Dagon University Esports Association

Dagon University Esports Association 𝘈𝘶𝘵𝘩𝘰𝘳𝘪𝘻𝘦𝘥 𝘣𝘺
𝗗𝗮𝗴𝗼𝗻 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗮𝗻𝗱 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗘𝗹𝗲𝗰𝘁𝗿𝗼𝗻𝗶𝗰 𝗦𝗽𝗼𝗿𝘁𝘀 𝗙𝗲𝗱𝗲𝗿𝗮𝘁𝗶𝗼𝗻.

𝙊𝙣𝙚 𝙙𝙧𝙚𝙖𝙢, 𝙊𝙣𝙚 𝙩𝙚𝙖𝙢, 𝙊𝙣𝙚 𝘿𝙞𝙧𝙚𝙘𝙩𝙞𝙤𝙣🚀✨

“ဒဂုံတက္ကသိုလ်တွင်ကျင်းပမည့် PUBG Qualifier ပြိုင်ပွဲအား ရက်အကန့်အသတ်မရှိယာယီ‌ ရွှေ့ဆိုင်းကြောင်းကြေညာခြင်း”ဒဂုံတက္ကသိုလ...
24/02/2026

“ဒဂုံတက္ကသိုလ်တွင်ကျင်းပမည့် PUBG Qualifier ပြိုင်ပွဲအား ရက်အကန့်အသတ်မရှိယာယီ‌ ရွှေ့ဆိုင်းကြောင်းကြေညာခြင်း”

ဒဂုံတက္ကသိုလ်တွင် 27.2.2026 တွင်ကျင်းပပြုလုပ်မည်ဖြစ်သော PUBG Qualifier ပွဲစဉ်များအား ကျောင်းသားများရဲ့ မတ်လတွင် ဖြေဆိုရမည့် စာမေးပွဲများနှင့် စာကြည့်ချိန်များအပေါ် ငဲ့ကွက်၍ ဒဂုံတက္ကသိုလ်အပါအဝင် မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ် (၃၁) ကျောင်းများတွင် ပြိုင်ပွဲများကျင်းပရန် စီစဉ်ထားခြင်းကို မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်၊ တက္ကသိုလ်အီလက်ထရောနစ်အားကစားကွန်ယက်၏ ခေတ္တရွှေ့ဆိုင်းရန် ညွှန်ကြားမှုကြောင့် ပြိုင်ပွဲအား ရက်အကန့်အသတ်မရှိ ယာယီရွှေ့ဆိုင်းကြောင်း ကြေညာအပ်ပါသည်။

ဒဂုံတက္ကသိုလ်တွင် ယနေ့အထိ စာရင်းပေးသွင်းထားသည့် PUBG အသင်း (၁၆) သင်းသည်လည်း စာမေးပွဲများအား ကောင်းစွာဖြေဆိုအောင်မြင်ပြီး၍ ပိုမို့လေ့ကျင့်ကာ ဒဂုံတက္ကသိုလ်လက်ရွေးစင်ဖြစ်သည်အထိ ပြိုင်ပွဲပြန်မလာခင် ကျောင်းပိတ်ရက်များတွင် ဆက်လက်ကြိုးစားလေ့ကျင့် နိုင်ကြပါရန် ဆန္ဒပြုအပ်ပါသည်။

ညှိုးငယ်သောစိတ်ထားဖြင့်

ဒဂုံတက္ကသိုလ် အီလက်ထရောနစ်အားကစားအဖွဲ့

V Road To MSL Swiss Stage to Knockout Stage !V Road to MSL Myanmar Season 3 တွင် အောင်မြင်မှုမှတ်တိုင်တစ်ခုအနေနဲ့ Knocko...
23/02/2026

V Road To MSL Swiss Stage to Knockout Stage !

