Towards "Inspiration Dream In Singapore"

Towards "Inspiration Dream In Singapore" Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Towards "Inspiration Dream In Singapore", College & University, Yangon.

🏆အောင်မြင်မှုဆိုတဲ့ ထိပ်ဆုံးကို    စက်လှေကားပေါ်အသင့်လိုက်ပါ     စီးနင်းရင်း မရောက်နိုင်ပါ။    မိမိကိုယ်တိုင် အောင်မြင်ရ...
17/07/2023

🏆အောင်မြင်မှုဆိုတဲ့ ထိပ်ဆုံးကို
စက်လှေကားပေါ်အသင့်လိုက်ပါ
စီးနင်းရင်း မရောက်နိုင်ပါ။
မိမိကိုယ်တိုင် အောင်မြင်ရေးနည်းဆိုတဲ့
ခြေလှမ်းတွေနဲ့ တစ်လှမ်းချင်း
တက်လှမ်းပြီးမှသာ ရောက်နိုင်ပါတယ်။

#ဗန်းမော်သိန်းဖေ_စာအုပ်မှ



"အသိပညာသည် ရတနာတစ်ခုဖြစ်သော်လည်း     လက်တွေ့လုပ်ဆောင်မှုသည် သော့ချက်ဖြစ်သည်"ဒီတော့ လက်တွေ့မှ အကောင်းဆုံးလုပ်ဆောင်ရင်း ဘဝ...
15/07/2023

"အသိပညာသည် ရတနာတစ်ခုဖြစ်သော်လည်း
လက်တွေ့လုပ်ဆောင်မှုသည် သော့ချက်ဖြစ်သည်"

ဒီတော့ လက်တွေ့မှ အကောင်းဆုံးလုပ်ဆောင်ရင်း
ဘဝကိုတိုးတက်ချင်တယ်ဆိုရင်

"TOWARDS" ရဲ့
Diploma Program တွေ ဆီ Join ဖို့ ဖိတ်ခေါ်ပါရစေ

=====================================

အကောင်းဆုံးကြိုးစားပြီး
ရည်မှန်ချက်တွေ ပြည့်မြောက်ချင်သူများအတွက်

မှာ ကျောင်းတက် အလုပ်လုပ်ပြီး
မျှော်မှန်းထားတဲ့ ပန်းတိုင်ဆီ အရောက်သွားကြဖို့ဆိုရင်

⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇

သိန်းရာချီကုန်ခံပြီး အလုပ်ရဖို့ တွေးပူနေမလား ❓

သိန်းတစ်ရာ ဝန်းကျင်သုံးပြီး #𝐃𝐢𝐩𝐥𝐨𝐦𝐚 လည်းရ
𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞𝐬 တွေလည်း ယူပြီး 𝐃𝐫𝐞𝐚𝐦 #𝐉𝐨𝐛 တွေဆီ သွားမလား ❓

=======================

ကျောင်းလည်းတက်မယ် အလုပ်လည်းလိုချင်ကွာ ဆိုတဲ့ ရည်မှန်းချက်ကြီးတဲ့ ကျောင်းသားတွေအတွက် 🙆‍♂️

လက်ရှိသင်ယူလို့ရမည့် အလုပ်နဲ့တွဲပေးထားတဲ့ Courses တွေကတော့

𝟏. 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐢𝐭𝐲 & 𝐓𝐨𝐮𝐫𝐢𝐬𝐦 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭

𝟐. 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭

𝟑. 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐚𝐧𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲

အကြိုက်တွေ့စေမယ့် အချက်ကတော့ ✴

✅ ချက်ချင်းပေးစရာဘဲ Singapore ရောက်မှ School Fees ( ကျောင်းလခကို) ကိုယ်တိုင်းသွင်းရတာပါ

(ဒါမျိုးက ရှားပါးတဲ့အခွင့်ရေးပါနော်) ❤

============+

အခြေခံပညာ အထက်တန်းအဆင့်ရှိပြီး

English ကို Basic လောက် ရတယ်ဆိုရင်ဘဲ
အမြန်ဆုံး လာ join လှည့်ပါ.......

ဘာတွေအကျိုးကျေးဇူးရနိုင်မလဲ 🤔

𝐈𝐧𝐞𝐫𝐧𝐬𝐡𝐢𝐩 ကာလမှာ အခြေခံလခအနေနဲ့
𝐒𝐆𝐃 𝟏𝟎𝟎𝟎 - 𝟏𝟐𝟎𝟎 ရမှာဖြစ်ပြီး
𝐎𝐓 ဆင်းရရင် 𝐎𝐓 ကြေးလည်းပေးတာမို့

ကြိုးစားမယ်ဆိုရင် မြန်မာငွေနဲ့ဆို သိန်း #သိန်း၂၀ - #သိန်း၃ဝ ကြားရနိုင်ပါတယ် 𝐍𝐢𝐜𝐞 😉😉

Internship ၆လမှာ Performance ကောင်းတွေ
ပြသနိုင်ပြီး တကယ်ကြိုးစားမယ်ဆိုရင်

Spass ရပြီး 2နှစ် စာချုပ်နဲ့ တစ်လကို အခြေခံလစာ 2500SGD နဲ့ အထက် ထိ တိုးမြင့်သွားနိုင်တဲ့အခွင့်ရေးလည်းရှိပါတယ်

ဒီတော့ ကြိုးစားရင် ကြိုးစားသလို အခွင့်ရေးတွေချည်းဘဲနော့..... 😁

စိတ်ပါဝင်စားတယ်ဆိုရင်တော့

☎ +𝟗𝟓𝟗 𝟗𝟕𝟎 𝟕𝟎𝟎 𝟑𝟒𝟕
☎ +𝟗𝟓𝟗 𝟗𝟓𝟏 𝟒𝟔𝟓 𝟐𝟕𝟕 တို့ကို

ဖုန်း / 𝐕𝐢𝐛𝐞𝐫 / 𝐖𝐡𝐚𝐭𝐬𝐚𝐩𝐩 တို့ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါပြီ



ဆယ်ကျော်သက်အရွယ်လူငယ်လေးတွေနဲ့ ဆယ်ကျော်သက်ကလေးတွေရဲ့ မိဘတွေကြားမှာ ရင်းနှီးနေပြီးသားဖြစ်တဲ့ GED နဲ့ပတ်သက်ပြီး အမေးများတဲ...
15/07/2023

ဆယ်ကျော်သက်အရွယ်လူငယ်လေးတွေနဲ့ ဆယ်ကျော်သက်ကလေးတွေရဲ့ မိဘတွေကြားမှာ ရင်းနှီးနေပြီးသားဖြစ်တဲ့ GED နဲ့ပတ်သက်ပြီး အမေးများတဲ့အကြောင်းတွေကို ပြည့်ပြည့်စုံစုံလေး ဖတ်ရှုနိုင်ပါတယ်။

❓GED ဆိုတာဘာလဲ❓

📖 General Educational Development (GED) ဆိုတာကတော့ အမေရိကန် High School Diploma အဆင့်ရှိတဲ့ အောင်လက်မှတ်ရရှိအောင် ဖြေဆိုရတဲ့ စာမေးပွဲပဲဖြစ်ပါတယ်။ GED အောင်လက်မှတ်ရရှိထားတဲ့သူတွေကို အမေရိကန်အထက်တန်းပညာရေးအောင်မြင်မှုနဲ့ တန်းတူဖြစ်တယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုထားပါတယ်။ GED စာမေးပွဲကိုအမေရိကန်ပညာရေးကောင်စီနဲ့ ကမ္ဘာကျော်ပညာရေးဝန်ဆောင်မှု ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Pearson တို့က အကျိုးတူပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

