Candle Law School

Candle Law School ဥပဒေဆိုင်ရာအတက်ပညာရပ်များအား လေ့ကျင့်သင်ကြားပေးသည့် သင်တန်းကျောင်းတစ်ခုဖြစ်ပါသည်။

 #လင်နှင့်မယားတို့၏သက်ဆိုင်ရာပစ္စည်းများ"ပါရင်း အထက် နှစ်ပါးမြတ်၊လက်ထပ် ခန်းဝင် ၅ချက်ရှင်။သင်းသီး မင်း​ပေး ​ခေတ်ဒုန်း​ဝေ...
15/05/2026

#လင်နှင့်မယားတို့၏သက်ဆိုင်ရာပစ္စည်းများ

"ပါရင်း အထက် နှစ်ပါးမြတ်၊
လက်ထပ် ခန်းဝင် ၅ချက်ရှင်။
သင်းသီး မင်း​ပေး ​ခေတ်ဒုန်း​ဝေး။"

- လင်နှင့်မယားတို့၏ သက်ဆိုင်ရာပစ္စည်း (၇)မျိုးရှိသည်။ သို့​သော် ​ခေတ်ကာလ ​ပြောင်းလဲမှုများအရ သင်းသီးပစ္စည်းနှင့် မင်း​ပေးပစ္စည်းမျိုးမှာ ယခု​ခေတ်၌ မရှိ​တော့​ပေ။

#ကိုကြွယ်ကြီး(​ကောင်းမြတ်သူ-ဥပ​ဒေ)
#ပါရင်းပစ္စည်း #အထက်ပါပစ္စည်း #နှစ်ပါးစုံပစ္စည်း #လက်ထပ်ပွားပစ္စည်း #ခန်းဝင်ပစ္စည်း #သင်းသီးပစ္စည်း #မင်း​ပေးပစ္စည်း

 , S.17 to S.23 (အလွယ်မှတ်သား မှတ်စုကဗျာများ)၁၇ကစ ဖွင့်ဆိုပြ ဝန်ခံချက်ရဲ့ အနက်ရ။Who Can Make Admission ၁၈၊၁၉၊၂၀ တွင်Rele...
28/07/2025

, S.17 to S.23 (အလွယ်မှတ်သား မှတ်စုကဗျာများ)
၁၇ကစ ဖွင့်ဆိုပြ
ဝန်ခံချက်ရဲ့ အနက်ရ။
Who Can Make Admission
၁၈၊၁၉၊၂၀ တွင်
Relevancy တင်ကာပြ
တူးဝမ်း၊ တူးတူးက
နှစ်ဆယ့်သုံးက တရားမ။

ရိုသေစွာဖြင့်
#ကိုကြွယ်ကြီး(ကောင်းမြတ်သူ-ဥပဒေ)
#သက်သေခံအက်ဥပဒေ
Kaung Myat Thu

YouTube Channel - https://www.youtube.com/

 #{EA, S.11 to S.16}👉EA, S.11 (အလွယ်မှတ်သား မှတ်စုကဗျာများ)ဆန့်ကျင် ၊ ယုတ္တိရှိ/မရှိAlibiပြ ဆယ့်တစ်က အိန္ဒိယကား သတိရ။- ဥ...
28/07/2025

#{EA, S.11 to S.16}
👉EA, S.11 (အလွယ်မှတ်သား မှတ်စုကဗျာများ)
ဆန့်ကျင် ၊ ယုတ္တိရှိ/မရှိ
Alibiပြ ဆယ့်တစ်က
အိန္ဒိယကား သတိရ။
- ဥပမာ (၂)ခုရှိသည်။
- ရန်ကုန်မှာ ပြစ်မှုဖြစ်၊ ထိုအချိန် မေမြို့မှာရှိနေတယ်ပြောသည့်ကိစ္စ။

