိုးပြု၊ ဘာသာရပ်အကျိုးပြု သုတေသနစာတမ်း ပေါင်း (၂၃၇)စောင် ထုတ်ဝေခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော Korea Myanmar Research Association (KOMYRA), Sunchon National University, Korea တို့နှင့် MoU လက်မှတ်ရေးထိုးပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုသုတေသနစာတမ်း စုစုပေါင်း (၄၂)စောင် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။

တက္ကသိုလ်သည် စီးပွားရေးပညာရပ် များနှင့် စီးပွားရေးပညာရပ်များကို အထောက်အကူပြုသည့် ဘာသာရပ်များကို သင်ကြား ပေးနေသော တက္ကသိုလ် ဖြစ်သည်နှင့်အညီ သုတေသနစာတမ်းများကိုလည်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရန်အတွက် အရည်အသွေးပြည့်ဝသော သုတေသနရလဒ်များ ပေါ်ထွက်လာစေရန် နှင့် ထိုရလဒ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်အောင် ဆက်လက်ဆောင်ရွက်သွားကြ စေလိုကြောင်း၊ သုတေသနပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားနိုင်ခြင်း၊ Critical Thinking, Conceputal Skills, Analytical Skills စသော အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပြီး ဆရာ/ဆရာမများအနေဖြင့် အနာဂတ်တွင် ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု စာတမ်းများရေးသားနိုင်သည်အထိ ကြိုးစားသွားကြရန်လိုကြောင်း၊ အပြည်ပြည် ဆိုင်ရာ သုတေသနဂျာနယ်များကို ရေးသားပြီး International Publication ရနိုင်ရန် ဆက်လက် ကြိုးစားသွားကြစေလိုကြောင်း၊ ယနေ့စာတမ်းဖတ်ပွဲတွင် ဘာသာရပ် (၁၁)ဌာနမှ သုတေသန စာတမ်း စုစုပေါင်း(၁၂)စောင်ဖတ်ကြားမည်ဖြစ်ပြီး ယနေ့အခမ်းအနားကိုကျင်းပနိုင်ရန် တာဝန်ယူ ဆောင်ရွက်ပေးပါသော တာဝန်ရှိသူများ၊ တက်ရောက်လာကြသော ဆရာကြီး၊ဆရာမကြီးများနှင့် ကျောင်းသား/သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စာတမ်းရှင်များမှ တက္ကသိုလ်အကျိုးပြုစာတမ်း (၁)စောင်၊ ဘာသာရပ် အကျိုးပြုစာတမ်း(၄)စောင်နှင့် ဒေသဆိုင်ရာအကျိုးပြုစာတမ်း(၅)စောင်၊ အဖွဲ့အစည်းအကျိုးပြု (၂) ဖြင့် စုစုပေါင်း စာတမ်း(၁၂)စောင် အား ဖတ်ကြားတင်သွင်းခဲ့ကြပါသည်။
ထို့နောက် သဘာပတိများနှင့် စာတမ်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကာ သုတေသနစာတမ်းဖတ်ပွဲ အခမ်း အနားကို ညနေ (၁၆း၃၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ဆောင်းရာသီ အားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲအခ...
05/02/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
၂၀၂၅-၂၀၂၆ ပညာသင်နှစ်
ဆောင်းရာသီ အားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
============================

