Taunggyi University Interim Administrative Council

Taunggyi University Interim Administrative Council University Of Taunggyi stands as an independent and oppression-free university.

စာအမှတ်၊      ပညရ/ မနဥတ/Student Affairs/၂၀၂၆ (၀၁၄) ရက်စွဲ ၊      ၂၀၂၆ ခုနှစ်     ဇွန်လ     (၁၀)     ရက်အကြောင်းအရာ။ ။ ၂၀...
12/06/2026

စာအမှတ်၊ ပညရ/ မနဥတ/Student Affairs/၂၀၂၆ (၀၁၄)
ရက်စွဲ ၊ ၂၀၂၆ ခုနှစ် ဇွန်လ (၁၀) ရက်
အကြောင်းအရာ။ ။ ၂၀၂၀ မတိုင်ခင်တက်လက်စ အဝေးသင် ကျောင်းသား၊ ကျောင်းသူများအတွက် Learning Management System (Moodle) ၌ အတန်းများ စတင်တက်ရောက်နိုင်ပြီဖြစ်ကြောင်း နှင့် ကျောင်းတက်ကာလ ကြေညာခြင်း။

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ့နွေဦးတက္ကသိုလ်တွင် ၂၀၂၀ မတိုင်ခင်တက်လက်စ အဝေးသင် ကျောင်းသား၊ ကျောင်းသူများ ကို Myanmar Education System (MES) တွင် ကျောင်းအပ်လက်ခံခဲ့ပြီး ကျောင်းသားကတ် (သို့) တက်လက်စ ကျောင်းသားဖြစ်ကြောင်း အထောက်အထားများနှင့် admission fees + tuition fees တို့ပေးသွင်းကာ တင်သွင်းခြင်းတို့ကို ၁၀-၀၅-၂၀၂၆ (တနင်္ဂနွေနေ့) မှ ၃၀-၀၅-၂၀၂၆ (တနင်္ဂနွေနေ့) အထိ ဖြည့်သွင်းရန် ကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ တင်သွင်းရမည့် အချက်အလက်များနှင့် admission fees + tuition fees ပေးသွင်းကာ အချက်အလက် မှန်ကန်သော ကျောင်းသား၊ ကျောင်းသူများ၊ MES တွင် ကျောင်းအပ်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ ကို Learning Management System (LMS) (Moodle) ၌ သင်ခန်းစာများ စတင်လေ့လာနိုင်ရန် moodle account နှင့် password များကို ကျောင်းသား၊ ကျောင်းသူတို့၏ Myanmar Education System (MES) account များထဲ၌ ထည့်သွင်းပေးထားပြီး ဖြစ်ပါသည်။
၃။ ကျောင်းတက်ရမည့် ကာလ (Moodle LMS ၌ စာလေ့လာကာလ) မှာ ၂၀၂၆ ခုနှစ် ဇွန်လ (၁၁) ရက်မှ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့ထိ (၆) လ ဖြစ်ပါသည်။ (Moodle LMS ၌ စာလေ့လာရမည့် ပုံစံအသေးစိတ်ကို အောက်တွင် link နှင့်တကွ တင်ထားပေးပါသည်။)
၄။ MES တွင် ကျောင်းအပ်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ အားလုံးကို Moodle acc ထုတ်ထား ပေးပြီးဖြစ်သော်လည်း admission fees + tuition fees သွင်းရန် ကျန်ရှိနေသူများအနေဖြင့် မဖြစ်မနေ ပေးသွင်းရမည် ဖြစ်ပါသည်။ စာရင်းထုတ်ပြန်ပါမည်။
၅။ MES ၌ ကျောင်းအပ်ခြင်း မပြီးဆုံးဘဲ ကျောင်းသားကတ် (သို့) တက်လက်စကျောင်းသားဖြစ်ကြောင်း အထောက်အထားများနှင့် admission fees ပေးသွင်းကာ form တင်သွင်းခဲ့သော ကျောင်းသား၊ ကျောင်းသူများ သည် ကျောင်းတက်ခွင့် ရမည် မဟုတ်ပါ။
၆။ ကျောင်းအပ်ခြင်းတွင် မရိုးသားသော အချက်အလက်များ နှင့် တင်သွင်းခဲ့ကြောင်း တွေ့ရှိပါက ကျောင်းတက်ရောက်ခွင့် ရပ်ဆိုင်းမည် ဖြစ်ပြီး တက္ကသိုလ်ကောင်စီ နှင့် ပညာရေးအဖွဲ့ တို့၏ ဆုံးဖြတ်ချက်သာ အတည် ဖြစ်ပါသည်။ မှတ်ချက်။ ။ Moodle acc မရှိပါက [email protected] သို့ အကြောင်းကြားပါရန်။
Moodle LMS aacount ကို MES တွင် ရှာဖွေ၍ စာလေ့လာနိုင်သည့် လမ်းညွှန်
ဝင်ရောက်ရမည့်link များ
MES >>> https://mes.moeedu.org/he-login
LMS Moodle >>>> https://he.moeedu.org/
ဝင်ရောက်ရမည့်ပုံစံအဆင့်ဆင့် (Laptop:Computer Version) - https://www.facebook.com/100086498222883/posts/130854619807812/
ဝင်ရောက်ရမည့်ပုံစံအဆင့်ဆင့် (mobile phone version) - https://www.facebook.com/100086498222883/posts/130859806473960/
ကျောင်းသား၊ ကျောင်းသူများ အား သင်ခန်းစာ များ လေ့လာရမည့်ပုံစံ၊ စာမေးပွဲများဖြေဆို ရမည့် ပုံစံ အသေးစိတ်
https://www.facebook.com/share/v/KGXxfoACs1DS7ZgB/?
https://m.facebook.com/story.php?story_fbid=382761737950431&id=100086498222883
https://youtu.be/vhoT-GvwMjs
pdf file - https://drive.google.com/file/d/1r3akNdHo8A1q58staKUaJjzwo1FZ6b97/view?usp=sharing

