Interim National Management Degree College Council

Interim National Management Degree College Council Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Interim National Management Degree College Council, College & University, Botahtaung Pagoda Road, Myanmar, Burma (Myanmar), Yangon.

ဗကသများ အဖွဲ့ချုပ် ( အဖွဲ့ဝင် ) ကျောင်းသားရဲဘော် Grade 11 ကျောင်းသား မောင်မြင့်မြတ်ဦးလူမဆန်စွာ ရက်ရက်စက်စက် အသတ်ခံရမှုနှ...
16/07/2024

ဗကသများ အဖွဲ့ချုပ် ( အဖွဲ့ဝင် ) ကျောင်းသားရဲဘော် Grade 11 ကျောင်းသား မောင်မြင့်မြတ်ဦး
လူမဆန်စွာ ရက်ရက်စက်စက် အသတ်ခံရမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (နောက်ဆက်တွဲ)

ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်

၁။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင်နေထိုင်သော ဝက်လက်မြို့နယ်၊ ဗကသများ အဖွဲ့ချုပ် ( အဖွဲ့ဝင် ) ကျောင်းသားရဲဘော် Grade 11 ကျောင်းသား မောင်မြင့်မြတ်ဦး (အသက် ၁၆ နှစ်) သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၊ ည (၉) နာရီခန့်၌ သုသာန်မှ အင်တာနက်သုံးပြီး အိမ်အပြန်လမ်း တွင် ရက်စက်စွာ လည်လှီးဖြတ်၍ ဥပဒေမဲ့မတရားသဖြင့် အသတ်ခံရကြောင်း သိရှိရပါသည်။

၂။ ထိုကျောင်းသားသည် အရွယ်မရောက်သေးသည့်အပြင် အနေအေးပြီး မည်သူနှင့်မျှ ရန်ငြိုးရန်စ မရှိကြောင်း စုံစမ်းသိရှိရပါသည်။ ဤကဲ့သို့သော ကျောင်းသားလူငယ်ကို လူမဆန်စွာ ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ကြောင်း သိရှိရသည့်အတွက် များစွာဝမ်းနည်းအံ့ဩထိတ်လန့်ရပါသည်။

၃။ ကျောင်းသား/သူများ၏ ကျောင်းသားသမဂ္ဂများဖွဲ့စည်းခွင့်၊ ကျောင်းသားသမဂ္ဂများတွင် ပါဝင်ဆောင်ရွက် ခွင့်၊ လွတ်လပ်စွာသင်ယူခွင့်၊ လုံခြုံဘေးကင်းစွာအသက်ရှင်နေထိုင်ခွင့် အပါအဝင် ကလေးသူငယ်အခွင့် အရေးများကို ချိုးဖောက်မှုများ၊ ခြိမ်းခြောက်မှုများ၊ အုပ်စုဖွဲ့ဥပဒေမဲ့ရက်စက်ရမ်းကားမှုများ၊ ဖိနှိပ်မှုများ အားလုံးနှင့် ကျူးလွန်သူများအားလုံးကို ကျွန်ုပ်တို့ ကြားကာလတက္ကသိုလ်ကောင်စီများနှင့် ဘာသာရပ်ဘုတ် အဖွဲ့များအနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်။

၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ စိုးမိုးသည့် နယ်မြေတွင် ဖြစ်ပေါ်ခဲ့သည်ဖြစ်ရာ အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက တာဝန်ယူမှုတာဝန်ခံမှုရှိစွာ အမြန်ဆုံးဆောင်ရွက်ပေးရန်နှင့် စေခိုင်းသူများ၊ ကျူးလွန်သူများနှင့် ပူးပေါင်းဆောင်ရွက်သူများအပါအဝင် ဤအမှုတွင် ပါဝင်ဆက်စပ်ပတ်သက်သူများ အားလုံးကို ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူရန်နှင့် လုပ်ကိုင်ဆောင်ရွက်မှုများကို ပွင့်လင်း မြင်သာစွာထုတ်ပြန်ပေးရန် အလေးအနက်ထား တောင်းဆိုလိုက်သည်။
ဘာသာရပ်ဘုတ်အဖွဲ့များ နှင့် ကြားကာလတက္ကသိုလ်ကောင်စီများ

(၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့ ) သဘောထားထုတ်ပြန်ချက်တွင် ပါဝင်သည့် ဘာသာရပ်ဘုတ်အဖွဲ့များ နှင့် ကြားကာလတက္ကသိုလ်ကောင်စီများ*
ကွန်ပျူတာသိပ္ပံဘာသာရပ်ဘုတ်အဖွဲ့
ရုက္ခဗေဒနှင့် အဏုဇီဝဗေဒဘာသာရပ်ဘုတ်အဖွဲ့
ကလေးတက္ကသိုလ်၊ ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ
ကြားကာလတက္ကသိုလ်ကောင်စီ၊ တောင်ကုတ်တက္ကသိုလ်
ထားဝယ်နည်းတက္ကသိုလ်၊ ကြားကာလအုပ်ချုပ်မှုကောင်စီ
ဟင်္သာတနည်းပညာတက္ကသိုလ် ကြားကာလယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ
ကြားကာလတက္ကသိုလ်ကောင်စီ၊ ပဲခူးတက္ကသိုလ်
ကြားကာလတက္ကသိုလ်ကောင်စီ၊ ရေနံချောင်းတက္ကသိုလ်
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ
ကြားကာလတက္ကသိုလ်ကောင်စီ၊ မိတ္တီလာ နည်းပညာတက္ကသိုလ်
ကြားကာလတက္ကသိုလ်ကောင်စီ၊ ထားဝယ်နည်းပညာတက္ကသိုလ်
ယာယီတက္ကသိုလ်ကောင်စီ၊ နည်းပညာ တက္ကသိုလ်(မုံရွာ)
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ယာယီဒီဂရီကောလိပ်ကောင်စီ
နည်းပညာတက္ကသိုလ်(မကွေး)၊ ယာယီတက္ကသိုလ်ကောင်စီ
ဆေးတက္ကသိုလ် (မကွေး)၊ ယာယီတက္ကသိုလ်ကောင်စီ
ကွန်ပျူတာတက္ကသိုလ်(မကွေး)၊ ယာယီတက္ကသိုလ်ကောင်စီ
မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ ယာယီကောင်စီ
မြန်မာ့နွေဦးတက္ကသိုလ်
ကြားကာလယာယီတက္ကသိုလ်ကောင်စီ၊အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)
ယာယီတက္ကသိုလ်ကောင်စီ၊ သမဝါယမတက္ကသိုလ်ကောလိပ်များ
National University of Computer Studies (NUCS)

