Youth Career University - Online Courses

Youth Career University - Online Courses YCU focuses on providing majors tailored for the career development of young individuals.

YCU ကနေ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ Duolingo အတန်းလေးကို Early Bird 10% Discount တွေနဲ့ အပ်နှံလို့ရနေပါပြီနော်✨
31/07/2024

YCU ကနေ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ Duolingo အတန်းလေးကို Early Bird 10% Discount တွေနဲ့ အပ်နှံလို့ရနေပါပြီနော်✨

အတန်းတွေမဖွင့်သေးဘူးလားမေးတဲ့သူလေးတွေအတွက် YCU ရဲ့ General English 4 Skills အတန်းလေးပြန်လာပါပြီ 🎉 တစ် Batch နဲ့ တစ် Batc...
22/07/2024

အတန်းတွေမဖွင့်သေးဘူးလားမေးတဲ့သူလေးတွေအတွက် YCU ရဲ့ General English 4 Skills အတန်းလေးပြန်လာပါပြီ 🎉
တစ် Batch နဲ့ တစ် Batch က စောင့်ရတဲ့အပြင် လူဦးရေလည်း ကန့်သတ်ထားတာကြောင့် တက်ဖို့စိတ်ကူးထားတယ်ဆိုရင်တော့ လက်နှေးလို့ မတက်လိုက်ရတာမျိုးမဖြစ်ရအောင် အခုပဲ Messenger မှာ ဆက်သွယ်စုံစမ်းလိုက်တော့နော် 😉

ကျွန်တော်တို့ English ဘာသာစကားကို အသုံးပြုပြီး Communication လုပ်ရာမှာ Grammar တွေမှန်ကန်ဖို့က အဓိကကျပါတယ်။ Grammar အမှာ...
21/07/2024

ကျွန်တော်တို့ English ဘာသာစကားကို အသုံးပြုပြီး Communication လုပ်ရာမှာ Grammar တွေမှန်ကန်ဖို့က အဓိကကျပါတယ်။ Grammar အမှားသေးသေးလေးတွေကနေစပြီး စာကြောင်းတစ်ကြောင်းလုံးရဲ့အဓိပ္ပာယ်ပြောင်းသွားနိုင်တဲ့အထိ ဖြစ်နိုင်တာကြောင့် Grammar usage တွေကို သေချာဂရုစိုက်ပြီးသုံးဖို့လိုအပ်ပါတယ်။

ဒီ‌တစ်ခါမှာ‌တော့ မထင်မှတ်ဘဲ မှားလေ့မှားထရှိတဲ့ Grammar mistakes တွေ‌အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ Example sentences တွေကို ကျွန်တော်တို့အတူတူ ကြည့်ကြရအောင်။

Example 1️⃣
The cat licked its paws.
It's going to rain.

ပထမစာကြောင်းမှာဆိုရင် “its” ဆိုတာက ပိုင်ဆိုင်မှုကိုဖော်ပြချင်တာဖြစ်ပြီး ဒုတိယစာကြောင်းမှာတော့ “It's” က “It is” ရဲ့ အတိုကောက်အနေနဲ့ အသုံးပြုထားတာဖြစ်ပါတယ်။ ဒီ၂ခုကို သတိမထားမိလိုက်ခင်မှာ မှားပြီးအသုံးပြုမိမယ်ဆိုရင် အဓိပ္ပာယ်လုံးဝကွဲလွဲသွားနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ငယ်ငယ်လေးကတည်းက သိထားတဲ့ စာလုံးလေးတွေဆိုပေမယ့်လည်း မှားမသုံးမိအောင် သေချာဂရုစိုက်သင့်ပါတယ်ခင်ဗျာ။ 🤗

