မြန်မာတစ်နိင်ငံလုံးဆိုင်ရာ စီးပွားရေးတက္ကသိုလ်ကျောင်းသူ/သားများ အသင်း

  • Home
  • Myanmar
  • Yangon
  • မြန်မာတစ်နိင်ငံလုံးဆိုင်ရာ စီးပွားရေးတက္ကသိုလ်ကျောင်းသူ/သားများ အသင်း

မြန်မာတစ်နိင်ငံလုံးဆိုင်ရာ စီးပွားရေးတက္ကသိုလ်ကျောင်းသူ/သားများ အသင်း မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ စီးပွာ

02/04/2022

(၂၀၂၂)ခုနှစ်၌ကျင်းပသော တရားမဝင်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူများအား တက္ကသိုလ်ဝင်ခွင့် လက်ခံမည်မဟုတ်ကြောင်းထုတ်ပြန်ခြင်း
ကြေညာချက်အမှတ်(၅/၂၀၂၂)

(၅/၂ဝ၂၂)ဟုပြင်ဆင်ဖတ်ရှုပေးပါရန်။

20/02/2022

ကယားပြည်နယ်ရှိတော်လှန်ရေးအင်အားစုများအတွက် ဆေးဝါးနှင့် နှုတ်ခမ်းနီးဖိုးများ လှူဒါန်းနိုင်ပါရန်
======================

ယခုချိန်ထိ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးအင်အားစုများမှ အသက်ကိုပင်မငဲ့ကွက်ဘဲ မြေပေါ်မြေအောက်တော်လှန်နေကြသည်မှာ ယနေ့ထိပင်ဖြစ်သည်။
လတ်တလောတွင် ကယားပြည်နယ်၌ အကြမ်းဖက်စစ်တပ်နှင့်တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး PDF သူရဲကောင်းအချို့ ကျဆုံးခဲ့ကြရသည်။ ကျွန်ုပ်တို့ PDFများအတွက် ပြည်သူလူထု၏ ဆေးဝါး၊ နှုတ်ခမ်းနီအစရှိသည်တို့ကို အရေးပေါ်ထောက်ပံ့ရန်လိုအပ်လျက်ရှိသည်။
အကြမ်းဖက်စစ်တပ်ကိုအမြစ်ဖြတ်ရန် ပြည်သူလူခုအနေနဲ့ တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

(ဆက်သွယ်လှူဒါန်းလိုပါက မိတ္ထီလာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ Pg Messengerတွင် ဆက်သွယ်လှူဒါန်းနိုင်ပါသည်)

#မိတ္ထီလာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

31/01/2022
အရေးတော်ပုံ ... အောင်ရမည် #မြန်မာနိင်ငံလုံးဆိုင်ရာစီးပွားရေးကျောင်းသူ၊သားများအသင်း
31/12/2021

အရေးတော်ပုံ ... အောင်ရမည်

#မြန်မာနိင်ငံလုံးဆိုင်ရာစီးပွားရေးကျောင်းသူ၊သားများအသင်း

မတရား အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင့် ပညာတတ် ဆရာ၊ဆရာမများ၊ ဝန်ထမ်းများသည် တိုင်းပြည်တွက်ကိုယ်ကျိူးစွန့် အနစ်နာခံ CDM တွင...
02/11/2021

မတရား အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင့် ပညာတတ် ဆရာ၊ဆရာမများ၊ ဝန်ထမ်းများသည် တိုင်းပြည်တွက်ကိုယ်ကျိူးစွန့် အနစ်နာခံ CDM တွင် ပါဝင်နေချိန်မှာ အခွင့်ကောင်းယူပြီး နေရာ၊ ရာထူးမက်မောသော ပညာမဲ့အောက်တန်းစားစိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ မြန်မာ နိင်ငံလုံးဆိုင်ရာ စီးပွားရေးတက္ကသိုလ် ကျောင်းသူ၊သားများ အသင်းမှ ပြင်ထန်းစွား ရှုတ်ချပါသည်။

ထိရောက်သော အရေးယူမှုများအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေး အကြောင်းကြားပါသည်။