V Road to MSL Myanmar Season 3 တွင် အောင်မြင်မှုမှတ်တိုင်တစ်ခုအနေနဲ့ Knockout StageကိုDGU တက်လှမ်းသွားနိုင်ခဲ့ပါပြီ။တက္ကသိုလ် Esports အသင်းတွေရဲ့ အရှိန်အဟုန်ဟာ Pro level tournament တွေရဲ့စင်မြင့်ထက်မှာ အကောင်းဆုံး စွမ်းဆောင်နိုင်နေကြောင်းကို သက်သေပြနေဆဲပါပဲ။

ရှေ့ဆက်ရမည့် Knockout Stage ပြိုင်ပွဲများမှာ အောင်မြင်မှုအဆင့်ဆင့်ကို ဆက်လက်ဆွတ်ခူးပြီး ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း အကောင်းဆုံးရလဒ်များ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။💚

တက္ကသိုလ်ကိုယ်စားပြု ယှဉ်ပြိုင်နေတဲ DGU အသင်းကိုလည်း ဆက်လက်အားပေးရင်း ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦး။

“One Team,One Dream ,One Direction”

🚀၃ရက်သာ ကျန်ပါတော့တယ်! ကိုယ့်ရဲ့ skillတွေကိုချပြပြီး Champion အထိအရရယူဖို့ တွေဝေမနေပဲ အမြန်လကိတွေ့အသုံးချဖို့အချိန်ကျနေပ...
22/02/2026

🚀၃ရက်သာ ကျန်ပါတော့တယ်! ကိုယ့်ရဲ့ skillတွေကိုချပြပြီး Champion အထိအရရယူဖို့ တွေဝေမနေပဲ အမြန်လကိတွေ့အသုံးချဖို့အချိန်ကျနေပြီ 🔥

📍Registration Link here

https://docs.google.com/forms/d/e/1FAIpQLSfTQFTgLxQQYSNxarEQXT7ar8KX0VWcow8DD4M5lmu5Ux7OGw/viewform?usp=header

🔔Tournament နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို မလွတ်သွားအောင် DUEA Social media channel တွေကို noti on ခဲ့နော်

🔹Facebook- https://www.facebook.com/profile.php?id=61573536952983&mibextid=ZbWKwL

🔹TikTok- https://www.tiktok.com/.official_2025?_r=1&_t=ZS-92oyBLq3OE9

🔹Telegram- https://t.me/+PL7yosCqR4phNDQ1

“The Next Generations”

💣Bring the First PUBG Mobile Tournament  ပထမဆုံးအနေနဲ့ ဒဂုံတက္ကသိုလ်မှာစတင်မြင်တွေ့ရတော့မဲ့ Player Unknown's Battle Grou...
22/02/2026

💣Bring the First PUBG Mobile Tournament

ပထမဆုံးအနေနဲ့ ဒဂုံတက္ကသိုလ်မှာစတင်မြင်တွေ့ရတော့မဲ့ Player Unknown's Battle Grounds Mobile (PUBGM) ပြိုင်ပွဲကို မကြာခင် ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

ပထမဆုံးသော ပြိုင်ပွဲဖြစ်တာနဲ့အညီ တက္ကသိုလ်တွင်း ကျောင်းသားတွေက ဘယ်လိုလက်စွမ်းကောင်းတွေ ပြသသွားမလဲဆိုတာ သိရဖို့ ပြိုင်ပွဲလေးကို ကိုယ်တိုင်ကိုယ်ကျ လာရောက် အားပေးလိုက်တော့နော်။

PUBG Tournament ကိုတော့ Offline ကျင်းပသွားမှာဖြစ်လို့ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအားလုံး လာရောက်အားပေးနိုင်ပါပြီ။

📍PUBG Offline Tournament

🗓Offline Date : 27.2.2026 (Friday)

📍Location : Dagon University Indoor Stadium (အားကစားခန်းမ)🏟

🚀Registration period 4 Days Left!!!📍Registration Link herehttps://docs.google.com/forms/d/e/1FAIpQLSfTQFTgLxQQYSNxarEQXT...
21/02/2026

🚀Registration period 4 Days Left!!!