လက်ရှိအချိန် ကမ္ဘာနဲ့ အဝှမ်းမှာ GED ဖြေဆိုအောင်မြင်ထားတဲ့ ကျောင်းသူ၊ ‌ကျောင်းသားပေါင်း သိန်း ၂၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

GED အောင်မြင်ထားရင် ကမ္ဘာအနှံ့က ကောလိပ်တွေ၊ တက္ကသိုလ်တွေထဲက မိမိလက်လှမ်းမီရာ၊ နှစ်သက်ရာကောလိပ်၊ တက္ကသိုလ်ကို ရွေးချယ်လျှောက်ထားတက်ရောက်နိုင်ပါတယ်။ မြန်မာနိုင်ငံက ကျောင်းသူ၊ ကျောင်းသားအများစုစိတ်ဝင်စားတဲ့ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ အမေရိကန်နိုင်ငံတွေရဲ့ တက္ကသိုလ်တော်တော်များများက GED အောင်လက်မှတ်နဲ့ ကျောင်းဝင်ခွင့်လျှောက်ထားတာကို လက်ခံတာဟာ GED ရဲ့ အားသာချက်တစ်ခုပါ။ အအရှေ့တောင်အာရှနိုင်ငံတွေ၊ ဂျပန်နဲ့ ယူကေတို့က ကောလိပ်တွေ၊ တက္ကသိုလ်တွေမှာလဲ ကျောင်းဝင်ခွင့်လျှောက်ထားရင် GED အောင်လက်မှတ်ကို အသိအမှတ်ပြုပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာပညာရေးလမ်းကြောင်းကို တက်လှမ်းချင်သူတွေအတွက် GED ဟာ ငွေကြေးကုန်ကျစရိတ်နည်းပါးပြီး အရည်အသွေးမြင့်ပညာရေးလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။

အားနည်းချက်တစ်ခုကတော့ အသက် ၁၆ နှစ်ပြည့်မှ ဖြေဆိုနိုင်မှာဖြစ်လို့ ၁၆ နှစ်အောက်ကလေးတွေကတော့ GED ရဲ့ ဘာသာရပ်တွေကို ကြိုတင်လေ့လာပြီး ၁၆ နှစ်ပြည့်တာနဲ့ ချက်ချင်းဖြေဆိုနိုင်အောင် အသင့်ပြင်ထားလို့ရပါတယ်။

❓GED စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ ဘာတွေလိုအပ်သလဲ ❓

"ပညာရေးနောက်ခံ"

မြန်မာနိုင်ငံက ‌ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ GED စာမေးပွဲကိုဝင်ဖြေမယ်ဆိုရင် အလွန်ကောင်းတဲ့အားသာချက်ကတော့ GED စာမေးပွဲဖြေဖို့ ဘယ်နှစ်တန်းအောင်ဖြစ်ရမယ်ဆိုတဲ့ သက်သေအထောက်အထားပြဖို့ လုံးဝမလိုအပ်ပါဘူး။ ‌

"အသက်အပိုင်းအခြား"

အသက် (၁၆)နှစ်ပြည့်ဖို့ လိုအပ်ပါတယ်။

"ငွေကြေးကုန်ကျမှု"

မြန်မာနိုင်ငံကနေ စာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ်ဆိုရင် ဘာသာရပ်တစ်ခုကို အမေရိကန်ဒေါ်လာ ၈၀ ကျပ်ကျသင့်မှာဖြစ်ပြီး လေးဘာသာလုံးကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂၀ ကျသင့်မှာဖြစ်ပါတယ်။

❓GED စာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ်ဆိုရင် ဘာတွေလေ့လာထားရမလဲ❓

GED ရဲ့ အဓိက ဘာသာရပ်လေးခုဖြစ်တဲ့ အင်္ဂလိပ် (Reasoning Through Language Arts)၊ သင်္ချာ (Mathematical Reasoning)၊ သိပ္ပံ (Science)၊ လူမှုရေး (Social Studies)တွေကို မိမိဘာသာဖတ်ရှုလေ့လာပြီးပဲဖြစ်ဖြစ်၊ ကျွမ်းကျင်သူဆရာ/ဆရာမတွေရဲ့ အကူအညီနဲ့ သင်ယူလေ့လာပြီးပဲဖြစ်ဖြစ် လေ့လာသင်ယူကာ မြန်မာနိုင်ငံက GED Approved Test Center မှာ စာရင်းသွင်းပြီးဖြေဆိုနိုင်ပါတယ်။

တစ်ဘာသာချင်းအကြောင်းကိုလဲ နောက်ပို့စ်တွေမှာ အသေးစိတ်ရေးပေးပါမယ်။

❓GED စာမေးပွဲကို ဘယ်အချိန်တွေမှာ ဖြေရမှာလဲ❓

အရမ်းကောင်းတဲ့အချက်တစ်ခုကတော့ GED စာမေးပွဲကို ရက်တိတိကျကျသတ်မှတ်ထားတာမျိုးမရှိဘဲ တစ်နှစ်ပတ်လုံး မိမိကြိုက်နှစ်သက်တဲ့အချိန်ရွေးချယ်ကာ ဝင်ရောက်ဖြေဆိုနိုင်ခြင်းပါ။

ဒါ့ကြောင့် ကမ္ဘာတစ်ဝှမ်းကကျောင်းသူ၊ ကျောင်းသားတွေ နေ့စဉ်ဝင်ရောက်ဖြေဆိုနေကြပါတယ်။

နောက်ထပ်ကောင်းတဲ့အချက်ကတော့ လေးဘာသာလုံးကို တစ်နေ့တည်းအကုန်ဖြေလို့ရသလို မိမိကျွမ်းကျင်ပိုင်နိုင်ရာအလိုက် တစ်ဘာသာချင်းအချိန်ယူဖြေလို့လဲရပါတယ်။

❓GED စာမေးပွဲက ဘယ်နှစ်နာရီကြာဖြေဆိုရမှာလဲ❓

အင်္ဂလိပ် (Reasoning Through Language Arts) က နှစ်နာရီခွဲ၊ သင်္ချာ (Mathematical Reasoning) က နှစ်နာရီ၊ သိပ္ပံ (Science) က တစ်နာရီခွဲ၊ လူမှုရေး (Social Studies) က တစ်နာရီ ဆယ်မိနစ်ကြာမြင့်မှာပါ။

❓GED အောင်လက်မှတ်ရဖို့ အမှတ်ဘယ်လောက်ရ,ရမလဲ❓

GED မှာ တစ်ဘာသာကို အမှတ်ပြည့် (၂၀၀) မှတ် သတ်မှတ်ထားပြီး GED အောင် လက်မှတ်ရရှိဖို့ တစ်ဘာသာ ပျမ်းမျှအမှတ် ၁၄၅ ရရှိဖို့လိုပါတယ်။ အမှတ် ၁၆၅ အထက်ရရှိခဲ့မယ်ဆိုရင်တော့ အချို့ကောလိပ်တွေမှာ Placement test ဖြေစရာမလိုဘဲ ‌ကျောင်းတန်းအပ်လို့ရမှာဖြစ်ပါတယ်။

