North Chiang Mai University Myanmar Representative Office

North Chiang Mai University Myanmar Representative Office North-Chiang Mai University မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံး၏တရားဝင်စာမျက်နှာ

https://www.northcm.ac.th

🌟ကျောင်းနောက်ဆုံးလျှောက်ထားရမည့်ရက် တိုးမြှင့်ခြင်း🇹🇭မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်၏ ၂၀၂၆ခုနှစ် ဇွန်လတွင် စတင်တက်ရောက်ရ...
27/04/2026

🌟ကျောင်းနောက်ဆုံးလျှောက်ထားရမည့်ရက် တိုးမြှင့်ခြင်း

🇹🇭မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်၏ ၂၀၂၆ခုနှစ် ဇွန်လတွင် စတင်တက်ရောက်ရမည့် အောက်ပါဘွဲ့ကြိုတန်းများအတွက် နောက်ဆုံးလျှောက်ထားရမည့် နေ့ရက်ကို ၈-၅-၂၀၂၆ ရက်နေ့အထိ တိုးမြှင့်ထားပါသည်-

🎓B.B.A (Management)
🎓B.B.A (Digital Business Management)
🎓B.B.A (Aviation Business Management & Tourism)
🎓B.E. Software Engineering

အားသာချက်များ

✅၁၀ တန်း စနစ်ဟောင်း၊ စနစ်သစ် ၁၂ တန်း၊ အခြေခံပညာအထက်တန်းပြီးဆုံးကြောင်းလက်မှတ်၊ GED၊ GCE O/A၊ UK Level 3 Diplomas (NCC/ Pearson/ OTHM) အောင်မြင်သူများ ပထမနှစ်သို့ တိုက်ရိုက်တက်ရောက်နိုင်ခြင်း၊
✅တက္ကသိုလ်အဆောင်နေထိုင်ခွင့်
✅ခိုင်မာသည့် ED PLUS
✅ကျောင်းလခ အရစ်ကျ ပေးသွင်းနိုင်ခြင်း
✅အလုပ်သင် (Internship) အခွင့်အလမ်းများ

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်
မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံး

🇲🇲09795528055 (Viber ကလည်း ဆက်သွယ်နိုင်ပါသည်)

၉၀၃၊ မောရဝတီကွန်ဒို
၁၃၅၊ ပြည်လမ်း၊ ၈ မိုင် (မဟာစည်မှတ်တိုင်)၊ ရန်ကုန်။
(ရုံးချိန်၊ တနင်္လာ- သောကြာ ၉း၀၀ နာရီမှ ၃း၀၀နာရီအထိ)

🇬🇧HND/ UK Level 5 Diploma အောင်မြင်ပြီးသူများအတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တက်ရောက်ရမည့်  Top-Up Program 🇹🇭🎓H...
21/04/2026

🇬🇧HND/ UK Level 5 Diploma အောင်မြင်ပြီးသူများအတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တက်ရောက်ရမည့် Top-Up Program 🇹🇭

🎓HND/ UK Level 5 Diploma အောင်မြင်ပြီးသူများသည် 1 Year Top-Up တက်ရောက်ရုံဖြင့် ထိုင်းနိုင်ငံအစိုးရ အသိအမှတ်ပြု ပုဂ္ဂလိကတက္ကသိုလ်ဖြစ်သည့် မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်က ပေးအပ်ချီးမြှင့်မည့် B.B.A (Management) ဘွဲ့ကို ရရှိပါမည်။

✅Semester (၃) ခု သင်ကြားရမည်ဖြစ်ပြီး Semester တစ်ခုလျှင် ထိုင်းဘတ် ၃၀,၀၀၀ သာ အရစ်ကျ ပေးသွင်းရန် လိုအပ်ပါမည်။

✅အလုပ်သင်အခွင့်အလမ်း (Professional Internship) မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပြီး 3 Credits သတ်မှတ်ထားပါသည်။

✅ခိုင်မာသည့် ED PLUS Visa အမျိုးအစားရရှိပါမည်။

❌IELTS/ TOEFL အင်္ဂလိပ်စာစာမေးပွဲရလဒ်များ တင်ပြရန် မလိုပါ။

⚠️လူဦးရေကန့်သတ်ထားပါသည်။ နောက်ဆုံးလျှောက်ထားရမည့်ရက် ၃၀-၄-၂၀၂၆

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်
မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံး

🇲🇲09795528055 (Viber ကလည်း ဆက်သွယ်နိုင်ပါသည်)
၉၀၃၊ မောရဝတီကွန်ဒို
၁၃၅၊ ပြည်လမ်း၊ ၈ မိုင် (မဟာစည်မှတ်တိုင်)၊ ရန်ကုန်။
(ရုံးချိန်၊ တနင်္လာ- သောကြာ ၉း၀၀ နာရီမှ ၃း၀၀နာရီအထိ)