မော်ကွန်းထိန်း
(ကျောင်းသားရေးရာဌာနခွဲ)
သင်တန်းရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်

12/06/2026

မြန်မာ့နွေဦးတက္ကသိုလ်၊ ကျောင်းသား၊ ကျောင်းသူများသို့

ကျောင်းအပ်အခက်အခဲများပေးပို့မေးမြန်းရာတွင်
Student ID
Email in MES
Roll number (ရပြီးပါက)
အကြောင်းအရင်း
မေးလိုသည့် ပုံ (လိုအပ်ပါက)
ထည့်သွင်းပေးပို့မေးမြန်းပါရန်နှင့် မပြည့်စုံသော email များကို ဖြေရှင်းပေးမည် မဟုတ်ကြောင်း အသိပေးပါသည်။
မေးလ်ပို့ရာတွင် တကြိမ်တည်းသာ ပြည့်စုံစွာရေး၍ ပို့ရန်။ အထပ်ထပ်အခါခါမပို့ရန်

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာန

12/06/2026

Topic: မြန်မာပညာရေးစနစ် (MES) မှာ ကျောင်းဘယ်လိုအပ်ကြမလဲ???
Q & A Session

Meeting ID: 915 8132 3279
Passcode: 889251

By Dr Thant Zin (ICT)

Date : 14-06-2026 (Sunday)
Time : 10 AM - 12 AM

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာန

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုက်နာရမည့် အထူးသတိပေးချက်ပြုပြင်ထားသော အမှတ်စာရင်းနှင...
05/02/2026

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုက်နာရမည့် အထူးသတိပေးချက်

ပြုပြင်ထားသော အမှတ်စာရင်းနှင့် ပညာရေးဆိုင်ရာ အထောက်အထားများ၊ ဉာဏ်ရည်တုနည်းပညာ (AI) ဖြင့် ဖန်တီးထားသော အမှတ်စာရင်းနှင့်အထောက်အထားစာရွက်စာတမ်းအတုများကို တင်သွင်းလာခြင်း လုံးဝ (လုံးဝ) မပြုကြပါရန်နှင့် စစ်ဆေးတွေ့ရှိသည့် မည်သည့်အခြေအနေတွင်မဆို -

* တက္ကသိုလ်ဝင်ခွင့်စိစစ်ရေးအဖွဲ့အနေဖြင့် လျှောက်လွှာကို ပယ်ဖျက်မှာဖြစ်ပြီး

* သက်ဆိုင်ရာတက္ကသိုလ်များအနေဖြင့် မိမိတို့တက္ကသိုလ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်မှုများ ရှိပါမည်။

> Black List သွင်းခြင်းနှင့် နောင်တွင် မည်သည့်အကြောင်းကြောင့်ဖြင့်မှ အဆိုပါတက္ကသိုလ်တက်ရောက်ခွင့် လျှောက်ထားခြင်းကို လက်မခံဘဲငြင်းပယ်ခြင်းများ ဖြစ်နိုင်သည့်အပြင် ရရှိခဲ့ဖူးသည့်မည်သည့် ပညာရေး မှတ်တမ်းကိုမဆို ပယ်ဖျက်ခံရနိုင်ပါသည်။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့
ပညာရေးဝန်ကြီးဌာန

စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန် (မြန်မာ့နွေဦးတက္ကသိုလ်) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ကြားကာလ တက္...
01/02/2026

စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်

(မြန်မာ့နွေဦးတက္ကသိုလ်)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ကြားကာလ တက္ကသိုလ်များမှ ခေါ်ယူသော စတုတ္ထအကြိမ်တက္ကသိုလ်ဝင်ခွင့်

