Preventive & Social Medicine Department, University of Medicine 2 Yangon

  • Home
  • Myanmar
  • Yangon
  • Preventive & Social Medicine Department, University of Medicine 2 Yangon

Preventive & Social Medicine Department, University of Medicine 2 Yangon You can take a look at our page to know every updated news of our Department. You are warmly welcome We will announce every updated events and news in this page.

This page is Official page of Preventive and Social Medicine Department, University of Medicine 2, Yangon. By clicking like button to our page, you are able to know every updated news from PSM department, UM2. Clicking Like and Making See first to our page will make you in convenient and effective in your university activities.

💐💐🎄
12/03/2024

💐💐🎄

26/05/2022

💪🩺 One of the Our UM2 Products ❤️‍🩹👍
Crd:

ဒေါက်တာကျော်လင်းကို သတိရ၍ရေးသောစာ

သူ့ကိုကျနော်ကကိုကျော်လင်းဟုဘဲခေါ်သည်
ကျနော့်ထက်တတန်းကြီးသည်
သူကအင်းစိန်မှဆယ်တန်းအောင်၍
ဆေး၂သို့ဝင်လာသူ
သူတို့နှစ်က အင်းစိန်မှဆယ်တန်းအောင်၍
ဆေး၂သို့ဝင်လာသူ လေးယောက်ရှိသည်
တယောက်သည် သမားတော်physician
တ​ေယာက်သည် မီးယပ်သားဖွားအထူးကုOG
တယောက်သည် ခွဲစိတ်အထူးကု(နှလုံးခွဲစိတ်အထူးကုဆရာဝန်)
သူကကလေးအထူးကု
ဂုဏ်ယူဘွယ်ရာထူးဆန်းသောတိုက်ဆိုင်မူတခုပင်
သူနှင့်ရင်းနှီးရသည်က အင်းစိန်ဆေးရုံမှာဖြစ်သည်
ထိုအချိန်က ၈၈ အရေးတော်ပုံအပြီး
ကျောင်းတွေပိတ်ထားသည့်အချိန်
ကျနော်လည်းစိတ်တွေလေနေသည့်အချိန်
ထိုအချိန် အင်းစိန်ဆေးရုံမှာ ဆေး၂မှကျောင်းသားတချို့
Volunteer ဆင်းနေကြသည်ကြား၍
ကျနော်လည်းသွားဆင်းဖြစ်ခဲ့သည်
ထိုအချိန်ကကျနော်ကတတိယနှစ် သူက နောက်ဆုံးနှစ်အပိုင်းက
ဆေးရုံမှဆရာကြီးများကလည်း
လာဆင်းသည့်ဆေးကျောင်းသားများ
အလုပ်သင်ဆရာဝန်များ
လက်ထောက်ဆရာဝန်များအကျိုးရှိအောင် CME များတလတခါပြုလုပ်ပေးကြသည်
ထိုအချိန်ကတည်းက သူ့အရည်အချင်းကိုကျနော်သတိထားမိခဲ့သည်
ကျနော်တို့ ဆေးကျောင်းသားများအတွက် အခက်ဆုံး(ကျနော့်အထင်)
Fluid and electerolyteကို သူCME မှာတင်သည်
ထိုအချိန်က Ward ပိုင် ဆရာကြီးများက
သူ့ကိုအထူးသဘောကျကြသည်
တောက်မည့်မီးခဲတရဲရဲဆိုတာမြင်၍
ဆရာအသီးသီးက သူတို့ သက်ဆိုင်ရာဘာသာရပ်မှာအထူးကုလုပ်ဘို့ဆွယ်ကြသည်
နောက်ကျနော်တို့ကျောင်းတွေပြီး
အလုပ်ဝင်ကြတော့ သူမူခင်းဆေးပညာဌာနမှာ တာဝန်ထမ်းဆောင်ရသည်
ထိုအချိန်က သူတို့အတန်းက သူနဲ့စာပြိုင်ဘက်တယောက်က england ထွက်၍အလုပ်ရပြီးလစာကောင်းနေချိန်
ထိုသတင်းကိုသူ့ကိုပြောပြတော့
သူတို့က ငါတို့လိုဝန်ထမ်းဆန် ၁၅ပြည်မရပါဘူးကွဟု ငေါ့တော့တော့သူဆိုသည်
သိပ်မကြာခင် သူ england တော်ဝင် ကလေးအထူးကုစာမေးပွဲအောင်၍
England သို့ training သွားယူတာကြားရသည်
တဆင့်စကားပြန်ကြားရသည်က
သူ့ကိုအင်မတန်ချစ်သည့် ကလေးအထူကုပါမောက္ခကြီးက
သူ့အရည်အချင်းကိုသိ၍
