Nursing University Students' Union

Nursing University Students' Union Unity is strong
Let's proof we are the one

အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ။
15/06/2022

အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ။

အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ။

ကြားကာလတက္ကသိုလ်ကောင်စီ၊ သူနာပြုတက္ကသိုလ် (ရန်ကုန်)

မေလအတွက် အလှူငွေကောက်ခံခြင်းအကြမ်းဖက်စစ်ကောင်စီမှ မတရားစစ်အာဏာသိမ်းခဲ့သည်မှာ ၁နှစ်ပင်ကျော်ခဲ့ပြီ ဖြစ်ပါသည်။ ထို၁နှစ်ကျော...
15/05/2022

မေလအတွက် အလှူငွေကောက်ခံခြင်း

အကြမ်းဖက်စစ်ကောင်စီမှ မတရားစစ်အာဏာသိမ်းခဲ့သည်မှာ ၁နှစ်ပင်ကျော်ခဲ့ပြီ ဖြစ်ပါသည်။ ထို၁နှစ်ကျော် ကာလအတွင်း စစ်အာဏာရှင်တို့၏ လူမဆန်စွာ သော ယုတ်မာရက်စက်မှုများကို ပြည်သူများသည် ကြံ့ကြံ့ခံတွန်းလှန်တော်လှန်၍ ဖယ်ဒရယ်ဒီမိုကရေစီပန်းတိုင်ဆီသို့ ရှေ့ဆက်လှမ်းနေကြဆဲ ဖြစ်ပါသည်။

ထိုသို့ မိမိတို့၏ဦးတည်ရာ ရည်မှန်းချက်သို့ ရောက်ရန်မှာ တော်လှန်ရေး၏ အဓိကထောက်တိုင်များ
(အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု၊ လက်နက်ကိုင်တော်လှန်ရေး၊ Digital Strike များ,...) ကို ဆက်လက်၍ ပံ့ပိုးကူညီဖို့ လိုအပ်ပါသည်။

သို့ဖြစ်ပါ၍ မိမိတို့ဆေးနှင့်ဆေးနှီးနွယ်ကျောင်းသားများသမဂ္ဂအနေဖြင့်လည်း ကျန်းမာရေး CDM ဝန်ထမ်းများအား ထောက်ပံ့မှု၊ တော်လှန်ရေးရဲဘော်များအတွက်ကျန်းမာရေးစောင့်ရှောက်မှုများ၊ စစ်ဘေးရှောင်ပြည်သူများအတွက်ဆေးဝါးထောက်ပံ့မှုများနှင့် အခြားသောတော်လှန်ရေးကဏ္ဍများအတွက်
အစဥ်တစိုက် ပါဝင်ကူညီထောက်ပံ့ပေးနိုင်ပါရန် အလှူငွေများလိုအပ်လျက်ရှိပါသည်။

ထို့​ကြောင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်ချင်သော၊ ဖယ်ဒရယ်ဒီမိုကရေစီကို အမှန်တကယ်လိုလားကြသော ကျောင်းသားပြည်သူများအနေဖြင့် တော်လှန်ရေးအတွက် မိမိတို့ တတ်စွမ်းသမျှ အလှူငွေနည်းများမဆို ပါဝင်ကူညီထောက်ပံ့ပေးကြပါရန် တိုက်တွန်းနှိးဆော်အပ်ပါသည်။

အလှူငွေများကို May -15 ရက်နေ့မှ May -21 ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပါသည်။

အလှူရှင်များအနေဖြင့် kpay, wave, paypal စသည့်နည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်။

အလှူငွေလှူဒါန်းလိုပါက page chatbox တွင် လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရရှိလာသောအလှူငွေများအား အမှန်တကယ်လိုအပ်နေသောနေရာများတွင်သာ ထိထိရောက်ရောက်အသုံးပြုသွားမည်ဖြစ်ပါသည်။

14/05/2022

(၁၂-၅-၂၀၂၂) ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် (၂) နာရီတွင် မြန်မာနိုင်ငံ CDM သူနာပြုဆရာဆရာမများက ဦးစီးကျင်းပသော အ.....