#မြန်မာနိင်ငံလုံးဆိုင်ရာစီးပွားရေးတက္ကသိုလ်ကျောင်းသူသားများအသင်း
#ရန်ကုန်စီးပွားရေးတက္ကသိုလ်
#မိတ္ထီလာစီးပွား‌ရေးတက္ကသိုလ်
#မုံရွာစီးပွားရေးတက္ကသိုလ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာနမှ ရာထူးမှ ထုတ်ပယ်ခြင်း စာရင်းထုတ်ပြန်ရာ၌ မိထ္တီလာစီးပွားရေးတက္ကသိုလ် နှင့် ရန်...
27/10/2021

အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာနမှ ရာထူးမှ ထုတ်ပယ်ခြင်း စာရင်းထုတ်ပြန်ရာ၌ မိထ္တီလာစီးပွားရေးတက္ကသိုလ် နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့ ပါ‌ မောက္ခချုပ်များပါ ထုတ်ပယ်ခံရ

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်

#မိထ္တီလာစီးပွားရေးတက္ကသိုလ်
#ရန်ကုန်စီးပွားရေးတက္ကသိုလ်
#မြန်မာနိုင်ငံလုံးဆိုင်ရာစီးပွားရေးတက္ကသိုလ်ကျောင်းသူသားများအသင်း

အောက်တိုဘာလ ၂၅ရက်နေ့ မှ ၃၁ရက်နေ့အတွင်း သွေးစွန်းငွေ ဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု1. တောင်းဆိုချက် (Petition...
25/10/2021

အောက်တိုဘာလ ၂၅ရက်နေ့ မှ ၃၁ရက်နေ့အတွင်း သွေးစွန်းငွေ ဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု

1. တောင်းဆိုချက် (Petition) ၄ခုတွင် မိမိကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးပြီး လှုမှုကွန်ယက်ပေါ်တွင် ပြန်လည် မျှဝေပါ။
Chevron Petition: https://bit.ly/nochevron
Total Petition: https://bit.ly/totalpetition
POSCO Petition: https://bit.ly/poscopetition
MOGE US Petition: https://bit.ly/sanctionMOGE

လတ်မှတ်ထိုးရာတွင် အသေးစိတ်သိရှိလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ https://www.facebook.com/108745491471914/posts/156442890035507/

2. ယခု လင့်မှတစ်ဆင့် https://twb.nz/bmc22222-url Facebook Profile Frame ပြောင်းခြင်းဖြင့် ဆန္ဒပြမှုတွင်ပါဝင်ပါ။
Frame ပြောင်းနည်း အသေးစိတ်ကို ဒီLinkကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/108745491471914/posts/158026393210490/

3. Twitter Trending ကမ်ပိန်းတွင် ပါဝင်ပါ။
Twitter Trending နဲ့ ပတ်သက်ပြီး Twitter Team for Revolution ရဲ့ လမ်းညွှန်ချက်တွေကိုကြည့်ပါ။
https://www.facebook.com/twtfmm/
Tweet လုပ်ရန် Sample Tweetများကို ဒီLinkကနေကြည့်ရှုနိုင်ပါတယ်။ https://drive.google.com/.../1bkCYDU6H9RXQFCAX455.../view...

4. မြေပြင်၊ အွန်လိုင်း ဆန္ဒပြမှုများတွင် ပါဝင်ပါ။
မြေပြင်သပိတ်တွင် မပါဝင်နိုင်သူများအနေဖြင့် ၃၀ရက်နှင့် ၃၁ရက်နေ့တွင် အွန်လိုင်း ဓါတ်ပုံ ကမ်ပိန်းတွင် ပါဝင်နိုင်ပါတယ်။ https://www.facebook.com/108745491471914/posts/158407486505714/

5. နိုင်ငံတကာ အစိုးရ၊ ဘဏ်များ၊ ရေနံ ကုမ္ပဏီတွေရဲ့ CEO နဲ့ရှယ်ယာပိုင်ရှင်တွေကိုအိတ်ဖွင့်ပေးစာပေးပို့ရာတွင် ပါဝင်အားဖြည့်ပါ။
မိမိတို့ အဖွဲ့အစည်းအနေဖြင့် စစ်အုပ်စုထံ ငွေပေးချေခြင်း ရပ်တန့်ရန် ဖိအားပေး တောင်းဆိုသော အိတ်ဖွင့်ပေးစာတွင် ပူးပေါင်း ပါဝင်လိုပါက https://bit.ly/endorseBMC ယခု လင့်ခ်တွင် အဖွဲ့အစည်းအနေဖြင့် စာရင်းသွင်းခဲ့ပေးပါ။

