Department of Agronomy, Yezin Agricultural University

Department of Agronomy, Yezin Agricultural University Enhance the livelihood of farmers through agronomy! "လယ်ယာသီးနှံပညာ လယ်သမားအကျိုးစီးပွားတိုးတက်ရာ"

လယ်ယာသီးနှံစိုက်ပျိုးရေးပညာဌာန၏မှတ်တမ်းများ
20/11/2025

လယ်ယာသီးနှံစိုက်ပျိုးရေးပညာဌာန၏မှတ်တမ်းများ

ဂေဟအကျိုးပြုစိုက်ပျိုးနည်းစနစ်ကောင်းများ
16/11/2025

ဂေဟအကျိုးပြုစိုက်ပျိုးနည်းစနစ်ကောင်းများ

Effect of different mulching materials on agronomic performance of soybean
15/11/2025

Effect of different mulching materials on agronomic performance of soybean

14/06/2024

မြေချဉ်ငံဓာတ်(PH) တိုင်းကရိယာ
အသုံးပြုနည်း
========================
၁။ မြေချဉ်ငံဓာတ်တိုင်းကရိယာဝယ်ယူ
မည်ဆိုပါက ယခုစာလေးကိုဖတ်ကြည့်
ပြီးမှဝယ်ယူစေလိုပါသည်။
၂။ သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင်
အထွက်နှုန်း တိုးတက်ရေးအတွက် မြေ
ချဉ်ငံဓာတ် Soil PH သည်အရေးကြီး
သောအခန်းမှ ပါဝင်လျှက်ရှိသည် စိုက်
ပျိုးသော သီးနှံနှင့်သင့်တော်သော PH
ဖြစ်ရန်အဓိကလိုအပ်သည် သင့်တော်
သောPHကိုသိရှိရန် မြေချဉ်ငံဓာတ်တိုင်း
ကရိယာလိုအပ်သည် လူတိုင်းအလွယ်
တကူ အိပ်ဆောင်သယ်ယူနိုင်သည်။
၃။ #ကရိယာအသုံးပြုပုံ။ PHတိုင်းတာ
မည့်မြေမျက်နှာပြင်ပေါ်ရှိကျောက်ခဲ၊မြက်
နှင့်အမှိုက်များကို ဦးစွာဖယ်ရှားရှင်းလင်း
ပေးရမည် အပေါ်ယံမြေသားအနည်းငယ်
ကိုလည်းဖယ်ရှားရမည် မြေခြောက်လွန်း
နေပါက ရေအနည်းငယ်လောင်းပေးရ
မည် ရေလောင်းပြီး ၂၅ / ၃၀မိနစ်ကြာမှ
PH တိုင်းတာရမည်။
၄။ မတိုင်းတာမှီ PH တိုင်းကရိယာ၏
သတ္တုချောင်းများကိုအဝတ်နုနုဖြင့် ပွတ်
တိုက်သန့်စင်ပေးရမည်။
၅။ PHမီတာကို ပထမဦးဆုံး အသုံးပြု
မည်ဆိုပါက အကြိမ်ကြိမ်တိုင်းတာဖို့လို
အပ်ပါမည် သတ္တုချောင်းများကိုရည်
ရှည်သုံးနိုင်အောင် သုတ်ထားသည်
Protective Oil ကြောင့် PH တန်ဖိုးများ
ပြောင်းလဲနိုင်၍ဖြစ်သည်။
၆။ PH တိုင်းရန်အတွက် သတ္တုချောင်း
ကို မြေကြီးထဲ ၂လက္မခွဲခန့် (6cm) ထိုး
သွင်းပြီး ၃မိနစ်ခန့်အကြာတွင် မြေချဉ်ငံ
တန်ဖိုးကို ဖတ်နိုင်သည် Ph တန်ဖိုးတနေ
ရာနှင့်တနေရာမတူနိုင်သဖြင့် နေရာများ
များကို အကြိမ်ရေများများတိုင်း၍ ပျမ်း
မျှတန်ဖိုးကိုမှတ်ယူရမည်။
၇။ Ph တိုင်းသလို မြေအစိုဓာတ် Soil
moisture နှင့်အလင်းရောင် Light
intensity ကိုလည်း ရှေ့မျက်နှာပြင်ရှိ
ခလုတ်ကို ရွှေ့ပြောင်းပြီး တိုင်းတာနိုင်
သည်။
၈။ PHမီတာကိုအသုံးပြုပြီးပါက သတ္တု
ချောင်းများကို ကောင်းစွာသန့်စင်ပေး
ရမည်။
၉။ #အထူးသတိပြုရန်။ စမ်းသပ်မည့်
မြေသည် မာကျောလွန်းပါက သတ္တု
ချောင်းများကိုထိခိုက်နိုင်ပါသည်။
၁၀။ မြေကြီးထဲအချိန် အကြာကြီးထား
၍ မစမ်းသပ်ရ (၁) နာရီထက်ပိုကြာလျှင်
သတ္တုချောင်းမျက်နှာပြင်ကို ထိခိုက်စေ
နိုင်သည်။
၁၁။ သံလိုက်ကဲ့သို့ပစ္စည်းများနှင့်ဝေးရာ
မှာထားပါ အခြားသတ္တုပစ္စည်းနှင့်ရော
နှောမထားရပါ။
၁၂။ အရည်များအတွင်းသို့ ထည့်သွင်း
မစမ်းသပ်ရ ကရိယာအတွင်းရှိ ဆားကစ်
ပြားများ ပျက်စီးစေနိုင်၍ဖြစ်ပါသည်။
၂၃။ သတ္တုချောင်းများကိုလက်ဖြင့်တိုက်
ရိုတ် မထိမကိုင်ရ လက်ချောင်းများတွင်
ရှိသောအဆီကြောင့်သတ္တုချောင်းများ၏
လျှပ်စီးစီးဆင်းမှုစွမ်းရည်ကို ထိခိုက်စေ
နိုင်၍ဖြစ်ပါသည်။