ယခု May လ ကနေစပြီး ကျွန်တော်တို့သမဂ္ဂကနေ လစဥ်အလှူခံနေတဲ့ အစီအစဥ်လေးကို သေချာပြန်ပြီး Run ပေးပါမယ်။ အရက်လတွေကလည်း လစဥ်အလှ...
30/04/2022

ယခု May လ ကနေစပြီး ကျွန်တော်တို့သမဂ္ဂကနေ လစဥ်အလှူခံနေတဲ့ အစီအစဥ်လေးကို သေချာပြန်ပြီး Run ပေးပါမယ်။
အရက်လတွေကလည်း လစဥ်အလှူခံခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် post တင်ပြီး သေချာ မရှင်းလင်းဖြစ်တာပါခင်ဗျာ။ ကျွန်တော်တို့ဆီ ရောက်ရှိတဲ့ အလှူငွေတွေကို တစ်ပြားတစ်ကျပ်မှ မကျန်စေရဘဲ သက်ဆိုင်ရာ နယ်ပယ်များဆီ ခွဲဝေခဲ့ပါတယ်။

ယခုလအတွက်လည်း ကျွန်တော်တို့ ယနေ့ လကုန်ကနေ နောက်လ ၇ ရက်နေ့လောက်အထိ အလှူငွေများလက်ခံပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ သမဂ္ဂက ကိုယ်စားလှယ်အသီးသီးမှလည်း Member များအား အလှူငွေထည့်ဝင်နိုင်မဲ့ ဖုန်းနံပတ်များအား လာရောက်အသိပေးမည်ဖြစ်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ရဲ့ လူမှုရေးကိစ္စများကြောင့် အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်မျာ။

အခုမှ Member အသစ်ဝင်လိုသူများအနေဖြင့်လည်း အောက်မှာထည့်ထားတဲ့ Google form ကနေတစ်ဆင့် ပါဝင်လို့ရပါတယ်။



Member ဝင်လိုသူများအနေဖြင့် သိရှိထားရန်များအား အောက်တွင် ဖော်ပြအပ်ပါသည်။ - Member ဝင်ပြီးပါက လစဥ် အလှူငွေထည့်သွင်း.....

ဧပြီလအတွက် အလှူငွေကောက်ခံခြင်းအကြမ်းဖက်စစ်ကောင်စီမှ 2021 ခုနှစ် ဖေဖော်ဝါရီလ 1 ရက်နေ့၌ မတရားစစ်အာဏာသိမ်းခဲ့ချိန်မှစ၍ မိမိ...
16/04/2022

ဧပြီလအတွက် အလှူငွေကောက်ခံခြင်း

အကြမ်းဖက်စစ်ကောင်စီမှ 2021 ခုနှစ် ဖေဖော်ဝါရီလ 1 ရက်နေ့၌ မတရားစစ်အာဏာသိမ်းခဲ့ချိန်မှစ၍ မိမိတို့ဆေးနှင့်ဆေးနှီးနွယ်ကျောင်းသားများအားလုံးသည်အာဏာရှင်စနစ်ကိုတော်လှန်သော နွေဦးတော်လှန်ရေးလှုပ်ရှားမှုများတွင် ယနေ့ချိန်ထိ တက်ကြွစွာပါဝင်လှုပ်ရှားလျက်ရှိပါသည်။

ထို့အပြင်လည်း ကျန်းမာရေး CDM ဝန်ထမ်းများကိုထောက်ပံ့ရန်၊ တော်လှန်ရေးရဲဘော်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ စစ်ဘေးရှောင်ပြည်သူများအတွက်ရိက္ခာနှင့်ဆေးဝါးထောက်ပံ့ပေးနိုင်ရန်နှင့် အခြားသောတော်လှန်ရေးကဏ္ဍများအတွက်လည်း အားစိုက်ကူညီလျက်ရှိရာ ကျောင်းသားပြည်သူတို့၏အလှူငွေများကို လိုအပ်လျက်ရှိပါသည်။
( မိမိတို့၏လှူဒါန်းခဲ့မှုများအား သက်ဆိုင်ရာ certificate များဖြင့်လည်း တရားဝင်အသိပေးထားပြီးဖြစ်ပါသည် )

သို့ဖြစ်ပါ၍ စစ်အာဏာရှင်စနစ်ကို ရွံမုန်းသော၊ ဖက်ဒရယ်ဒီမိုကရေစီအောင်ပွဲကို အမြန်ရောက်လိုသော ကျောင်းသားပြည်သူများအနေဖြင့် တော်လှန်ရေးအတွက် မိမိတို့တတ်စွမ်းသမျှ နည်းများမဆိုပါဝင်ကူညီလှူဒါန်း‌ပေးနိုင်ပါရန် တိုက်တွန်းနှိုးဆော်လိုပါသည်။