❓GED စာမေးပွဲအောင်လက်မှတ်က သက်တမ်းအကန့်အသတ်ရှိပါသလား ❓

မရှိပါဘူး။ အထက်ပါ ဘာသာရပ်လေးခုလုံးကို ဖြေဆိုအောင်မြင်ပြီးတာနဲ့ GED အောင်လက်မှတ်ရရှိမှာဖြစ်ပြီး ဘဝတစ်သက်တာလုံး တည်တံ့နေမှာပါ။

❓GED စာမေးပွဲအတွက် မိမိဘာသာလေ့လာတာနဲ့ ကျွမ်းကျင်သူဆရာ/ဆရာမအကူအညီယူတာ ဘယ်ဟာပိုကောင်းသလဲ ❓

GED ရဲ့တရားဝင် website မှာတော့ ကျွမ်းကျင်သူဆရာ/ဆရာမအကူအညီယူတာ ပိုမြန်ပြီး ပိုခရီးရောက်မယ်လို့ အကြံပြုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကလဲ အလားတူပါပဲ။
ဘာသာရပ်လေးခုလုံးကို အင်္ဂလိပ်လို သင်ကြားရတာဖြစ်တဲ့အတွက်ရယ်၊
အလွတ်ကျက်ရတာမဟုတ်ဘဲ ကျိုးကြောင်းဆင်ခြင်မှု၊ အတွေးအခေါ်အားကောင်းမှုနဲ့ အထွေထွေဗဟုသုတကြွယ်ဝမှုတွေကို ရောယှက်ဖြေဆိုရတဲ့ စာမေးပွဲဖြစ်တာကြောင့် ကျွမ်းကျင်သူဆရာ/ဆရာမအကူအညီက မဖြစ်မနေလိုအပ်ပါတယ်။


:School of GED

    ☀                   "  #စိုက်ပျိုးခြင်းမှမရှိခဲ့ရင်                #ရိတ်သိမ်းခြင်းလည်းမရှိနိုင်ဘူး "လူတွေ နှုတ်က တစ်...
14/07/2023

☀

" #စိုက်ပျိုးခြင်းမှမရှိခဲ့ရင်
#ရိတ်သိမ်းခြင်းလည်းမရှိနိုင်ဘူး "

လူတွေ နှုတ်က တစ်ဖွဖွပြောနေကြတဲ့
အောင်မြင်မှုဆိုတာကို လိုချင်ရင်
အောင်မြင်အောင်ကြိုးစားဖို့လိုပါတယ်

ရင်းနှီးမှုမရှိဘဲ အမြတ်ဖြစ်မလာနိုင်တာမို့

အကောင်းဆုံးကြိုးစားပြီး
ရည်မှန်ချက်တွေ ပြည့်မြောက်ချင်သူများအတွက်

မှာ ကျောင်းတက် အလုပ်လုပ်ပြီး
မျှော်မှန်းထားတဲ့ ပန်းတိုင်ဆီ အရောက်သွားကြဖို့ဆိုရင်

⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇

သိန်းရာချီကုန်ခံပြီး အလုပ်ရဖို့ တွေးပူနေမလား ❓

သိန်းတစ်ရာ ဝန်းကျင်သုံးပြီး #𝐃𝐢𝐩𝐥𝐨𝐦𝐚 လည်းရ
𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞𝐬 တွေလည်း ယူပြီး 𝐃𝐫𝐞𝐚𝐦 #𝐉𝐨𝐛 တွေဆီ သွားမလား ❓

=======================

ကျောင်းလည်းတက်မယ် အလုပ်လည်းလိုချင်ကွာ ဆိုတဲ့ ရည်မှန်းချက်ကြီးတဲ့ ကျောင်းသားတွေအတွက် 🙆‍♂️

လက်ရှိသင်ယူလို့ရမည့် အလုပ်နဲ့တွဲပေးထားတဲ့ Courses တွေကတော့

𝟏. 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐢𝐭𝐲 & 𝐓𝐨𝐮𝐫𝐢𝐬𝐦 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭

𝟐. 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭

𝟑. 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐚𝐧𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲

အကြိုက်တွေ့စေမယ့် အချက်ကတော့ ✴

✅ ချက်ချင်းပေးစရာဘဲ Singapore ရောက်မှ School Fees ( ကျောင်းလခကို) ကိုယ်တိုင်းသွင်းရတာပါ

(ဒါမျိုးက ရှားပါးတဲ့အခွင့်ရေးပါနော်) ❤

============+

အခြေခံပညာ အထက်တန်းအဆင့်ရှိပြီး

English ကို Basic လောက် ရတယ်ဆိုရင်ဘဲ
အမြန်ဆုံး လာ join လှည့်ပါ.......

ဘာတွေအကျိုးကျေးဇူးရနိုင်မလဲ 🤔

𝐈𝐧𝐞𝐫𝐧𝐬𝐡𝐢𝐩 ကာလမှာ အခြေခံလခအနေနဲ့
𝐒𝐆𝐃 𝟏𝟎𝟎𝟎 - 𝟏𝟐𝟎𝟎 ရမှာဖြစ်ပြီး
𝐎𝐓 ဆင်းရရင် 𝐎𝐓 ကြေးလည်းပေးတာမို့

ကြိုးစားမယ်ဆိုရင် မြန်မာငွေနဲ့ဆို သိန်း ၂၀-၃ဝ ကြားရနိုင်ပါတယ် 𝐍𝐢𝐜𝐞 😉😉

Internship ၆လမှာ Performance ကောင်းတွေ
ပြသနိုင်ပြီး တကယ်ကြိုးစားမယ်ဆိုရင်

Spass ရပြီး 2နှစ် စာချုပ်နဲ့ တစ်လကို အခြေခံလစာ 2500SGD နဲ့ အထက် ထိ တိုးမြင့်သွားနိုင်တဲ့အခွင့်ရေးလည်းရှိပါတယ်

ဒီတော့ ကြိုးစားရင် ကြိုးစားသလို အခွင့်ရေးတွေချည်းဘဲနော့..... 😁

စိတ်ပါဝင်စားတယ်ဆိုရင်တော့

☎ +𝟗𝟓𝟗 𝟗𝟕𝟎 𝟕𝟎𝟎 𝟑𝟒𝟕
☎ +𝟗𝟓𝟗 𝟗𝟓𝟏 𝟒𝟔𝟓 𝟐𝟕𝟕 တို့ကို

ဖုန်း / 𝐕𝐢𝐛𝐞𝐫 / 𝐖𝐡𝐚𝐭𝐬𝐚𝐩𝐩 တို့ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါပြီ



ကျရှုံးမှုဆိုတာ အောင်မြင်မှုရဲ့ ဆန့်ကျင်ဘက်မဟုတ်ဘူးဆိုတာကို သတိရပါ။ ကျရှုံးမှုဆိုတာအောင်မြင်မှုရဲ့ အစိတ်အပိုင်းတစ်ခုပါဘဲ...
14/07/2023

ကျရှုံးမှုဆိုတာ အောင်မြင်မှုရဲ့
ဆန့်ကျင်ဘက်မဟုတ်ဘူးဆိုတာကို သတိရပါ။

ကျရှုံးမှုဆိုတာ
အောင်မြင်မှုရဲ့ အစိတ်အပိုင်းတစ်ခုပါဘဲ 💕




21ရာစုပညာရေးအတွက်ထက်ဆင့်တွေးစရာ(၂)ချက်ရှိပါတယ်။ဘာတွေလဲ(၁)အနေနဲ့က- private university (၂)အနေနဲ့က- နိုင်ငံခြားပညာရေးပြောရမ...
14/07/2023