🇹🇭မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်မှာ ဘွဲ့ကြို/ ဘွဲ့လွန်/ ပါရဂူဘွဲ့တန်းများ တက်ရောက်ဖို့အတွက် ကျောင်းအပ်လက်ခံလျက်ရှိပါတယ်...
20/04/2026

🇹🇭မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်မှာ ဘွဲ့ကြို/ ဘွဲ့လွန်/ ပါရဂူဘွဲ့တန်းများ တက်ရောက်ဖို့အတွက် ကျောင်းအပ်လက်ခံလျက်ရှိပါတယ်။

⚠️၂၀၂၆ခုနှစ် ဇွန်လမှာ စတင်တက်ရောက်ရမှာဖြစ်ပြီး ၃၀-၄-၂၀၂၆ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမည်။

🏆သက်သာတဲ့ ကျောင်းလခနှင့် အရစ်ကျပေးသွင်းမှုစနစ်၊ တက္ကသိုလ်အဆောင် နေထိုင်ခွင့်၊ အလုပ်သင်အခွင့်အလမ်းများ၊ နွေးထွေးတဲ့ ပညာသင်ရပ်ဝန်းတစ်ခု စတဲ့အားသာချက်တွေဟာ မြောက်ပိုင်းချင်းမိုင်တက္ကသိုလ် ကို ရွေးချယ်ဖို့အသင့်တော်ဆုံး တက္ကသိုလ်တစ်ခု ဖြစ်စေခဲ့ပါတယ်။

🇲🇲မြန်မာကျောင်းသားများစွာ ပညာသင်ကြားလျက်ရှိတဲ့ မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်မှာ သင့်အိမ်မက်များရဲ့ ပထမခြေလှမ်းကို စတင်ပါ။

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်
မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံး

🇲🇲09795528055 (Viber ကလည်း ဆက်သွယ်နိုင်ပါသည်)
၉၀၃၊ မောရဝတီကွန်ဒို
၁၃၅၊ ပြည်လမ်း၊ ၈ မိုင် (မဟာစည်မှတ်တိုင်)၊ ရန်ကုန်။

(ရုံးချိန်၊ တနင်္လာ- သောကြာ ၉း၀၀ နာရီမှ ၃း၀၀နာရီအထိ)

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်၏ မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံးသည် ၂၀-၄-၂၀၂၆ ရက်နေ့ (တနင်္လာနေ့) မှအစပြု၍ ပုံမှန်အတိုင်း...
20/04/2026

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်၏ မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံးသည် ၂၀-၄-၂၀၂၆ ရက်နေ့ (တနင်္လာနေ့) မှအစပြု၍ ပုံမှန်အတိုင်း ဝန်ဆောင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံးကို တနင်္လာနေ့မှ သောကြာနေ့ အထိ နံနက် ၉း၀၀ နာရီမှ နေ့လယ် ၃း၀၀ နာရီအထိ ( စနေ၊ တနင်္ဂနွေနှင့်အများပြည်သူရုံးပိတ်ရက်များမှအပ) ဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးအပ်မည်ဖြစ်ပါသည်။

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်
မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံး

“ယာဉ်မတော်တဆမှု အထူးဂရုပြု”🛵🚨🚦⚠️ ယာဉ်မတော်တဆမှုများသည် အန္တရာယ်အလွန်များပြီး အသက်ဘေးကိုပါ ထိခိုက်စေနိုင်ပါသည်။ အထူးသဖြင်...
11/04/2026

“ယာဉ်မတော်တဆမှု အထူးဂရုပြု”🛵🚨🚦

⚠️ ယာဉ်မတော်တဆမှုများသည် အန္တရာယ်အလွန်များပြီး အသက်ဘေးကိုပါ ထိခိုက်စေနိုင်ပါသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ ဆုန်ကရန်ပွဲတော်ကာလများတွင် ယာဉ်မတော်တဆမှုများ ပိုမိုဖြစ်ပွါးနိုင်ပါသည်။

🚦ကျောင်းသူကျောင်းသားများအနေဖြင့် ယာဉ်မတော်တဆမှုများကို ရှောင်ရှားနိုင်ဖို့ အောက်ပါအချက်များကို လိုက်နာကြရန် လိုအပ်ပါသည်။