*မှတ်ချက်။ (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့ ) သဘောထားထုတ်ပြန်ချက်တွင် ပါဝင်သည့် ဘာသာရပ်ဘုတ် အဖွဲ့များ နှင့် ကြားကာလတက္ကသိုလ်ကောင်စီများ
စီးပွားရေးနှင့်စီမံခန့်ခွဲမှုသိပ္ပံဘာသာရပ်ဘုတ်အဖွဲ့
ပထဝီဝင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်ဘုတ်အဖွဲ့
ဗိသုကာဘာသာရပ်ဘုတ်အဖွဲ့
ဘူမိသိပ္ပံဘာသာရပ်ဘုတ်အဖွဲ့
မြန်မာစာဘာသာရပ်ဘုတ်အဖွဲ့
မြို့ပြအင်ဂျင်နီယာဘာသာရပ်ဘုတ်အဖွဲ့
ရူပဗေဒဘာသာရပ်ဘုတ်အဖွဲ့
သင်္ချာဘာသာရပ်ဘုတ်အဖွဲ့
သတ္တဗေဒဘာသာရပ်ဘုတ်အဖွဲ့
သမိုင်းဘာသာရပ်ဘုတ်အဖွဲ့
အင်္ဂလိပ်စာဘာသာရပ်ဘုတ်အဖွဲ့
ဥပဒေပညာဘာသာရပ်ဘုတ်အဖွဲ့
ကျောက်ဆည်တက္ကသိုလ် ကြားကာလယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ
ကြားကာလတက္ကသိုလ်ကောင်စီ၊ ကလေးတက္ကသိုလ်
ကြားကလတက္ကသိုလ်ကောင်စီ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်-ရေဆင်း
ကြားကာလ တက္ကသိုလ်ကောင်စီ၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)
ကြားကာလတက္ကသိုလ်ကောင်စီ၊ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)
ကြားကာလတက္ကသိုလ်ကောင်စီ၊ တောင်ငူတက္ကသိုလ်
ကြားကာလတက္ကသိုလ်ကောင်စီ၊ နွေဦးဆရာအတတ်ပညာတက္ကသိုလ်
ကြားကာလတက္ကသိုလ်ကောင်စီ၊ ပုသိမ်တက္ကသိုလ်
ကြားကာလတက္ကသိုလ်ကောင်စီ၊ ပြည်တက္ကသိုလ်
ကြားကာလတက္ကသိုလ်ကောင်စီ၊ မန္တလေးနည်းပညာတက္ကသိုလ်
ကြားကာလတက္ကသိုလ်ကောင်စီ၊ သင်ကြားရေးအတတ်ပညာတက္ကသိုလ်
ကြားကာလတက္ကသိုလ်ကောင်စီ၊ ဟင်္သာတတက္ကသိုလ်
ကြားကာလနည်းပညာတက္ကသိုလ် (စစ်တွေ) ယာယီကောင်စီ
ကြားကာလယာယီတက္ကသိုလ်ကောင်စီ၊အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)
တက္ကသိုလ်ကောင်စီ (ကြားကာလ)၊ စစ်ကိုင်းပညာရေးတက္ကသိုလ်။
တက္ကသိုလ်ကောင်စီ၊ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်
တက္ကသိုလ်ကောင်စီ၊ သန်လျင်နည်းပညာတက္ကသိုလ်
တောင်ကြီးတက္ကသိုလ်၊ ကြားကာလတက္ကသိုလ်ကောင်စီ
ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ
ဒဂုံတက္ကသိုလ်၊ ယာယီအုပ်ချုပ်ရေးကောင်စီ
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)၊ ဒီဂရီကောလိပ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၊ ဒီဂရီကောလိပ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ
မကွေးတက္ကသိုလ် ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ
မန္တလေးတက္ကသိုလ်၊ ကြားကာလယာယီတက္ကသိုလ်ကောင်စီ
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်-ကြားကာလတက္ကသိုလ်ကောင်စီ
မော်လမြိုင်တက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီ
ယာယီတက္ကသိုလ်ကောင်စီ၊ သူနာပြုတက္ကသိုလ် (မန္တလေး)
ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ
ရှမ်းပြည်နယ် တက္ကသိုလ်ကောင်စီကွန်ရက်

🧳Burma Academy နဲ့ Interim-NMDC Council တို့ ပူးပေါင်းဖွင့်လှစ်သွားမယ့် ​Fundamentals of Sales and Selling in Hospitalit...
16/12/2023

🧳Burma Academy နဲ့ Interim-NMDC Council တို့ ပူးပေါင်းဖွင့်လှစ်သွားမယ့် ​Fundamentals of Sales and Selling in Hospitality Industry Course 🧳

🧳Hospitality လုပ်ငန်းခွင်အကြောင်း စိတ်ပါဝင်စားပြီး ဝါသနာပါတဲ့ ကျောင်းသူကျောင်းသားတွေအတွက် Burma Academy နဲ့ Interim-NMDC Council တို့ ပူးပေါင်းပြီး Fundamentals of Sales and Selling in Hospitality Industry Courseကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီသင်ခန်းစာကတော့ self-paced ဖြစ်ပြီး Burma Academy ရဲ့ platform မှာ တက်ရောက်သင်ယူနိုင်မှာဖြစ်ပါတယ်။

🧳ဒီသင်တန်းကတော့ Hospitality Industry ရဲ့ အခြေခံ သဘောတရားတွေ၊ Hospitality Industry နဲ့ ခရီးသွားလုပ်ငန်း Tourism နဲ့ ဆက်နွယ်နေမှု၊ dynamic ဖြစ်တဲ့ ဒီကဏ္ဍထဲမှာ အလုပ်လုပ်ကိုင်တဲ့အခါ အသုံးချရမယ့် ရောင်းချပုံနည်းလမ်းတွေကို အသေးစိတ်ကျကျ နားလည်သဘောပေါက်စေဖို့ ရည်ရွယ်ထားပါတယ်။ ဒီနယ်ပယ်ရဲ့ အနုစိတ်မှုတွေကို လေ့လာကြရမှာဖြစ်ပြီး Hospitality နဲ့ Tourism အကြားက အပြန်အလှန်သက်ရောက်မှုတွေအကြောင်း သင်ယူနိုင်သလို Hospitality နယ်ပယ်ထဲက sales အကြောင်းကိုလည်း သေသေချာချာ ထဲထဲဝင်ဝင် နားလည်သိရှိနိုင်မှာဖြစ်ပါတယ်။