21ရာစုပညာရေးအတွက်
ထက်ဆင့်တွေးစရာ

(၂)ချက်ရှိပါတယ်။
ဘာတွေလဲ
(၁)အနေနဲ့က- private university
(၂)အနေနဲ့က- နိုင်ငံခြားပညာရေး

ပြောရမယ့် နှစ်ချက်မပြောခင် ငွေကြေးနဲ့ ဆိုင်လို့ အခြေအနေ အဆင်မပြေတဲ့သူတွေကိုက အားနာတောင်းပန်ရင်းပဲပြောပါမယ်။

1. Private University

၂၁ရာစုပညာရေးအရ မိရိုးဖလာ နိုင်ငံပိုင်တက္ကသိုလ်တွေကို စွန့်လွတ်ပြီး private university တွေကို တက်ရောက်မှုများပြားလာတယ်၊ အဆိုးရောအကောင်းရောရှိပေမယ့် ၊ ကိုယ်ပိုင်အမြင်မှာတော့ အကောင်းဘက်ပိုများတယ်လို့ ပြောပါရစေ။
နည်းပညာပိုင်း၊စီးပွါးရေးပိုင်းနဲ့ ပတ်သတ်ပြီး လတ်တလော ပညာရေးမှာ private universities တွေပေါများလာကြတယိ၊ တကယ်ကောင်းတဲ့ကိစ္စပါ၊ အလိမ်အညာတွေ အတုအယောင်တွေလဲပေါတဲ့ကိစ္စဖြစ်လို့ သေချာတော့စုံစမ်းတက်ရောက်သင့်ပါတယ်။ Diploma, Bachelor, Masterတွေကလည်း နိုင်ငံခြား(eg,UK)စသဖြင့်ရနိုင်တာမလို့။
အစိုးရတက္ကသိုလ်မတက်ချင်ပဲ၊ငွေကြေးပြည့်စုံရင်ရွေးသင့်ပါတယ်။
(အဓိကပြောချင်တာကတော့စုံစမ်းပါ)

2.နိုင်ငံခြားပညာရေး

အခုခေတ်မှာ နိုင်ငံခြားမှာ အလုပ်လုပ်ရင်းကျောင်းတက်လာကြပါတယ်။ Scholarship လဲပေါလာတယ်ပြောရပါမယ်။ကို့ဘက်က ကြိုးစားနိုင်ရင် Tryသင့်ပါတယ်၊ အများကြီးကုန်ပြီး တက်လို့ရတာရှိသလို၊ မိမိကိုယ်တိုင် ကြိုးစားပြီး တက်လို့ရတာတွေလဲရှိတာမို့ စံုစမ်းမေးမြန်းကြရမှာပါ။ဘယ်သူကမှတော့ (ဒီမှာရော့)ဆိုပြီးလာမပေးပါဘူး။

လူငယ်တွေပဲ
အပင်ပန်းခံနိုင်ရပါမယ်
ကြိုးစားချင်စိတ်ရော
ကြိုးစားမှုရောရှိရပါမယ်
Communication & social ကောင်းပြီး
Information ကိုရအောင်ယူကြရပါမယ်။

ရေကြည်ရာမြက်နုရာကိုရှာကြရပါမယ်။
ကြမ်းပြင်ပေါ်ထောင်ထွက်လာရင် တူနဲ့ရိုက်တတ်တဲ့ နိုင်ငံမှာတော့ တွေးစေချင်ပါတယ်။
ဒါပါပဲ။



Scholarship ဆိုတာကို ကြားဖူးပေမယ့် ဘယ်လို၊ ဘယ်ပုံ လျှောက်ရတာလဲ... ပြီးတော့ ဘာတွေလိုအပ်တာလဲ၊ လျှောက်လို့အောင်ရင် တကယ်ကြီး...
14/07/2023

Scholarship ဆိုတာကို ကြားဖူးပေမယ့် ဘယ်လို၊ ဘယ်ပုံ လျှောက်ရတာလဲ... ပြီးတော့ ဘာတွေလိုအပ်တာလဲ၊ လျှောက်လို့အောင်ရင် တကယ်ကြီး ဘာရမှာလဲ ဆိုတာကို လုံးဝ(လုံးဝ) မသိတဲ့ လူတွေ အတွက်

ဖတ်ရန် ကြာချိန် (၅) မိနစ်

Scholarship ဆိုတာ ဘာလဲ?

Scholarship ဆိုတာ ‌ကျောင်းသားတစ်ယောက်ကို ပေးတဲ့ ငွေကြေးထောက်ပံ့မှုပဲ။ ကျောင်းသားရဲ့ ပညာရေးမှာ ထူးချွန်မှု (academic achievement) အပါအဝင် တစ်ခြား အကြောင်းအရာတွေကို ကြည့်ပြီး အဖွဲ့အစည်း တစ်ခုခုက ပေးတာမျိုး ဖြစ်တယ်။

ပညာရေးမှာ ထူးချွန်မှုဆိုတာကတော့ အားလုံးသိကြတဲ့ အတိုင်း အမှတ်ကောင်းတာ၊ စာတော်တာပေါ့လေ။
အဲ့ဒါအပြင် scholarship ပေးမယ်၊ မပေးဘူး စဉ်းစားတဲ့ထဲမှာ ပါဝင်တဲ့ ကိစ္စတွေကတော့

ကျောင်းသားရဲ့ ငွေကြေး မပြည့်စုံမှု
တနည်းအားဖြင့် ကျောင်းသားရဲ့ အုပ်ထိန်းသူများက ကျောင်းသားရဲ့ ပညာရေးလမ်းကြောင်းကို အပြည့်အဝ မထောက်ပံ့ပေးနိုင်တာ

ပြီးတော့ ကျောင်းသားရဲ့ ကျောင်းတက်ရခြင်း ရည်ရွယ်ချက်
ကျောင်းကို ဘာကြီးဖြစ်ချင်လို့ တက်တာလဲ၊ ပညာရေးလမ်း ပြီးဆုံးသွားတဲ့အခါမှာ ဘာတွေ ဆက်လုပ်မလဲ
ဆိုတဲ့ ကိစ္စတွေက scholarship ပေး၊ မပေးကို ဆုံးဖြတ်ပေးပါတယ်။

Scholarship ပေးတဲ့ နေရာမှာ ပိုက်ဆံကို တိုက်ရိုက်ပေးတာလဲ ရှိသလို၊ ပိုက်ဆံ မဟုတ်ပဲ တစ်ခြား နည်းလမ်းတွေနဲ့ ပေးတာလဲ ရှိပါတယ်။

ကျောင်း၊ University အဖွဲ့အစည်းကနေ ပေးတာတွေက
များသောအားဖြင့် Scholarship ကို ကျောင်းသားလက်ထဲ ထည့်ပေးတာမျိုး မဟုတ်ပဲ ကျောင်းလခကိုပေးစရာမလိုဘူးဆိုပြီး အခမဲ့ တက်ခွင့်ရအောင် လုပ်ပေးတာများပါတယ်။

ကဲ အဲ့တာဆိုရင် Scholarship အမျိုးအစာတွေနဲ့ ပုံစံတွေအကြောင်း ဆက်ပြောပြပါမယ်။
Scholarship အမျိုးအစားတွေ အကြောင်းကို သိမှ ကိုယ်က ဘယ်လို Scholarship ကို လျှောက်ရင် ရနိုင်မလဲဆိုတာကို စဉ်းစားလို့ ရမှာပါ။