အလှူငွေများကို April 16 ရက်နေ့မှ April 22 ရက်နေ့အထိ Kpay, Wave, Paypal အစရှိသည့် payment များဖြင့် လက်ခံသွားမည်ဖြစ်ပါသည်။

အလှူငွေလှူဒါန်းလိုပါက page chatbox တွင် အချိန်မရွေးလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရရှိလာသောအလှူငွေများအား တစ်ပြားတစ်ချပ်မှအလေအလွင့်မဖြစ်စေရဘဲ ထိထိရောက်ရောက် အသုံးပြုသွားမည်ဖြစ်ပါသည်။

08/04/2022

ပင်နီစလင်စာစဉ် အတွဲ ၁၊အမှတ်စဉ် ၁ ထွက်ပြီ။

_ _ _ _ _ _

▫️ နွေဦးတော်လှန်ရေးကာလအတွင်း ဆေးနှင့်ဆေးနှီးနွယ်ကျောင်းသားသမဂ္ဂများအဖွဲ့မှ ထုတ်ဝေသော ပင်နီစလင်စာစောင် အတွဲ ၁၊အမှတ်စဉ် ၁ ထွက်ရှိလာပါပြီ။

ယခုအပတ် စာစောင်မှာ ဖတ်ရှုနိုင်မှာတွေကတော့-

~ ဆောင်းပါး ~
🔹တိုင်းပြည်ကိုဆွဲချနေသော လက်ယာအစွန်းရောက်ဝါဒီများ - ဒေါက်တာတေဇဆန်း
🔹နွေဦးတော်လှန်ရေး ခေါင်းဆောင်မှုကောင်း လိုအပ်ချိန် - ငြိမ်းငြိမ်းပြည့်
🔹အမျိုးသားရေးဝါဒ လိုအပ်သလား - သီရိ

~ အင်တာဗျူး ~
🔹စီဒီအမ် ဗိုလ်ကြီးညီသုတနှင့် တွေ့ဆုံခြင်း

~ ကဗျာ ~
🔹အမေနဲ့သခင်သန်းထွန်းအတွက် ကဗျာ - ကိုအောင်
🔹မီးလောင်နေတဲ့ မြို့ပေါ်က အချစ်ကလေးရေ - မိုးရဲ
🔹ယုံတမ်းပုံပြင် ကြိုက်သူတွေအတွက် အချစ်ကဗျာ တစ်ပုဒ် - လတ်လွန်းဝေဦး

~ ရင်တွင်းဖြစ်စာများ ~
🔹သပိတ်မှောက် ဆေးကျောင်းသူတစ်ဦး

~ ကျန်းမာရေး ~
🔹တော်လှန်ရေးကာလ ကိုယ်ဝန်ဆောင်များအတွက် - ဒေါက်တာဖြိုးသီဟ

~ ဘာသာပြန် ~
🔹ယူကရိန်း အကျပ်အတည်းနှင့် အနောက်အုပ်စု၏ အဓိကစနက် - သက်နှင်း
စတာတွေနဲ့ တစ်ပတ်တာ သတင်းကောက်နှုတ်ချက်များတို့ကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

_ _ _ _ _ _

▫️ပင်နီစလင်စာစဉ် အတွဲ ၁၊အမှတ်စဉ် ၁ ကို ဒေါင်းလုတ်ရယူရန်
- https://tinyurl.com/mry5rckx

ပင်နီစလင်စာစဉ်၏ တယ်လီဂရမ် ချန်နယ်
-https://t.me/penicillinjournalAMSU

▫️ပင်နီစလင်စာစဉ်အား ပြည်သူလူထုကြား၊တော်လှန်ရေ ရဲဘော်များကြား ပိုမိုပျံ့နှံ့စိတ်ဝင်စေရန် Ebook PDF File အားဖြစ်စေ၊Print ထုတ်၍ဖြစ်စေ ထပ်မံမျှဝေခြင်းများ ပြုလုပ်ကြပါရန် တိုက်တွန်းအပ်ပါသည်။