ဒီသင်တန်းမှာ သင်ကြားပြသပေးမှာကတော့ Sayar Austin ဖြစ်ပြီး
🔸 B.A (English)
🔸 Diploma in Hospitality and Tourism Management
🔸 Certificate in Community-Based Tourism (from CBTi Chiang Mai)
🔸 မြန်မာနိုင်ငံရှိ 4 Stars/ 5 Stars ဟိုတယ်ကြီး‌တွေမှာ Sales အပိုင်းနဲ့ (၆)နှစ်ကျော် လုပ်ငန်းအတွေ့အကြုံရှိပါတယ်။

Sales အပိုင်းသာမက Marketing နဲ့ Digital Marketing အပိုင်းများကိုပါ တာဝန်ယူလုပ်ဆောင်ပေးခဲ့တဲ့ Professional တစ်ဦးလည်းဖြစ်ပါတယ်။

Tourism နဲ့ပတ်သက်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ Tourism Industrial Operation and Management အပိုင်းကို စာတွေ့သာမက လက်တွေ့ပါ သင်ယူထားသူဖြစ်ပြီး Yangon Heritage Tourism Management အတွက် Project တစ်ခုလုပ်ဖူးသူလည်းဖြစ်ပါတယ်။

နိုင်ငံတကာအတွေ့အကြုံအနေနဲ့ Thailand CBT Institute ရဲ့အထောက်အပံ့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ Pong Huai Lan ရွာမျာ လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism)အကြောင်းကို လက်တွေ့ကွင်းဆင်း Project များလုပ်ဆောင်ကာ CBT Operation and Management ကိုသင်ယူခဲ့ပါတယ်။
(CBT သည်မြန်မာနိုင်ငံအတွင်းဖော်ဆောင်ရန်လုပ်ကိုင်နေဆဲ ခရီးသွားလုပ်ငန်းတစ်ခုဖြစ်ပါသည်။
ကန်ပက်လက်၊ ဖယ်ခုံ၊ မြိုင်၊ မန်ကျည်းကန်၊ မကျုံကလေး၊ သံတောင်ကြီး စတဲ့နေရာတွေမှာ ဖော်ဆောင်ဆဲလုပ်ငန်းတွေတည်ရှိပြီး စစ်အာဏာရှင်ရဲ့ ဖျက်ဆီးမှုများကြောင့် ပျက်စီးသွားတဲ့ Project Site တွေလည်းရှိနေပါတယ်။
လက်ရှိမှာတော့ CBT Project တွေကို လုံးဝရပ်နားလိုက်ရတဲ့ အခြေအနေမှာတည်ရှိနေပါတယ်။)

ဒါ့အပြင် International Hotel Chain Group ကြီးတစ်ခုဖြစ်တဲ့ Accor Group ကစီစဉ်ကျင်းပတဲ့ Accor Student Aventure လို့ခေါ်တဲ့ International Hospitality Innovative ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Top 25 ပါဝင်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။

🔸 (၃)နှစ်ကျော် သင်ကြားရေးပိုင်းအတွေ့အကြုံအနေနဲ့ ဆရာကတော့ Hospitality and Tourism Industry ရဲ့ Sales and Marketing နဲ့ပတ်သက်တဲ့ ဘာသာရပ်များကို သင်တန်းသားအယောက် (၁၀၀)ကျော်ကို သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ပါတယ်။

ဆက်စပ်ဘာသာရပ်ဖြစ်တဲ့ English for Professional Purposes (Hospitality) ဘာသာရပ်ကိုလည်း Cambridge University ရဲ့သင်ရိုးကို အသုံးပြုပြီး သင်တန်း (၃)ခုကို ပို့ချအောင်မြင်ပြီးစီးခဲ့ပြီးဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ Burma Academy နဲ့ Interim-NMDC Council တို့ ပူးပေါင်းဖွင့်လှစ်သွားမယ့် ​Fundamentals of Sales and Selling in Hospitality Industry Course သင်တန်းကို တက်ရောက်လိုတယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ link ကို နှိပ်ပြီး တက်ရောက်နိုင်ပြီဖြစ်ပါတယ်။ Burma Academy မှာ register မလုပ်ရသေးတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ကတော့ အရင်ဆုံး Burma Academy platform မှာ register လုပ်ပြီးမှ သင်တန်းကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

သင်တန်း link - https://tinyurl.com/BA-NMDC-Hospitality

ဘားမားအကယ်ဒမီဟာ တော်လှန်ရေးအထောက်အကူပြု ပညာရေး platform တစ်ခုဖြစ်ပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ရည်ရွယ်ပြီး သင်ကြားပေးနေတာကြောင့် ဘားမားအကယ်ဒမီက ပို့ချသင်ကြားပေးနေတဲ့ သင်တန်းအားလုံးဟာ အခမဲ့ဖြစ်ပါတယ်။


ပြည်သူလူထုအားလုံး၏ လိုလားချက်ဖြစ်သော အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဆင်နွှဲနေသည့် တော်လှန်ရေး အဖွဲ့အစည်းများအား...
09/12/2023

ပြည်သူလူထုအားလုံး၏ လိုလားချက်ဖြစ်သော အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဆင်နွှဲနေသည့် တော်လှန်ရေး အဖွဲ့အစည်းများအား ကြားကာလတက္ကသိုလ်ကောင်စီများက ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်

နေ့စွဲ။ ။၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ (၉) ရက်။

​နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင် တော်လှန်နေသော နိုင်ငံအဝှမ်းရှိ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်နေသည့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ (EROs)၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDFs)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (LPDFs)များမှ ဟန်ချက်ညီညီ ဆောင်ရွက်နေခြင်း၏ ရလဒ် များ ကြောင့် ပြည်သူလူထုလိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင်သို့ မုချ ရောက်ရမည်ဟု မိမိတို့ယုံကြည်ပါသည်။

