07/09/2026
Pharmacy Profession လို့ပြောရင် Career life မှာ ဆေးရုံ / ဆေးဆိုင်မှာ ဆေးပေးရုံတင် အပြင် - တခြား Responsibilities and Roles တွေလည်း ရှိတယ်ဆိုတာကို International standards တွေနဲ့အညီ အတွေ့အကြုံပြည့်ဝသော လက်ရှိ အောင်မြင်နေသူ Young pharmacist တယောက်နဲ့အတူ ဆွေးနွေးခွင့်ရမယ့် အခွင့်အရေး....!!!
Hello : MYPGyers တို့ရေ ကျွန်မတို့ Pharmacist တွေရဲ့ September (25) ရက်နေ့မှာ ကျရောက်မယ့် “World Pharmacists Day” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Myanmar Young Pharmacists Group(MYPG) မှ ကျင်းပပြုလုပ်သော အထိမ်းအမှတ်ပွဲမှာ Guest speaker တစ်ဦးအနေနဲ့ Asia Young Pharmacist Group (AYPG) ရဲ့ President ဖြစ်သူ Ms. Anggun Pramuda Wardhani မှ
***One profession, many responsibilities : Empowering the next Generation of Pharmacists***- ဆိုတဲ့ ခေါင်းစဉ်ဖြင့် အထူးဧည့်သည်တော်အနေနဲ့ တက်ရောက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်ရှင်….
Ms. Anggun ဟာ 2013 ခုနှစ်တွင် University of Indonesia မှ B.Pharm (Bachelor of Pharmacy) ကို ရရှိခဲ့ပြီးနောက် Regulatory Affairs Pharmacist အဖြစ် PT YUNG SHIN Pharmaceutical (YSP) Indonesia တွင် စတင်တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ ထို့နောက် PT BAYER Indonesia တွင် QC packaging Materials and stability Management Pharmacist အဖြစ်လည်းကောင်း PT KIMIA FARMA APOTEK တွင် Pharmacy Manager အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ ယခုလက်ရှိမှာ ဆက်လက်ပြီး PT YUNG SHIN Pharmaceutical Indonesia တွင် Senior Marketing Planning တွင် ဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိမှာတော့ YUNG-SHIN Pharmaceutical Indonesia တွင် Marketing Planning and Order Processing Section Manager အဖြစ် Team Management, Marketing strategy, Pricing strategy & Product Development တွေကို ဦးဆောင်လျှက်ရှိပါတယ်။
Professional development အပိုင်းမှာလည်း FAPA Young Pharmacist Award 2024 ရရှိထားပြီး၊ FIP World Congress 2023 မှာ Mike How Travel Award ကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ထို့အပြင် international pharmacy conferences များမှာ Poster နဲ့ Oral Presentations များ ပြုလုပ်ခဲ့ပြီး Young Pharmacists တွေရဲ့ Professional Development နဲ့ Global Pharmacy Community အတွင်းမှာလည်း တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။
Leadership အပိုင်းမှာတော့ Asia Young Pharmacist Group (AYPG) President (2024–2026) အဖြစ် တာဝန်ယူ ဆောင်ရွက်လျှက်ရှိပါတယ်။ ဒါ့အပြင် Indonesian Young Pharmacist Group (IYPG) Banten Province President (2022–2026) အဖြစ်လည်း Young Pharmacists တွေအတွက် Leadership နဲ့ Professional Development Activities တွေကို ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။
* ဒီ Session ကနေ ကျွန်မတို့ Young Pharmacists များအနေဖြင့် ဘာတွေ လေ့လာရမလဲ?
* ဆေးဝါးပညာ Pharmacy Profession အနေဖြင့် ဆက်လက်လျှောက်လှမ်းနိုင်မည့် Industrial, Regulatory, Community & Leadership စသည့် လမ်းကြောင်းသစ်များ အကြောင်း….
* International Standards တွေနဲ့အညီ စွမ်းဆောင်ရည်မြင့်မားသော Young Pharmacists များဖြစ်ဖို့ လေ့လာ သင်ယူစရာများအကြောင်း….
ဒါကြောင့်မလို့ Pharmacist တစ်ယောက်အနေနဲ့ Traditional Career Path တစ်ခုတည်းမှာပဲ မကန့်သတ်ထားဘဲ Industry, Regulatory Affairs, Marketing, Leadership နဲ့ International Opportunities တွေကို ဘယ်လိုချဲ့ထွင်နိုင်မလဲ” ဆိုတဲ့အမြင်တွေကို သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့အတူ ကျွန်မတို့အား မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ 20 ရက်နေ့မှာ ကျင်းပမယ့် World Pharmacist Day ပွဲလေးမှာ MYPGyers တွေနဲ့အတူ ကျွန်မတို့အားလုံးရဲ့ Pharmacy Profession & Carrier ကို ဘယ်လို ချဲ့ထွင်ပီး တောက်ပကြမလဲ ဆိုတာ Mrs Anguu နဲ့တူတူ ဆွေးနွေးကြရင်း အားလုံးနဲ့တူတူ ဆုံတွေ့ကြပါမယ်ရှင်။