မြန်မာပြည်မှဘွဲ့လွန်(MSc)ကိုမဖြေခိုင်းတော့ဘဲ
MRCP (paediatric)ကိုတန်းဖြေခိုင်းသည်ဟုသိရသည်
ဟိုရောက်တော့လည်း သူ့ဆရာကြီး၏လမ်းညွှန်မူအတိုင်း
Neuro paediatrician training ကိုယူခဲ့သည်
ထိုအချိန်က မြန်မာပြည်မှာကလေးဥိးနှောက်နှင့်အာရုံကြောအထူးကုမရှိသေး
သူပြန်လာမှသာ ကလေးဥိးနှောက်အာရုံကြောအထူးကုဟူ၍ရှိလာသည်
ထိုအချိန်မှစ၍
သူ့ပညာရပ်များကိုစတင်ဖြန့်ဝေပေးတော့သည်
သူ​ြပန်လာတော့သူ့မှာပြသနာတခုကြုံရသည်
မြန်မာပြည်ကျန်းမာရေးဝန်ကြီးဌာန ရာထူးပေးရေး protocol အရ သူ့မှာ MSc ဘွဲ့မရှိ
ထိုအခါတခြား MSc ဘွဲ့ရများနှင့်သူ့ကို ဘယ်လိုရာထူးပေးရမလည်း
အတော်အခက်တွေ့ကြသည်
ဒါပေမယ့် လူကသာနေမယ် ပညာကမနေဘူးဆိုတဲ့အတိုင်း
သူ့ပညာက မြန်မာပြည်မှာသူတယောက်သာရှိ၍
သူ့ကိုနေရာမပေးလို့မရ ပေးရတော့သည်
မြန်မာပြည်၏ထုံးစံအရ ဘာသာရပ်တခုမှာနံပါတ်တစ်ဖြစ်လာလျင်
သူ့နောက်လူနာများစုပြုံလိုက်ကြတော့သည်
ပြောရလျင် သူပိုက်ဆံကို သဲ့ယူကြုံးယူလို့ရသည်
ငါမှငါကွလက်မထောင်လို့ရသည်
ဒါပေမယ့်သူဒါမျိုးမလုပ်ခဲ့
သူပညာကို သူ့ဂျုနီယာတွေကိုအတတ်နိုင်ဆုံးဝေမျပေးခဲ့သည်
ကိုဗစ်မဖြစ်ခင်သူ့ရဲ့လုပ်ဆောင်မူများမှာ
နယ်အဝေးကလာသောလူနာများပင်ပန်းသည်
ခရီးစားရိတ် စားစာရိတ် တည်းခိုစားရိတ်ကုန်သည်
ထို့အတွက် သူကတိုင်းနယ်ပြည်နယ်ရှိဆေးရုံကြီးများသို့
အလှည်ကျ သူ့ပိုက်ဆံဖြင့်သူ
သူကသွားကုသည် သု့ဂျုနီယာများကိုသူ့ပညာများလက်ဆင့်ကမ်းမျဝေပေးသည်
ဆေးလောကမှာပညာမာနကြီးသူများ
ပညာလျိုသူများမကြာခဏကြုံခဲ့ဖူးသည်
သူကတော့ဒါမျိုးမလုပ်သူ့ပညာများကို သူပြန်shareပေးသည်
သူ့ကိုနိုင်ငံတကာ ကလေးအထူးကုဆရာဝန်များကလည်းလေးစားကြသည်
သူ့စာတမ်းများ နိုင်ငံတကာဆေးပညာဂျာနယ်များမှာမကြာခဏဆိုသလိုပါတတ်သည်
နိုင်ငံတကာဆေးပညာဂျာနယ်မှာ ပါဘို့ရာကမလွယ်
သင်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်သူ အယ်ဒိတာများ၏
အဆင့်ဆင့်ရွေးချယ်ပြီးမှ ဂျာနယ်မှာဖော်ပြခံရခြင်းဖြစ်သည်
England ကလာစစ်သည့် MRCP စာမေးပွဲကိုယ်စားလှယ်အဖြစ်လည်း
သူ့ကို england ကတော်ဝင်သမားတော်အဖွဲ့ကအသိအမှတ်ပြုထားသည်
မြန်မာပြည်မှ MRCP (paediatric)စာမေးပွဲများကို
သူဥိးဆောင်စီစဥ်ပေးရသည်
စစ်တပ်မှ အာဏာသိမ်းပြီးနောက် သူ CDM လုပ်သည်
ပုဒ်မ ၅၀၅ က အထုတ်ခံရသည်
အဖမ်းခံရသည်
သိပ်မကြာမီ သူ့ကိုပြန်လွှတ်ပေးသည်
နောက်တကြိမ်သူ့ကိုပြန်ဖမ်းပြန်သည်
ဒိတကြိမ်ဖမ်းတာတော့ ဘာပုဒ်မနဲလည်းကျနော်မသိတော့
သူယခုအချိန်အထိအကျဥ်းကျခံနေရဆဲ
ဟိုးတချိန်က နိုင်ငံခြားကဝန်ထမ်းတွေက ငါတို့လိုဝန်ထမ်းဆန်မရပါဘူးကွဟု
သူငေါ့ပြောသလိုပြောရလျင်
ယခုအချိန် အင်းစိန်ထောင်၏ကျန်းမာရေးစောင့်ရှောက်မူအဆင့်အတန်း
အတော်မြင့်မားနေပြီပြောရမည်
ယခုဆိုလျင် ထောင်ထဲမှာ prof မော်ဥိးလည်းရှိနေပြီ
သူလည်းရှိနေပြီဟုငေါ့တော့တော့ပြောရတော့မည်
ကျနော်တို့ရဲ့အကို
ကျနော်တို့ရဲ့ဆရာ ကိုကျော်လင်း
ကလေးဥိးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်ကြီး
Professor ဒေါက်တာကျော်လင်းအမြန်ဆုံးလွတ်မြောက်ပါစေဟုသာ
ဆန္ဒပြုလိုက်ရပါတော့သည်