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် မှ ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့ ထိ မြန်မာပညာရေးစနစ် (Myanmar Education System -MES) တွင် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

လမ်းညွှန်စာအုပ် ရယူရန် - https://drive.google.com/file/d/1ByAXIUVqB5YiWaF1Oa3iQnbTK127YYWe/view?usp=sharing

မြန်မာပညာရေးစနစ် MES မှ တဆင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံလမ်းညွှန် - https://drive.google.com/file/d/1b73t7CwAf6n4BHL2ewH-LUj2IVfzJCey/view?usp=sharing

https://moe.nugmyanmar.org/he/uni-ent-26/

ပျောက်ဆုံးသွားတဲ့ နှစ် (၅) နှစ်။ ဒီနေ့ဖေဖော်ဝါရီ (၁) ရက်နေ့ပါ။ လွန်ခဲ့တဲ့ ၅ နှစ်ကိုပြန်သတိရစေမယ့်နေ့ပါ။ ရုတ်တရက် ဆက်သွယ်...
01/02/2026

ပျောက်ဆုံးသွားတဲ့ နှစ် (၅) နှစ်။
ဒီနေ့ဖေဖော်ဝါရီ (၁) ရက်နေ့ပါ။ လွန်ခဲ့တဲ့ ၅ နှစ်ကိုပြန်သတိရစေမယ့်နေ့ပါ။ ရုတ်တရက် ဆက်သွယ်ရေးလိုင်း၊ အင်တာနက်လိုင်းတွေပြတ်သွားပြီး စစ်အာဏာရှင်ကမတရားအာဏာထိမ်းလိုက်တယ်ဆိုတဲ့ သတင်းကိုကြားခဲ့ရတဲ့နေ့။ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ဆို ၅ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။
ဒီကာလတွေက အဆုံးရှုံးတွေတကယ်များခဲ့ပါတယ်။ တန်ဖိုးဖြတ်မရနိုင်တဲ့အသက်တွေ၊ အနာဂတ်တွေ၊ ပညာတွေကစလို့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနဲ့အတူ ဘဝတွေတစ်စစီဆုံးရှုံးပျက်စီးခဲ့ရတဲ့ကာလတွေဖြစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်၊ ဒီလိုအချိန်မှာ တစ်နိုင်ငံလုံးကပြည်သူအားလုံးက စစ်အာဏာရှင်ရဲ့အာဏာသိမ်းမှုကို လက်မခံနိုင်ကြောင်း တစ်ပြိုင်နက်တည်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုပြီး စစ်အာဏာရှင်ကတော့ ကိုယ်ကျိုးအတွက်ပဲကြည့်ခဲ့ပါတယ်။ လက်နက်အားကိုးနဲ့ ပြည်သူတွေရဲ့စိတ်ဓာတ်ကိုဖျက်ဆီးဖြိုခွင်းနိုင်မယ်လို့ထင်နေခဲ့ကြပုံပါ။
တော်လှန်ရေးကာလ အခုလို ၅ နှစ်ကြာအောင်တောင့်ခံနိုင်ခဲ့ကြတဲ့ ပြည်သူတွေရဲ့စိတ်ဓာတ်နဲ့ အင်အားဟာအံ့ဩဖို့ကောင်းလှပါတယ်။ တော်လှန်ရေးကာလတလျှောက် မတရားမှုကိုအနိုင်ရစေဖို့ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ကစလို့ နိုင်ရာဝန်ကိုထမ်းပေးခဲ့ကြတဲ့တော်လှန်ပြည်သူတွေ၊ ရဲဘော် ရဲဘက်တွေအတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးတင် ဂုဏ်ယူမိပါတယ်။ ခရီးလမ်းမှာ ကျန်ရစ်ခဲ့ရတဲ့ ရဲဘော်များကိုလည်း အလေးနီပြုရင်း နွေဦးတော်လှန်ရေးအမြန်အောင်မြင်နိုင်စေဖို့ အတူတူနိုင်ရာဝန်တွေဆက်ထမ်းရင်း ရှေ့ဆက်လျှောက်ပေးကြဖို့ မြန်မာ့နွေဦးတက္ကသိုလ်-mnou က တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

