23/02/2023
လုပ်ခလစာမရခြင်း
၂ နှစ်ပြည့် နှင့်အတူ
CDMer များကို ကူ
🔥ပြာပုံထဲမှာ ဘာတွေ ရှိလဲ...
📌 အားလုံးကို သတိထားစေချင်တာကြောင့် ကြေညာစရာ သတင်းလေးရှိပါတယ်ဗျာ📌
" Let's help CDMers who had not got a salary for 2 years "
🔥 မြန်မာနိုင်ငံရဲ့ ကွက်ကြား နေရာအနှံ့မှာ ခိုလှုံစရာ အရိပ်တွေ မရှိတော့ဘူးနော်။ အမိုးအကာနဲ့ တူတဲ့ ဇရပ်မပြောနဲ့ အရိပ်ကောင်းတဲ့ သစ်ပင်ကြီးတွေတောင် မီးစွဲနေပြီ။ နွေခေါင်ခေါင်မှာ ယာခင်းတွေနဲ့ တတန်းတည်းဖြစ်သွားတဲ့အပြင် အုတ်ခုံနဲ့ ပန္နက်တိုင်သာကျန်ခဲ့တဲ့ ဟင်းလင်းပြင် ရွာတန်းရှည်ကြီးတွေသာ ရှိတော့တယ်။ တချိန်က ဒီနေရာမှာ ရွာတစ်ရွာရှိတယ်ဆိုတာ မှတ်တမ်းတင်ထားတာသာ မရှိခဲ့ရင် ယုံနိုင်ဖွယ်ရာ မရှိပါဘူး။
ကျောတခင်းစာ နေစရာမရှိတော့တဲ့ ဘဝတွေဖြစ်သွားပေမဲ့ ဒီနေ့ဒီအချိန်ထိ ပြည်သူအားလုံးက ကျရာကဏ္ဍကနေ တော်လှန်ခုခံနေကြဆဲပါပဲ။ စိတ်ဓာတ်တွေကျ၊ အားတွေလျော့သွားပေမဲ့ "ငါတို့မှ မတွန်းလှန်နိုင်ရင် ငါတို့ရဲ့ မျိုးဆက်သစ်တွေ ဒီထက်ပိုဆိုးတဲ့ အခြေနေတွေကို ခေါင်းငုံ့ခံရတော့မှာ" ဆိုတဲ့ တွန်းအားပေးတဲ့ စိတ်နဲ့ ရှေ့ဆက်နေကြဆဲပါပဲ။
ဒဏ်တွေနိုင်လို့ ထွက်ပြေးသူကလည်း ပြေးကုန်သလို၊ မြင်အောင် မကြည့်ဘဲ ကျော်သွားကြသူတွေလည်း ရှိလာပြီ။ ခြေကုန်လက်ပန်းကျနေတဲ့ အချိန်မှာ အပြည့်အဝ အနားယူလိုက်ပြီး စိတ်အပန်းပြေသွားရင်တော့ နိုင်ရာဝန်ကို ထမ်းရင်း ဒီအရွေ့ကြီးရဲ့ တထောင့်တနေရာကနေ ကူပေးလှူပေးကြပါအုံးလို့တော့ တောင်းဆိုချင်ပါတယ်။
🔥 တော်လှန်ရေးရဲ့ အသီးအပွင့်တွေက နေရာတိုင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်လန်းနေသလို တော်လှန်သူရဲကောင်းတွေလည်း နေ့စဉ်နဲ့အမျှ အသက်ပေးလှူနေကြရပါတယ်။ သတိပြုရမဲ့အချက်က ဒီအရွေ့ကြီးကို တွန်းနေတဲ့နေရာမှာ တစ်ယောက်ချင်းစီရဲ့ ဘေးကင်းလုံခြုံရေးက သိပ်အရေးကြီးတာမို့ သေးသေးလေးကစပြီး သတိပြု ဆင်ခြင် နေထိုင်ဖို့ လိုအပ်ပါတယ်။
🔥 ဒီနေ့တော့ ခံစားချက်တွေ ရင်ဖွင့်ရင်း ကျွန်တော်တို့ ကူနေကျ CDM Teacher တွေကို ထောက်ပံ့ပေးတဲ့ campaign လေး လာပြီမို့ လကုန်ရက်မှာ စောင့်နေမဲ့အကြောင်းလေးကို သတိပေးချင်လို့ပါဗျာ။
🔥 လုပ်ခလစာ မရဘဲ ပြည်သူအားလုံးနဲ့အတူ စစ်မှန်သော လမ်းစဉ်ကို လျှောက်ပေးခဲ့ကြတဲ့ ဆရာ/ ဆရာမတို့ကို ဦးညွှတ်ရင်း
" လုပ်ခလစာမရခြင်း
၂ နှစ်ပြည့် နှင့်အတူ
CDMer များကို ကူ" campaign လေးမှာ ဝင်ရောက် ကံစမ်းရင်း တော်လှန်သူရဲကောင်း ဆရာ/ဆရာမများကို ယနေ့အချိန်ထိ လေးစားဂုဏ်ပြုကြောင်း သတင်းစကား ပါးလိုက်ကြပါစို့ဗျာ။
🔥 အကြပ်တည်းများကြားထဲမှာ ပုံမှန်လူတွေထက် သွားလာ လှုပ်ရှားရ ခက်ခဲနေတဲ့ ကျွန်တော်တို့ရဲ့ CDM Teacher တို့ကို မိမိတို့ အားစိုက်ထုတ်နိုင်သလောက် ပါဝင် ကူညီပေးဖို့ တိုက်တွန်းလိုက်ပါရစေ။