20/05/2026
စက်ချုပ်သင်တန်းနှင့်ဆိုင်ကယ်စက်ပြင်သင်တန်း လျှောက်နိုင်ပါပြီ
===============================
မေလ (၁၈)၊ ၂၀၂၆။တောင်ကြီးမြို့
ရှမ်းပြည်နယ်တိုင်ရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာတွင် (၁၅-၆-၂၀၂၆)
ရက်နေ့မှ (၁၄-၇-၂၀၂၆) ရက်နေ့အထိ
1.မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း(သင်တန်းကာလ ၁ လ)
2. တိုင်းရင်းသားရိုးရာစက်ချုပ် သင်တန်း(သင်တန်းကာလ ၁ လ )
သင်တန်းများအား နေစရိတ်/စားစရိတ် အခမဲ့ဖြင့် ဖွင့်လှစ်ပို့ချ ပေးမည်ဖြစ်ပါသဖြင့် သင်တန်းတက်ရောက်ရန်လျှောက်ထားလိုသူများ၏
1.လျှောက်ထားလိုသည့်သင်တန်းအမည်
2.လျှောက်ထားသူအမည်
3.အဘအမည်
4.အသက်
5.လူမျိုး
6.ပညာအရည်အချင်း
7.မှတ်ပုံတင်အမှတ်
8.နေရပ်လိပ်စာ ဖုန်းနံပါတ်
9.သင်တန်းပြီးပါက ပြန်လည်အသုံးချလိုသည့်ရည်ရွယ်ချက်
များအား ၈.၆.၂၀၂၆ ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့လျှောက်ထားနိုင်ပါသည်။
လျှောက်ထားရန်နေရာ
ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ဗဟို)ရုံး၊ ကံကြီးရပ်ကွက်၊ တောင်ကြီးမြို့။
ဖုန်း - 09442636411