×
Scholarship အမျိုးအစားများစွာ

Scholarship အမျိုးအစားတွေက အများကြီးမှ အများကြီးကို ရှိပါတယ်။ ပေးတဲ့ အဖွဲ့အစည်းက ဒီဟာ၊ ဒီဟာ ပေးမယ်...
ကျောင်းသားတွေ လျှောက်လို့ရမယ်
ဆိုတာနဲ့တင် Scholarship ဖြစ်နေပြီ
ဖြစ်တဲ့အတွက် တိကျတဲ့ပုံစံခွက် တစ်ခုအနေနဲ့ မရှိပါဘူး။

ဒါပေမယ့် တော်တော်များများသော နာမည်ကြီး Scholarship တွေက ဘယ်လိုပေးသလဲဆိုတာကို ဒီမှာပြောပြပေးပါမယ်။

Academic Scholarship
(ပညာရေး ဆိုင်ရာ Scholarship)

Academic ဆိုတဲ့ အတိုင်းပဲ အမှတ်တွေ လန်ပျံထွက်နေတဲ့ သူတွေကို ပေးတာပါ။ Scholarship ပေးမယ့် အဖွဲ့အစည်းက အသိအမှတ်ပြုထားတဲ့ စာမေးပွဲတွေမှာ (SAT, ACT, OSSD, IGCSE, GED...etc.) အမှတ်ကောင်းကောင်း ရရင် ပေးပါတယ်။

Athletic Scholarship
(အားကစား ဆိုင်ရာ Scholarship)

မြန်မာနိုင်ငံမှာ ဒီဟာ လျှောက်နိုင်တဲ့လူ နည်းနည်းရှားပါလိမ့်မယ်။ အားကစား scholarship ပါ။ ကျောင်းမှာ ဘောလုံးကန်တာ ဘယ်လို performance တွေနဲ့ ဘယ်လိုဆုတွေ ယူဖူးသလဲ ဆိုတာမျိုးကို ကြည့်ပါတယ်။ ကျောင်း အားကစား ကလပ်ကနေ တော်တဲ့လူတွေကို ခေါ်ယူတဲ့ ပုံစံပါ။ ဒီမှာတော့ ဘောလုံးကန်ကြပေမယ့် အားကစား ကလပ်လိုမှ မရှိပဲကိုး။ တစ်ခြား sport တွေလဲ အတူတူပါပဲ။ Performance အရမ်းကောင်းတဲ့လူကို ငွေကြေးထောက်ပံ့ပြီး ကျောင်းဆက်တက်စေတာပါ။

Merit Scholarship
(လူထု အကျိုးပြု Scholarship)

လူတွေကို ကူညီဖူးလား။ Volunteer လုပ်ဖူးလား ဆိုတာတွေနဲ့ ကျောင်းသားရဲ့ ရည်ရွယ်ချက်၊ ဖြတ်ထိုးဉာဏ်၊ research skill တွေ၊ သင်လွယ်တတ်လွယ် ဖြစ်သလားတွေကို ကြည့်တဲ့ Scholarship ပါ။ လက်ရှိမှာ လူပေးအများဆုံး Scholarship ပဲ ဖြစ်ပါတယ်။ ဘယ်သူမဆို လျှောက်လို့ရပါတယ်။ ငယ်ငယ်တည်းက အဖွဲ့အစည်းတွေမှာ အားကျိုးမာန်တက် ဝင်ရောက် လုပ်ကိုင်ဖူးတဲ့လူတွေ၊ ဒီတိုင်း general skills ကောင်းတဲ့လူတွေ‌ လျှောက်လို့ရပါတယ်။

Language Skill ကောင်းတာ၊ စာမှာလဲ အလယ်အလတ်လောက်၊ လူထုအကျိုးပြုလုပ်ငန်းတွေလဲ ပါဝင်လုပ်ဆောင်ဖူးတယ် ဆိုတဲ့ general skill တွေကို base ကြည့်ပြီး ပေးတာပါ။

Skill ကို ကြည့်တယ်ဆိုပေမယ့်လဲ Scholarship ဆိုတာ ပညာရေးအတွက် ပေးတာ ဖြစ်လို့ စာတော်လေ ရနိုင်ချေ ပိုများလေပါပဲ။

တစ်ခြား Scholarship ပုံစံလေးတွေလဲ ရှိသေးတယ်။ အဲ့ဒါတွေက Need-based ( မိဘမဲ့ ကလေးတွေ၊ အုပ်ထိန်းသူ မရှိတဲ့ လူ‌မျိုးက academic ပညာရေးကို ဆက်လျှောက်ချင်တဲ့အခါ ‌ပေးတာမျိုး) Students-specific (မျိုးနွယ်တစ်ခု၊ လူမျိုးစုတစ်ခု၊ ဘာသာရေး၊ မွေးရာပါ ရောဂါရှိတဲ့လူတွေ... အဲ့လိုမျိုး ကျောင်းသားရဲ့ အခြေအနေပေါ်မှာ ပေးတာမျိုး) Career-specific (အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခုခုကို မူတည်ပြီး ပေးတာမျိုး၊ နိုင်ငံတွင်းမှာ လိုအပ်နေတဲ့ အသက်မွေးဝမ်းကြောင်း နယ်ပယ်တွေ၊ ဥပမာ - သက်ကြီးရွယ်အို စောင့်ရှောက်ရေးတို့၊ မိုးလေဝသ ပညာရှင်တို့လို နိုင်ငံအတွက် လိုအပ်တဲ့ နယ်ပယ်ကို ဖြည့်တင်းဖို့အတွက် ပညာရေးကို ထောက်ပံ့ပေးမယ် ဒီနယ်ပယ်မှာ ဘယ်အထိ အလုပ်လုပ်ပေး ဆိုတာမျိုး) College-specific (ဘယ်ကျောင်းက ထွက်တာလဲ၊ ဘယ် college ကို တက်ခဲ့တာလဲ ဆိုတာကို ကြည့်ပြီး ပေးတာမျိုး။ အထူးသဖြင့် စစ်တပ်ဆိုင်ရာ နေရာတွေမှာ အပေးများတယ်။ အခြေခံ ပညာ အလယ်တန်းအောင်တဲ့အချိန် အထက်တန်း ဆက်မတက်ပဲ စစ်တပ် college ကိုပြောင်းတက်ပြီး အောင်မြင်တဲ့အခါ စစ်တပ်ဆိုင်ရာ တက္ကသိုလ်ကို ဆက်တက်နိုင်အောင် ထောက်ပံ့ပေးတာ။ အလွယ်ပြောရရင်တော့ ဘယ်ကျောင်းက ထွက်တာလဲကို ကြည့်ပြီး ပေးတာပါပဲ။) Brand (ပုဂ္ဂလိက ကုမ္ပဏီတွေက သူတို့ရဲ့ brand ကို လူတွေကြားထဲမှာ အဆင်ပြေပြေရှိနေအောင် ပေးတာမျိုး။ Coca Cola တို့၊ Milo တို့) Creative Contest (ပြိုင်ပွဲတစ်ခု လုပ်ပေးပြီး နိုင်တဲ့လူကို scholar ပေးတာမျိုး)