- ဆိုင်ကယ်မောင်းနှင်/လိုက်ပါစီးနှင်းနေစဉ် ဆိုင်ကယ်ဦးထုပ်ကို သေချာစွာ ဆောင်းရန်။
- ကားမောင်းနှင်/စီးနှင်းနေစဉ် ထိုင်ခုံခါးပတ်ကို သေချာစွာ ပတ်ထားရန်။
- ယာဉ်များကို သတ်မှတ်ထားသည့် အမြန်နှုန်းများအတိုင်းသာ မောင်းနှင်ရန်။
- သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သေချာစွာ လိုက်နာရန်။
- အရက်သေစာသောက်စားပြီး မောင်းနှင်ခြင်းများ လုံးဝ မပြုလုပ်ရန်။

🚨 🚑 ယာဉ်မတော်တဆမှုများ ဖြစ်ပွါးလာပါက အသက်အန္တရာယ်ရှိနိုင်တာကြောင့် အမြန်ဆုံး အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုခံယူရန်လည်း အထူးအရေးကြီးပါသည်။

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်
မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံး

ရုံးပိတ်ရက်ကြေညာခြင်း=================မြောက်ပိုင်းချင်းမိုင်တက္ကသိုလ် ကိုယ်စားလှယ်ရုံးသည် ၁၁-၄-၂၀၂၆ မှ ၁၉-၄-၂၀၂၆ ထိရုံးပ...
10/04/2026

ရုံးပိတ်ရက်ကြေညာခြင်း
=================

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ် ကိုယ်စားလှယ်ရုံးသည် ၁၁-၄-၂၀၂၆ မှ ၁၉-၄-၂၀၂၆ ထိရုံးပိတ်ရက်သတ်မှတ်ထားပြီး ၂၀-၄-၂၀၂၆ ရက်နေ့တွင် ဝန်ဆောင်မှု လုပ်ငန်းများပြန်လည်ဆောင်ရွက်မည်ဖြစ်ပါသည်။

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်
မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံး

💦 🔫 Songkran မှာ ရေကစားရင်း Passport ပျောက်သွားခဲ့ရင် (သို့မဟုတ်) ရေစိုသွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ? 💦⚠️နိုင်ငံကူးလက်မှတ် (...
09/04/2026

💦 🔫 Songkran မှာ ရေကစားရင်း Passport ပျောက်သွားခဲ့ရင် (သို့မဟုတ်) ရေစိုသွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ? 💦

⚠️နိုင်ငံကူးလက်မှတ် (Passport) ဆိုတာ အရေးကြီးတဲ့စာရွက်စာတမ်းတစ်ခုဖြစ်တဲ့အတွက် မပျောက်မရှအောင်၊ ရေစိုစုတ်ပြဲခြင်းမရှိအောင် အထူးဂရုပြုရပါမယ်။

Passport ပျောက်ဆုံး/ ပျက်စီး လျှောက်ထားတော့မယ်ဆိုရင် ကိုယ့်ရဲ့ Passport မိတ္တူကလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် ကျောင်းသားတွေအနေနဲ့ ကိုယ်ရဲ့ Passport၊ Visa ၊ Stay Permit၊ အဝင်တုံး/ အထွက်တုံး စာမျက်နှာတွေကို Scan ဖတ်/ မိတ္တူကူးထားတာ/ Cloud မှာ Save ထားတာမျိုး ကြိုတင်လုပ်ထားဖို့လိုပါတယ်။

❗️Passport ပျောက်သွားပြီဆိုရင်တော့ တက္ကသိုလ်က ကျောင်းသားရေးရာကို အရင်ဆုံးအကြောင်းကြားပါ။ ပြီးတော့ ဒီတက္ကသိုလ်မှာ ဘယ်ဘာသာရပ်အထူးပြု တက်ရောက်လျက်ရှိကြောင်း ကျောင်းထောက်ခံစာ ထုတ်ယူရပါမယ်။ မြောက်ပိုင်း-ချင်းမိုင်တက္ကသိုလ်မှာ မြန်မာဌာနေကိုယ်စားလှယ်ရုံးကနေတဆင့် ကျောင်းလျှောက်ထား တက်ရောက်တဲ့ ကျောင်းသားများအနေနဲ့ကတော့ မြန်မာဌာနေကိုယ်စားလှယ်ရုံးကိုလည်း ဆက်သွယ်အကြောင်းကြားပြီး အကူအညီတောင်းခံနိုင်ပါတယ်။

👮‍♂️ဒါပြီးရင် လုပ်ရမှာကတော့ ထိုင်းရဲစခန်းတစ်ခုမှာ Passport ‌ပျောက်ဆုံးကြောင်း တိုင်ချက်လေး ဖွင့်ရပါမယ်၊ ရဲစခန်းကနေ တိုင်ကြားစာလက်ခံရရှိကြောင်း ပြေစာလေး ထုတ်ပေးပါလိမ့်မယ်။ အဲဒါလေးကို အင်္ဂလိပ်ဘာသာနဲ့ နိုတြီရှေ့နေဆီမှာ နိုတြီပြန်ရပါမယ်။