Example 2️⃣
She go to the store every day. ❌
She goes to the store every day. ✅

ဒုတိယမြောက် Example အနေနဲ့ Subject-Verb Agreement နဲ့ပတ်သက်ပြီး မှားတတ်တာလေးတွေပါ။ ဒါတွေက ကြည့်တော့သာသိပြီးသားတွေဆိုပေမယ့်လည်း တကယ်တမ်း သတိမထားမိရင် Speaking နဲ့ Writing တွေမှာ အမှားအများဆုံး Grammar mistakes တွေဖြစ်ပါတယ်။

Example 3️⃣
I have went to the store. ❌
I have gone to the store. ✅

ဒါကတော့ Tense အမှားဖြစ်ပါတယ်။ Tenses အကြောင်းတွေနဲ့ပတ်သက်ပြီး စာပြန်နွှေးချင်တာရှိရင် ကျွန်တော်အရင်တစ်ခါကပြောပြခဲ့ဖူးတဲ့ Tenses နဲ့ပတ်သက်တဲ့ post မှာ ဖတ်ကြည့်လို့ရပါတယ်ခင်ဗျာ။ 🫶🏻🫶🏻
Post Link 🔗 - https://www.facebook.com/share/p/o5BJmp667qCcqXWU/?mibextid=oFDknk

Example 4️⃣
He is good in Mathematics. ❌
He is good at Mathematics. ✅

Good at English, good at cooking ဆိုတဲ့အသုံးအနှုန်းတွေပဲရှိပါတယ်။ Prepositions တွေဆိုတာကလည်း သေချာသတိမထားမိရင်မှားတတ်တဲ့ အမှားတွေဖြစ်ပါတယ်။

Example 5️⃣
It was raining so we decided to stay inside. ❌
It was raining, so we decided to stay inside. ✅

Comma နဲ့ပတ်သက်တဲ့အမှားတွေက Writing တွေမှာတွေ့ရတတ်ပါတယ်။ ဘယ်နေရာမှာ Comma ထည့်ရမယ်၊ ဘယ်နေရာမှာတော့မထည့်ရဘူးဆိုတာတွေက Writing ရေးတဲ့အခါမျိုးဆိုရင် တွေဝေနေတတ်ပါတယ်။ ကိုယ့်ရဲ့ Writing skill ကို စနစ်ကျကျ တိုးတက်လာစေဖို့အတွက်ဆိုရင်တော့ ဒါကလည်းသတိထားပြီးပြင်ဆင်သင့်တဲ့ Grammar mistake တစ်ခုပါပဲခင်ဗျာ။

ဒီတစ်ခါမှာတော့ Basic grammar ဆိုပေမယ့်လည်း မှားတတ်တာ‌တွေကို YCUers လေးတို့အတွက် အကျိုးရှိအောင်ပြောပြပေးသွားတာဖြစ်ပါတယ်။

ဒီထက်ပိုပြီး English စာကို အဘက်ဘက်ကနေ သေချာစနစ်တကျလေ့လာချင်တယ်ဆိုရင်တော့ မကြာခင် YCU ရဲ့ General English Four Skills အတန်းလေးတွေပြန်လာတော့မှာဖြစ်တဲ့အတွက် စောင့်ကြည့်ထားဖို့လည်း မမေ့ကြနဲ့နော်။ 👀🙌🏻

“Your Career, Your Choice” ✨

" ၁၉ ဇူလိုင် မမေ့နိုင် "၇၇ ကြိမ်မြောက် အာဇာနည်နေ့  (19th July, 2024)ယနေ့ ၇၇ ကြိမ်မြောက် အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော ဗိ...
19/07/2024

" ၁၉ ဇူလိုင် မမေ့နိုင် "

၇၇ ကြိမ်မြောက် အာဇာနည်နေ့ (19th July, 2024)

ယနေ့ ၇၇ ကြိမ်မြောက် အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့သတိရရင်း သူရဲကောင်းအာဇာနည်အသီးသီးအား ရိုသေလေးစားစွာ ဂါရဝပြုလိုက်ပါတယ်ခင်ဗျာ။