25/05/2022

💪🩺 One of the Our UM2 Products 💪✊
Crd:

ဒေါက်တာအေးနိုင်ကိုသတိရလို့ ရေးတဲ့စာ
သူသည်လက်ရှိ လားရိူးအကျဥ်းထောင်ထဲတွင် ရှိနေသည်
သူက ကျနော့်ထက် နှစ်တန်းကြီးသည် ဝါးခယ်မသား
နှစ်တန်းကြီးပေမင့် သူစာမေးပွဲကျ၍
ကျနော်တို့နှင့်အတန်းတူသွားသည်
သူတို့အတန်းနှင့်ကျနော်တို့အတန်းသည်
အတော်ရေစက်ရှိသည်ဟုပြောရမည်
သူတို့ကိုအကြောင်းပြု၍
သူတို့အတန်းနှင် ကျနော့်တိုအတန်းသည်
တကယ့်ကိုညီရင်းအကိုတွေလိုရင်းနှီးကုန်ကြသည်
သူတို့စာမေးပွဲကျတာကလည်း ညံ့လို့ကျတာမဟုတ်
ပေလို့တေလို့ကျကြခြင်းဖြစ်သည်
သူတို့အတန်းသည်ထူးဆန်းသည်
လူတော် လူချွန် လူပေ လူတေ အထွက်ဆုံးအတန်းဖြစ်မည်
သူ့ရဲ့ထူးခြားချက်က သူသည်အနုပညာကိုမြတ်နိုးသည်
ဆရာဇော်ဇော်အောင်သည်သူအကြိုက်ဆုံစာရေးဆရာ
ဂီတကိုသူရူးသွပ်သည် သူ့အကြိုက်ဆုံးက ကိုခင်မောင်တိုးတို့ရဲ့ median wave
အဆောင်မှာနေစဥ်က သူ့မှာထူးခြားချက်တခုရှိသည်
အဆောင်မှအိမ်သာများကို သူကိုယ်တိုင် ဆေးကြောသန့်စင်ခြင်းဘဲဖြစ်သည်
ငါတို့သွားထားတဲ့အညစ်အကြေးတွေ ငါတို့ကိုယ်တိုင်ဆေးရမှာပေါ့ဟူသည်မှာ
သူ့ကိုယ်ပိုင်လက်သုံးစကား
သူနဲ့ကျနော်ပါတ်သက်မူက လားရိူးဆေးရုံကိုတာဝန်ကျတော့အမိန့်စာအတူတူထွက်သည်
အမှန်က သူကလားရိူးမှာ အလုပ်သင်ဆရာဝန်ဘဝနှင့်အရင်နေဘူးပြီးသား
သူကရှမ်းမြောက်ကိုချစ်သည် လားရိူးကိုချစ်သည်
သူအလုပ်သင်ဆရာဝန်ဘဝ လားရိူးဆေးရုံမှာသွေးလွန်တုတ်ကွေးကလေးလူနာကို
တညလုံးမအိပ်ဘဲ စောင့်ကြည့်ကုသပေးခဲ့ဘူးသည်
ကလေးက ငြိမ်းချမ်းရေးယူထားသည့်လက်နတ်ကိုင်တပ်ဖွဲ့တခုမှ
တပ်ဖွဲ့ဝင်တယောက်ရဲ့ကလေး
ကလေးမိဘများကသူ့ကိုကျေးဇူးတင်ရကောင်းမှန်းမသိ
သူတို့ကလေးတခုခုဖြစ်လျင် ပစ်မည်ဟုလက်နတ်ပြကြိမ်းဘူးသည်
သူကတော့ကြောက်လို့မဟုတ် သူ့တာဝန်ဝတ္တရားကြေအောင်ထိုကလေးကို
တညလုံးမအိပ်ဘဲပြုစုစောင့်ရှောက်ခဲ့သည်
သူအိမ်ထောင်ကျတော့လည်း သူ့အိမ်ထောင်ဘက်က
ကျနော်တို့ဆေး၂ စီနီယာကြီးများရင်းနှိးပြီးသားဖြစ်သည့်ဥိးလေးကြီးလက်ဘက်ရည်ဆိုင်မှ ဥိးလေးကြီး၏သမီးနှင့်အိမ်ထောင်ကျသည်
လားရိူးမှာအတူတာဝန်ကျစဥ်က လိုင်းကားခမတတ်နိုင်၍ သူနှင့်ကျနော် ဆေးရုံကို
စက်ဘီးနှင့်အသွားအပြန်လုပ်ကြသည်
သူ့အမျိုးသမီးက စားသောက်ဆိုင်လုပ်ငန်းလုပ်လာသူမို့
အချက်အပြုတ်ကျွမ်းကျင်သည်
ရန်ကုန်အလွမ်းပြေမုန့်ဟင်းခါးမကြာခဏလုပ်ကျွေးသည်
နောက်ပိုင်း ထမင်းလပေးစားသည့်ပုံစံမျိုး ကျနော်တို့လစာတချို့တဝက်ပေး၍
သူ့အိမ်မှာဘဲနေ့တိုင်းသွားစားဖြစ်သည်
သူလည်းညနေသောက်ဘို့အဖော်ရတော့ပျော်သည်
ကျနော်တို့ညစဥ်သောက်ကြ ပေါက်ကွဲကြ