#မြန်မာ့နွေဦးတက္ကသိုလ်

ပျောက်ဆုံးသွားတဲ့ နှစ်​ (၅) နှစ်။
ဒီနေ့ဖေဖော်ဝါရီ (၁) ရက်နေ့ပါ။ လွန်ခဲ့တဲ့ ၅ နှစ်ကိုပြန်သတိရ​စေမယ့်နေ့ပါ။ ရုတ်တရက် ဆက်သွယ်ရေးလိုင်း၊ အင်တာနက်လိုင်းတွေပြတ်သွားပြီး စစ်အာဏာရှင်ကမတရားအာဏာထိမ်းလိုက်တယ်ဆိုတဲ့ သတင်းကိုကြားခဲ့ရတဲ့နေ့။ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ဆို ၅ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။
ဒီကာလတွေက အဆုံးရှုံးတွေတကယ်များခဲ့ပါတယ်။ တန်ဖိုးဖြတ်မရနိုင်တဲ့အသက်တွေ၊ အနာဂတ်တွေ၊ ပညာတွေကစလို့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနဲ့အတူ ဘဝတွေတစ်စစီဆုံးရှုံးပျက်စီးခဲ့ရတဲ့ကာလတွေဖြစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်၊ ဒီလိုအချိန်မှာ တစ်နိုင်ငံလုံးကပြည်သူအားလုံးက စစ်အာဏာရှင်ရဲ့အာဏာသိမ်းမှုကို လက်မခံနိုင်ကြောင်း တစ်ပြိုင်နက်တည်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုပြီး စစ်အာဏာရှင်ကတော့ ကိုယ်ကျိုးအတွက်ပဲကြည့်ခဲ့ပါတယ်။ လက်နက်အားကိုးနဲ့ ပြည်သူတွေရဲ့စိတ်ဓာတ်ကိုဖျက်ဆီးဖြိုခွင်းနိုင်မယ်လို့ထင်နေခဲ့ကြပုံပါ။
တော်လှန်ရေးကာလ အခုလို ၅ နှစ်ကြာအောင်တောင့်ခံနိုင်ခဲ့ကြတဲ့ ပြည်သူတွေရဲ့စိတ်ဓာတ်နဲ့ အင်အားဟာအံ့ဩဖို့ကောင်းလှပါတယ်။ တော်လှန်ရေးကာလတလျှောက် မတရားမှုကိုအနိုင်ရစေဖို့ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ကစလို့ နိုင်ရာဝန်ကိုထမ်းပေးခဲ့ကြတဲ့တော်လှန်ပြည်သူတွေ၊ ရဲဘော် ရဲဘက်တွေအတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးတင် ဂုဏ်ယူမိပါတယ်။ ခရီးလမ်းမှာ ကျန်ရစ်ခဲ့ရတဲ့ ရဲဘော်များကိုလည်း အလေးနီပြုရင်း နွေဦးတော်လှန်ရေးအမြန်အောင်မြင်နိုင်စေဖို့ အတူတူနိုင်ရာဝန်တွေဆက်ထမ်းရင်း ရှေ့ဆက်လျှောက်ပေးကြဖို့ မြန်မာ့နွေဦးတက္ကသိုလ်-mnou က တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

#မြန်မာ့နွေဦးတက္ကသိုလ်

မြန်မာ့နွေဦးတက္ကသိုလ်ရှိမဟာဌာနကြီးများ၊ ဘာသာရပ်ဌာနများ နှင့် ပေးအပ်သောဘွဲ့များFaculties, Departments and Degrees of MNOU
31/01/2026

မြန်မာ့နွေဦးတက္ကသိုလ်ရှိ
မဟာဌာနကြီးများ၊ ဘာသာရပ်ဌာနများ နှင့် ပေးအပ်သောဘွဲ့များ

Faculties, Departments and Degrees of MNOU

မြန်မာပညာရေးစနစ် MES မှ တဆင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံလမ်းညွှန်pdf file - https://drive.google.com/file/d...
31/01/2026

မြန်မာပညာရေးစနစ် MES မှ တဆင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံလမ်းညွှန်

pdf file - https://drive.google.com/file/d/1b73t7CwAf6n4BHL2ewH-LUj2IVfzJCey/view?usp=sharing

လမ်းညွှန်စာအုပ် ရယူရန် - https://drive.google.com/file/d/1ByAXIUVqB5YiWaF1Oa3iQnbTK127YYWe/view?usp=sharing

https://moe.nugmyanmar.org/he/uni-ent-26/

စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန် လမ်းညွှန်စာအုပ် ရယူရန် - https://drive.google.com/file/d/1ByAXIUVqB5YiWaF1Oa3iQ...
31/01/2026

စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်

လမ်းညွှန်စာအုပ် ရယူရန် - https://drive.google.com/file/d/1ByAXIUVqB5YiWaF1Oa3iQnbTK127YYWe/view?usp=sharing

မြန်မာပညာရေးစနစ် MES မှ တဆင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံလမ်းညွှန် - https://drive.google.com/file/d/1b73t7CwAf6n4BHL2ewH-LUj2IVfzJCey/view?usp=sharing

https://moe.nugmyanmar.org/he/uni-ent-26/

Address

West Circular Road, University Of Taunggyi
Taunggyi
06011

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 04:00

Website

Alerts

Be the first to know and let us send you an email when Taunggyi University Interim Administrative Council posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Taunggyi University Interim Administrative Council:

Shortcuts

Share