စာတွေလုပ်ရတာများလို့ stress ဖြစ်နေပြီလား။ 👀ဒါဆိုရင်တော့စိတ်ထဲမှာ stress ဖြစ်နေတာတွေကို စိတ်တိုင်းကျပေါက်ကွဲချင်သူတွေအတွက...
18/07/2024

စာတွေလုပ်ရတာများလို့ stress ဖြစ်နေပြီလား။ 👀

ဒါဆိုရင်တော့စိတ်ထဲမှာ stress ဖြစ်နေတာတွေကို စိတ်တိုင်းကျပေါက်ကွဲချင်သူတွေအတွက် The GRIT Myanmar မှာ YCU student ဖြစ်ကြောင်းပြနိုင်ရုံနဲ့တင် 10% discount ကို ရယူပြီး ကစားနည်းအသစ်တွေနဲ့အတူ ကစားလို့ရနေပါပြီခင်ဗျာ။ 🏹🪓

The GRIT Myanmar မှာ ဘယ်လိုကစားနည်းတွေရနိုင်မလဲဆိုရင် -

🏹 Archery shooting
🪓 Axe, Knife throwing
🎯 Darts
⛳️ Mini golf
🥅 Soccer Chair
♟ Board games အစရှိတဲ့ activities တွေ၊ games အသစ်တွေကို ဆော့နိုင်မှာဖြစ်တဲ့အပြင် YCU student ဆိုရင် 10% discount ပါ ရဦးမှာဆိုတော့ လုံးဝကိုအမိုက်စားပါပဲ။ 🤩🤩🤩

ဒါကတော့ကျွန်တော်တို့ Youth Career University - YCU နဲ့ The GRIT Myanmar တို့ရဲ့collaboration လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်လည်း အမိုက်စား collaboration တွေထပ်လာဦးမှာဖြစ်လို့ page လေးကို ဆက်ပြီးစောင့်ကြည့်ပေးကြပါဦးနော်။ 🥰🥰

“Your Career, Your Choice” ✨




ဆယ်ကျော်သက်လူငယ်လေးတွေအတွက် အခမဲ့ အစီအစဉ် လေး ကို YCU ကနေပြီး media partnership အနေနဲ့ ပါဝင်ပေးထားပါတယ် 🤩ဒီ Youth Skills...
02/07/2024

ဆယ်ကျော်သက်လူငယ်လေးတွေအတွက် အခမဲ့ အစီအစဉ် လေး ကို YCU ကနေပြီး media partnership အနေနဲ့ ပါဝင်ပေးထားပါတယ် 🤩

ဒီ Youth Skills Development Free Program က
MYEO ကနေ UNESCO နဲ့အတူ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး
အသက်(၁၃)ကနေ (၂၀)အရွယ်
ဆယ်ကျော်သက်လူငယ်တွေအတွက်
လိုအပ်တဲ့ Skills တွေကို ဖြည့်ပေးဖို့နဲ့
သင်ယူလေ့လာမှုတွေ ရပ်တန့်မသွားဖို့
အဓိကရည်ရွယ်တာဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ Life အတွက်ရော၊
Career အတွက်ရော
လိုအပ်တဲ့ Skills တွေကို ဖြည့်ထားမယ်ဆိုရင်
တကယ်တမ်းအလုပ်ခွင်နဲ့
လက်တွေ့လောကကြီးထဲကို
ဝင်ရောက်ဖို့အတွက် ပြင်ဆင်ပြီးသားဖြစ်ပါလိမ့်မယ်။

ဒါကြောင့် အသက်(၁၃)ကနေ (၂၀)အရွယ်
ဆယ်ကျော်သက်လူငယ်တွေအတွက်
တကယ်လိုအပ်တဲ့ Skills တွေကို ဒီ Program မှာ
လုံးဝ(အခမဲ့) သင်ပေးသွားမှာပါ။