သူစိတ်လိုလက်ရရှိလျင်ခင်မောင်းတိုးရဲ့ ဝိုင်းရဲ့ဆည်းဆာသီချင်းကိုနားထောင်ရသည်
နောက်ပိုင်းအပြောင်းအရွှေ့များနှင့်လူခြင်းကွဲသွားကြသည်
ကျန်းမာရေးဥိးစီးဌာနကလည်း သူရှမ်းပြည်ရောက်နေတာကြာပြီဆိုပြီး
သူ့ဇာတိ ဧရာဝတီကိုပြန်ပို့ပေးသည်
ဒါပေသည့်သူ့ဇာတိမှာသူမပျော် ရှမ်းပြည်ကို​ ပြန်တောင်းပြောင်းသည်
ကျနော်အထူးကုဆရာဝန်ဘဝ ကျောက်မဲရောက်တော့
သူက ကျောက်မဲနဲ့မိုးကုတ်ကြားကမိုင်းလုံရွာလေးဆီ ရောက်နှင့်နေပြီ
နောက်သူ သီန္ဒီကိုပြောင်းရသည်
ထိုမှတခါပြည်မပြန်ပြောင်းရသည်
သူမပျော် ရှမ်းပြည်ကိုပြန်တောင်းသည်
နောက်ဆုံးသူလားရိူးမြို့နယ်ဆရာဝန်ကြီးအဖြစ်သူပြောင်းရသည်
သူလည်းအလွန်ပျော်နေသည်
အမှန်တော့လားရိူးဆိုသည်မှာ သူအလုပ်သင်ဆရာဝန်ဘဝက စခဲ့ရာနေရာဖြစ်သည်
ဒိတော့လားရိူးသည်သူ့ဇာတိ သူ့ရဲ့အိမ် သူပျော်သည်သူချစ်သည်
သူ့ရဲ့အားနည်းချက်ကတော့ သူသည်ပေါင်းသင်းဆက်ဆံရေးညံ့သူတယောက်ဖြစ်သည်
ထို့အတွက်ကြောင့်ဝန်ထမ်းဘဝမှာခဏခဏပြသနာတက်ရသည်
နောက်တခုက သူ့ရဲ့ကံကဆိုးသည်ဟုပြောရမည်
သူရောက်ခြင်သည့်နေရာရောက်၍ သူအဆင်ပြေခါစရှိသေး
ပြသနာတခုမဟုတ်တခုတက်တတ်သည်
ယခုလည်းလားရိူးမြို့ပြန်ရောက်၍သူပျော်နေသည်
အလုပ်တာဝန်တွေကိုပျော်ရွှင်စွာဆောင်ရွက်နေစဥ်မှာပင်
သူနေထိုင်ရာသူ့အိမ်မှာသူ့ကိုလာဖမ်းသွားကြသည်
ဖမ်းပြီးအတော်ကြာသည်အထိ ဘာပုဒ်မနဲ့ဘာကြောင့်ဖမ်းမှန်းမသိရ
ဒိကြားထဲမှာလွတ်ငြိမ်းအမိန့်တွေထဲသူ့နာမည်ပါသည်ဟုကြားသည်
ဒါပေမယ့် အထက်ကတစုံတရာကပယ်ဖျက်၍ လွတ်ငြိမ်းကနေကျန်ခဲ့ပြန်သည်
နောက်ပိုင်း ပုဒ်မ ၅၀၅က ဖြင့်ထောင်သုံးနှစ်ကျသည်ဟုကြားရသည်
ကျနော်တို့က သူ့ချုပ်ရက် ထောင်လျော့ရက်ဖြင့်တွက်ပြီး
သိပ်မကြာ ကံကောင်းလျင်လွတ်ငြိမ်းထဲပါပြီး
ပြန်လွတ်လာမည်ဟုထင်ထားကြသည်
သို့သော်သိပ်မကြာခင်က သူ့ကိုနောက်ထပ်ပုဒ်မ ၁၂၄ ထပ်တပ်၍
ထောင်သုံးနှစ်ထပ်ချလိုက်ပြန်သည်
ကာယကံရှင်များဘယ်လောက်ခံစားရမလည်းမသိ
ကျနော်တို့တောင် ခံပြင်း.ဒေါသထွက်ရသည်
ပြစ်မူအတူတူကို ပုဒ်မနှစ်ခါတပ်၍ ထောင်နှစ်ခါချ အရေးယူသည်ဟုထင်မိသည်
အခုတော့သူချစ်လှသည့်လားရိူးမြို့ကထောင်ထဲမှာသူရောက်နေသည်
ထောင်ထဲမှာ
ကျနော်တို့ငယ်စဥ်က အဆောင်မှာသူလုပ်သလို အညစ်အကြေးတွေဆေးကြောသန့်စင်နေမလား
သူဝါသနာပါသည့်စိုက်ပျိုးရေးတွေလုပ်နေမလား
ထောင်ပိတ်ချိန်မှာ
သူအင်မတန်နှစ်သက်သည့် ကိုနေဝင်း ကိုရဲလွင် ကိုခင်မောင်တိုးတို့ရဲ့သီချင်းတွေကို
သူဆိုနေမလား မသိနိုင်ပြီ
ချစ်ရတဲ့ ကိုအေးနိုင်
လားရိူးမြို့နယ်ဆရာဝန်ကြီးဒေါက်တာအေးနိုင်
အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေလို့သာ
ဆုတောင်းဆန္ဒပြုလိုက်ရပါတော့သည်