📍Registration Link here

https://docs.google.com/forms/d/e/1FAIpQLSfTQFTgLxQQYSNxarEQXT7ar8KX0VWcow8DD4M5lmu5Ux7OGw/viewform?usp=header

🔔Tournament နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို မလွတ်သွားအောင် DUEA Social media channel တွေကို noti on ခဲ့နော်

🔹Facebook- https://www.facebook.com/profile.php?id=61573536952983&mibextid=ZbWKwL

🔹TikTok- https://www.tiktok.com/.official_2025?_r=1&_t=ZS-92oyBLq3OE9

🔹Telegram- https://t.me/+PL7yosCqR4phNDQ1

“The Next Generations”

“365 Days of Passion, Friendship, and Esports Dreams”ယနေ့ကျရောက်တဲ့ ၂၁.၂.၂၀၂၆ ကတော့ ဒဂုံတက္ကသိုလ်ရဲ့ Esports Community မ...
21/02/2026

“365 Days of Passion, Friendship, and Esports Dreams”

ယနေ့ကျရောက်တဲ့ ၂၁.၂.၂၀၂၆ ကတော့ ဒဂုံတက္ကသိုလ်ရဲ့ Esports Community မှာရှိတဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် ကိုယ်စားပြုအဖြစ်သော်လည်းကောင်း၊ တိုးတက်ရာကိုကြိုးစားလုပ်ဆောင်ခဲ့တဲ့ Dagon University Esports Association ရဲ့ တစ်နှစ်ပြည့်နှစ်ပတ်လည်ရောက်ရှိလာတဲ့ ကောင်းမွန်တဲ့ နေ့ကောင်းနေ့မြတ်လေးဖြစ်ပါတယ်။

DUEA အနေနှင့် ဒဂုံတက္ကသိုလ်ရဲ့ အီလက်ထရောနစ်အားကစားနယ်ပယ်အတွက် တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှု၊ အောင်မြင်ခဲ့မှုတွေကို recap အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁။ DUEA ဆိုပြီးမဖြစ်တည်ခင် ပထမဆုံးအကြိုအောင်မြင်မှုအနေနဲ့ Dagon Champion League (Season-1) ကို အောင်မြင်အောင်စတင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၂။ မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်နှင့် တက္ကသိုလ် အားကစားကွန်ယက်တို့ရဲ့ အကူအညီတွေနှင့် အသင်းအဖွဲ့ တစ်ခုမှာထားရှိရမည့် စည်းမျဉ်း၊စည်းကမ်း၊ ဖွဲ့စည်းပုံ စနစ်တကျနှင့် ဒဂုံတက္ကသိုလ်အီလက်ထရောနစ်အားကစားအဖွဲ့ (DUEA) ကို အောင်မြင်စွာနဲ့ ၂၁.၂.၂၀၂၆ မှာ စတင်တည်ထောင်နိုင်ခဲ့ပါတယ်။

၃။ အဓိက ပန်းတိုင်တွေဖြစ်တဲ့ တက္ကသိုလ်လက်ရွေးစင် Esports Player များပေါ်ထွန်းလာစေရန် ကလပ်တည်ထောင်ခြင်း ကို ထပ်မံလုပ်ဆောင်ခဲ့ပြီး ထိုမှတဆင့် ကလပ်အသင်းဝင်များကို လေ့ကျင့်သင်ကြားခြင်း အစီအစဉ်များ၊ အကြံပေးလမ်းညွှန်ခြင်းများကို ပြုလုပ်နိုင်ခဲ့ပါတယ်။

၄။ဇွန်လ (၉) ရက်နေ့တွင် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ထံမှ မြန်မာနိုင်ငံရှိ တက္ကသိုလ် အားကစားအဖွဲ့များထဲမှ ပထမဆုံးအသိအမှတ်ပြုလက်မှတ်ကိုရရှိခဲ့ပါတယ်။

၅။ ဇွန်လ (၁၆) ရက်နေ့တွင် ဒဂုံတက္ကသိုလ်အတွင်းမှ ကျောင်းသား၊ကျောင်းသူများနှင့် Esports ကိုပိုမိုရင်းနှီးလာနိုင်စေရန်အတွက် ရည်ရွယ်၍ Dagon University Information Centre နှင့်လဲ MOU ရေးထိုးထားနိုင်ခဲ့ပါတယ်။