ဒါကြောင့် ကိုယ့်အိမ်ကဖြစ်ဖြစ်၊ ကိုယ့်အသိဖြစ်ဖြစ်
ညီလေး/မောင်လေး/ညီမလေးတွေအတွက်
ဒီ Program ကို မျှဝေပေးပါဦးနော်။
(ကိုယ်တိုင်စိတ်ဝင်စားလို့ လေ့လာချင်ရင်လည်း Join လို့ရပါတယ်။)

အခုလို Share ပေးတာလေး တစ်ခုကလည်း
နောက်ဆက်တွဲအနေနဲ့ လူငယ်တွေကို အကျိုးရှိသွားစေနိုင်တာကြောင့်
ပညာဒါနပြုခြင်း တစ်မျိုးပါပဲနော်။🤩

ဒီ Program မှာ ဘာတွေရသွားမှာလဲဆိုရင်
✅အလုပ်ခွင်အတွက် Digital Skills တွေကို အသုံးချတတ်သွားမယ်။
✅အလုပ်ဝင်ဖို့ အဆင်သင့်ပြင်ဆင်တတ်သွားမယ်။
✅ပြီးရင် ဘဝကြီးမှာ ရှင်သန်ဖို့ လိုအပ်မယ့် Resilient Skills တွေနဲ့ Interpersonal Skills တွေကိုလည်း ရသွားမယ်။
✅Bonus အနေနဲ့ Agriculture Technical Skills တွေကိုလည်း ပေးသွားဦးမှာပါ။

Registration Link⬇️
https://m.me/myeo.hub?ref=youth_skills_program

(စာမကျတာ၊ မှားနှိပ်မိတာမျိုးဖြစ်ရင် MYEO Messenger မှာပဲ youth skills program ဆိုတဲ့ Keyword ပို့လိုက်လို့ရပါတယ်။)

ဆိုတော့ အားလုံးအတူတူ ဆယ်ကျော်သက် လူငယ်တွေကို Empower လုပ်လိုက်ကြရအောင်။💪





Youth Career University - YCU မှာ တက်ရောက်နေကြတဲ့ ကျောင်းသား၊ကျောင်းသူများအတွက် 𝐂𝐎𝐅𝐅𝐄𝐄 𝐃𝐀𝐓𝐄 - 𝖘𝖎𝖓𝖈𝖊 𝟐𝟎𝟐𝟐 နဲ့ YCU တို့ပူး...
21/06/2024

Youth Career University - YCU မှာ တက်ရောက်နေကြတဲ့ ကျောင်းသား၊ကျောင်းသူများအတွက် 𝐂𝐎𝐅𝐅𝐄𝐄 𝐃𝐀𝐓𝐄 - 𝖘𝖎𝖓𝖈𝖊 𝟐𝟎𝟐𝟐 နဲ့ YCU တို့ပူးပေါင်းပြီး collaboration လေးတစ်ခုပြုလုပ်ထားပါတယ်။ 🤩🤩

YCU student ဖြစ်ကြောင်းပြရုံနဲ့ Coffee Date - Since 2022 ဆိုင်ရဲ့ Drink Menu တွေမှာ 10% discount ရယူနိုင်ပြီဖြစ်ပါတယ်။ 🙌🏻❤️
အခုချိန်ကမိုးတွင်းလည်းရောက်လာပြီဆိုတော့ မိုးအေးအေးလေးနဲ့ coffee date ချင်တယ်ဆိုရင် Coffee Date - Since 2022 ဆိုင်မှာ 10% discount လေးနဲ့အတူအေးဆေး chill လို့ရပါပြီခင်ဗျာ။ 🤫

Eid al Adha Mubarak! ☪️ဒီနေ့ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ မင်္ဂလာရှိသော Eid‌ နေ့ဖြစ်ပါတယ်။ ယခုကဲ့သို့ နေ့ထူးနေ့မြတ်ကို ဆင်နွ...
18/06/2024

