20/04/2026
၁၃၈၈-ခုနှစ်၊ ကဆုန်လဆန်း (၅)ရက်၊ ၂၀၂၆-ခုနှစ်၊ ဧပြီလ၊ (၂၀)ရက်၊ တနင်္လာနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာအနီး၊ မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်၌ သီတင်းသုံး၍ စာသင်/စာချ သာသနာပြုတော်မူကြကုန်သောသံဃာတော်(၉၉)ပါးတို့ကို အလှူရှင် ကိုကျော်မြင့်ထွဏ်း + မမွန်မွန်ထိုက် မိသားစု၊ ကိုကျော်မြင့်ထွဏ်း ၏ မွေးနေ့ (နှစ်စဉ်အလှူ) အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် ညနေဖျော်ရည်(တနေ့တာဆွမ်းအလှူ)ကို လှူဒါန်းခဲ့ကြပါသည်။
(ဆွမ်းလောင်းခြင်းကိစ္စအား အလှူ့ရှင်များကိုယ်စား တက္ကသိုလ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။)
ကြားသိရသူအပေါင်း သာဓုအနုမောဒနာ
ခေါ်ဆိုနိုင်ပါစေသောဝ်။🙏🙏🙏
မဟာဝိဟာရ ဓမ္မဝိနယတက္ကသိုလ်သည် မြတ်ဗုဒ္ဓ၏ ဓမ္မဝိနယနှင့်အညီ ကျင့်ကြံနေထိုင်တော်မူကြလျက် ပိဋကတ်တော်ကို ကျောရိုးမဏ္ဍိုင်ပြုကာ ခေတ်မီသာသနာပြုနည်းပညာများကို စနစ်တကျသင်ယူပို့ချရာ တက္ကသိုလ်ဖြစ်ပါသည်။
"သီလပရိဓောတာ ပညာ၊ ပညာပရိဓောတံ သီလံ” ဒေသနာတော်မြတ်ကို ဦးထိပ်ပန်ဆင်၍ “နေနည်းရှေးကျ၊ သင်နည်းခေတ်မီ"ဟူသော ရှေးမထေရ်မြတ်ကြီးတို့၏ အဆုံးအမကို ဦးထိပ်ရွက်ပန်ဆင်ကာ ပညာရှိသူတော်ကောင်းတို့၏ စိတ်တော်ကို ကျေနပ်စေနိုင်သော အနာဂါတ်သာသနာတော်အတွက် တကယ်အားကိုးလောက်သော တကယ့်ဓမ္မဝိနယတက္ကသိုလ်ကြီး တစ်ခုဖြစ်လာစေရန် ရည်သန်မျှော်လင့် ဖွင့်လှစ်ခဲ့ပါသည်။
ဤတက္ကသိုလ်ဖွင့်လှစ်နိုင်ခြင်းကြောင့် ပညာလိုလားသော သံဃာတော်များအတွက် ငွေကြေးတစ်စုံတစ်ရာ မကုန်ကျဘဲ ဝိနည်းတော်မပျက် ပစ္စည်းလေးပါး အပြည့်အစုံဖြင့် ပညာသင်ကြားခွင့် ရရှိနိုင်ကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓသာသနာတော်ကြီး ရေရှည်တည်တံ့နိုင်ရေးအတွက် ပြည်တွင်းပြည်ပတွင် သာသနာပြုနိုင်မည့် အရည်အချင်းပြည့်မီသော ရဟန်းသံဃာတော်များ ထွက်ပေါ်လာတော့မည့် တက္ကသိုလ်တစ်ခု ဖြစ်ပါသည်။
ဤတက္ကသိုလ်ကြီး ရေရှည်တည်တံ့အောင်မြင်ရန်အတွက် ဆရာ၊ ဒကာ ညီညွတ်စွာ ပူးပေါင်းကြိုးပမ်းကြရပေမည်။ စေတနာရှင်၊ ကုသိုလ်ရှင်များအနေဖြင့် အခွင့်အခါကောင်းကို လက်လွတ်မခံဘဲ အလှူဒါနများကို ပါဝင်လှူဒါန်း ကုသိုလ်ယူနိုင်ကြပါသည်။
ဆွမ်းနှင့် ပစ္စည်းလေးပါး လှူဒါန်းလိုပါက
📞 09667654455
📞09957780709
📞09425327469
များသို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။
#မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်