၆။ အဖွဲ့အစည်းတည်ထောင်ပြီး ပထမဆုံးကျင်းပခဲ့တဲ့ ပြိုင်ပွဲကတော့ Rise Of Varsity League (DU Qualifier) ဖြစ်ပြီး 2025 Varsity Esports Championship အတွက် အကောင်းဆုံးလက်ရွေးစင် အသင်းကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

၇။ သြဂုတ်လ (၄) ရက်နေ့တွင် Esports Gym ကိုဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။

၈။ Varsity Esports Championship 2025 တွင် Best UEA Award ကိုလည်း ထိုက်တန်စွာရရှိခဲ့ပါသည်။

၉။ ကျောင်းတွင်း ပြိုင်ပွဲတစ်ခုအနေနှင့် Dagon Champion League (Season-2) ကို Mobile Legends and eFootball ပွဲစဉ်များအထိ အောင်မြင်စွာကျင်းပပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲတွင်လည်း ကစားသမားများ မွေးထုတ်ပေးရုံသာမက Talents and Cheerleaders များကို သေချာစွာစုစည်းပြီး community တစ်ခုကိုစတင်အသက်သွင်းခဲ့ပါတယ်။

၁၀။ တက္ကသိုလ် Esports ကဏ္ဍရဲ့ ပထမဆုံး PUBG Mobile Qualifier : Campus Clash ( PMCC ) ကိုလည်း ကျင်းပနိုင်စေရန် ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

DUEA ဖွဲ့စည်းတည်ထောင်ပြီးနောက် DU Esports Players Community ရဲ့အောင်မြင်မှုများအနေဖြင့်

၁။ MSL Season-1 ကို Direct Invite အနေနှင့် စတင်ဆော့ကစားခွင့်ရရှိခဲ့ခြင်း ။

၂။ Infinix Campus Tournament တွင် Fan Voting အများဆုံး Award ရရှိခဲ့ခြင်း။

၃။ ပြည်တွင်း Campus Legends 2025 တွင်အနိုင်ရရှိခဲ့ပြီး အာဆီယံတက္ကသိုလ်များနှင့် စင်္ကာပူနိုင်ငံတွင်သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်း။

၄။ Varsity Esports Championship 2025 တွင် 1st Runner Up ရရှိခဲ့ပါတယ်။

ကစားသမားများအတွက်သာမက ယခုသော အဖွဲ့အစည်းအနေနှင့် တစ်နှစ်ကြာသည်အထိ တည်ငြိမ်တိုးတက်စွာ တရွေ့ရွေ့ လျှောက်လှမ်းနိုင်လာသည်မှာ တက္ကသိုလ်မှ တာဝန်ရှိလူကြီးမင်းများ၊ ဆရာဆရာမများရဲ့ ပံ့ပိုးအားပေးမှု ၊ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်(တက္ကသိုလ်အားကစားကွန်ယက်) တို့ရဲ့ ပံ့ပိုးပေးမှု ၊ကျောင်းသား/ကျောင်းသူများရဲ့ ဝန်းရံမှု ၊ ကစားသမားများရဲ့ အားထုတ်ကြိုးစားမှုနှင့် ဘုတ်အဖွဲ့ဝင်များရဲ့ အတူတကွ ကြိုးစားအားထုတ်မှုများကြောင့် ၁ နှစ်တာအတွင်း ကောင်းမွန်သော ရလဒ်များစွာဖြင့် ၂ နှစ်မြောက်သို့ ထပ်မံလျှောက်လှမ်းရန် ခွန်အားများရရှိခဲ့ပါတယ်

DUEA တစ်နှစ်ပြည့်မြောက်သည့်ရက်မှ စတင်ကာ နောင်နှစ်ပေါင်းများစွာအထိ အောင်မြင်မှုများစွာရရှိပါစေမည်ဟု ကတိပြုလျှက်.......