#မလိုပဲမြေသြဇာသုံးစွဲပါက။ အောက်
ပါဆိုးကျိုးများမလွဲမသွေရရှိနိုင်သည် -
( က) ကုန်ကျစရိတ်များပြားခြင်း။
( ခ ) အပင်များ အဟာရအဆိပ်သင့်
ခြင်း။
( ဂ ) ပိုးမွှားရောဂါ ခံနိုင်ရည်မဲ့ခြင်း။
(ဃ) အပင်ဇိဝကမ္မနှောင့်နှေးခြင်း။
( င ) အထွက်နှုန်းနှင့်အရည်အသွေး
ထိခိုက်ခြင်း။
( စ ) မြေဆီလွှာပျက်သုံးခြင်း။
၃၀။ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့်
အသက်မွေးဝမ်းကြောင်းပြုမည် ဆိုပါက
မိမိစိုက်ပျိုးမြေ၏ မြေကြီးချဉ်ငံ PH ကို မလွဲမသွေသိရှိထားရမည်ဖြစ်ပါသည်ထိုသို့
သိရှိထားမှသာ မြေကြီးကိုလိုအပ်သလိုပြင်
ဆင်၍ အကျိုးရှိစွာအသုံးချနိုင်မည်ဖြစ်
သည် မြေကြီးကိုအကျိုးရှိစွာအသုံးချနိုင်မှ
မိမိအသက်မွေးဝမ်းကြောင်းနေသည် စိုက်
ပျိုးလုပ်ငန်းအောင်မြင်မည်ဖြစ်ပြီး လက်မှု
လယ်ယာမှသည် စက်မှုလယ်ယာသို့ ကူး
ပြောင်းနေသည် အစိတ်အပိုင်းတခုအဖြစ်
သို့ရောက်ရှိသွားနိုင်ပါကြောင်းတင်ပြလိုက်
ပါသည်။

✨မြေချဉ်/ငံတိုင်းစက်လေး မှာယူလိုပါက ဖုန်း 09975244300 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

Address

Nay Pyi Taw
15013

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95 67 416512

Website

Alerts

Be the first to know and let us send you an email when Department of Agronomy, Yezin Agricultural University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Department of Agronomy, Yezin Agricultural University:

Share