24/05/2022

💪🩺One of the Our UM2 Products ✊💪

Crd:
ဒေါက်တာမော်ဦးကိုသတိရလို့ရေးတဲ့စာ

ကိုမော်ဥိးဆိုတာ ကျနော်တို့ဆေး၂ကေျာင်းထွက်
သူက ကျနော့်ထက်အတန်းနှစ်တန်းငယ်သည်
အဆောင်မနေ day ကျောင်းသား
မင်ဂလာဒုံကျောင်းမှာတုန်းကသူ့အကြောင်းကိုသိပ်မသိခဲ့ရ
မြောက်ဥက္ကလာသို့ဆေး၂ပြောင်းလာပြီးနောက်ပိုင်းသူ့ကိုစသိခဲ့ရသည်
ဘာကြောင့်သိရလည်းဆို ထိုအချိန်ကပေးသောစာပေဗိမန်စာမူဆုကို
သူရခဲ့သည်
ကျနော်တို့ စာပေပိုးထပြီး မဂ္ဂဇင်းမှာစာမူပါဘို့ကြိုးစားနေချိန်
ကျောင်းသားတယောက်အနေနှင့် စာ​ေပဗိမန်စာပေဆုရသည်ဆိုတော့
သတိထားစိတ်ဝင်စားမိတာအမှန်
ဒါပေမယ့်သူသည်ကျနော်တို့လို အပေအတေ တယောက်မဟုတ်တော့ကျနော်နဲ့မနီးစပ်ခဲ့
ကျောင်းတွေပြီးအလုပ်ဝင်တော့
သူ့ယောက်ဖကျန်းမာရေးမှူးနဲ့အတူကျနော်ကတမြို့တည်းတာဝန်ကျသည်
ဒိတော့သူ့အကြောင်းကြားရပြန်သည်
သူရန်ကုန်မှာဆေးကျောင်းသားတွေကို
Anatomy ကျုရှင်ပြနေတာတအားအောင်မြင်နေသည်တဲ့
ပြောကြကြေးဆိုလျင် anatomy master ရထားသူများထက်ကိုသူ့ကျုရှင်က
ကျောင်းသားတွေအတက်များသည် ကျောင်းသားတွေသဘောကျကြသည်
ထိုအချိန်ကသူ့ဝင်ငွေမှာမသေးလှ
ကျနော်သာသူ့နေရာမှာဆို
Anatomy masterကိုတက်
ကျုရှင်ဆက်သင်
အတော်သက်တောင့်သက်သာနှင့် ဘဝကိုဖြတ်သန်းမိမည်မှာအမှန်
ကျနော် ortho master တက်နေချိန် နောက်တနှစ်မှာဘဲ
သူလည်း ortho masterဝင်ခွင့်အောင်သည်ဟုကြားရသည်
ကျနော်အတော်အံသြသွားသည်
အောင်မြင်နေ​ေသာဘဝတခုကိုထားခဲ့၍ နောက်ထပ်စိန်ခေါ်မူတခုကိုသူလုပ်ခဲ့ပြီ
ထို့နောက်ပိုင်း professional ခြင်းတူတော့
သူနဲ့ အစည်းအဝေးတွေ ဆွေးနွေးပွဲတွေမှာသူနဲ့မကြာခဏဆုံရသည်
ဆွေးနွေးပွဲတိုင်း အစည်းအဝေးပွဲတိုင်း တက်ကြွစွာပါဝင်ဆွေးနွေးသည်
သူဆွေးနွေးသည့်ပြောသည့်အကြောင်းအရာများမှာ
လူအထင်ကြီးရင်ပြီးရော
ဆရာတွေသတိထားမိလျင်ပြီးရော ထပြောခြင်းမဟုတ်
သူပြောသည့်အကြောင်းအရာကို
သေချာပိုင်နိုင်စွာသိ၍ပြောခြင်းမျိုးဖြစ်သည်
အရိုးဆရာဝန်ဖြစ်ပြီးနောက်ပိုင်း
သူ့အကြောင်းကြားရသည်
သူ့အကြောင်းသိရသည်