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီ အားကစား(အမျိုးသားဘောလုံး၊ အမျိုးသမီးဖူဆယ်)ပြိုင်ပွဲ၏ပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို တက္ကသိုလ် ဘောလုံးကွင်း၌ (၄.၂.၂၀၂၆)၊ ညနေ (၅း၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ စီမံခန့်ခွဲရေးဌာန များ ဖြစ်သည့် (စီမံ၊သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ သင်ကြားရေး ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ အားကစားသမားများ နှင့် ကျောင်းသား၊ကျောင်းသူများ စုံစုံညီညီတက်ရောက်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ ပထမနှစ်ကျောင်းသား၊ ‌ကျောင်းသူများ၏ Cheerleader Group မှ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီးနောက် ပါမောက္ခချုပ် ဒေါက်တာဥမ္မာစံမှ အားကစားပွဲတွင် လိုအပ်သည်များ ကြီးကြပ်လမ်းညွှန်ပေးပါသော အားကစားနည်းပြ ဦးအေးကြူအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ အထူးပြုမေဂျာဘောလုံးအသင်းအား ပါမောက္ခချုပ် ဒေါက်တာဥမ္မာစံမှ လည်းကောင်း၊ ဒုတိယဆုရရှိသည့် ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု မေဂျာဘောလုံးအသင်းအား ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာကြည်ကြည်ဝင်းမှလည်းကောင်း၊ တတိယဆု ရရှိသည့် စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာ ဘောလုံးအသင်းအား သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန၊ ဌာနမှူး၊ ဒေါ်သင်းလဲ့ကြည် မှလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာ ဘောလုံးအသင်းအား စာရင်းအင်းပညာဌာန၊ ဌာနမှူး၊ ဒေါ်ခင်စန်းကြည်မှလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုမေဂျာဘောလုံးအသင်းအား ဘောဂဗေဒဌာန၊ ဌာနမှူး၊ ဦးကျော်သူရမှလည်းကောင်း၊ တတိယဆုရရှိသည့် အသုံးချစာရင်းအင်းပညာ အထူးပြု မေဂျာဘောလုံးအသင်းအား သမဝါယမပညာဌာန၊ ဌာနမှူး၊ ဒေါ်စိုးယုနွယ်မှလည်းကောင်း ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

အစီအစဉ်အရ MBA သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား စီမံခန့်ခွဲမှုပညာဌာန၊ ဌာနမှူး၊ ဒေါက်တာဝင့်ဝါခင်မှ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာ အားကစားသမားများကို လည်းကောင်း၊ ဝါဏိဇ္ဇဗေဒဌာန၊ ဌာနမှူး၊ ဒေါက်တာထက်ထက်လှိုင်မှ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာအထူးပြုမေဂျာ အားကစားသမားများကိုလည်းကောင်း ဆုငွေများ အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြပြီး ဆောင်းရာသီအားကစား (အမျိုးသားဘောလုံး၊ အမျိုးသမီးဖူဆယ်) ပြိုင်ပွဲပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

တိလောကမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား၏ (၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲ နှင့် (၁၄)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲ ...
02/02/2026

တိလောကမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား၏ (၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲ နှင့် (၁၄)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲ အခမ်းအနားကျင်းပ
******************************************

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် တည်ထားကိုးကွယ်သော တိလောကမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား၏ (၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲနှင့် (၁၄)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲအခမ်းအနားကို (၁.၂.၂၀၂၆)ရက်နေ့ နံနက်(၆:၀၀) အချိန်၌ တိလောကမာရဇိန်ဘုရားရှိ ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် အစီအစဉ်(၂)ရပ်ဖြင့် ကျင်းပခဲ့ရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ (စီမံ၊သင်တန်း၊သု/ဖွံ့)ဌာန များမှ ဌာနမှူးများ၊သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ကထိက(ဌာနမှူး)၊ ဆရာ/ဆရာမများ၊ဝန်ထမ်းများ နှင့် ကျောင်းသား၊ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။

ပထမပိုင်းအစီအစဉ်အနေဖြင့် ပင့်ဖိတ်ထားသည့် ရွှေသမားကျောင်းမှ သံဃာတော်အရှင်သူမြတ်များမှ တိလောကမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရားတွင် ဘုရား အနေကဇာတင်ခဲ့ကြပြီးနောက် တက္ကသိုလ်ဘုရားဓမ္မာရုံတွင် သံဃာတော်အရှင်သူမြတ်များကို အာရုံဆွမ်း ထမနဲ၊ ကြာဇံဟင်းခါး နှင့် အချိုပွဲများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားဖြစ်သည့် (၁၄)ကြိမ်မြောက်မဟာဘုံကထိန် အောင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ တက်ရောက်လာကြသူများသည် သံဃာတော် အရှင်သူမြတ် များထံမှ ငါးပါးသီလ‌ဆောက်တည်ပြီးနောက် ဆရာတော်ကြီးများထံ ကထိန်သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ဆရာ၊ဆရာမများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများသည် လှူဖွယ် ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး တိလောကမာရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရားအတွက် လှူဒါန်းခဲ့ကြသည့် ကုသိုလ်ရှင်များအား ပါမောက္ခချုပ်မှ ဂုဏ်ပြုမှတ်တမ်း များ ပေးအပ်ခဲ့ကာ ရွှေမိုးငွေမိုးများရွာသွန်းခဲ့ကြ၍ အခမ်းအနားကို အောင်မြင်စွာ ပြီး‌မြောက်ခဲ့ ကြပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ဆရာ၊ဆရာမများ၊ ဝန်ထမ်း မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူအားလုံးတို့၏ ကထိန်လှူဒါန်းမှုများမှာ လှူဖွယ် ပစ္စည်းနှင့် ဝတ္ထုငွေ တန်ဖိုး စုစုပေါင်း‌ ငွေကျပ် (၁၅,၆၁၇,၀၀၀/-) တိတိ ဖြစ်ပါသည်။
၎င်းနောက် (၁၄)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို ကြာဇံဟင်းခါး၊ ထမနဲ နှင့် အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ - Youth Peace Forum 2026 သို့တက်ရောက်ခ...
27/01/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ - Youth Peace Forum 2026 သို့တက်ရောက်ခဲ့သည့် အတွေ့အကြုံများအား ပြန်လည်ရှင်းလင်းခြင်း
***************************************