👉EA, S.12
12 Vol% သောက်ကာ
လျော်ကြေးတောင်း
ပြောသည့်အကြောင်း စပ်ဆိုင်ကြောင်း။

👉EA, S.13 (အ-စ)
ခွင့် ၊ တောင်း ၊ ပြင် ၊ မှတ် ၊ ပြောဆိုချက်၊
ငြင်းဆို ၊ ရှိသည် ဆန့်ကျင်လျက်၊
ပြုခြင်း ပြုသည် ကန့်ကွက်ချက်၊
EA ၁၃ မှတ်။
- ဥပမာ(၁)ခုရှိသည်။
- အင်းကိစ္စ။ A အဖက ဘိုးစဉ်ဘောင်ဆက် အပိုင်ပေးပိုင်လာ၊ ပေါင်းနှံ၊ အပေါင်းနဲ့ဆန့်ကျင်ပြီးငှားရမ်း၊ အခွင့်အရေးအဖြစ်အသုံးပြုခဲ့သည့် သီးခြားအစဉ်အလာနဲ့ အနီးအနားနေထိုင်သူတို့တားမြစ်ချက်က စပ်ဆိုင်။
- ပထစVsနော်ခွန်ဇော်ဘာ (၁၉၆၆၊မတစ၊တရားရုံးချုပ်၊ ၁၄၁၇)အမှု

👉EA, S.14
စိတ် ၊ ကိုယ်ခန္ဓာ ၊ ခံစားရာ၊
ဖေဖော်ဝါရီ ၁၄ပါ။
- ဥပမာ( ၁၆)ခုရှိသည်။
- ခိုးရာပါပစ္စည်းဝယ်သည့်ကိစ္စ၊ ဈေးလျော့ဝယ်တယ်၊ သိမ်းထားတယ်။

👉EA, S.15
လပြည့်ညမှာ ထားလို့သွား၊
မတော်တဆလား ၊ တမင်လား။
- ဥပမာ(၃)ခုရှိသည်။
- အိမ်မီးရှို့၊ မီးအာမခံတောင်းစားသည့်ကိစ္စ။

👉EA, S.16
၁၆ဘားနဲ့ Dissတာဟာ
လုပ်ရိုးလုပ်စဉ်အကွက်တွေပါ။
- ဥပမာ(၂)ခုရှိသည်။
- စာပို့လုလင်ကိစ္စ။ စာတိုက်ပုံးမှစာကို စာတိုက်ပို့တာ စာပို့လုလင်လုပ်ရိုးလုပ်စဉ်။ စာတိုက်ပုံးထဲ စာထည့်လိုက်တယ်ဆိုတဲ့အကြောင်းစပ်ဆိုင်။
- စာသေရုံးမှ စာပြန်မလာ။ ပို့လိုက်ပြီဟုယူဆကိစ္စ။

(မှတ်ချက်။ အလွယ်တကူပေါ့ပေါ့ပါးပါး မှတ်သားလွယ်ရန် ရေးထားခြင်းဖြစ်ပါသည်။ အသေးစိတ်ရှင်းလင်းချက်များကို YouTube Channel တွင် ရှင်းလင်းတင်ပြသွားပါမည်။)

ရိုသေစွာဖြင့်
#ကိုကြွယ်ကြီး(ကောင်းမြတ်သူ-ဥပဒေ)
#သက်သေခံအက်ဥပဒေ
Kaung Myat Thu

YouTube Channel -

မိဘပြည်သူများအတွက် ဥပဒေဗဟုသုတပြန့်ပွားရေး၊ Paralegal များအတွက် ဥပဒေရေးရာ လုပ်ထုံးလုပ်နည်းတို့ လွယ်ကူစွာ လေ့လာသ.....

 #{EA, S.6 to S.10}👉EA, S.6 (အလွယ်မှတ်သား မှတ်စုကဗျာများ)Relevancy of facts forming part of same transaction.ကိစ္စတစ်ခုတ...
28/07/2025

#{EA, S.6 to S.10}
👉EA, S.6 (အလွယ်မှတ်သား မှတ်စုကဗျာများ)
Relevancy of facts forming part of same transaction.
ကိစ္စတစ်ခုတည်းအဖြစ် ဆက်စပ်နေလျှင် စပ်ဆိုင်တာက Six(6).
- ဥပမာ(၄)ခုရှိသည်။
- အစိုးရကို ပုန်ကန်မှုဖြစ်၊ လက်နက်ကိုင်ပြီး ပစ္စည်းဖျက်ဆီး၊ စစ်တိုက်၊ ထောင်ဖောက်၊ တစ်ချိန်စီ တနေရာစီဖြစ်ပေမဲ့ ကိစ္စတခုတည်းမှာဖြစ်။