ဒီလောက်ဆို Scholarship တွေ ဘယ်လိုပေးသလဲ ဆိုတာ သိကြပြီ ထင်တယ်။

တစ်ခြား တော်တော်ရှားတဲ့ Scholarship တွေလဲ ရှိသေးတယ်။Music Scholarship ( ကျောင်းက music club မှာ သေအောင် ကောင်း၊ သေအောင်တော် ပြီးတော့ နာမည်လဲ အတန်အသင့်ကြီးတဲ့ ကျောင်းသားတွေကို music ကျောင်းပဲ ဖြစ်ဖြစ်၊ academic ကျောင်းပဲ ဖြစ်ဖြစ် ကျောင်းသား ဆန္ဒရှိသလို တက်လို့ရအောင် ထောက်ပံ့ပေးတာမျိုး)Legacy Scholarship (ဒီကျောင်းမှာ တက်ခဲ့ဖူးပြီး သမ္မတကြီး ဖြစ်သွားတာတို့၊ ဒါမှမဟုတ်လဲ လူ အယောက် ၂ ထောင်လောက် ဘေးကင်းဖို့ အတွက် အသက်ပေးသွားတာတို့လို သူရဲကောင်း၊ လူအများ လေးစားရတဲ့ လူရဲ့ မျိုးဆက်ကို ပေးတာမျိုးပါ။ အထူးသဖြင့်တော့ အသက်ပေးသွားရတဲ့ လူတွေရဲ့ မျိုးဆက်‌ကို‌ ပေးတာများပါတယ်။)

Scholarship မှာ Full scholarship နဲ့ partial scholarship ဆိုပြီး အဓိက (၂) မျိုး ရှိတယ်။ Full ဆိုရင် ကျောင်းလခ (တနည်း ကျောင်းစရိတ်) ငြိမ်းမယ်။
Partial ဆိုရင် မငြိမ်းဘူး ကိုယ့်ဖက်ကလဲ ပေးရမယ်။ အပြည့်မပေးရတာပဲ ရှိတာ။

Full-Ride ဆိုတာ ရှိသေးတယ်။ အဲ့တာက ကျောင်းလခ + နေစရိတ် + စားစရိတ် + Lab အသုံးပြုခ + စာအုပ်ဖိုး ဘာဘာညာညာ အကုန်ငြိမ်းတယ်။
ကိုယ့်ဖက်က ဘာမှ မထုတ်ရသလောက်ပဲ။ တစ်ခါတစ်လေ ထောက်ပံ့ကြေးတွေပါ ထပ်ရနိုင်သေးတယ်။

ကဲ အခုတော်တော် များများလဲ ‌ပြောပြီးပြီ ဆိုတော့ ကျနော်၊ ကျမ က ဘာလုပ်ဖို့ လိုသလဲ ရှင့်၊ ဗျ ဆိုတဲ့ မေးခွန်းကို ဆက်ဖြေပေးပါ့မယ်။

×
What we need
(လျှောက်မယ့်လူက ဘာတွေလိုမလဲ)

(၂) ချက်ပဲ
အရမ်းအရေးကြီးပါတယ်။

(၁) စာတော်ရမယ်
(၂) ပိုက်ဆံ မတတ်နိုင်ရဘူး

စာမတော်ဘူးဆို ရဖို့မလွယ်ပါဘူး။ ချွင်းချက် အခြေအနေမှာ ရောက်နေတဲ့ ကျောင်းသားတွေလွဲရင် ကျန်တဲ့ ကျောင်းသားတော်တော်များများက စာမှာ ကိုယ့်ရဲ့ highest potential ကို တင်ထားရပါမယ်။ ပြောချင်တာက ကိုယ်လုပ်နိုင်တာ ဒါအကုန်ပဲ ဆိုတဲ့ အဆင့်ထိရောက်အောင် ကြိုးစားထားဖို့ လိုပါတယ်။

နောက်တစ်ခုက ပိုက်ဆံ တတ်နိုင်တယ်ဆိုရင် မလျှောက်တာ ကောင်းပါတယ်။ ပိုက်ဆံ မတတ်နိုင်တဲ့ လူတွေကို ဦးစားပေးတဲ့ အနေနဲ့ရော၊ scholarship ရဲ့ နောက်ဆက်တွဲ တာဝန်ယူရမှုတွေ အတွက်ရော၊ ကျောင်းသားရဲ့ လွတ်လပ်စွာ ရွေးချယ်နေထိုင်ခွင့်ကို အကန့်အသတ် ဖြစ်‌စေဂတဲ့အတွက် ပိုက်ဆံ တတ်နိုင်ရင်တော့ မလျှောက်တာ ကောင်းပါတယ်။

(ပိုက်ဆံ မတတ်နိုင်တာကတော့
တစ်နိုင်ငံလုံး နီးပါးပဲ‌မို့ အားလုံး အတူတူလောက်ပါပဲ
မြင်သာအောင် ထည့်ပြောပေးတာပါ)

အပေါ်က အချက် (၂) ချက်နဲ့ ပြည့်စုံပြီဆိုရင် နောက်ထပ် လိုအပ်တဲ့ တစ်ချက်ကတော့ "တော်"ရပါမယ်။

ဘာကို "တော်"ရမှာလဲဆိုရင် အကုန်လုံးပါပဲ။
Email သုံးတတ်ရမယ်၊ Google Service တွေ သုံးတတ်သင့်တယ်၊ Language Skill က နေရာတစ်ခုမှာ ရှိသင့်တယ်၊ မျက်စိဖွင့် နားစွင့်ပြီး အမြင်ကျယ်မယ်၊ Communication Skill ကောင်းရမယ်၊ စကားပြောတတ်၊ ဆိုတတ်ရမယ်။

လူတစ်ယောက်မှာ တော်တယ်လို့ သတ်မှတ်လို့ ရတဲ့ traits တွေ တော်တော်များများ ရှိဖို့လိုပါတယ်။
မရှိသေးရင် ရှိအောင် အခုက စပြီး ကြိုးစားပါ။
အဲ့တာက Scholarship ရဖို့ တစ်ခုထဲတင်မဟုတ်ပဲ ကျောင်းသားတွေရဲ့ ဘဝမှာ စွန့်စားခန်းတွေ ထွက်တဲ့အခါအများကြီး လိုအပ်တဲ့ အတွက်‌ကြောင့်ပါပဲ။

Scholarship ဆိုတာ အခြေခံ ပညာအဆင့် (မူလတန်း+အလယ်တန်း+အထက်တန်း) မှာ ပေးတာမဟုတ်ပဲ advance ပညာရေးဖြစ်တဲ့ University ပညာရေးမှာ ပေးတာ ဖြစ်လို့ ကလေးဘဝ ကနေ လူကြီး စတင်ဖြစ်လာတဲ့ အချိန်လို့ ပြောလို့ရတယ်

အဲ့ဒီအတွက် ဘဝကို ရင်ဆိုင်ဖို့ skills တွေ အတိုင်းအတာ တစ်ခုအထိ လိုအပ်ပါတယ်။ အခုက စတင်ပြီး develop လုပ်ရမှာ ဖြစ်တယ်။ အဲ့အတွက် "တော်" အောင် ကြိုးစားသင့်တယ်။

ယေဘူယျအားဖြင့် လူတစ်ယောက်ကို တော်စေနိုင်မယ့် အရာလေးတွေကို နည်းနည်းပြောပြရရင် စာဖတ်ခြင်း အသိပညာ၊ ဗဟုသုတတွေကို ရရင် ရသလို ရှာဖွေ လေ့လာနေတတ်ခြင်း စိတ်ခံစားချက်ကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်ခြင်း ကိစ္စတစ်ခုကို ဟိုဖက်၊ ဒီဖက် ဘက်ပေါင်းစုံက တွေးပြီး ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်ခြင်း ပေါင်းတတ် သင်းတတ်ခြင်း အချိန်မဖြုန်းတတ်ခြင်း
အများကြီးပေါ့လေ... Scholarship လျှောက်ချင်တယ်။ ရချင်တယ်ဆိုရင်တော့ ဒီလို အလေ့အကျင့်ကောင်းတွေကို develop လုပ်သင့်တယ်။