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁( MICC- I) ၌ တွင် ပြုလုပ်ခဲ့သည့် Youth Peace Forum 2026 သို့ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ တက်ရောက်ပါဝင်ဆွေးနွေးခဲ့သော ကျောင်းသား/ကျောင်းသူ(၂)ဦးတို့မှ ဖိုရမ်နှင့် ပတ်သတ်၍ အတွေ့အကြုံများ ပြန်လည်ရှင်းလင်းပွဲကို တက္ကသိုလ် အစည်းအဝေးခန်းမ၌ (၂၆.၁.၂၀၂၆)ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါရှင်းလင်းပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ (သင်တန်း၊ စီမံ၊ သု/ဖွံ့)ဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး) ၊ ကထိက(ဌာနမှူး)များ၊ နှင့် မေဂျာအသီးသီးမှ ကျောင်းသား/သူ ကိုယ်စားလှယ် အတန်းခေါင်းဆောင်များသည် အစည်းအဝေးခန်းမ၌လည်းကောင်း၊ မေဂျာ (၅)မေဂျာမှ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား/သူများသည် သက်ဆိုင်ရာ စာသင်ခန်း များမှ zoom ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။

ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူငယ်များ၏ ပါဝင်မှု စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်နှင့် အမျိုးသားအဆင့် အားလုံးပါဝင်နိုင်မှု အခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်စေရန် ရည်ရွယ်၍ နေပြည်တော်၊ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁( MICC-I) တွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကျင်းပပြုလုပ်ခဲ့ရာ မိမိတို့တက္ကသိုလ်မှ စတုတ္တနှစ်ကျောင်းသား/ကျောင်းသူများ ဖြစ်သည့် မောင်အာကာထွန်းလင်းနှင့် မထက်ထက်ဝင်းသူတို့မှ အဖွဲ့(၃)၏ “စီးပွား‌ရေးအလုပ်အကိုင် အခွင့်အလမ်း၊ စွန့်ဦးတီထွင်မှုနှင့် နည်းပညာ အခြေပြုစီးပွားရေး” ခေါင်းစဉ်ဖြင့် တက်ရောက် ဆွေးနွေးပါဝင်ခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအဖွဲ့အနေဖြင့် ဒုတိယဆု ရရှိခဲ့ပါကြောင်း၊ ယနေ့အခမ်းအနားတွင် ၎င်းဖိုရမ်၌ ဆွေးနွေးခဲ့သော အကြောင်းအရာများနှင့် အတူ ဖိုရမ်အတွေ့အကြုံများကို ပြန်လည်ရှင်းလင်း ပြောကြားမည်ဖြစ်ပါကြောင်း၊ လူငယ် ငြိမ်းချမ်းရေးဖိုရမ်နှင့် စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများကို မှာကြားလိုသည်မှာ နိုင်ငံ တော်အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးကဏ္ဍ၌ ကျောင်းသား၊ ‌ကျောင်းသူ များကိုယ်တိုင် ပါဝင်ပူးပေါင်းဆောင်ရွက်ပြီး တက်ကြွသည့်စိတ်၊ သင်ကြားထားသည့် အတတ် ပညာနှင့် အတွေ့အကြုံများ ပေါင်းစပ်ပြီး တိုင်းပြည်ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆သို့ တက်ရောက်ဆွေးနွေးခဲ့သည့် စတုတ္တနှစ်ကျောင်းသား/ကျောင်းသူများ ဖြစ်သော မောင်အာကာထွန်းလင်းနှင့် မထက်ထက် ဝင်းသူတို့မှ Youth Peace Forum 2026 သို့တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည့် အတွေ့ အကြုံများအနေဖြင့် “မိမိတို့မတွေ့ကြုံဖူးသော အတွေ့အကြုံအသစ်နှင့် အတွေးအမြင်များ ရရှိခဲ့ခြင်း၊ မတူညီသော ဒေသအသီးသီး၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ကျောင်းသူ လူငယ်များနှင့် ချစ်ခင်ရင်းနှီးမှုများ ရရှိခဲ့၍ ဆက်ဆံရေးနယ်ပယ် အဝန်းအဝိုင်းများကို ရရှိခဲ့ ခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍနှင့် လူငယ်အင်အားများ မည်မျှ အရေးပါကြောင်းကို သိရှိခဲ့ရခြင်း၊ ငြိမ်းချမ်းသာယာသော နိုင်ငံတော် တည်ဆောက်ရာ တွင် မိမိတို့ လူငယ်များအနေဖြင့် တစိတ်တပိုင်း ပါဝင်လုပ်ဆောင်နိုင်ခဲ့ခြင်း စသည့် အသိ အမြင်အကျိုးကျေးဇူးများရရှိခဲ့ပါကြောင်း” ရှင်းလင်း ပြောကြားခဲ့ပြီးနောက် အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