👉EA, S.7 (အလွယ်မှတ်သား မှတ်စုကဗျာများ)
Facts which are the occasion, cause or effect of facts in issue.
အခွင့်---အခါ၊
အကျိုး---အကြောင်း၊
အခြေ---အနေ ၊
အခွင့်---အလမ်း၊
Lucky 7.
- ဥပမာ(၃)ခုရှိသည်။
- လုယက်မှုမဖြစ်ခင် ငွေကိုင်လျက်ပွဲဈေးသွား၊ ငွေပါကြောင်းထုတ်ပြ ပြောပြခြင်းများကိစ္စ။

👉EA, S.8 (အလွယ်မှတ်သား မှတ်စုကဗျာများ)
Motive, preparation and previous or subsequent conduct.
လှုံ့ ၊ ပြင် ၊ မူ ၊ ရှစ်(၈)။
- ဥပမာ (၁၁)ခုရှိသည်။
- လုယက်သည် မလုယက်သည်ကိစ္စ၊ ရဲတွေရှာနေပြီပြောရော ရုတ်တရက်ထွက်ပြေးသွားခြင်းကိစ္စ။

👉EA, S.9 (အလွယ်မှတ်သား မှတ်စုကဗျာများ)
ရှင်းလင်း ၊ ဖော်ထုတ်၊
မှန်ကြောင်းထောက်ခံ ၊ ချေပရန်၊
မှန်သည် ၊ မမှန်သည် အထင်ရှား၊
အချိန် ၊ နေရာပိုင်းလို့ခြား၊
Relationship Partiesများ၊
ရေတွက်ကြည့်က အဖြေရ။ (9)
- ဥပမာ(၆)ခုရှိသည်။
- ပြစ်မှုကျူးလွန်ပြီးနောက် အိမ်ကထွက်ပြေး၊ ပုဒ်မ ၈အရ စပ်ဆိုင်၊ ထွက်ပြေးသွားတဲ့နေရာမှာ အရေးတကြီးကိစ္စရှိလို့ ထွက်ပြေးရခြင်းဟု ပြောခြင်းသည် ထွက်ပြေးရသည့်အကြောင်း ရှင်းလင်းခြင်းဖြစ်၍ စပ်ဆိုင်သည့်ကိစ္စ။

👉EA, S.10 (အလွယ်မှတ်သား မှတ်စုကဗျာများ)
ဘူကောင်တွေနဲ့ ပူးပေါင်းကြံ ဘူဖြစ်ခဲ့ရပြန်။
- ဥပမာ(၁)ခုရှိသည်။
- အစိုးရကိုစစ်မက်ပြိုင်ရန်ပူးပေါင်းကြံစည်၊ လက်နက်ဝယ်ဖို့၊ ရန်ကုန်မှာငွေစု၊ ပုသိမ်မှာလူစု၊ တောင်ငူမှာ ကြံစည်ချက်အားပေး စာရေးသား၊
ကောက်ခံထားတဲ့ငွေတွေ မန္တလေးမှ တောင်ကြီးပို့သည့်ကိစ္စ။ ပူးပေါင်းကြံစည်သူ တစ်ဦး၏လုပ်ရပ်က အားလုံးအပေါ်သက်ရောက်။

ရိုသေစွာဖြင့်
#ကိုကြွယ်ကြီး(ကောင်းမြတ်သူ-ဥပဒေ)
#သက်သေခံအက်ဥပဒေ
Kaung Myat Thu

YouTube Channel -

မိဘပြည်သူများအတွက် ဥပဒေဗဟုသုတပြန့်ပွားရေး၊ Paralegal များအတွက် ဥပဒေရေးရာ လုပ်ထုံးလုပ်နည်းတို့ လွယ်ကူစွာ လေ့လာသ.....