ကဲ ဘာတွေလိုအပ်သလဲဆိုတာကို သိပြီဆိုရင် ဘယ်လိုလျှောက်ရမလဲ ဆက်ပြောပြမယ်။

×
How to လျှောက်
(Scholarship ဘယ်လို စလျှောက်ရမလဲ)

Step by step

(1) Scholarship ပေးနေတဲ့ Program တွေကို ရှာရမယ်။

Internet Access ရတဲ့ ဘယ်သူမဆို ရှာလို့ရပါတယ်။ အရာအားလုံးက Online ပေါ်မှာ ရောက်နေပြီမဟုတ်ဘူးလား။
အဲ့တော့ ရှာပါ။

ကိုယ်က ထိုင်းမှာ တက်ချင်တယ်ဆိုရင် ထိုင်းမှာ ရှိတာကို ရှာပါ။ ကိုယ်က UK ဆို UK မှာ ရှိတာကို ရှာပါ။ များများ ရှာလေလေ... များများတွေ့လေလေပါပဲ။

အကြောင်းအရာ အပြည့်အစုံ နီးပါး သက်ဆိုင်ရာ website တွေမှာ ရေးသားထားပြီးသား။ ရှာဖတ်ရပါမယ်။ ရှာနေတာနဲ့တင် လနဲ့ ချီတောင် ကြာနိုင်ပါတယ်။ အေးအေးဆေးဆေး ရှာပါ။

(2) ဘာတွေလိုအပ်သလဲ သေချာ စုံစမ်းပါ။

ရှာလို့ တွေ့ပြီ... "ဒိုင်း" ဆိုပြီး ကိုယ်နဲ့ ကွက်တိ Scholarship ကို။
တက်ချင်တဲ့ တက္ကသိုလ် right ✅
လိုချင်တဲ့ ဘာသာရပ် အထူးပြုဘွဲ့ right ✅
သွားတက်ရမယ့် နေရာ right ✅ (Online ကနေလဲပါတယ်)
ပြီဆိုရင်...

အဲ့တာ လျှောက်တာ အောင်ဖို့အတွက် ဘာတွေလိုအပ်သလဲ သေချာ အသေးစိတ် လိုက်စုံစမ်းပါ။

IELTS band 8 လိုသလား
iGCSE A lvl လိုသလား
SAT အောင်ဖို့ လိုသလား

ဘာတွေ လိုသလဲ သေချာ စုံစမ်းပါ။ ပြီးရင် လိုတာတွေကို list လုပ်ပြီး တစ်ခုချင်းစီ ဖြည့်ပါ။

(3) လိုတာလဲ ပြည့်ပြီဆိုရင် လျှောက်ထားရမယ့် form တွေ လိုက်ရှာပါ။ အကုန် ဖြည့်သင့်တာ ဖြည့်၊ တောင်းသင့်တာ တောင်းပါ။

Recommendation letter တို့၊ ကျောင်းသားရဲ့ ကျောင်းတက်ရခြင်း ရည်ရွယ်ချက်၊ ကျောင်းပြီးရင် ဘာဆက်လုပ်မလဲ ဆိုတာတွေ...

ဒီနေရာမှာ တစ်ခု ပြောပြစရာရှိတာက ကျောင်းပြီးရင် ပိုက်ဆံရှာမှာကလေ လူတိုင်းရှာမှာ သိလား
တကယ်တော့ ကမ္ဘာပေါ်မှာ ရှိတဲ့လူတိုင်းက ပိုက်ဆံ ရှာနေကြတာချည်းပဲ

ဒါပေမယ့် အဲ့ထက်ပိုတဲ့ Goal တစ်ခုကို မြင်နိုင်ဖို့ လိုအပ်တယ်။ ရှိဖို့လဲ လိုအပ်တယ်။
ကဲ... အခု သောက်နေတဲ့ Coca Cola ပဲ ဆိုပါစို့။
အဲ့တာ အအေးရောင်းပြီး ပိုက်ဆံ ရှာနေတာပဲ but
နောက်ကွယ်မှာ လူတွေကို အမောပြေစေချင်တာ။ အပန်းပြေစေချင်တာ။ ပျင်းနေတာကနေ ပျော်စေချင်တာ။ ရေဆာ သက်သာစေချင်တာ။

ဘဝမှာ မောစရာကိစ္စတွေ လူတိုင်းမှာ တစ်ပုံကြီး။
အလုပ်က အပြန် လက်ဖက်ရည်ဆိုင်မှာ Cola အေးအေးလေး တစ်လုံးမှာပြီး သောက်လိုက်မယ်။ ဟူးးး အခုမှပဲ နည်းနည်း အမောပြေသွားတော့တယ်။ ပင်ပန်းလိုက်တာ အလုပ်က ဆိုပြီး တွေးမယ်။

ဆိုလိုရင်းက ကမ္ဘာပေါ်မှာ ရောင်းနေတဲ့ ဘယ်ကုန်ပစ္စည်း၊ ဘယ် service မဆို လူတွေကို အကျိုးပြုနေလို့ပဲ။
အကျိုးမပြုတဲ့ ပစ္စည်း ဘယ်တစ်ခုကိုမှ လူတွေ မဝယ်ဘူး။
အဲ့တာကြောင့် ငွေရှာတယ်ဆိုတဲ့ နောက်ကွယ်မှာ လူတွေကို အကျိုးတစ်ခုခု ပြုဖို့လိုအပ်တယ်။ လူတွေ ကိုယ့်ကြောင့် တစ်နေရာရာမှာ အဆင်ပြေသွားဖို့ လိုအပ်တယ်။

ပညာသင်ရခြင်း ရည်ရွယ်ချက်နဲ့ ကျောင်းပြီးသွားရင် ဘာလုပ်မလဲဆိုဝာာ အဲ့တာကို မေးတာပဲ။
ဒီပညာရပ်ကို အသုံးချပြီး ပိုက်ဆံရှာမယ် ဆိုတာ မှန်တယ်။
ဒါပေမယ့် အဲ့တာရဲ့ နောက်ကွယ်မှာ ကိုယ်က လူတွေကို ဘာလုပ်ပေးချင်လဲ ဆိုတာပဲ။

ဆေးကျောင်းတက်တဲ့ ကျောင်းသား တစ်‌ယောက် ဘွဲ့ရသွားရင် လူတွေကို ဆေးကုပေးမယ်။ နေမကောင်း ဖြစ်နေတဲ့ လူတွေကို ကူညီပေးချင်တယ်။ ခံစားနေရတဲ့ ရောဂါတွေ သက်သာအောင် ဆေးထုတ်ချင်တယ်။ ဆိုတာမျိုး...