6. သွေးစွန်းငွေဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်လှုပ်ရှားမှုအကြောင်း အသေးစိတ်သိချင်ပါက အောက်ပါ Link ကနေတစ်ဆင့်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/108745491471914/posts/155162553496874/

မြန်မာပြည်ကိုကယ်တင်ရေး စစ်ကောင်စီကိုငွေမပေး
Freeze Payments To Junta and Save Myanmar
အကြမ်းဖက် စစ်တပ် ယန္တရား ရပ်တန့်ဖို့ သင်ကိုယ်တိုင် ပါဝင်လိုက်ပါ။




#မြန်မာနိင်ငံလုံးဆိုင်ရာစီးပွားရေးတက္ကသိုလ်ကျောင်းသူသားများအသင်း

🥰🥰🥰
09/10/2021

🥰🥰🥰

"အမျိုးသားညီညွှတ်ရေးအစိုးရ အသိမှတ်ပြု Certificate in Business Management (BM) သင်တန်း"

- Batch-1 အတွက်လူပြည့်သွားပြီဖြစ်လို့ Batch-2 မှဆက်လက်လက်ခံပါတော့မယ်ခင်ဗျာ။

မိတ္ထီလာစီးပွားရေးတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီ (MEUE Interim Council) မှ ဦးဆောင်ပြီး All Inclusive Free Education ၏ တစိတ်တပိုင်းအဖြစ် Certificate in Business Management သင်တန်းအား ဖွင့်လှစ်လိုက်ပါသည်။ ယခုသင်တန်းအား မိတ္ထီလာစီးပွားရေး တက္ကသိုလ်မှ CDM ဆရာ၊ဆရာမများ ကိုယ်တိုင်သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းကြေးမှာ အခမဲ့ဖြစ်ပါသည်။

ယခု သင်တန်းတွင်-
1. Introduction to Management
2. Basic Functions of Management
3. Managerial Skills
4. Levels of Management
5. Organizational Environment
6. SWOT Analysis
စသည့် စီမံခန့်ခွဲမှုဆိုင်ရာခေါင်းစဉ်များကို အခြေခံမှစ၍ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါသည်။

☑️ Business Management ကိုစိတ်ဝင်စားသူ၊ management ပညာရပ်ဖြင့်အသက်မွေးလိုသူ၊ လုပ်ငန်းခွင်သို့ဝင်လိုသူ မည်သူမဆို အခမဲ့တက်ရောက်ပညာသင်ကြားနိုင်ပါသည်။

တက်ရောက်လိုသူများအနေဖြင့်-
👉 ယခု post ကို like & share လုပ်ပေးပါ။
👉 ၎င်း like & share လုပ်ထားသည့် post အား screenshot ရိုက်၍ ယခု page messenger မှတဆင့် မိမိအမည်၊ တက်ရောက်လိုသော သင်တန်းအမည်နှင့်တကွ ပေးပို့ရမှာဖြစ်ပါသည်။


သင်ကြားပို့ချမည့်ပုံစံ
Facebook group တွင် ကြိုတင်ရိုက်ကူးထားသောသင်ခန်းစာများ (recorded videos)ဖြင့် သင်ကြားမည်ဖြစ်ပါသည်။

Examဖြေဆိုပြီး Certificate ရယူမည့် သင်တန်းသူ/သားများအနေနှင့် သင်တန်းပြီးဆုံးချိန်တွင် Quiz Test ဖြေဆိုရမည်ဖြစ်သည်။ Quizz Test မဖြေဆိုမီ Wind Up Discussionကို Zoom Platform မှတဆင့် ပြုလုပ်‌ေပးပါမည်။

သင်တန်းကာလ (duration)
တစ်ပတ်လျှင် unit တခုစာ recorded video ၁ ပုဒ် တင်ပေးမည်ဖြစ်ပြီး Unit (၆) ခုအတွက်စုစုပေါင်း သီတင်းပတ် (၆) ပတ် (တစ်လခွဲ) ကြာမြင့်မှာဖြစ်ပါသည်။