Eid al Adha Mubarak! ☪️

ဒီနေ့ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ မင်္ဂလာရှိသော Eid‌ နေ့ဖြစ်ပါတယ်။ ယခုကဲ့သို့ နေ့ထူးနေ့မြတ်ကို ဆင်နွှဲကြသူအားလုံး ငြိမ်းချမ်းသာယာ၍ ကောင်းခြင်းမင်္ဂလာများနှင့်ပြည့်စုံကြပါစေကြောင်း Youth Career University - YCU team မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ မင်္ဂလာရှိသော အီးဒ်နေ့လေးဖြစ်ကြပါစေ။ 🙏🏻

ချစ်တယ်ဆိုတာကို ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူ့ရဲ့လုပ်ရပ်တွေ၊ အပြုအမူတွေတိုင်းက ချစ်တယ်ဆိုတာထက်ပိုတာ လောကမှာ အဖေတစ်ယောက်ပဲ...
16/06/2024

ချစ်တယ်ဆိုတာကို ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူ့ရဲ့လုပ်ရပ်တွေ၊ အပြုအမူတွေတိုင်းက ချစ်တယ်ဆိုတာထက်ပိုတာ လောကမှာ အဖေတစ်ယောက်ပဲရှိပါတယ်။ 💞💞

ကျွန်တော်တို့တွေက အဖေ့ရဲ့မေတ္တာတွေကို ခံစားမိကြပေမယ့် အဖေ့ကိုချစ်တဲ့အကြောင်းတွေကိုတော့ ပြောဖို့မေ့နေတတ်ကြပါတယ်။ ဒီနေ့မှာတော့ အဖေနဲ့အတူ ကြည်နူးစရာအချိန်တွေ၊ အဖေ့ရဲ့ဂရုစိုက်နွေးထွေးမှုတွေကို ပြန်လည်အမှတ်ရရင်း ကျွန်တော်တို့ရဲ့အချစ်တွေကို အဖေသိအောင် ထုတ်ဖော်ပြသပြီး အဖေများနေ့ကို ဂုဏ်ပြုကြရအောင်ခင်ဗျာ။ 🎉🎉💌

အားလုံးအတွက် ပျော်ရွှင်ကြည်နူးစရာ အဖေများနေ့လေးဖြစ်ပါစေကြောင်း YCU အဖွဲ့သူ၊အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ✨✨


#အဖေများနေ့

📢 Partnership Announcement 📢Youth Career University - YCU 🤝 MYEOဒီတစ်ခါမှာတော့ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Digital ...
11/06/2024

📢 Partnership Announcement 📢

Youth Career University - YCU 🤝 MYEO

ဒီတစ်ခါမှာတော့ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Digital Skills တွေကို သင်တန်းကြေးသက်သက်သာသာနဲ့သင်ယူနိုင်အောင် ဖန်တီးပေးနေတဲ့ Myanmar Youth Empowerment Opportunities - MYEO နဲ့ လူငယ်တွေအတွက်လိုအပ်နေတဲ့ Languages, digital skills တွေကို “Low cost , High quality education” ဆိုတဲ့‌ဆောင်ပုဒ်နဲ့အညီ သင်ကြားပေးနေတဲ့ Youth Career University - YCU တို့ပူးပေါင်းပြီး ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတွေကို ဖန်တီးပေးသွားမှာဖြစ်ပါတယ်။ 🙋🙋

MYEO ဆိုတာကလည်း လူငယ်တွေအတွက် ယုံကြည်စိတ်ချရပြီး ခိုင်မာတဲ့ community တစ်ခု ဖြစ်တဲ့အပြင် ၂၁ ရာစုရဲ့ နည်းပညာတွေကိုအသုံပြုပြီး လိုအပ်နေတဲ့ Skills တွေ၊ သတင်းအချက်အလက်တွေကို မျှဝေထောက်ပံ့ပေးနေတဲ့ လူငယ်အခြေပြု “EduTech Social Enterprise” တစ်ခုဖြစ်ပါတယ်။ 🌟