သို့ဖြစ်ပါသောကြောင့် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ(၁) ရက်နေ့မှစ၍ ယနေ့အချိန်ထိ ပြည်သူ လူထုနှင့်အတူ အကြမ်းဖက်စစ်အုပ်စုအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲဆင်နွှဲ နေကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် Operation ၁၀၂၇ အပါအဝင် စစ်ဆင်ရေးအားလုံးကို မိမိတို့ တက္ကသိုလ်ကောင်စီများမှ အပြည့်အဝကြိုဆိုထောက်ခံပါကြောင်းနှင့် စစ်အာဏာရှင် စနစ်ဆိုးကြောင့် စစ်ဘေးဒဏ်သင့်ဒေသများ၊ ပဋိပက္ခဇုန်များ၊ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသောနယ်မြေများ၏ ပညာရေး အကျိုးအတွက် မိမိတို့တက္ကသိုလ်ကောင်စီများက ဒေသခံပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း ပါဝင် သွားမည်ဖြစ်ပါကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။

ကြားကာလတက္ကသိုလ်/ဒီဂရီကောလိပ်/ကောလိပ်/သိပ္ပံကျောင်း ကောင်စီများ

https://www.facebook.com/share/p/9fwNFxfZoyi8xXM4/?mibextid=CTbP7E

စိတ်ပါဝင်စားသည့် NMDC CDM ကျောင်းသား/သူများ တက်ရောက်နိုင်ပါသည်။သင်တန်းလျှောက်လွှာဖောင်ဖြည့်သွင်းရန် - https://m.facebook...
29/11/2023

စိတ်ပါဝင်စားသည့် NMDC CDM ကျောင်းသား/သူများ တက်ရောက်နိုင်ပါသည်။

သင်တန်းလျှောက်လွှာဖောင်ဖြည့်သွင်းရန် -
https://m.facebook.com/story.php?story_fbid=645918427731115&id=100069388904430

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(YUFLSU) နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(NMDCSU)တို့မှ ပူးပေါင်း၍ CDM ကျောင်းသား/သူများအတွက် ကြားကာလပညာရေးအစီအစဉ်

| Communicative Skills

📌 သင်တန်းအကြောင်းအရာ

Communicative Skills သင်တန်းမှာ ဘာသာစကားစွမ်းရည်နှင့် strategy များ၊ အင်္ဂလိပ်စာဘာသာစကားရဲ့ အသုံးဝင်ပုံ၊ သဒ္ဒါနှင့် ဝေါဟာရများကို မှန်ကန်စွာအသုံးပြုနိုင်ရန်တို့အပြင် pronunciationနှင့် စဉ်းစားတွေးခေါ်တတ်စေရန်အတွက် လေ့ကျင့်သင်ကြားပေးဖို့ class activitiesများလည်း ပါဝင်အားဖြည့်ထားပါတယ်။

ကျောင်းသားအခြေပြုချဉ်းကပ်နည်း(Learner-based) ဖြင့် Critical Thinking skills၊ နိုင်ငံတကာအသိအမှတ်ပြု အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲများ (e.g., IELTS, TOEFL, Cambridge) ပြင်ဆင်နိုင်ဖို့အတွက် စနစ်ကျကျ ချဉ်းကပ်လေ့လာနည်းများ၊ စကားလုံးဝေါဟာရများ ပိုမိုကြွယ်ဝလာစေရန် စတဲ့ရည်ရွယ်ချက်များစွာနဲ့ CDM ကျောင်းသား/သူတွေရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို ယုံကြည်မှုရှိလာစေရန် လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။

📌 သင်တန်းကာလ

သင်တန်းကာလအားဖြင့်
⁃ တစ်ပတ်လျှင် စာသင်ချိန်(၃)ချိန်
⁃ စာသင်ချိန်(၁)ချိန်လျှင် ပျှမ်းမျှ(၁)နာရီ
⁃ သင်တန်းကာလကြာမြင့်ချိန် သီတင်းပတ် (၁၆)ပတ်/ (၄)လတာ
ပို့ချ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

📌ဘယ်သူတွေတက်ရောက်နိုင်မလဲ။

CDM ပြုလုပ်ထားသည့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တို့မှ အင်္ဂလိပ်စာဘာသာဘွဲ့သင်တန်းနှင့်နှီးနွှယ် ကျောင်းသား/သူများကို အဓိကထားရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။

📌သင်တန်းသားအရေအတွက်

Communicative Skills အတွက် သင်တန်းသားဦးရေ အနည်းဆုံး (၂၀)ဦးမှ အများဆုံး (၄၀)ဦးအထိသာ လက်ခံသင်ကြားပေးသွားမှာဖြစ်ပါတယ်။

📌သင်တန်းသားရွေးချယ်ခြင်း

တက်ရောက်လိုသည့် CDM ကျောင်းသား/သူများတွေကို သင်တန်းလျှောက်လွှာတင်ခြင်း (Registration)၊ CDM ကျောင်းသား/သူများ ဟုတ်/မဟုတ် စိစစ်ဆေးခြင်း၊ အင်္ဂလိပ်စာဘာသာစကားစွမ်းရည် ဖြေဆိုခြင်း (Language Level Test) အဆင့်(၃)ဆင့်ဖြင့် စိစစ်ရွေးချယ်သွားမှာဖြစ်ပြီး သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကိုသာ Email ဖြင့် ဆက်သွယ်အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။

📌သင်ကြားမည့် platform - Live Session (Zoom platform) ကိုအသုံးပြုပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်။

📌 သင်တန်းကြေး - အခမဲ့

သင်တန်းကိစ္စစုံစမ်းလိုပါက မိမိတို့ကျောင်းသားများသမဂ္ဂ၏ လူမှုကွန်ရက်စာမျက်နှာ page ၏ Chat Box မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

📣 သင်တန်းအချိန်ဇယားနှင့် သင်တန်းလျှောက်လွှာတင်ခြင်းကို မကြာမှီရက်ပိုင်းအတွင်း ကြေညာပေးသွားမှာဖြစ်ပါတယ်။

“ ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ “

▪️NMDC Students’ Data Matter ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်တစ်ခန်းရပ်ကာ တကျော့ပြန် စစ...
29/10/2023