20/02/2026

Hey ! Don’t Forget to Register 🫵🏻

🏆PUBG Tournament Prize Pool Announcement DUEA မှ ကျင်းပပြုလုပ်သွားမယ့် PUBG 2026 Dagon University QualifierTournament  က...
20/02/2026

🏆PUBG Tournament Prize Pool Announcement

DUEA မှ ကျင်းပပြုလုပ်သွားမယ့် PUBG 2026 Dagon University Qualifier
Tournament ကြီးမှာ Prize Pool စုစုပေါင်း 300,000 MMK နဲ့ တကယ့်အကြီးစား Battle တစ်ခုပဲ! 🪖🔥

🔹Champion - 150,000

🔹1st Runner Up - 100,000

🔹2nd Runner Up - 50,000

PUBG Tournament မှာပါဝင်ယှဉ်ပြိုင်သူတိုင်းကိုလည်း UC * 60 မေတ္တာလက်ဆောင်အနေနဲ့ ရရှိဦးမှာပါ။

Skill, Strategy နဲ့ Teamwork အပြည့်ထုတ်ပြပြီး Winner Throne ကို သိမ်းပိုက်ဖို့ အချိန်ရောက်လာပြီ။

DUEA Arena မှာ အပြင်းထန်ဆုံး Fight ကို လာပြပါ!PUBG Champion Team ကဘယ်သူများဖြစ်သွားမှာလဲ?

📍Registration Link here

https://docs.google.com/forms/d/e/1FAIpQLSfTQFTgLxQQYSNxarEQXT7ar8KX0VWcow8DD4M5lmu5Ux7OGw/viewform?usp=header

🔔Tournament နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို မလွတ်သွားအောင် DUEA Social media channel တွေကို noti on ခဲ့နော်

🔹Facebook- https://www.facebook.com/profile.php?id=61573536952983&mibextid=ZbWKwL

🔹TikTok- https://www.tiktok.com/.official_2025?_r=1&_t=ZS-92oyBLq3OE9

🔹Telegram- https://t.me/+PL7yosCqR4phNDQ1

“The Next Generations”

Here We Battle Again ⚔Road to MSL Season 3 MM Qualifier Swiss Stage Day 2 မှာတော့ VEC Final Stage မှာတွေ့ဆုံးဖူးပြီးသားအ...
20/02/2026

Here We Battle Again ⚔

Road to MSL Season 3 MM Qualifier Swiss Stage Day 2 မှာတော့ VEC Final Stage မှာတွေ့ဆုံးဖူးပြီးသားအသင်းနှစ်သင်းဖြစ်တဲ့ KBTC နဲ့ DU တို့ရဲ့ အကြိတ်အနယ် Match ကြီး စတင်တော့မှာပါ 🔥

နှစ်ဖက်အသင်းလုံး အနိုင်ယူဖို့ အပြင်းအထန် ယှဉ်ပြိုင်ကြမယ့် ဒီပွဲဟာ Skill, Strategy နဲ့ Teamwork အစွမ်းအပြည့်ကို မြင်တွေ့ရမယ့် Highlight Match တစ်ပွဲဆိုလည်းမမှားပါဘူး။

ညနေ 5:00 PM မှာ စတင်မယ့် ဒီထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်အသင်းက Swiss Stage ကို လွှမ်းမိုးမလဲ?

Esport Fans များအားလုံး လက်မလွှတ်ဘဲ ကြည့်ရှုအားပေးကြပါစို့!

🔔Tournament နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို မလွတ်သွားအောင် DUEA Social media channel တွေကို noti on ခဲ့နော်

🔹Facebook- https://www.facebook.com/profile.php?id=61573536952983&mibextid=ZbWKwL

🔹TikTok- https://www.tiktok.com/.official_2025?_r=1&_t=ZS-92oyBLq3OE9

🔹Telegram- https://t.me/+PL7yosCqR4phNDQ1

“The Next Generations”

19/02/2026

မြန်မာ့တက္ကသိုလ် Esports ရဲ့ ပထမဦးဆုံး ကျင်းပပြုလုပ်သွားမယ့် PUBG MM Qualifier ပွဲစဉ်ကြီးဟာ ဒဂုံတက္ကသိုလ်တွင် စတင်ရန် ၆ရက်သာလိုပါတော့သည်။

Address

Dagon University
Yangon

Website

Alerts

Be the first to know and let us send you an email when Dagon University Esports Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share