ပထမဆုံး Collaboration အနေနဲ့ YCU ကျောင်းသူ၊ကျောင်းသားတွေအတွက် လိုအပ်တဲ့ survival skills တွေသင်ယူဖို့ MYEO ရဲ့ မည်သည့် workshop , boot camp မှာမဆို 10% discount နဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး MYEO မှာ တက်ရောက်ဖူးတဲ့ သင်တန်းသားတွေအနေနဲ့ YCU ရဲ့ မည်သည့် Courses တွေမှာမဆို 10% discount ရရှိမှာဖြစ်ပါတယ်။ 👀❤️

YCU နဲ့ MYEO မှာ တက်ရောက်ဖူးတယ်ဆိုရင်လည်း comment မှာ ကိုယ်တက်ခဲ့ဖူးတဲ့ အတန်းလေးတွေကို ပြောပြသွားလို့ရပါတယ်ဗျ။ 🙆

ဒါဆိုရင် လူငယ်တွေတတ်မြောက်ထားသင့်တဲ့ Skills တွေ၊ ဘာသာစကားတွေကို အထူးအခွင့်အရေးအနေနဲ့ 10% discount ရယူပြီး YCU နဲ့ MYEO ရဲ့ အတန်းတွေမှာ တက်ရောက်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။ 🙌🏻✨

နောက်ထပ်လည်း ပိုမိုကောင်းမွန်တဲ့ အစီအစဉ်လေးတွေ လုပ်ပေးဖို့ရှိတာကြောင့် ဆက်ပြီးစောင့်ကြည့်ပေးကြပါဦးနော်။ 🤗




English Grammar မှာဆိုရင် Tenses ဆိုတာ ကျွန်တော်တို့နဲ့မစိမ်းတဲ့ grammar တစ်ခုပါပဲ။ ငယ်ငယ်လေးကတည်းကနေ အခုချိန်အထိ Tenses...
05/06/2024

English Grammar မှာဆိုရင် Tenses ဆိုတာ ကျွန်တော်တို့နဲ့မစိမ်းတဲ့ grammar တစ်ခုပါပဲ။ ငယ်ငယ်လေးကတည်းကနေ အခုချိန်အထိ Tenses အကြောင်းတွေကို အကျဉ်းချုပ်အနေနဲ့ရော ကျယ်ကျယ်ပြန့်ပြန့်အ‌နေနဲ့လည်း သင်ခဲ့ရပါတယ်။ ဒီနေ့မှာတော့ သိပြီးသားဆိုပေမယ့်လည်း စာပြန်နွှေးချင်တဲ့သူတွေအတွက် Tenses အကြောင်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ✨✨

Tenses တွေမှာဆိုရင် အဓိကအပိုင်းအနေနဲ့ Present Tense, Past Tense, Future Tense ဆိုပြီး အပိုင်း(၃)ပိုင်းခွဲလို့ရပါတယ်။

Present Tense မှာ -

📌 Simple Present Tense
📌 Present Continuous Tense
📌 Present Perfect Tense
📌 Present Perfect Continuous Tense ဆိုပြီး ကျွန်တော်တို့တွေငယ်ငယ်လေးကတည်းက သင်ခဲ့ကြပါတယ်။ Simple Present Tense ကို general truths တွေ၊ အလေ့အကျင့်‌နဲ့ daily routines တွေကိုပြောတဲ့နေရာမှာ အသုံးပြုရပါတယ်။ Present Continuous Tense မှာ အခုလက်ရှိ current situation ကို ပြောရာတွင်အသုံးပြုရတာဖြစ်ပြီး အတိတ်ကနေအခုချိန်အထိ ဆက်တိုက်ဖြစ်လာနေတာကိုပြောချင်ရင်တော့ Present Perfect Continuous Tense ကို သုံးရတယ်ဆိုပြီး တွဲမှတ်ထားလို့ရပါတယ်။ Present Perfect Tense ကိုတော့ အချိန်အတိအကျမသိနိုင်တဲ့ past ကနေ အခုလက်ရှိအထိသက်ဆိုင်နေတာကိုပြောချင်ရင် သုံးရတာပါ။