▪️NMDC Students’ Data Matter

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်တစ်ခန်းရပ်ကာ တကျော့ပြန် စစ်အာဏာသိမ်းမှုဖြစ်ပွါးခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင်၏ အသုံးချခံပညာရေး (စစ်ကျွန်ပညာရေး)ကို တော်လှန်သပိတ်မှောက်ကြရာ အကြမ်းမဖက်အာဏာဖီဆန် လှုပ်ရှားမှု (CDM)တွင် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်(NMDC)ရှိ ကျောင်းသား/သူများလည်း ပါဝင်ခဲ့ကြသည်။

မြန်မာ့နွေဦးတော်လှန်ရေး ရက်ပေါင်း (၁၀၀၀) ပြည့်သည်အထိ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ရှိ ကျောင်းသား/သူများ စုစုပေါင်း (၁,၄၉၂)ဦးရှိသည့်အနက် CDMတွင် ပါဝင်နေသည့် ဦးရေသည် (၁,၀၆၁)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၇၁.၁%)ရှိပါသည်။ ထို့ပြင် ဘွဲ့သင်တန်း(၄)ခုရှိ CDM တွင် ပါဝင်နေကြသည့် ပထမနှစ် (၂၈၇)ဦး၊ ဒုတိယနှစ် (၁၆၂)ဦး၊ တတိယနှစ် (၃၆၄)ဦးနှင့် စတုတ္ထနှစ် (၂၄၈)ဦး အသီးသီး စစ်ကျွန်ပညာရေးကို သပိတ်မှောက်၍ တော်လှန်နေကြဆဲဖြစ်သည်။ မိမိတို့ကျောင်းကောင်စီအနေဖြင့် တော်လှန်ရေးကာလအတွင်း ကျောင်းသား/သူများ၏ အခြေအနေကို အမြဲမပြတ် စောင့်ကြည့်လေ့လာလျက်ရှိရာ CDMလှုပ်ရှားမှုအပြင် တော်လှန်ရေးတွင် ကျရာကဏ္ဍမှ ပါဝင်နေကြသူများရှိသလို မတရားသဖြင့် ထောင်ဒဏ်(၁၀)နှစ်နှင့်အထက် ကျခံနေရသည့် ကျောင်းသား (၂)ဦးလည်းရှိသည်။

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်-ယာယီဒီဂရီကောလိပ်ကောင်စီ (Interim-NMDC)အနေဖြင့်လည်း ကြားကာလ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေးဆိုင်ရာ စစ်တမ်းများ ကောက်ယူစေ၍ CDM ကျောင်းသား/သူများ၏အသံကို အစဉ်တစိုက် နားထောင်ကာ ပညာရေးအခွင့်အလမ်းများ ရရှိရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ယာယီဒီဂရီကောလိပ်ကောင်စီ
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်

🤝 Burma Academy နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ် - ယာယီဒီဂရီ ကောလိပ်ကောင် စီ (Interim-NMDC) တို့ လက်တွဲပူး‌...
14/06/2023

🤝 Burma Academy နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ် - ယာယီဒီဂရီ ကောလိပ်ကောင် စီ (Interim-NMDC) တို့ လက်တွဲပူး‌ပေါင်းကြောင်း ကြေညာခြင်း 🤝

🔹 အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ် - ယာယီဒီဂရီ ကောလိပ်ကောင်စီ (Interim-NMDC) ကို ၂၀၂၁ခုနှစ်၊ ဇွန်လ ၁၉ရက်နေ့တွင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားဟောင်းများ စုပေါင်း၍ ကျစ်လစ်ခိုင်မာစွာ စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ကြေညာချက်အမှတ် (၃၀/၂၀၂၁) ဖြင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ ကျောင်းစီမံအုပ်ချုပ်ရေး အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့သည်။ Interim-NMDC အနေဖြင့် စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၏ စဉ်ဆက်မပြတ် ပညာရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်များကို သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

🔹 Interim-NMDC နှင့် Burma Academy တို့သည် စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၏ စဉ်ဆက်မပြတ် ပညာရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်တစ်ရပ်ဖြစ်သည့် အချိန်ပိုင်းသင်တန်းများ (Informal courses)ကို ဖွင့်လှစ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်၍ သဘောတူညီမှုရရှိခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ပိုင်းသင်တန်းများကို နည်းပညာအခြေပြု သင်ကြားရေးစနစ် (Technology Based Education System) ကိုအသုံးပြု၍ Burma Academy platform မှတဆင့် လေ့လာသင်ယူကြရမည်ဖြစ်ပြီး ဖွင့်လှစ်မည့် သင်တန်းအစီအစဉ်များ၏ အသေးစိတ်ကို မကြာမီအချိန်အတွင်း Interim-NMDC နှင့် Burma Academy တို့၏ တရားဝင် page များမှတစ်ဆင့် အသိပေး၍ သင်တန်းသားများ ခေါ်ယူသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။



CDM ဆရာမတစ်ဦး၏ လူမမယ်သမီးငယ်လေး Alice အပေါ် သက်ငယ်မုဒိမ်းမှုကျုးလွန်ခြင်း နှင့်ပတ်သက်၍ တက္ကသိုလ်/ဒီဂရီကောလိပ်/ကောလိပ်ကော...
17/05/2023

CDM ဆရာမတစ်ဦး၏ လူမမယ်သမီးငယ်လေး Alice အပေါ် သက်ငယ်မုဒိမ်းမှုကျုးလွန်ခြင်း
နှင့်ပတ်သက်၍ တက္ကသိုလ်/ဒီဂရီကောလိပ်/ကောလိပ်ကောင်စီများ၏ ပူးတွဲကြေညာချက်