2026 Youth Peace Forum သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မှ ကိုယ်စားပြု ကျောင်းသား၊ကျောင်းသူ (၂)ဦး တ...
21/01/2026

2026 Youth Peace Forum သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မှ ကိုယ်စားပြု ကျောင်းသား၊ကျောင်းသူ (၂)ဦး တက်ရောက်ခြင်း
-x-x-x-x-x-x-x-x-x-x-x-x-

နေပြည်တော် MICC I တွင် (၁၃.၁.၂၀၂၆) ရက်နေ့မှ (၁၆.၁.၂၀၂၆)ရက်နေ့ အထိ ကျင်းပခဲ့သည့် 2026 Youth Peace Forum သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မောင်အာကာထွန်းလင်း (စလစ-၁၁) နှင့် မထက်ထက်ဝင်းသူ (စဈစ-၄)တို့သည် တိုင်းဒေသကြီးကိုယ်စားပြုအဖွဲ့ဝင်များအဖြစ် တက်ရောက်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူး (၁)ဦး၊ အုပ်ချုပ်သူဆရာ(၂)ဦးနှင့် ကိုယ်စားပြုကျောင်းသား၊ ကျောင်းသူလူငယ် (၁၀)ဦးတို့ ပါဝင်သည့်အဖွဲ့သည် (၁၁.၁.၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် စုရပ်ဖြစ်သည့် စစ်ကိုင်းမြို့၊ အသင်္ခရာစောယွန်း ဧည့်ရိပ်သာမှ နေပြည်တော်သို့ ထွက်ခွာခဲ့ကြသည်။

(၁၃.၁.၂၀၂၆)ရက်နေ့တွင် MICC I နေပြည်တော်၌ 2026 Youth Peace Forum အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် နေ့လယ်ပိုင်းအစီအစဉ်အရ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် Knowledge Sharing အနေဖြင့် ပညာရှင်တစ်ဦးမှ ဆွေးနွေးဟောပြောပို့ချခဲ့ပြီး တိုင်းဒေသကြီး ကိုယ်စားလှယ်တစ်ဦးမှ အတွေ့ အကြုံများ Sharing ပြောကြားပေးခဲ့ပါသည်။

2026 Youth Peace Forum ဒုတိယရက် ဖြစ်သည့် (၁၄.၁.၂၀၂၆)ရက်နေ့တွင် Group များ အသီးသီးဖွဲ့ပေး၍ သက်ဆိုင်ရာ Knowledge များကို ပညာရှင်များက ဆွေးနွေးဟောပြောခဲ့ပြီးနောက် Project ခေါင်းစဉ်များရွေးချယ်၍ Group အလိုက် ဆွေးနွေးပြင်ဆင်ခဲ့ကြပါသည်။

