29/02/2016
APTSA Congress ကို ၂ နှစ် တက်ရောက်ခဲ့သောကျောင်းသူ မဇော်အိမ့်အိမ့်ပိုး ထံမှ စကားသံ...
"ဘာကြောင့် APTSA ကို တက်ရောက်သင့်သလဲ?"
ယခုလို လူငယ်အတွေး လူငယ် အမြင်ဖြင့် ပြောကြားသွားပါတယ်...
အင်ဒိုနီးရှား နိုင်ငံ ဘာလီမှာလုပ်မယ့် ၇ ကြိမ်မြောက် အာရှ Physiotherapy ကျောင်းသားကျောင်းသူများ Congress အတွက်ပါ
၅ သိန်းလောက်နဲ့ နိုင်ငံခြားလည်း ထွက်ရ ပညာလည်းရတာ လုံးဝ လက်မလွှတ်သင့်တဲ့အခွင့်အရေးပါ သွားခဲ့ဖူးတဲ့ ၂ နှစ် အတွေ့အကြုံအရ Registration Fees ထဲမှာ Congress ပြုလုပ်နေစဉ်ကာလအတွင်း ၂ ရက်ဆိုလည်း ၂ ရက် Lunch Box ပါပါတယ် တခါတလေ snacks တွေ ကျွေးပါတယ် တီရှပ် ရပါတယ် APTSA အမှတ်တရ ပစ္စည်းလေးတွေလည်း ရပါတယ်
နောက် ဟိုတယ်ခ ဈေးလေးတွေက အရမ်းကို သက်သာနေပါတယ်
မြန်မာ နိုင်ငံအတွင်း ခရီးသွားရင်တောင်သာမန်ဟိုတယ်ဆို ၂၅၀၀၀ အထက်ရှိတာပါ ဘာလီမှာ နေရမယ်ဆိုတာ သိပ်ကို တန်တာပါ အခန်း ကို share ပြီးနေရတာလည်း ပျော်စရာကောင်းပါတယ် တခြားနိုင်ငံက သူငယ်ချင်းတွေလည်းရတာပေါ့
ဒါဆို ကုန်ကျစရိတ်လည်းသက်သာ မိတ်ဆွေလည်းရတယ်လေ
နောက်ပြီး
City Tour က join လည်း ရ မ join လည်းရပါတယ် ဘယ်လိုပြောပြော join ကို join သင့်တယ် ၈ ဒေါ်လာ ထဲနဲ့ သူများနိုင်ငံကို လေ့လာ ခွင့်ရမှာလေ
ရန်ကုန်မှာ taxi နဲ့ ပတ်ရင်တောင် ၂ နေရာလောက်နဲ့ ၈၀၀၀ တောင်ကျတာပါ
ရှေ့နှစ်တွေအရတော့ city tour နေ့ဆိုေ န့လည်စာလည်း ပါပြီးသားပေါ့နော်
ခုတော့မသိပါဘူးရှင့်
နောက်တခုက congress က သူတို့နိုင်ငံရဲ့တက္ကသိုလ်မှာပြုလုပ်ခဲ့တဲ့အတွက်
သူများနိုင်ငံက တက္ကသိုလ်တွေ ဘယ်လောက်အဆင့်မြင့်လဲဆိုတာ လေ့လာ ခွင့်ရတယ်နောက်ပြီး အဲ့ဒီ တက္ကသိုလ်က စာသင်ခန်းတွေမှာ
သူတို့နိုင်ငံက International experience ရှိတဲ့ Professors တွေနဲ့ ၂ ရက်တာ စာသင်ရတယ်ဆိုတာ နည်းနည်းနောနော အတွေ့အကြုံလားရှင်
ကိုယ်တိုင် ဘယ်လောက်ပိုက်ဆံရှိလို့ သွားလည် လည် တက္ကသိုလ်ထဲတွေက တော်ရုံ ဝင်ခွင့်ရမှာမဟုတ်ဘူးလေ
congress မှာ တရက်က သူပေးထားတဲ့ Theme နဲ့ပတ်သတ်တဲ့ presentation တွေလုပ်ရပါတယ် ဒီကနေ မသွားခင် တစ်လ နှစ်လ ကြိုပြီး စာတွေလေ့လာပြီးလေ့ကျင့်ထားရပါမယ် တက်ရောက်တဲ့ နိုင်ငံစုံက ကျောင်းသားတွေ နဲ့ အုပ်စုဖွဲ့ပြီး discussion လုပ်ရတာလည်းရှိပါတယ်
cultural night မှာ အက က ရပါတယ် မသွားခင်ထဲက အကတွေ ကြိုတိုက်ရတာပေါ့နော်မကတတ်လည်းရပါတယ်ခေါင်းဆောင်တွေက အဆင်ပြေတာ စီစဉ်ပေးပါလိမ့်မယ်
English လေး ပြောရုံနဲ့ အရမ်းအဆင်ပြေပါတယ် အဖိုးမဖြတ်နိုင်တဲ့ နိုင်ငံတကာ ပညာရေး အတွေ့အကြုံရပါလိမ့်မယ်
ရွယ်တူ သူငယ်ချင်းတွေရော အတန်းငယ်တဲ့ PT ကျောင်းသူကျောင်းသားလေးတွေကိုရော ပါဝင်ကြပါလို့ တိုက်တွန်းချင်ပါတယ်
၈ လပိုင်းမှဆိုတော့ ပိုက်ဆံလည်း ကြိုစုထားလို့ ရပြီလေ လိုက်ဖြစ်ရင်
စောစောတော့ အသိပေးပါ Registration က ရက် အကန့်အသတ်ရှိလို့ပါ