သူ့ကိုဆရာတွေကချစ်ကြသည်
သူ့ကိုအားကိုးကြသည်
ဘာကြောင့်လည်းဆို အလုပ်တခု တာဝန်တခုကိုဖြစ်ကတတ်ဆန်းမလုပ်
စေ့စပ်သေချာစွာလုပ်၍ဖြစ်သည်
ထိုသို့ဆရာတွေမျက်နှာသာပေးခြင်းခံရ၍
အခြားစီနီယာ ဂျုနီယာများအပေါ် မောက်မာခြင်း ထောင်လွှားခြင်းမရှိ
အားလုံးနှင့်သူအဆင်ပြေအောင်နေတတ်သည်
သိပ်မကြာပါ ortho docterateတက်သည်
Filnal exam first attempt မှာသူမအောင်ပါ
ထိုအချိန်က ကျနော်တို့ အရိုးဆရာဝန်များ ပြင်ဥိးလွင်ရောက်နေကြချိန်
ကျနော်တို့လူငယ်အရိုးဆရာများစု၍ ဘီယာဆိုင်သွားဘို့ပြင်နေချိန်
သူ့ကိုပရောဖက်ဆာကြီးက ခေါ်၍စိတ်ဓာတ်မကျဘို့ ဆက်ကြို့စားဘို့ပြောသည်
အမှန်တော့သူ့ကစာမေးပွဲကျတဲ့အကြောင်းတောင်ခေါင်းထဲရှိပုံမရ
သိပ်မကြာခင်
သူ docterate ဘွဲ့ရသည်
အင်ဂလန်မှ တော်ဝင်ခွဲစိတ်ကုဆရာဝန်စာမေးပွဲကိုလည်း နောက်ဆုံးလူတွေ့စစ်​အဆင့်အထိရောက်ခဲ့သည်
ဒိတခါတော့ကံဆိုးစွာသူမအောင်ခဲ့(မိတ်ဆွေတယောက်ပြောပြလို့
MRCSကိုနောက်တကြိမ်ဖြေတာမှာအောင်တယ်လို့သိခဲ့ရပါတယ် edited)
သူ့ကိုခါးရိုးခွဲစိတ်အထူးကုဖြစ်ဘို့ နိုင်ငံခြားသို့စေလွှတ် training ပေးခြင်းခံရပြန်သည်
သူသာ ဒိအလုပ်ကိုစိုက်လိုက်မတ်တပ်ဆက်လုပ်လျင် အခုဆိုလျင်အောင်မြင်သောခါးရိုးခွဲစိတ်မူ ဆရာဝန် spine surgeon ဖြစ်နေလောက်ပြီ
ဒိတခါလည်း သု့ဘဝကို U Turn ကွေ့ချလိုက်ပြန်သည်
မြန်မာပြည်အတွက်အရေးတကြီးလိုအပ်နေသောအရေးပေါ်ဆေးကုသမူပညာ
Emergency medicine ဘာသာရပ်ကိုဆက်သင်ပြန်လေသည်
ဒိ့နောက်မှာတော့သူ့ဆရာရဲ့ ဥိးဆောင်လမ်းညွှန်မူနှင့်
Medical emergency dept များကို ဆေး၁ ဆေး၂ ဆေး မန်း နေပြည်တော်ဆေးရုံများတွင်ဖွင့်လှစ်နိုင်ခဲ့သည်
EM physician များစွာမွေးထုတ်ပေးနိုင်ခဲ့ပြီး
ထိုဌာနမှလည်းအရေးပေါ်လူနာများစွာ၏အသက်ကိုကယ်တင်နိုင်ခဲ့လေသည်
EM ကိုသူ crazy ဖြစ်ပုံတခုပြောပြဥိးမည်
သူရောက်လေရာနိုင်ငံ ရောက်လေရာအရပ်မှာ
Ambulance အရုပ်မျိုးစုံသူဝယ်ယူစုစောင်းထားတတ်သည်(ကား ဟယ်လီကော်ပတာ မော်တော်ဘုတ် etc)
EM prof ဘဝမှာမြန်မာပြည်ရောကမ္ဘာမှာပါကပ်ဆိုးကိုဗစ်ကိုစတင်ကြုံတွေ့ရတော့သည်