2026 Youth Peace Forum တတိယရက် ဖြစ်သည့် (၁၅.၁.၂၀၂၆) ရက်နေ့တွင် Group အလိုက် ရွေးချယ်ထားသော Project ခေါင်းစဉ်များဖြင့် ဆွေးနွေးယှဉ်ပြိုင်ခဲ့ရာ “A Public-Private Partnership Pilot Project” ခေါင်းစဉ်ဖြင့် တက္ကသိုလ်ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် Group 3 မှ ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါသည်။

ထို့ပြင် တက္ကသိုလ် ကိုယ်စားပြု ကျောင်းသား မောင်အာကာထွန်းလင်း (စလစ-၁၁)သည် Cyber Security Quiz Question တွင် တတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက် ကျင်းပခဲ့ပြီး ဒုတိယတပ်မတော်ကာကွယ်‌ရေးဦးစီးချုပ်မှ အမှာစကား ပြောကြားခဲ့ပြီးနောက် စစ်ကိုင်း၊ ကချင်၊ ချင်း၊ တနင်္သာရီမှ တိုင်းရင်းသား(၄)ဦးမှ ကျေးဇူးတင်စကားများ ပြောကြားခဲ့ပါသည်။

ထို့နောက် 2026 Youth Peace Forum မှ လူငယ် ကြေငြာစာတမ်းတစ်ရပ်ကို အတည်ပြု ထုတ်ပြန်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

(၁၅.၁.၂၀၂၆)ရက်နေ့ ညနေပိုင်းတွင် ညစာစားပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။
(၁၆.၁.၂၀၂၆)ရက်နေ့တွင် Forum သို့ တက်ရောက်ခဲ့ကြသည့် ကိုယ်စားပြုကျောင်းသား၊ ကျောင်းသူများနှင့်အဖွဲ့များအား နေပြည်တော်ရှိ အထင်ကရနေရာများဖြစ်သည့် စစ်သမိုင်း ပြတိုက်၊ ရေပန်းဥယျာဉ်၊ Naypyidaw State Academy, Naypyidaw State Polytechnic University များသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပြီးနောက် (၁၇.၁.၂၀၂၆)ရက်နေ့တွင် စစ်ကိုင်းမြို့သို့ ပြန်လည်ရောက် ရှိခဲ့ပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ...
20/01/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ်
ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
******************************************************

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဆောင်းရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက္ကသိုလ်ဘောလုံးကွင်း၌ (၁၉.၁.၂၀၂၆) ၊ ညနေ(၃း၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ (စီမံ၊သင်တန်း၊သု/ဖွံ့) ဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာန များမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ကထိက(ဌာနမှူး)၊ ဆရာ၊ ဆရာမများ၊ အထူးပြုဘာသာရပ်များနှင့် ပထမနှစ် အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ အခမ်းအနားတွင် အလံကိုင်အဖွဲ့ ဦးဆောင်ပြီး ပြိုင်ပွဲဝင်အားကစား သမားများ ကွင်းအတွင်း နေရာယူပြီးနောက် ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြား ရာတွင် တက္ကသိုလ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို “လိမ္မာပျော်ရွှင် ပညာချွန်” စေရန်အတွက် နှင့် ဘောလုံး(ကျား)၊ ဖူဆယ်(မ) အားကစားနည်းများကို အတန်းချိန်ပြင်ပတွင် အသင်းများဖွဲ့စည်းပြီး စိတ်ဓာတ်မြှင့်တင်သည့်အနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုလို ကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကိုယ်လက်ကြံ့ခိုင်ဖွံ့ဖြိုးမှုရှိ လာခြင်း၊ အသင်းအဖွဲ့(Team Work) အလိုက် လှုပ်ရှားဆောင်ရွက်တတ်သော အလေ့အကျင့်များ ရရှိ လာခြင်း၊ စွမ်းဆောင်ရည်များ ဖော်ထုတ်ပေးပြီး အားကစားစိတ်ဓာတ်များ မြင့်မားလာခြင်း၊ လိမ္မာရေးခြားမှုရှိလာပြီး အချင်းချင်း ခင်မင်ရင်းနှီး စည်းလုံးညီညွတ်မှု ရှိလာခြင်း၊ ကျန်းမာပျော်ရွှင်ပြီး ပညာထူးချွန်မှုရှိလာစေခြင်းတို့ ရရှိလာမည် ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ (၆)သင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲ(၆)သင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲကာလမှာ (၁၉.၁.၂၀၂၆)ရက်မှ (၂.၂.၂၀၂၆) ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ပါ ကြောင်း၊ ယခုပြိုင်ပွဲကို အသင်းအဖွဲ့စိတ်ဓာတ်၊ အနိုင်မခံအရှုံးမပေးတဲ့စိတ်၊ အားကစား စိတ်ဓါတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားတွင်သာမက ဘက်စုံကျွမ်းကျင်ပြီး အဆင့်မြင့်ပညာများကို ကြိုးစားသင်ယူရင်း အနာဂတ်တွင် အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူတော် လူကောင်းများ ဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားသမားများမှ အားကစားသံဓိဋ္ဌာန်များ သံပြိုင်ရွတ်ဆိုခဲ့ကြပြီး အလံကိုင်အဖွဲ့များ ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများသည် အားကစားကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ပါသည်။