၁။ ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတော်အာဏာကို အဓမ္မသိမ်းချိန်ကတည်းကစတင်ကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့သော ရန်ကုန်တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ ဆရာမသည် မဲဆောက်မြို့တွင် တိမ်းရှောင်နေထိုင်စဉ် ဆရာမ၏ လူမမယ် သမီးငယ်လေး Alice အား အိမ်၀န်းတစ်ခု တည်းတွင် နေထိုင်သူ တွံတေးမြို့နယ် NLD ပါတီ အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးအောင်မင်းက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ပြုခဲ့သည်ဟု ကျွန်ုပ်တို့သိရသည်။
၂။ မိမိနိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီမှ မတရားသဖြင့် ဖိနှိပ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း၊ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းတို့ကြောင့် ရှင်သန်ရပ်တည်နေထိုင်ရန် အခက်အခဲများ ကြုံတွေ့ရသဖြင့် ပြည်ပနိုင်ငံသို့ ခိုလှုံရာတွင် အထောက်အထား စာရွက်စာတမ်း မပြည့်စုံသည့် အတွက် တိမ်းရှောင်လာသူ အချင်းချင်းဖေးမကူညီပေးရမယ့်အစား လူ့အသိုင်းအဝိုင်း၏ အကျဉ်းတန် အောက်တန်းကျသည့် လုပ်ရပ်ကို ကျူးလွန်ခဲ့ခြင်း၊ တိုင်းတပါးနိုင်ငံသို့ ခိုလှုံ လာရာတွင် တိမ်းရှောင်လာသူ အချင်းချင်း အတူတစ်ကွ နေထိုင်လျှင် လုံခြုံမည်ဟု ထင်မြင်သော ကြောင့် လူကြီး လူကောင်းများဟု ယူဆ ရသူများ နှင့် နေထိုင်ခဲ့သော်လည်း စာနာစောင့်ရှောက် ခြင်းမရှိသည့်အပြင် အသက် ၆၀ ကျော် လူကြီးက လူမမယ်သမီးငယ်လေးအား လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်ခဲ့ခြင်းဖြစ်သည်။
၃။ နိုင်ငံရေးအခြေအနေ၊ လုံခြုံရေးအခက်အခဲ၊ အထောက်အထားမပြည့်စုံမှု စသည့် ပြသာနာ အခြေအနေအရပ်ရပ်ကြောင့် ဆရာမသည် သမီးလေး Alice ၏ အမှုအား အမျိုးသား ညီညွတ်ရေး အစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ၀န်ကြီးဌာနသို့ ယုံကြည်အားကိုးစွာ တိုင်တန်းခဲ့သော်လည်း အဆိုပါ တိုင်တန်းစာသည် လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ပြီး ဆရာမနှင့်သမီးလေးတို့၏ လူ့ဂုဏ် သိက္ခာအထူးတလည် ကျဆင်းခဲ့ရသည်။
၄။ ယခုကဲ့သို့ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခြင်းကို အမှုမှန်ပေါ်အောင် ဖော်ထုတ်မပေးနိုင်ခြင်း၊ ပြစ်မှု ကျူးလွန်ခြင်း ခံရသော ကလေးသူငယ်နှင့်တကွ အမှုနှင့် ဆက်နွယ်ပတ်သက်သူများ၏ အမှုအခင်း ဆိုင်ရာကိစ္စရပ်များကို ထုတ်ဖော်ခြင်း မပြုဘဲ လျှို့ဝှက်ထားရှိရမည်ကို ပေါက်ကြားခြင်းတို့သည် တရားမျှတမှုကို တစိုက်မတ်မတ် တောင်းဆိုနေသော ကျွန်ုပ်တို့၏ နွေဦးတော်လှန်ရေး အရှိန် အဟုန်ကို ထိခိုက်ရပ်တန့် နိုင်စေသည့် အချက်ဖြစ်ပြီး ပြည်သူလူထုက အမျိုးသား ညီညွတ်ရေး အစိုးရအပေါ် အယုံအကြည် မဲ့စေသည်ဟု ကျွန်ုပ်တို့ ယူဆသည်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဘက်မလိုက်သည့် တရားစီရင်မှုဖြင့် သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်၍ အမှုမှန်ပေါ်ပေါက်သည်အထိ ဖော်ထုတ်စစ်ဆေးပေး ရမည်ဖြစ်ပြီး နစ်နာသူမိသားစုဘက်၏ လျှို့ဝှက်ထားရှိရမည့် တိုင်တန်းစာပေါက်ကြားမှုအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စုံစမ်းဖော်ထုတ်စစ်ဆေးကာ ထိရောက်စွာ အရေးယူ ဆောင်ရွက် တားဆီး ပေးရမည်ဖြစ်သည်။
၆။ ကလေးသူငယ်အခွင့်အရေးဥပဒေ ပုဒ်မ ၁၉ (ဃ)တွင် ပြဌာန်းထားသည့် “ကလေးသူငယ်တိုင်း၏ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံမှုကို အကြောင်းမဲ့ ထိပါးခြင်း မခံရစေရန် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်ရှိသည်။” ဟုဆိုသည့်အတိုင်း အမျိုးသား ညီညွတ်ရေး အစိုးရက တရားမျှတမှု ရရှိရေး ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ တက္ကသိုလ် ကောင်စီ များက တောင်းဆိုသည်။
၇။ ကျွန်ုပ်တို့၏ CDM ဆရာမနှင့် သမီးငယ်လေး Alice ၏ ဘေးကင်းလုံခြုံမှုရှိစေရေး၊ အနာဂတ်ဘဝ လုံခြုံရေး၊ ပြန်လည်ကုစား ထူထောင်ပေးရေး၊ စား၀တ်နေရေးနှင့် လူမှုဘဝ ရှင်သန်ရပ်တည် နိုင်ရေးတို့အတွက် အမျိုးသားညီညွတ်ရေး အစိုးရက အပြည့်အဝ ကူညီထောက်ပံ့ပေးရန် အလေး အနက် တောင်းဆိုသည်။
၈။ ကျွန်ုပ်တို့ တက္ကသိုလ်/ဒီဂရီကောလိပ်/ကောလိပ်ကောင်စီများသည် ပြစ်မှုကျူးလွန်ခံရသော နစ်နာသူမိသားစုဝင်များဘက်မှ တစ်သားတည်းရပ်တည်ကာ သမီးလေး၏ အကောင်းဆုံး အကျိုး စီးပွားကို အဓိက ထည့်သွင်း စဉ်းစားလျက် အမှန်တရားနှင့် တရားမျှတမှု ရရှိရန် အစွမ်းကုန် ကြိုးစား သွားမည် ဖြစ်သည်။
၉။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုကဲ့သို့ အလားတူ ပြစ်မှုဖြစ်စဉ်များ ထပ်မံမဖြစ်ပွါး စေရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ မဖြစ်ပွါးစေရေး၊ လူမှုဘဝအသိုင်းအဝိုင်းကို ကာကွယ်လုံခြုံမှု ပေးနိုင်ပြီး အာမခံချက်ရှိသည့် တရားစီရင်ရေးမဏ္ဍိုင်တစ်ရပ် ပေါ်ပေါက် လာရေးတို့အတွက် လုံလောက်သည့် အစီအမံများကို ထားရှိဆောင်ရွက်ကာ လက်တွေ့ အသုံးချနိုင်ရန် ကြိုးပမ်း သင့်ကြောင်း ကျွန်ုပ်တို့မှ အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။