ထိုကိုဗစ်ကာလများတွင်လည်း သူ့ရဲ့ဥိးဆောင်နိုင်မူ စွမ်းဆောင်နိုင်မူ များကို
မြင်တွေ့ကြားသိရပြန်သည်
ထိုကာလက ကျနော်တခါမှမသိသေးသည့်သူ့အရည်အချင်းတခုကိုထပ်သိရပြန်သည်
သူသည် သူကြုံတွေ့လုပ်ကိုင်နေသော
EM physician များ၏ လုပ်ငန်းခွင်ပုံကို ပန်းချီဆွဲထားခြင်းပင်
ပန်းချီလက်ရာများမှာအပျော်တန်းအဆင့်ထက်ကျော်လွန်နေသည်
သူ့အရည်အချင်းတွေကတော့ တခုပြီးတခု အံ့သြဘွယ်ရာတွေပင်
သင်လွယ်တတ်လွယ်ပါရမီပါသူတဥိးဟုဆိုရမည်
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူ့ကိုသူတာဝန်ထမ်းဆောင်နေရာဆေးရုံမှာဘဲအဖမ်းခံလိုက်ရသည်
သူ့ကိုဘာပုဒ်မနှင့်ဘာ့ကြောင့်ဖမ်းမှန်းကျနော်မသိ
သူထောင်ထဲကနေရုံးထုတ်လာစဥ်တရက် သရုပ်ဆောင်ရဲတိုက်မူးလဲ၍
သူအရေးပေါ်ကုပေးရကြောင်းသတင်းတပုဒ်ဖတ်ရပြန်တော့
ဘယ်နေရာဘယ်လိုအခြေအနေမှာရှိရှိ
သူ့ပညာကိုသူသုံးဘို့အဆင်သင့်ရှိနေသူဆိုတာအသိအမှတ်ပြုလေးစားရသည်
ကိုဗစ်တတိယလိူင်းဒါဏ်ကိုသူအထဲမှာအပြင်းအထန်ခံစားရပြန်သည်
အပြင်ကလူများကသူ့ကိုရင်တမမနဲ့ဆုတောင်းနေရသည်
လူနာများစွာရဲ့အသက်ကိုကယ်တင်ခဲ့သူ
က်ုဗစ် ရောဂါတိုက်ဖျက်ကုသရေးကို တက်ကြွစွာဥိးဆောင်ခဲ့သူတဥိးက
ဆေးဝါးမပြည်စုံသည့်အထဲမှာပြင်းထန်ကိုဗစ်ကိုခံစားနေရသည်ဆိုတော့
ကျနော်တို့မှာသူ့အတွက်ရင်တမမ
ထိုရောဂါဆိုးကိုလည်း
သူအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြန်သည်
သူ့ကိုဘာကြောင့်သတိရနေသလည်းဆိုသိပ်မကြာခင်က
သူငယ်ချင်းတယောက်ရေးသောပိုတ့်စ်မှာ
သူပိုးဟတ်လေးတွေနဲ့စကားပြောတတ်နေပြီတဲ့
ထိုအကြောင်းလေးက
သူ့နေ့စဥ်ရှင်သန်ဖြတ်သန်းနေမူကို ဖော်ပြနေပေသည်
အရေးပေါ်လူနာများအတွက်အမြဲတက်ကြွလူပ်ရှားနေရသူတဥိးက
အခုတော့ အခန်းကျဥ်းထဲမှာ
ပိုးဟတ်လေးတွေနဲ့စကားပြောနေရသည်တဲ့
ညီငယ်မော်ဥိး
သူငယ်ချင်းမော်ဥိး
ကိုမော်ဥိး
ဆရာမော်ဥိး
ပရော်ဖက်ဆာမော်ဥိးအမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး
အရေးပေါ်လူနာများကိုကယ်တင်နိုင်ပါစေလို့
ဆန္ဒပြုဆုတောင်းလိုက်ရပါတယ်
Crd