Past Tense မှာဆိုရင် -

📌 Simple Past Tense
📌 Past Continuous Tense
📌 Past Perfect Tense
📌 Past Perfect Continuous Tense ဆိုတာတွေက ကျွန်တော်တို့အတိတ်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို ပြန်ပြောတဲ့အခါမှာ အသုံးပြုရပါတယ်။ ဒီမှာအထူးဂရုပြုသင့်တာကတော့ Past Perfect ဆိုရင် အတိတ်မှာဖြစ်ခဲ့တဲ့ action(၂)ခုကို‌ပြိုင်တူပြောရတဲ့အခါ နောက် action တစ်ခုမတိုင်ခင် အရင် action တစ်ခုကပြီးသွားပြီဆိုတဲ့သဘောမျိုးကိုပြောချင်တဲ့အခါမှာ အသုံးပြုရပါတယ်။ Past Perfect Continuous Tense လည်း ထိုနည်းအတိုင်းပါပဲ။ ဒါပေမယ့်မတူတာကတော့ Past Perfect Continuous Tense မှာ အတိတ်မှာဖြစ်လက်စအကြောင်းအရာကို ထည့်ပြောချင်တဲ့အခါမျိုးအတွက် အသုံးဝင်ပါတယ်။

Future Tense ကတော့ -

📌 Simple Future Tense
📌 Future Continuous Tense
📌 Future Perfect Tense
📌 Future Perfect Continuous Tense အစရှိတာတွေက ကျွန်တော်တို့အနာဂတ်က အကြောင်းအရာတွေကိုပြောချင်တဲ့အခါမှာ သုံးရပါတယ်။

“She will walk to school tomorrow.”
“ မနက်ဖြန်ကြရင် ကျောင်းကို သူမ‌လမ်းလျှောက်သွားလိမ့်မယ်။ “
✅ Simple Future Tense

"She will be walking to school at 8 AM tomorrow.”
“ မနက်ဖြန်နံနက်(၈)နာရီမှာ ကျောင်းကို သူမလမ်းလျှောက်သွားမယ်။ “
✅ Future Continuous Tense ကို အသုံးပြုမယ်ဆိုရင်တော့ နမူနာစာကြောင်းထဲကလိုပဲ အနာဂတ်မှာဖြစ်နေမယ့် specific time အတိအကျကိုပြောပေးဖို့လိုပါလိမ့်မယ်။

“She will have walked to school by 9 AM tomorrow.”
✅ အနာဂတ်ရဲ့ specific time တစ်ခုမတိုင်ခင်မှာ ပြီးသွားမယ့် action တစ်ခုအကြောင်းပြောချင်ရင် Future Perfect Tense ကို သုံးရပါတယ်။

‼️ ဒီအထိတောင်ဖတ်လာရတာ စာရှည်လို့ပျင်းနေပြီလား။ 👀 ကျွန်တော်ချည်းပဲ တောက်လျောက်ပြောလာခဲ့ရတာဆိုတော့ နောက်ဆုံးတစ်ချက်ကျန်တဲ့ Future Perfect Continuous Tense အကြောင်း YCUers လေးတို့ကို ပြန်ပြီးခေါင်းစားအောင်လုပ်ချင်ပါတယ်။ အောက်က comment မှာ Future Perfect Continuous Tense အကြောင်း ကိုယ်သိထားတဲ့ knowledge တွေကို example စာကြောင်းလေးတွေနဲ့ အပြန်အလှန် sharing လုပ်ရင်း ဝင်ပြောသွားကြပါဦးနော်။ 🙌🏻❤️

