16/06/2026
ဒီနေ့မနက်ခင်းလေးကတော့ နှုတ်ဆက်ရခြင်းနဲ့အတူ ကြည်နူးရတဲ့ မျက်ဝန်းလေးတွေ၊ မျှော်လင့်ချက်ပြည့်ဝတဲ့ အပြုံးလေးတွေနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။ 🌸✨
Go Go Hankuk မိသားစုရဲ့ ချစ်ရတဲ့ ချစ်သောလေးတို့တွေ Seoul Women’s University, Ulsan University နဲ့ Ajou Motor College စတဲ့ တက္ကသိုလ်အသီးသီးရဲ့ Visa တွေ လက်ဝယ်ပိုင်ပိုင်ရရှိပြီး ဒီနေ့မနက်မှာပဲ ကိုရီးယားနိုင်ငံကို ထွက်ခွာသွားကြပါပြီ။ ✈️🇰🇷
ကိုယ်စီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ခြေလှမ်းသစ် စတင်လိုက်ပြီဖြစ်တဲ့ ချစ်သောလေးတို့ရေ... ရောက်လေရာမှာ ပညာတွေအများကြီး ဆည်းပူးနိုင်ပြီး မိဘတွေ ဂုဏ်ယူရတဲ့ သားသမီးကောင်းလေးတွေ ဖြစ်ပါစေ။ ကိုရီးယားရောက်ရင်လည်း ရာသီဥတုနဲ့အညီ နေထိုင်ပြီး ကျန်းမာရေးကို အထူးဂရုစိုက်ကြပါနော်။ 🥰