Basic Certificate Course in Criminal Law (Batch-1) အတွက် လျှောက်လွှာခေါ်ယူခြင်း( ၂၀၂၃ ခုနှစ် ၊ ဧပြီလ ၂၇ ရက် )  Candle La...
30/05/2023

Basic Certificate Course in Criminal Law (Batch-1) အတွက် လျှောက်လွှာခေါ်ယူခြင်း
( ၂၀၂၃ ခုနှစ် ၊ ဧပြီလ ၂၇ ရက် )
Candle Law School - ဖယောင်းတိုင်ဥပဒေပညာသင်ကျောင်းမှ Basic Certificate Course in Criminal Law (Batch-1)ကို Online သင်ကြားရေးစနစ်ဖြင့် အောက်ပါ အစီအစဉ်အတိုင်း ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်-
👉 သင်တန်းကာလ - ၃-၆-၂၀၂၃ ရက်နေ့ မှ ၂-၇-၂၀၂၃ ရက်နေ့အထိ

👉 သင်တန်းရက်များ - ၁၀ရက် (အပတ်စဉ် စနေ ၊ တနင်္ဂနွေ)

👉 သင်တန်းချိန်များ - ည ၇ နာရီမှ ည ၉ နာရီထိ

👉 သင်တန်းကြေး - ၅၀၀၀၀ ကျပ် (ငါးသောင်းကျပ်တိတိ)

👉 လျှောက်လွှာစတင်လက်ခံမည့်ရက် - ၂-၅-၂၀၂၃

👉 လျှောက်လွှာပိတ်မည့်ရက် - ၃၁-၅-၂၀၂၃

👉 သင်ကြားမည့်စနစ် - Virtual System (Lecturing with video – Zoom Application)

#သင်တန်းဝင်ခွင့်အရည်အချင်းနှင့်စည်းကမ်းချက်များ
၁။ ပညာအရည်အချင်း အနိမ့်ဆုံး အခြေခံပညာအထက်တန်းအောင်မြင်ထားပြီး ဥပဒေပညာကို စိတ်ဝင်စားသူဖြစ်ရမည်။ အကယ်၍ အခြေခံပညာအထက်တန်းအောင်မြင်ထားပြီးသူ မဟုတ်ပါက Paralegalသင်တန်းတစ်ခုခု တက်ရောက်အောင်မြင်ထားပြီးသူ ဖြစ်ရမည်။ ဥပဒေကျောင်းသား /သူများ၊ ဥပဒေပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများ တက်ရောက်နိုင်ပါသည်။
၂။ သင်တန်းကို မပျက်မကွက် ပြီးဆုံးသည်အထိ တက်ရောက်နိုင်ရမည်။ သင်တန်းပြီးဆုံးသည် အထိ မပျက်မကွက်တက်ရောက်သူကိုသာ သင်တန်းပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်ပါမည်။
၃။ သင်တန်းတက်ရောက်ကြမည့်သူများအား သင်တန်းတွင်ပို့ချမည့် သင်ရိုးမှတ်စုစာအုပ် Pdf ဖိုင်များကို အခမဲ့ပေးအပ်သွားမည်ဖြစ်သည်။
သင်တန်းတက်ရောက်လိုသူများသည် ပူးတွဲပါ လျှောက်လွှာပုံစံကို ဖြည့်စွက်ပြီး -
Email - [email protected] သို့လည်းကောင်း၊
Telegram- https://t.me/CLS_StudentAffairsOffice သို့လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။
မေးမြန်းစုံစမ်းလိုသူများ ဤ Page ၏ Messenger မှလည်းကောင်း၊ Telegram- https://t.me/CLS_StudentAffairsOffice မှလည်းကောင်း ဆက်သွယ်နိုင်ပါသည်။

ကျောင်းအုပ်ချုပ်ရေးဘုတ်အဖွဲ့
ဖယောင်းတိုင် ဥပဒေပညာသင်ကျောင်း
Candle Law School

30/05/2023

သင်တန်းအကြိုမေးခွန်း
ဦးတိုက်လျှောက်ထားမှုအပေါ် တရားရုံးက ပုဒ်မတစ်ခုခု တပ်၍ အရေးယူလိုက်ခြင်းအပေါ် လျှောက်ထားခံရသူက အယူခံတက်ရောက်မည်လား၊ ပြင်‌ဆင်မှုတက်ရောက်မည်လား?

