မန္တလာတက္ကသိုလ် ကြားကာလယာယီကောင်စီ

  • Home
  • Myanmar
  • Mandalay
  • မန္တလာတက္ကသိုလ် ကြားကာလယာယီကောင်စီ

မန္တလာတက္ကသိုလ် ကြားကာလယာယီကောင်စီ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မန္တလာတက္ကသိုလ် ကြားကာလယာယီကောင်စီ, College & University, Yangon-Mandalay Road, Natyaykan Village, Amarapura Township, Mandalay.

https://m.facebook.com/story.php?story_fbid=660164852956092&id=100068877497564&mibextid=Nif5oz
30/11/2023

https://m.facebook.com/story.php?story_fbid=660164852956092&id=100068877497564&mibextid=Nif5oz

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၇၂ /၂၀၂၃)
၁၃၈၅ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်
(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်)

“တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်မည့်ကာလ ရက်တိုးမြှင့်ကြောင်း အသိပေးကြေညာချက်”

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ပထမအကြိမ်တက္ကသိုလ်ဝင်ခွင့် ခေါ်ယူခြင်းကာလသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက် မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့အထိ ဖြစ်သော်လည်း တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသူများ များပြားနေသည့်အတွက် ကြားကာလတက္ကသိုလ်များ ဝင်ခွင့်လျှောက်ထားခြင်းကာလကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၉:၀၀) နာရီ အထိ တိုးမြှင့်လက်ခံပေးမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။


တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

27/04/2023
27/12/2021

Statement Attributable to the United Nations Special Envoy of the Secretary-General on Myanmar Ms. Noeleen Heyzer.

27/12/2021

Statement Correction Updated at 10:34 AM, 26 Dec, 2021.

ဒီဇင်ဘာလ ၂၅ ရက်နေ့ ၊ ၂၀၂၁ ခုနစ်- မြန်မာနိုင်ငံအရှေ့ခြမ်း၊ ကယားပြည်နယ်တွင် မြန်မာစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အမျိုးသမီးများ၊ ကလေးများအပါအဝင် အရပ်သားပြည်သူ ၃၈ ဦးထက်မနည်း မီးရှို့သတ်ဖြတ်ခံရမှုကို Save the Children အနေဖြင့် ပြစ်တင်ရှုတ်ချလိုက်သည်။

ကျွန်ုပ်တို့၏ ဝန်ထမ်းနှစ်ဦးသည် အနီးအနားရှိ ရပ်ရွာများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်အပြီး တာဝန်ထမ်းဆောင်ရာရုံးသို့ပြန်နေစဉ် ယင်းတိုက်ခိုက်မှု အဖြစ်အပျက်နှင့် ရင်ဆိုင်ကြုံတွေ့ရပြီး ပျောက်ဆုံးလျက်ရှိသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းစီးနင်းသော မော်တော်ယာဉ်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အတည်ပြုချက်ရရှိခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း စစ်တပ်သည် ပြည်သူများအား အဓမ္မ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သတင်းများ ဖော်ပြချက်အရ ကြားသိခဲ့ရသည်။ ကျွန်ုပ်တို့ ဝန်ထမ်းများ၏ အသက်အန္တရာယ်သည် လွန်စွာမှ စိုးရိမ်နေရပြီး ကျွန်ုပ်တို့သည် အဆိုပါဝန်ထမ်းများ၏ မိသားစုဝင်များနှင့်လည်း အဆက်အသွယ်ထားရှိနေပါသည်။

Save the Children ၏ အမှုဆောင်ချုပ် (Chief Executive) ဖြစ်သည့် Inger Ashing က ပြောကြားခဲ့သည်မှာ -
“နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်သည့် ဤအကြမ်းဖက်လုပ်ရပ်ကို ကျွန်မတို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ထပ်လောင်းအသိပေးလိုပါတယ်။ အပြစ်မဲ့ ပြည်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်လျက်ရှိသည့် သန်းပေါင်းများစွာသော ကလေးသူငယ်များအား ကူညီပံ့ပိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ကျွန်မတို့ ဝန်ထမ်းများအား ဤသို့အကြမ်းဖက်ကျူးလွန်မှုအပေါ် လွန်စွာမှ ထိတ်လန့်အံ့ဩတုန်လှုပ်မိပါတယ်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးလျက် ရှိနေပြီး အကူအညီပေးရေးဝန်ထမ်းများအား တိုက်ခိုက်ခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မဟုတ်ပါ။”

Save the Children သည် မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနစ်မှ စတင်ကာ ကျန်းမာရေး၊ အာဟာရ ၊ ပညာရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံချက်လုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော်နှင့် ဝန်ထမ်းပေါင်း ၉၀၀ ကျော်တို့ဖြင့် နိုင်ငံနှင့်အဝှမ်းတွင် လုပ်ကိုင်လျက်ရှိပါသည်။ ယခုအဖြစ်အပျက်ကြောင့် ကျွန်ုပ်တို့၏ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးရှိ ဒေသအချို့နှင့် ကရင်ပြည်နယ်ရှိ စီမံကိန်းများကို ယာယီရပ်ဆိုင်းထားသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအတွင်းရှိ အလိုအပ်ဆုံးသော အထူးသဖြင့် ယခုကဲ့သို့ တိုက်ပွဲများနှင့် အကျပ်အတည်းကာလတွင် ကလေးသူငယ်များအတွက် အကူအညီပေးရေးကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

Statement: Burned bodies of women, children found in Myanmar; Save the Children staff missing

25 December, Burma – Save the Children has today condemned an attack by the Myanmar military in which at least 38 people, including women and children, were killed in Kayah State in Eastern Myanmar.

Two of our staff, who were on their way back to base office after conducting humanitarian response work in a nearby community, were caught up in the incident and remain missing. We have confirmation that their private vehicle was attacked and burned out. The military reportedly forced people from their cars, arrested some, killed others and burned their bodies.

Inger Ashing, Chief Executive of Save the Children, said:
“Save the Children condemns this attack as a breach of International Humanitarian Law. We are horrified at the violence carried out against innocent civilians and our staff, who are dedicated humanitarians, supporting millions of children in need across Myanmar. Investigations into the nature of the incident are continuing but attacks against aid workers cannot be tolerated.”

Save the Children has been working in Myanmar since 1995, providing life-saving health and nutrition, education and child protection programmes through more than 50 partners and 900 staff across the country. We have temporarily suspended our operations in Kayah Chin, and parts of Magway and Kayin following this incident. However, we remain committed to helping the most vulnerable children in Myanmar, especially during this time of conflict and crisis.

For further enquiries please contact:
[email protected] / +44(0)7831 650409

Address

Yangon-Mandalay Road, Natyaykan Village, Amarapura Township
Mandalay
29

Website

Alerts

Be the first to know and let us send you an email when မန္တလာတက္ကသိုလ် ကြားကာလယာယီကောင်စီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share