(4) အကုန်ပြီးပြီဆိုရင်တော့ လျှောက်ရုံပဲပေါ့

ဘာများလိုသေးလို့လဲ... ကိုယ့်ဖက်ကလိုတာတွေ ပြည့်အောင် ဖြည့်စည်း ပြီးပြီဆိုရင် လျှောက်လိုက်ဖို့ပဲ လိုတော့တာ
အောင်မြင်တယ်၊ မအောင်မြင်ဖူးဆိုတာက ပေးမယ့် အဖွဲ့အစည်းက ဆုံးဖြတ်တာ ဖြစ်လို့ အဲ့တာ သူတို့အပိုင်းပါပဲ။

အောင်မြင်ရင် ကောင်းတယ်။ အဆင်ပြေတယ်။ ရှေ့ကို ဆက်ပြီး သွားမယ်။

မအောင်မြင်ဘူး ဆိုရင်လဲ ကိုယ်က အကောင်းဆုံး ကြိုးစားခဲ့တာပဲလေ... စိတ်ဓါတ်ကျစရာ မလိုပါဘူး။ နောက်တစ်ကြိမါထပ်ကြိုးစားတာပဲ ဖြစ်ဖြစ်၊ တစ်ခြား တစ်နေရာမှာ ဆက်လျှောက်တာပဲ ဖြစ်ဖြစ်... လုပ်ပါ။

×
အောင်မြင်ပြီး နောက်ပိုင်း ကိစ္စများ

အောင်မြင်ပြီ တက်လို့ရပြီဆိုရင် နောက်ဆက်တွဲ ကိစ္စလေးတွေ ရှိတယ်။
တစ်ခါထဲ ရှင်းရှင်းလင်းလင်း အကုန်မေးထားဖို့ လိုပါတယ်။

I receive Scholarship
What do I need to give?
ကိုယ်က ဘာပြန်ပေးဖို့ လိုသလဲ...
ဘာမှ ပေးစရာ မလိုတာမျိုးလဲ ရှိတယ်။

ပေးစရာ လိုတဲ့အခါလဲ ရှိတယ်။ သူတို့ သတ်မှတ်ထားတဲ့ နေရာမှာ အလုပ်တစ်ခုကို ၁ နှစ်၊ ၂ နှစ် ဝင်လုပ်ပေးရတာမျိုး။
သူတို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းမှာ ကူညီပေးရတာမျိုး။
အမျိုးမျိုးပေါ့လေ...

သေသေချာချာ မေးမြန်းပြီး ကိုယ်လက်ခံနိုင်တယ်ဆိုမှ တက်ပါ။ လက်မခံနိုင်ဘူးဆိုရင် ငြင်းပယ်လို့ ရပါတယ်။ (မလျှောက်ခင်ကတည်းက တစ်ခါထဲ မေးမြန်းထားတာ ပိုကောင်းတယ်။ တစ်ချို့ Scholarship တွေက ရပြီးရင် ပြန် ငြင်းလို့ မရဘူး)

နောက်တစ်ခုက
ကျောင်းတက်နေစဉ် ကိုယ်က ဘာတွေ ပြည့်မှီရမလဲ?

အဲ့တာလဲ သိထားဖို့လိုမယ်။
မဟုတ်ရင် ကျောင်းတန်းလန်းနဲ့ အိမ်ကို ပြန်ပို့ခံရနိုင်တယ်။

အတန်းချိန် ပျက်ခွင့်မရှိတာတို့။
လစဉ် စာမေးပွဲတိုင်းမှာ အမှတ် ဘယ်လောက် အနည်းဆုံး ရနေရမှာတို့။
အကြောင်းအရာလေးတွေ ရှိတယ်။ မေးပါ။ မြန်းပါ။ စုံစမ်းပါ။

It's all about research ပဲ။
အကုန် ရှာဖွေ စုဆောင်းရမှာချည်းပဲ။

ကဲ အခုဆို တော်တော် သိသွားကြပြီထင်တယ်။

သိန်းရာချီကုန်ခံပြီး အလုပ်ရဖို့ တွေးပူနေမလား ❓သိန်းတစ်ရာ ဝန်းကျင်သုံးပြီး 𝐃𝐢𝐩𝐥𝐨𝐦𝐚 လည်းရ𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞𝐬 တွေ...
14/07/2023

သိန်းရာချီကုန်ခံပြီး အလုပ်ရဖို့ တွေးပူနေမလား ❓

သိန်းတစ်ရာ ဝန်းကျင်သုံးပြီး 𝐃𝐢𝐩𝐥𝐨𝐦𝐚 လည်းရ
𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞𝐬 တွေလည်း ယူပြီး 𝐃𝐫𝐞𝐚𝐦 𝐉𝐨𝐛 တွေဆီ သွားမလား ❓

=======================

ကျောင်းလည်းတက်မယ် အလုပ်လည်းလိုချင်ကွာ ဆိုတဲ့ ရည်မှန်းချက်ကြီးတဲ့ ကျောင်းသားတွေအတွက် 🙆‍♂️

လက်ရှိသင်ယူလို့ရမည့် အလုပ်နဲ့တွဲပေးထားတဲ့ Courses တွေကတော့

𝟏. 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐢𝐭𝐲 & 𝐓𝐨𝐮𝐫𝐢𝐬𝐦 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭

𝟐. 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭

𝟑. 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐚𝐧𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲

အကြိုက်တွေ့စေမယ့် အချက်ကတော့ ✴

✅ ချက်ချင်းပေးစရာဘဲ Singapore ရောက်မှ School Fees ( ကျောင်းလခကို) ကိုယ်တိုင်းသွင်းရတာပါ

(ဒါမျိုးက ရှားပါးတဲ့အခွင့်ရေးပါနော်) ❤

============+

အခြေခံပညာ အထက်တန်းအဆင့်ရှိပြီး

English ကို Basic လောက် ရတယ်ဆိုရင်ဘဲ
အမြန်ဆုံး လာ join လှည့်ပါ.......

ဘာတွေအကျိုးကျေးဇူးရနိုင်မလဲ 🤔

𝐈𝐧𝐞𝐫𝐧𝐬𝐡𝐢𝐩 ကာလမှာ အခြေခံလခအနေနဲ့
𝐒𝐆𝐃 𝟏𝟎𝟎𝟎 - 𝟏𝟐𝟎𝟎 ရမှာဖြစ်ပြီး
𝐎𝐓 ဆင်းရရင် 𝐎𝐓 ကြေးလည်းပေးတာမို့

ကြိုးစားမယ်ဆိုရင် မြန်မာငွေနဲ့ဆို သိန်း ၂၀-၃ဝ ကြားရနိုင်ပါတယ် 𝐍𝐢𝐜𝐞 😉😉

Internship ၆လမှာ Performance ကောင်းတွေ
ပြသနိုင်ပြီး တကယ်ကြိုးစားမယ်ဆိုရင်

Spass ရပြီး 2နှစ် စာချုပ်နဲ့ တစ်လကို အခြေခံလစာ 2500SGD နဲ့ အထက် ထိ တိုးမြင့်သွားနိုင်တဲ့အခွင့်ရေးလည်းရှိပါတယ်

ဒီတော့ ကြိုးစားရင် ကြိုးစားသလို အခွင့်ရေးတွေချည်းဘဲနော့..... 😁

စိတ်ပါဝင်စားတယ်ဆိုရင်တော့

☎ +𝟗𝟓𝟗 𝟗𝟕𝟎 𝟕𝟎𝟎 𝟑𝟒𝟕
☎ +𝟗𝟓𝟗 𝟗𝟓𝟏 𝟒𝟔𝟓 𝟐𝟕𝟕 တို့ကို

ဖုန်း / 𝐕𝐢𝐛𝐞𝐫 / 𝐖𝐡𝐚𝐭𝐬𝐚𝐩𝐩 တို့ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါပြီ



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Towards "Inspiration Dream In Singapore" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share