30/05/2023

သင်တန်းအကြို မေးမြန်းချက်
(၁) ရာဇဝတ်ကျင့်ထုံးဥပဒေအရ အယူခံဝင်ခွင့်ရှိကြောင်း ပြဌာန်းထားသော ပုဒ်မများနှင့် အမှုအမျိုးအစားများကို ‌ အကိုးအကားဖြင့်ပြောပြပါ။

သင်တန်းကိစ္စက ယနေ့ည ၁၂နာရီပိတ်မှာဆိုတော့ messenger ကနေဆက်သွယ်လို့ မရသူတွေTelegram ကနေဆက်သွယ်ပါ။(ညနေ့ည ၁၂နာရီအတွင်းပါ)
30/05/2023

သင်တန်းကိစ္စက ယနေ့ည ၁၂နာရီ
ပိတ်မှာဆိုတော့ messenger ကနေဆက်သွယ်လို့ မရသူတွေ
Telegram ကနေဆက်သွယ်ပါ။
(ညနေ့ည ၁၂နာရီအတွင်းပါ)

ဖယောင်းတိုင်ဥပဒေပညာသင်ကျောင်း၏ ကျောင်းသားရေးရာရုံး ဖြစ်ပါသည်။

30/05/2023

လေ့လာလိုသူ သင်တန်းသား/သူ
အားလုံး ဂါရဝပြုပါတယ်။
ကျွန်တော်တို့ရဲ့ ဥပဒေလေ့လာရေးခရီစဉ်
မကြာမီစတင်တော့မှာဖြစ်ပါတယ်။
အားလုံးနှင့်အတူတူ
ကျနော်တို့ ပျော်ရွှင်လေ့လာဖွယ်ရာ
ဥပဒေခရီးစဉ်ကို များမကြာမီကာလမှာ
ဖြတ်သန်းကြပါဆို့။
(များမကြာမီ ဆိုသည်ကို ဆရာကြီးဦးမြကတော့ ၁လခန့်ကာလလို့ သောင်းပြောင်းထွေလာမှာ အဆိုရှိပါတယ်။ ကျွန်တော် ပြောတဲ့ များမကြာမီ ဆိုတာကတော့ လာမည့် ၆လပိုင်းကို ဆိုလိုတာပါ။ )

ဂါရဝပြုစွာဖြင့်
(ဖယောင်းတိုင်ဥပဒေပညာသင်ကျောင်း)

ရာဇဝတ်အယူခံမှု/ပြင်ဆင်မှုအကြောင်းဖတ်ရင်း မိမိ၏ ကြောင်ခြစ်ရာများ။
16/05/2023

ရာဇဝတ်အယူခံမှု/ပြင်ဆင်မှုအကြောင်း
ဖတ်ရင်း မိမိ၏ ကြောင်ခြစ်ရာများ။

ဥပဒေပညာရပ်အား စတင်လေ့လာသူတို့အတွက် အဆင်ပြေလှသော မှတ်စုသင်ရိုးတစ်ခုဖြစ်ပါသည်။ပြည်သူ့ရေးရာအရာရှိသင်တန်းကျောင်းတွင် တရားမဥပ...
05/05/2023

ဥပဒေပညာရပ်အား စတင်လေ့လာသူတို့အတွက်
အဆင်ပြေလှသော မှတ်စုသင်ရိုးတစ်ခုဖြစ်ပါသည်။
ပြည်သူ့ရေးရာအရာရှိသင်တန်းကျောင်းတွင် တရားမဥပဒေမှတ်စုများအဖြစ် သင်ကြားပို့ချရန်
နိုင်ငံတော်တရားရုံးချုပ်က ၁၉၇၁ခုနှစ်တွင် ရေးဆွဲခဲ့သည့် မှတ်စုသင်ရိုးတစ်ခုဖြစ်ပါသည်။
PDFဖိုင်အား Telegram Channel တွင် Download ရယူနိုင်ပါသည်။
https://t.me/CandleLawSchool

ရိုသေစွာဖြင့်
ဖယောင်းတိုင်ဥပဒေပညာသင်ကျောင်း
Candle Law School

Address

Yangon

Alerts

Be the first to know and let us send you an email when Candle Law School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share