_ _ _ _ _ _

#ပင်နီစလင်စာစဉ်
#ပင်နီစလင်၀၁၀၁ #ဧပြီ၇၂၀၂၂

08/04/2022

ပင်နီစလင်စာစဥ် မိတ်ဆက်

▫️ပင်နီစလင်စာစဉ်သည် နွေဦးတော်လှန်ရေးကာလအတွင်း ဆေးနှင့်ဆေးနှီးနွယ်ကျောင်းသားသမဂ္ဂများအဖွဲ့မှ နှစ်ပတ်တစ်ကြိမ်ထုတ်ဝေသော စာစောင်ဖြစ်ပါသည်။

▫️ပင်နီစလင် စာစဉ်တွင် ဖတ်ရှုနိုင်မည့် ကဏ္ဍများ-

🔹ဆောင်းပါး
🔹အင်တာဗျူး
🔹ကဗျာ
🔹ရင်တွင်းဖြစ်စာများ
🔹ကျန်းမာရေး
🔹ဘာသာပြန်
🔹သတင်း

▫️ပင်နီစလင်စာစဉ်၏ တစ်ပတ်တာသတင်းကောက်နှုတ်ချက်များ၊အယ်ဒီတာ့ အာဘော်၊လက်မလွှတ်တမ်းဖတ်ရှုသင့်သည့် ဆောင်းပါးများ၊အင်တာဗျူး သုံးသပ်ချက်များ၊လူထုကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်များစသည်တို့ကို ပင်နီစလင်စာစဉ် တယ်လီဂရမ်ချန်နယ်တွင် အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
—Telegram Channel Link—
https://t.me/penicillinjournalAMSU

▫️ပင်နီစလင်စာစဉ်တွင် ပါဝင်သော ကဏ္ဍတိုင်းနှင့် ပတ်သက်၍ စာမူများပေးပို့နိုင်ပြီး စာမူများအား စာရိုက် ၍ဖြစ်စေ၊ လက်ရေးမူဖြင့်ဖြစ်စေ ပေးပို့နိုင်ပါသည်။

📮📮
Email - [email protected]

Telegram Account - https://t.me/penicillinAMSU

▫️ပင်နီစလင်စာစဉ်အား ပြည်သူလူထုကြား၊တော်လှန်ရေ ရဲဘော်များကြား ပိုမိုပျံ့နှံ့စိတ်ဝင်စေရန် Ebook PDF File အားဖြစ်စေ၊Print ထုတ်၍ဖြစ်စေ ထပ်မံမျှဝေခြင်းများ ပြုလုပ်ကြပါရန် တိုက်တွန်းအပ်ပါသည်။

#ပင်နီစလင်စာစဉ်

ဖေဖော်ဝါရီလအတွက်အလှူ​ငွေ (651,000) ကျပ်တိတိ ကောက်ခံရရှိခဲ့ပြီး ထိုအလှူ​ငွေများအား- CDM သူနာပြုနှစ်ဦးအတွက် 110,000 ကျပ်-...
26/02/2022

ဖေဖော်ဝါရီလအတွက်အလှူ​ငွေ (651,000) ကျပ်တိတိ ကောက်ခံရရှိခဲ့ပြီး ထိုအလှူ​ငွေများအား

- CDM သူနာပြုနှစ်ဦးအတွက် 110,000 ကျပ်
- PDF လေးနေရာအတွက် (541,000) ကျပ်ဖြင့် အသီးသီးခွဲဝေ လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။
- ထို့အပြင် ကျွန်ုပ်တို့ သမဂ္ဂ ရန်ပုံငွေထဲမှ (150,000) အားအလျင်လိုအပ်နေသော PDF တစ်နေရာအတွက်လည်း လှူဒါန်းခဲ့ပါသည်။

ယခုကဲ့သို့ကျွန်ုပ်တို့သမဂ္ဂနှင့် ယုံယုံကြည်ကြည်ပူး​ပေါင်းပါဝင်​ပေးသည့်အတွက် ကျွန်ုပ်တို့တက္ကသိုလ်မှ စီနီယာ၊ ဂျူနီယာများကို အထူး​ပင်​ကျေးဇူးတင်ရှိအပ်ပါသည်။ အဖွဲ့ဝင်အသစ်များလည်း ပိုမိုလိုအပ်လျက်ရှိပါ​​သော​ကြောင့် ကျွန်ုပ်တို့​၏နွေဦး​တော်လှန်​ရေးအဖွဲ့ဝင်များအဖြစ် ပါဝင်ကူညီ​ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ လာမည့် မတ်လအတွက် အလှူငွေအား မကြာမီရက်များအတွင်း ကောက်ခံပေးသွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့ ယခုဆောင်ရွက်နေသော အစီအစဥ်နဲ့ပတ်သက်၍ အကြုံပြချက်တစ်စုံတရာရှိခဲ့ပါက page chatbox တွင် လာရောက်အကြုံပြုနိုင်ပါသည်ခင်ဗျာ။