** မည်သူမဆို အခမဲ့သင်ကြားနိုင်မှာဖြစ်ပြီး၊ NUG အသိမှတ်ပြု မိတ္ထီလာစီးပွားရေးတက္ကသိုလ်၏ Certificate ရယူလိုသူများအနေဖြင့် Certificate + Exam fees = 10,000 ကျပ်ကို (25.10.2021) ရက်နောက်ဆုံးထား ပေးသွင်းရမည် ဖြစ်ပါသည်။ ၎င်းမှ ရရှိသည့်ငွေကြေးများကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်ရှိ CDMဆရာ၊ဆရာမ၊ဝန်ထမ်းများနှင့် တော်လှန်ရေးကာလအတွင်း လိုအပ်လျက်ရှိသော နေရာများတွင် အသုံးပြုသွားမည်ဖြစ်ပါသည်။

မိတ္ထီလာစီးပွားရေးတက္ကသိုလ်
ယာယီတက္ကသိုလ်ကောင်စီ

သင်တန်းအပ်နှံပုံအဆင့်ဆင့်-
https://www.facebook.com/109292484684344/posts/179650747648517/

English version:
Recognized by the National Unity Government (NUG)
Organized by the Interim Council of Meikhtila University of Economics (MEUE)
Lectured by CDM teachers

Certificate Course in Business Management

Course Description
The Interim Council of MEUE is delighted to announce that MEUE, as part of all-inclusive free education, MEUE is now opening a Certificate Course in Business Management to those interested in business management.

Well-experienced professional CDM teachers from MEUE will teach the course. Yet, the tuition fee is free of charge!

The topics covered in the course are;
• Introduction to Management
• Basic Functions of Management
• Managerial Skills
• Levels of Management
• Organizational Environment
• SWOT Analysis

Interested?
If interested in pursuing the course, please, like & share this post to the public on Facebook. And, do send a screenshot of that “liked-and-shared post” to the Messenger of this page together with your name and the name of the course.

Teaching Style
Once admitted to the course, you are added to a Facebook closed group where you can learn lectures on recorded videos on weekly basis.

For those who intend to receive a certificate, quiz test is included at the end of course. Before quiz test, wind up discussion will be organized on the Zoom platform.

Duration
The course is 6 weeks long and one recorded video for one unit will be posted in the closed group on a weekly basis.

Want a certificate?
If you want a certificate recognized by NUG and conferred by Interim Council of MEUE, you are required to pay 10,000 MMK for exam and certificate fees.

Meikhtila University of Economics
Interim Council

❤️
05/08/2021

❤️

မိတ္ထီလာစီးပွားရေးတက္ကသိုလ်ရှိ CDMပြုလုပ်လျက်ရှိသော သူရဲကောင်းဆရာ၊ဆရာမ၊ဝန်ထမ်း
(၄၄)ဦး ကို တစ်ဦးလျှင် ၃၀၀၀၀ကျပ်ဂုဏ်ပြုထောက်ပံ့
================================
မိတ္ထီလာစီးပွားရေးတက္ကသိုလ်ရှိ CDMပြုလုပ်လျက်ရှိသော ဆရာ/ဆရာမ၊ဝန်ထမ်းများ ကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်ကောင်စီနှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ဂုဏ်ပြုချီးမြှင့်ငွေများကို သြဂုတ်လအတွက် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

လစဥ်ရပ်တည်နိုင်ရန် ကျောင်းသားပြည်သူများအနေနဲ့ CDM ချီးမြှင့်ငွေများ ထည့်ဝင်နိုင်ပါသည်။

ထောက်ပံ့လှူဒါန်းလိုပါက page cbမှာ လာရောက်စုံစမ်းမေးမြန်းလှူဒါန်းနိုင်ပါသည်။

#ဘဏ္ဍာရေးကော်မတီ
#မိတ္ထီလာစီးပွားရေးတက္ကသိုလ်ယာယီတက္ကသိုလ်ကောင်စီ

❤️
05/08/2021

❤️

မိတ္ထီလာစီးပွားရေးတက္ကသိုလ်(ယာယီတက္ကသိုလ်ကောင်စီ)၏( ၄.၈.၂၀၂၁)ရက်နေ့ ဘဏ္ဍာရေးရှင်းတမ်း
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