✊ One of the Our UM2 Students 💪
21/05/2022

✊ One of the Our UM2 Students 💪

19/03/2022

ကါကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာန၊        ဆေးတက္ကသိုလ်၂ ရန်ကုန် 2021 တွင် ပိုမိုကေါင်းမွန်သော အနာဂတ်အတွက် မိမိတို့ယုံကြည်ရ...
15/12/2021

ကါကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာန၊
ဆေးတက္ကသိုလ်၂ ရန်ကုန်
2021 တွင် ပိုမိုကေါင်းမွန်သော အနာဂတ်အတွက် မိမိတို့ယုံကြည်ရာလမ်းကိုလျောက်နေကြသောဆရာဆရာမများ
၁၊ ပါမောက္ခ-ဌာနမှုးDr စိုးမိုးနိုင်
၂၊တွဲဘက်ပါမောက္ခDr ဝင်းသူရ
၃၊ကထိက Drဝင်းသူဇာအေး
၄၊ကထိက Drကြူကြူသင်း
၅၊ကထိကDrဆွေဆွေသွင်
၆၊လ/ထကထိကDrထက်ထက်စိုး
၇၊ လ/ထကထိကDr အိဖြူသွယ်
၈၊လ/ထကထိက Dr ဝေဖြိုးဟန်
၉၊ လ/ထကထိက Dr ငြိမ်းချမ်းအောင်
၁၀၊လ/ထကထိက Dr သဲစုဝင်း
၁၁၊ PG Dr မေသူမော်
၁၂၊ PG Dr ခိုင်သဇင်အောင်
၁၃၊ PG Dr ငုဝါငြိမ်း
၁၄၊ PG Dr မြတ်ရတနာဦး
၁၅၊ PG Dr တင်တင်အောင်

🎈🎂Happy Birthday 🎁🎈Professor & Head 🎂🎈
07/09/2020

🎈🎂Happy Birthday 🎁🎈Professor & Head 🎂🎈

PSM Teaching Staff 2020
10/07/2020

PSM Teaching Staff 2020

🌿🌿🌿 ကေါင်းရာသုဂတိလားပါစေ🌿🌿🌿
09/07/2020

🌿🌿🌿 ကေါင်းရာသုဂတိလားပါစေ🌿🌿🌿

🌿🌿🌿ကေါင်းရာသုဂတိလားပါစေ🌿🌿🌿
09/07/2020

🌿🌿🌿ကေါင်းရာသုဂတိလားပါစေ🌿🌿🌿

Address

Yangon
11031

Alerts

Be the first to know and let us send you an email when Preventive & Social Medicine Department, University of Medicine 2 Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share