ထို့နောက် တက္ကသိုလ် ပထမနှစ် ကိုယ်စားပြု Cheerleader အသင်း ကျောင်းသား၊ ကျောင်းသူများမှ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

Intellectual Talk အစီအစဉ်အဖြစ် Data Analysis ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ********************************...
16/01/2026

Intellectual Talk အစီအစဉ်အဖြစ် Data Analysis ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
******************************************

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ စာရင်းအင်းပညာဌာနမှ ဦးဆောင် ကျင်းပသည့် Intellectual Talk အစီအစဉ်အဖြစ် Data Analysis ဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို (၁၅-၁-၂၀၂၆)ရက်နေ့၊ နံနက်(၉း၀၀)နာရီတွင် တက္ကသိုလ်၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ (သင်တန်း၊ စီမံ၊ သု/ဖွံ့) ဌာနများမှ ဌာနမှူးများ၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ စာရင်းအင်းပညာဌာနမှ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး) ၊ ကထိက(ဌာနမှူး)၊ တာဝန်ရှိဆရာ၊ ဆရာမများနှင့် မေဂျာအသီးသီးမှ ကျောင်းသား/သူ ကိုယ်စားလှယ် အတန်းခေါင်းဆောင်များသည် အစည်းအဝေးခန်းမ၌လည်းကောင်း၊ စာရင်းအင်းပညာအထူးပြု စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား/သူများသည် သက်ဆိုင်ရာစာသင်ခန်းများမှ zoom ဖြင့် တက်ရောက်ခဲ့ကြသည်။

ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား၊ကျောင်းသူများကို Research Project Paper ကောင်းမွန်စွာ ရေးသားနိုင်ရန် ရည်ရွယ်ပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ စာရင်းအင်းပညာဌာနမှ ပါမောက္ခဆရာမများမှ Data Analysis နှင့် ပတ်သက်သည့် အသိပညာများကို ဆွေးနွေးပြောကြားသွားမည်ဖြစ်ကြောင်း၊ စတုတ္ထနှစ်ကျောင်းသား/ကျောင်းသူ များသည် Project Paper ဆောင်ရွက်သည့်အခါ လိုအပ်သောအချက်အလက်များနှင့် ကိန်းဂဏန်းများ ကောက်ယူခြင်း (Data Collection) ကို စနစ်တကျ နည်းလမ်းမှန်ကန်စွာ ကောက်ယူရပြီး (Data Analysis) ပြုလုပ်ရမည်ဖြစ်ကြောင်း၊ Data Analysis ဟုခေါ်သည့် Data များကို ပိုင်းခြား သုံးသပ် ရသည့် အပိုင်းသည် အရေးကြီးဆုံး လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ၎င်းလုပ်ငန်းစဉ်မှရသည့် ရလဒ် များကြောင့် လုပ်ငန်းတစ်ခု၏ အနာဂတ်ဗျူဟာများ၊ နည်းဗျူဟာများကို အများကြီး ပြောင်းလဲ သွားအောင် တွန်းအားပေးနိုင်ကြောင်း၊ မည်သည့်နယ်ပယ်မှဖြစ်စေ Data များကို ခွဲခြမ်းစိတ်ဖြာ နည်း(၄)နည်းရှိကြောင်း၊ ၎င်းနည်း(၄)မျိုးကို အမျိုးအစားအားဖြင့် ခွဲထားသည်ဆိုသော်လည်း လက်တွေ့တွင် ၎င်းတို့မှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး တစ်ခုအပေါ်တစ်ခု တည်ဆောက် ထားခြင်းမျိုးဖြစ်ကြောင်း၊ ထို့ကြောင့် ခက်ခဲသော Data Analysis လုပ်ငန်းစဉ်သို့ ရောက်လေလေ ရရှိလာသောရလဒ်နှင့် သိမြင်မှုများမှာလည်း ပိုမိုတန်ဖိုး တက်လာလေလေ ဖြစ်ကြောင်း၊ တက္ကသိုလ်သည် စီးပွားရေးပညာရပ်များနှင့် စီးပွားရေးပညာရပ်များကို အထောက်အကူပြုသော ဘာသာရပ်များကို သင်ကြား ပေးနေသည့် တက္ကသိုလ်ဖြစ်သည်နှင့်အညီ Research Project Paper ရလဒ်များသည် လည်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည်အသွေးပြည့်ဝသည့် သုတေသနရလဒ်များ ပေါ်ထွက်လာနိုင်စေရန်နှင့် ၎င်းအရည်အသွေးပြည့်ဝသည့်သုတေသနရလဒ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရန်အတွက် ဆက်လက်ကြိုးစား ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ယခု အသိပညာပေးဆွေးနွေးပွဲတွင် Data Analysis ပြုလုပ်ရန် အတွက် SPSS Software နှင့် Microsoft Excel အသုံးပြုနည်းများကိုလည်း ဆွေးနွေး ပြောကြားသွားမည်ဖြစ်ကြောင်း၊ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား/ကျောင်းသူများ အနေဖြင့် ဆရာမများဆွေးနွေးပို့ချမည့် အသိပညာပေးဆွေးနွေးပွဲမှာ Data Analysis နည်းပညာ ရှိသော အသုံးချပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရည်အသွေးပြည့်ဝသည့် သုတေသနရလဒ်များရှိသော Project Paper များ ရေးသားဆောင်ရွက်သွားနိုင်ရန် ကြိုးစားသွားကြစေလိုကြောင်းနှင့် အနာဂတ်တွင်လည်း ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု သုတေသနစာတမ်းများ ရေးသားနိုင်သည်အထိ ဆက်လက်ကြိုးစားသွားကြပါရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

အစီအစဉ်အရ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
ထို့နောက် စာရင်းအင်းပညာဌာနမှ ပါမောက္ခ ဒေါက်တာအိအိအေးမှ Data Analysis I for Research Project Paper ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါမောက္ခ ဒေါက်တာယဉ်မွန်သန့်မှ Data Analysis II for Research Project Paper ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပါသည်။

12/01/2026

4th Batch MAR သင်တန်း၏ Application Form များကို အောက်ပါ Link တွင် ဝင်ရောက် Download ရယူနိုင်ပါသည်။

http://studyonline.ucms.edu.mm/?p=526

12/01/2026

4th Batch MBA သင်တန်း၏ Application Form များကို အောက်ပါ Link တွင် ဝင်ရောက် Download ရယူနိုင်ပါသည်။

12/01/2026

4th Batch MPA သင်တန်း၏ Application Form များကို အောက်ပါ Link တွင် ဝင်ရောက် Download ရယူနိုင်ပါသည်။

http://studyonline.ucms.edu.mm/?p=509

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် စတုတ္ထအကြိမ် HRD မဟာဘွဲ့သင်တန်းသားများ ခေါ်ယ...
12/01/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် စတုတ္ထအကြိမ် HRD မဟာဘွဲ့သင်တန်းသားများ ခေါ်ယူခြင်းကို ထုတ်ပြန်ကြေညာအပ်ပါသည်။
*****************************

http://studyonline.ucms.edu.mm/?p=492

Address

Sagaing
Sagaing
072

Telephone

+957221183

Website

Alerts

Be the first to know and let us send you an email when University of Co-operative and Management, Sagaing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share