ရာသီဥတုက 🌧️ မိုးလေးတော့ အေးနေတယ် 👉 သွေးတော့ မအေးကြေးနော်။🤝 လက်တွဲကြပါ။ လက်မတွဲနိုင်ရင်တောင် လက်ကမ်းကြိုဆိုပေးကြပါ။ 🙏 ကူည...
04/08/2021

ရာသီဥတုက 🌧️ မိုးလေးတော့ အေးနေတယ် 👉 သွေးတော့ မအေးကြေးနော်။

🤝 လက်တွဲကြပါ။
လက်မတွဲနိုင်ရင်တောင် လက်ကမ်းကြိုဆိုပေးကြပါ။ 🙏 ကူညီပေးကြပါနော်။

မကောက်တာ ကြာပြီဖြစ်တဲ့ 💢 စီးပွားရေး ကျောင်းဆင်း PDF များအတွက် 👉 လိုအပ်တာများနဲ့ သူတို့ အလိုရှိတာများ ဖြည့်ဆည်းနိုင်ရန်အတွက် တတ်နိုင်သလောက် 💸 အစွန်းထွက်ပဲဖြစ်ဖြစ် ပါဝင်ကူညီကြဖို့အတွက် တောင်းဆိုလိုက်ပါတယ်နော်။ 🙏

အခုလို 🦠 ကိုဗစ်နဲ့ 😔 ကိုစစ်ကြားမှာ အလှူငွေကောက်ခံရတာ အားနာမိပေမယ့် ကိုယ်တွေထက် အဆင်မပြေတာများစွာ ရှိနေသေးတာရယ် လိုချင်ကြတဲ့ 💪 ပန်းတိုင် မရောက်သေးတာရယ်ကြောင့် နားလည်ပေးစေလိုပါတယ်။

💢 ထည့်ဝင် လှူဒါန်းလိုသူများအနေနဲ့ 📩 Page Messenger ကိုလာခဲ့ကြပါနော်။ ကျေးဇူးတင်ပါတယ်။

#မြန်မာတစ်နိင်ငံလုံးဆိုင်ရာစီးပွားရေးတက္ကသိုလ်ကျောင်းသူ/သားများအဖွဲ့
#စီးပွားရေးတက္ကသိုလ်

မြန်မာနိုင်ငံလုံးဆိုင်ရာ စီးပွားရေးတက္ကသိုလ် ကျောင်းသား၊သူများအသင်း(MEUSO) မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်းမှာ ရှိ...
04/08/2021

မြန်မာနိုင်ငံလုံးဆိုင်ရာ စီးပွားရေးတက္ကသိုလ် ကျောင်းသား၊သူများအသင်း(MEUSO) မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်းမှာ ရှိကြသော မြန်မာပြည်ဘက်မှ ချင်းပြည်နယ် ထန်တလန် နယ်စပ်ဒေသရှိ စစ်ဘေးရှောင်ပြည်သူတွေတွက် ကာလတန်ဖိုး ကျပ်20သိန်း တန်ဖိုးရှိသော အဝတ်အစား၊ အစားအသောက်၊ အမျိုးသမီး အသုံးအဆောင်များနှင့် ကလေး ကစားစရာ အရုပ်တွေကို ထောက်ပံ့ကူညီခဲ့ပါတယ်။

အလှူပစ္စည်းတွေကို Chin Warfare Organisation ထံ လွှဲပြောင်းပေးလိုက်ပါတယ်။

Chin Warfare Organisation မှ အိန္ဒိတွင်းမှာရှိတဲ့ မြန်မာမှ စစ်ရှောင်တွေရှိတဲ့နေရာ အလိုက်ခွဲဝေမျှဝေပေးသွားပါမယ်။

အလှူပစ္စည်းတွေကတော့ 3.8.2021(အဂ်ါနေ့)မှာ Lung Lei, Mizoram အောင်မြင်စွာရောက်ရှိပါတယ်။

#စီးပွားရေးတက္ကသိုလ်ကျောင်းသားသူများအသင်း

Address

Yangon
11181

Alerts

Be the first to know and let us send you an email when မြန်မာတစ်နိင်ငံလုံးဆိုင်ရာ စီးပွားရေးတက္ကသိုလ်ကျောင်းသူ/သားများ အသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to မြန်မာတစ်နိင်ငံလုံးဆိုင်ရာ စီးပွားရေးတက္ကသိုလ်ကျောင်းသူ/သားများ အသင်း:

Share