ကျွန်ုပ်တို့ လူမှုရေးကိစ္စများကြောင့် ကြန့်ကြာမှုများရှိခဲ့ပါက နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။

https://docs.google.com/forms/d/e/1FAIpQLSecGm0dDMJmNlzUYZp4cQFOzDfY4p_tB2U1k56LRUIDn5H49A/viewform

Member ဝင်လိုသူများအနေဖြင့် သိရှိထားရန်များအား အောက်တွင် ဖော်ပြအပ်ပါသည်။ - Member ဝင်ပြီးပါက လစဥ် အလှူငွေထည့်သွင်း.....

13/02/2022

Interim University Council - YUON

11/02/2022

အသိပေးအကြောင်းကြားခြင်း
------------------------
ကျွန်ုပ်တို့ သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အဖွဲ့ဝင်များ လူမှုရေးကိစ္စများရှိနေပါသဖြင့် ကျွန်ုပ်တို့ လက်ရှိ ဦးဆောင်လျက်ရှိသော လစဥ် Fundraising အစီအစဥ်သည် ပုံမှန်လများထက် အနည်းငယ်နောက်ကျမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

နောက်လများတွင် ပုံမှန်လည်ပတ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ပြီး Member များအနေဖြင့်လည်း ပုံမှန်အတိုင်း ပါဝင်လှူဒါန်းပေးကြပါရန် ကျွန်ုပ်တို့မှ ထပ်ဆင့်မေတ္တာရပ်ခံအပ်ပါသည်။

အမည်ပျက် ကျောင်းသား/ကျောင်းသူများစာရင်း ထုတ်ပြန်ကြေညာခြင်း။
06/02/2022

အမည်ပျက် ကျောင်းသား/ကျောင်းသူများစာရင်း ထုတ်ပြန်ကြေညာခြင်း။

31/01/2022

ကျောင်းပြန်ဖွင့်ခြင်းကိစ္စနှင့်ပတ်သက်၍ သတိပေးကြေညာချက်
----------------------------------
စစ်အာဏာရှင် လက်အောက်ခံများဖြစ်ကြသည့် သူနာပြုတက္ကသိုလ်(ရန်ကုန်)မှ ဝန်ထမ်းများသည် ကျောင်းပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း၊ ကျောင်းပြန်လာတက်စေလိုကြောင်း စသည်ဖြင့် ကျောင်းသား ကျောင်းသူများ၏ အိမ်များသို့ ဖုန်းဖြင့်ဆက်သွယ်ကာ အကြောင်းကြားလျက်ရှိပါသည်။

တော်လှန်ရေး အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ကျောင်းသား ကျောင်းသူများ၏ ပညာရေး ဆိုင်းငံ့ထားရသည်မှာ မှန်သော်လည်း ယခုအခါ သက်ဆိုင်ရာ ကျောင်းကောင်စီများမှ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အတတ်နိုင်ဆုံး သင်ခန်းစာများ ပြန်လည်စတင်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြပြီဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သူနာပြုတက္ကသိုလ်(ရန်ကုန်) မှ ကျောင်းသားကျောင်းသူများအနေဖြင့် စစ်အာဏာရှင်ထိန်းချုပ်မှုအောက်၌ သန္ဓေတည်နေသော ကျွန်ပညာရေးစနစ်အား အားမပေးကြပဲ ဆက်လက်ဆန့်ကျင်တွန်းလှန်ကြပါရန် မိမိတို့ သမဂ္ဂမှ အလေးအနက်ထား တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အကယ်၍ မိဘများမှ ကျောင်းတက်ရန် အတင်းတိုက်တွန်းလာသည်များရှိပါက ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏ မိဘများအား အကျိုးအကြောင်းသေချာနားလည်အောင် ရှင်းပြရန် လိုအပ်ပါသည်။ တစ်စုံတခု အကူအညီလိုအပ်ပါက မိမိတို့နှင့်လည်း လာရောက်ဆက်သွယ်ပြောကြားနိုင်ပါသည်။

Address

Lanmadaw Township
Yangon

Website

Alerts

Be the first to know and let us send you an email when Nursing University Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Nursing University Students' Union:

Share