တရားမျှတမှုရရှိရေး အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေး
အာဏာရှင်စနစ်မုချကျဆုံးရမည်။

၁။ မြန်မာ့နွေဦးတက္ကသိုလ်
၂။ ကျောက်ဆည်တက္ကသိုလ် ကြားကာလ ယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ
၃။ ကြားကာလယာယီတက္ကသိုလ်ကောင်စီ၊ကွန်ပျုတာတက္ကသိုလ် (ဗန်းမော်)
၄။ စင်ကာပူ မြန်မာ သက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ချုပ်ရေးကောင်စီ
၅။ တောင်ကုတ်တက္ကသိုလ်၊ ကြားကာလတက္ကသိုလ်ကောင်စီ
၆။ ထားဝယ်နည်းပညာတက္ကသိုလ်ကောင်စီ
၇။ ပဲခူးတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီ
၈။ မကွေးတက္ကသိုလ်ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ
၉။ မအူပင်တက္ကသိုလ် ကြားကာလ တက္ကသိုလ်ကောင်စီ
၁၀။ မန္တလေးတက္ကသိုလ်ကြားကာလယာယီတက္ကသိုလ်ကောင်စီ
၁၁။ ယာယီစီမံအုပ်ချုပ်ရေးကောင်စီ၊မုံရွာတက္ကသိုလ်
၁၂။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီ
၁၃။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ
၁၄။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကြားကာလတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ
၁၅။ လားရှိုးတက္ကသိုလ် - ယာယီတက္ကသိုလ်ကောင်စီ
၁၆။ယာယီတက္ကသိုလ်ကောင်စီ၊ သူနာပြုတက္ကသိုလ်-မန္တလေး
၁၇။ ဟင်္သာတနည်းပညာတက္ကသိုလ်
၁၈။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်-ယာယီဒီဂရီကောလိပ်ကောင်စီ
၁၉။ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်၊ မန္တလေးကြားကာလကောင်စီ
၂၀။ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်၊ ရန်ကုန် ကြားကာလကောင်စီ
၂၁။ အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ) ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ
၂၂။ မြိတ်တက္ကသိုလ်ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကျောင်းကောင်စီနှင့် ကျောင်းသားများသမဂ္ဂတို့၏ နှစ်သစ်ဆုတောင်းစကား ရက်စွဲ။       ။ ...
17/04/2023

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကျောင်းကောင်စီနှင့် ကျောင်းသားများသမဂ္ဂတို့၏ နှစ်သစ်ဆုတောင်းစကား

ရက်စွဲ။ ။ ၂၀၂၃ခုနှစ်၊ ဧပြီလ ၁၇ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအဆင့်မြင့်ပညာဦးစီးဌာနအမျိုးသားစီမံခန့်ခွဲမှုပညာ...
28/01/2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်
[email protected]
________________________________________

စာအမှတ်။ ။ ၀၁၆/အစဒက/သတင်းထုတ်ပြန်ချက်/၂၀၂၃
ရက်စွဲ။ ။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်

သတင်းထုတ်ပြန်ချက် (၁/၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းဦးဆောင်၍ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်-ယာယီဒီဂရီကောလိပ်ကောင်စီမှ တာဝန်ရှိသူများသည် ကျောင်းသား၊သူများအတွက် ဖော်ဆောင်မည့်ကြားကာလပညာရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ယာယီဒီဂရီကောလိပ်ကောင်စီ
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်

NUCC ၏ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒJCC-CDM တွင် အတည်ပြုပြီး ပေးပို့တင်ပြထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို အခြေပြု၍ ...
20/01/2023

NUCC ၏ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ

JCC-CDM တွင် အတည်ပြုပြီး ပေးပို့တင်ပြထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို အခြေပြု၍ အောက်ပါ မူဝါဒလေးရပ်ကို ချမှတ်သည်။

၁။ နိုင်ငံ့ဝန်ထမ်း CDM များသည် တိုင်းပြည်ပြောင်းလဲရေးအတွက် တော်လှန်ရေး၏ အရေးပါသည့် အင်အားစုတစ်ရပ် ဖြစ်သည်ကို NUCC အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

၂။ CDM နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ပြန်လည် ရှာဖွေဖော်ထုတ်ခြင်းတွင် အသိအမှတ်ပြု မှတ်တမ်းတင်ခြင်း၊ ဂုဏ်ပြုချီးမြှင့်ခြင်း၊ အမှန်တရားနှင့် တရားမျှတမှု ရှာဖွေခြင်း၊ နစ်နာမှုများကို ပြန်လည်ကုစား ပေးခြင်းတို့ ပါဝင်သည်။

၃။ JCC-CDM တွင် အတည်ပြုပြီး ပေးပို့တင်ပြထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို အခြေပြု၍ လိုအပ်သော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ဆက်လက်ရေးဆွဲသွားရန် ဖြစ်သည်။

၄။ နိုင်ငံ့ဝန်ထမ်း CDM များအပါအဝင် ပြည်သူလူထုတရပ်လုံးအပေါ် အာဏာရှင် ထောက်တိုင်များ ဖြစ်ကြသည့် Non-CDM များက လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုများ၊ ရာဇ၀တ်မှုများကို ကျူးလွန်နေကြောင်း သက်သေအထောက်အထားများ တွေ့ရှိပါက သက်ဆိုင်ရာ ဒေသအသီးသီးမှ တရားဝင်အတည်ပြုထားသော သက်ဆိုင်ရာဒေသ ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်။


“ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှကျောင်းသား၊သူများ၏ ကြားကာလပညာရေးအစီအစဥ်များအပေါ်  သဘောထားစစ်တမ်း ကောက်ယူခြင်း...
14/01/2023

“ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှ
ကျောင်းသား၊သူများ၏ ကြားကာလပညာရေးအစီအစဥ်များအပေါ် သဘောထားစစ်တမ်း ကောက်ယူခြင်း “

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို အာဏာရူးတစ်စုနှင့် ၎င်းတို့၏ လက်ပါးစေများမှ မတရားသဖြင့် သိမ်းယူသည့် အခြေအနေပေါ်တွင် ပညာရေးသပိတ်မှောက်မှုများမှ ပေါ်ထွက်လာပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြသည့်
အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှ
ကျောင်းသား၊သူများအနေဖြင့် ကြာကားလ
ပညာရေးအစီအစဉ်များ အကောင်ထည်ဖော်ဆောက်ရွက်နိုင်ရန် မိိမိတို့၏ သဘောထားအမြင်များကို အချိန်(၅)မိနစ်ပေး၍ ဖြေဆိုပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

တော်လှန်ရေးကာလအတွင်း ပညာရေးကဏ္ဍ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ကြပြီး အကျပ်အတည်းများကြားမှာ ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်ပေးနေတဲ့ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကို မိမိတို့ကျောင်းကောင်စီမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။

အောက်ပါစစ်တမ်းအား (၁၄၊ ၁၊ ၂၀၂၃)နေ့မှ (၂၀၊ ၁၊ ၂၀၂၃)နေ့အထိ ကောက်ခံသွားမည်ဖြစ်ပါသည်။

Link >>> https://forms.gle/HWZEkhjjz3WrMThv7

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအဆင့်မြင့်ပညာဦးစီးဌာနအမျိုးသားစီမံခန့်ခွဲမှုပညာ...
14/12/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်
[email protected]
____________________________________________
ကြေညာချက်အမှတ် (၁၁/၂၀၂၂)

စာအမှတ်။ ။ ၀၁၂/အစဒက/ပထမနှစ်-အမည်ပျက်/၂၀၂၂
ရက်စွဲ။ ။ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက််

အကြောင်းအရာ။ ။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ရှိ ဘွဲ့သင်တန်းများ၏ ပထမနှစ်
အမည်ပျက်စာရင်း ထုတ်ပြန်ခြင်း။

၁။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်-ယာယီဒီဂရီကောလိပ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ တော်လှန်ရေးကာလအတွင်း ပညာရေးလုပ်ငန်းကိစ္စရပ်များကို ပူးပေါင်းလုပ်ဆောင်နေသော အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ စီမံအုပ်ချုပ်မှုဆိုင်ရာ အမြင့်ဆုံးအာဏာပိုင် အဖွဲအစည်းဖြစ်သည်။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်-ယာယီဒီဂရီကောလိပ်ကောင်စီအနေဖြင့် ကြေညာချက် အမှတ် (၈/၂၀၂၂)ဖြင့် စာမေးပွဲများကို တရားဝင်ရပ်ဆိုင်ကြောင်း ထပ်မံအသိပေး ထုတ်ပြန်ထားပြီးဖြစ်သည်။

၂။ သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်ကောင်စီ၏ အသုံးချခံ စစ်ကျွန်ပညာရေးစနစ်တွင် တရားမဝင် တိတ်တဆိတ် ပူးပေါင်းပါဝင်နေကြသည့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်
ဘွဲ့သင်တန်းများ၏ ပထမနှစ် ကျောင်းသား၊သူများ အရည်အသွေး၊ အာမခံချက်မရှိသည့် တရားမဝင် စာမေးပွဲများကို ဖြေဆို၍ အတန်းတက် ခြင်း၊ စစ်ကောင်စီအလိုကျ ကျောင်းတက်နေကြဟန် Performance များတွင် ပူးပေါင်းခြင်း၊ နိုင်ငံနှင့် ပြည်သူကို သစ္စာဖောက် သည့် အမည်ပျက်စာရင်းဝင်များ၏ အုပ်ချုပ်မှုတွင် ပူးပေါင်းခြင်း စသည်တိို့ကို ကျူးလွန်ထားရှိကြောင်း စိစစ်တွေ့ရှိရသည်။ ထို့ကြောင့် အောက်ဖော်ပြပါ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ဘွဲ့သင်တန်းများ၏ ပထမနှစ် ကျောင်းသား၊သူ (၃၅)ဦးကို အမည်ပျက်စာရင်း သွင်းလိုက်ပြီး Student IDများကိုပါ ရုတ်သိမ်းလိုက်သည်။

၃။ အထက်ပါ အမည်ပျက်စာရင်းတွင် ပါဝင်သူများသည် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ ပညာရေးအစီအစဉ်များတွင် ခံစားပိုင်ခွင့်၊ ရပိုင်ခွင့်၊ ပူးပေါင်းပါဝင်ခွင့်တို့ကို တရားဝင် ပိတ်ပင်လိုက်ပြီဖြစ်ပြီး ပြည်သူ့အစိုးရယန္တရားပြန်လည် လည်ပတ်ချိန်တွင် ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားရှိမည့် မူဝါဒဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း စိစစ် အရေးယူခြင်းခံရမည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ အရည်အချင်းဆိုင်ရာကိစ္စရပ်အဝဝကို မိမိတို့ဒီဂရီကောလိပ်အနေဖြင့် အာမခံမည် မဟုတ်ပါကြောင်းနှင့် မိမိတို့ဒီဂရီကောလိပ်၏အမည်နာမအား မည်သည့်အကြောင်းကြောင့်နှင့်ဖြစ်စေ အသုံးပြုခွင့်ကို တပါတည်း တားမြစ်လိုက်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ပညာရေးအဖွဲ့ (ဥက္ကဌကိုယ်စား)
ယာယီဒီဂရီကောလိပ်ကောင်စီ
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်

ဖြန့်ဝေခြင်း
- ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန
- ဒုတိယပြည်ထောင်စုဝန်ကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန
- အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန
- ပညာရေးကော်မတီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
- ပညာရေးအဖွဲ့၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်
- စီမံရေးရာအဖွဲ့၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်
- သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများ
- ရုံးလက်ခံ/မျှောစာတွဲ

Address

Botahtaung Pagoda Road, Myanmar, Burma (Myanmar)
Yangon

Website

Alerts

Be the first to know and let us send you an email when Interim National Management Degree College Council posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Interim National Management Degree College Council:

Share