“Your Career, Your Choice” ✨





Digital Art ဆွဲတတ်ရုံနဲ့ career opportunities တွေရှိပါ့မလားဆိုပြီး တချို့တွေကထင်ကြတယ်‌ပေါ့နော်။ ဒါပေမယ့် Digital Art က က...
04/06/2024

Digital Art ဆွဲတတ်ရုံနဲ့ career opportunities တွေရှိပါ့မလားဆိုပြီး တချို့တွေကထင်ကြတယ်‌ပေါ့နော်။ ဒါပေမယ့် Digital Art က ကျွန်တော်တို့ထင်ထားတာထက်ပိုကျယ်ပြန့်ပြီး အခွင့်အလမ်းများတဲ့အကြောင်းတွေကို ကျွန်တော်ကဒီနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်။ 🙌🏻

ပထမဆုံးအနေနဲ့ လူသိများတာပြောရမယ်ဆိုရင် ကျွန်တော်တို့ကြည့်နေကျ movies တွေ၊ TV shows တွေအပြင်တခြား commercial creating animation များကလည်း digital art နဲ့သက်ဆိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့လူငယ်တွေဆော့နေတဲ့ mobile games တွေထဲက character တွေ၊ hero တွေဆိုတာကလည်း digital art ရဲ့ entertainment industries တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒါ့အပြင် ကြော်ငြာတွေမှာ graphics design ကောင်းကောင်းလိုအပ်သလို brand တစ်ခုမှာဆိုလည်း logo design တွေကအစ digital art အပေါ်အများကြီးမှီခိုနေပါတယ်။ ကိုယ်က freelance လုပ်ချင်တယ်ဆိုလည်း client ပေါ်မူတည်ပြီး custom artwork and design တွေလည်း ပြုလုပ်နိုင်ပါသေးတယ်။ နောက်ထပ်လူသိနည်းနေသေးတာတစ်ခုက Non-Fungible Tokens (NFTs) ပေါ့နော်။ NFTs ကကျွန်တော်တို့မြန်မာနိုင်ငံမှာသာ လူသိနည်းတယ်ဆိုပေမယ့် တကယ်တမ်းနိုင်ငံတကာမှာဆိုရင် NFTs ဈေးကွက်ဟာ တော်တေယ်လေးကျယ်ပြန့်နေတာကိုတွေ့ရပါလိမ့်မယ်။ Digital Art တွေကို ကိုယ်ပိုင်ဖန်တီးပြီး သူတို့သတ်မှတ်ထားတဲ့ platforms တွေမှာ အရောင်းအဝယ်တွေပြုလုပ်လို့ရပါတယ်။

ဒါကတော့ Digital Art နဲ့ပတ်သတ်ပြီးအလုပ်အကိုင်၊ အခွင့်အလမ်းတွေအကြောင်းပါခင်ဗျာ။ YCUers လေးတို့အနေနဲ့လည်း digital art အပေါ်ထားတဲ့ကိုယ့်ရဲ့ passion ကနေ professional အဖြစ်ပြောင်းလဲချင်တယ်ဆိုရင် YCU မှာဖွင့်ထားတဲ့ Digital Art Beginner Class လေးကို လူဦး‌ရေမပြည့်ခင် အချိန်မှီ join ထားလိုက်တော့နော်။ 🤩🤩

"Your Career, Your Choice"✨








Digital Art Class post link 🔗 - https://www.facebook.com/share/p/dwpWBzQrJ1mCvK8N/?mibextid=oFDknk

“Your Career, Your Choice” ✨

Address

No. 258, 4th Floor, Bargayar Road, Myaynigone (South) Quarter, Sanchaung Township
Yangon
11111

Telephone

+959791536139

Website

Alerts

Be the first to know and let us send you an email when Youth Career University - Online Courses posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Youth Career University - Online Courses:

Share