Passport ရေစိုသွားတာဆိုရင်တော့ ရဲစခန်းမှာ တိုင်ချက်ဖွင့်တဲ့အဆင့်လေးကို ကျော်ခဲ့လို့ ရပါတယ်။

ပြီးရင်တော့ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှာ မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံး လျှောက်ထားလို့ရပါပြီ။ လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့

📌သတ်မှတ်လျှောက်လွှာ
📌ကိုယ်ရေးမှတ်တမ်း
📌ပျောက်သွားတဲ့Passport စာအုပ်ပထမစာမျက်နှာ မိတ္တူ
📌ဗီဇာအထောက်အထားမိတ္တူ
📌ဓာတ်ပုံ
📌မှတ်ပုံတင် မိတ္တူ
📌အိမ်ထောင်စုစာရင်း(သန်းခေါင်စာရင်း) မိတ္တူ
📌ရဲစခန်းထောက်ခံစာ+ နိုတြီ

📅Passport ပျောက်ဆုံး/ ပျက်စီး လျှောက်ထားတာက နေပြည်တော်အထိ တင်ပြရတာမလို့ အချိန်အနည်းငယ် ကြာပါတယ်။ ဒီကြားထဲမှာ မဖြစ်မနေ မြန်မာနိုင်ငံကိုပြန်ချင်တယ်/ Passport အသစ်ကို မြန်မာပြည်မှာပဲ ပြန်လျှောက်ချင်တယ်ဆိုရင်တော့ နည်းလမ်းရှိပါသေးတယ်။

✅သံရုံး/ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ ခုနက စာရွက်စာတမ်းတွေအတိုင်း တင်ပြပြီး တစ်ကြိမ်သုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား ( C of I) ထုတ်ယူချင်ပါတယ်ဆိုပြီး ထုတ်ယူနိုင်ပါတယ်။ ဒီအမျိုးအစားကတော့ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို လေကြောင်းနဲ့ ပြန်ဖို့အတွက် ခရီးစဉ်တစ်ကြောင်းပဲ အသုံးပြုနိုင်တာဖြစ်ပါတယ်။

ℹ️ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက်တွေကို အသေးစိတ်ဖတ်ရှုလေ့လာချင်ရင်တော့

မြန်မာသံရုံး၊ ဗန်ကောက်မြို့ https://www.mebangkok.org နဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့ https://mcgchiangmai.org တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်
မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံး

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်၏ နွေးထွေးမှုအပြည့်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် Songkranပွဲတော် မှတ်တမ်းပုံရိပ်များ၂၀၂၆ ခုန...
09/04/2026

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်၏ နွေးထွေးမှုအပြည့်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် Songkranပွဲတော် မှတ်တမ်းပုံရိပ်များ

၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် မြောက်ပိုင်းချင်းမိုင်တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး Dr. Narong Chavasin နှင့်အတူ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ဝန်ထမ်းများအားလုံး ပူးပေါင်း၍ ထိုင်းနှစ်သစ်ကူးအခါသမယကို ကြိုဆိုသောအားဖြင့် လန်န (Lanna) ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် "ဘုရားရေသပ္ပာယ်ခြင်း" အစီအစဉ်ကို ကျက်သရေမင်္ဂလာရှိစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများအတိုင်း ဆင်ယင်ကျင်းပခဲ့ပြီး ပျော်ရွှင်ကြည်နူးခြင်း၊ ရိုသေလေးစားခြင်း၊ ချစ်ခင်ရင်းနှီးမှုများ တိုးပွားစေခြင်း စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဆင်နွှဲခဲ့ကြပြီး နှစ်သစ်သို့ ကူးပြောင်းနိုင်ရန် ကောင်းချီးမင်္ဂလာများ ခံယူခဲ့ကြသည့် မှတ်တမ်းပုံရိပ်များကို ဂုဏ်ယူစွာဖြင့် ဝေမျှအပ်ပါသည်။

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်သည် ပညာသင်ကြားရာ နေရာတစ်ခုတည်းသာမကဘဲ ယဉ်ကျေးမှုများဖလှယ်ရာ၊ "အိမ်" ကဲ့သို့ နွေးထွေးမှုများ၊ ဂရုဏာနှင့် မေတ္တာများ ပြည့်နှက်သည့် နွေးထွေးသည့် အသိုက်အဝန်းတစ်ခုပင် ဖြစ်ပါသည်။

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်
မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံး

#2569

🇹🇭ထိုင်းနိုင်ငံမှ အခြားနိုင်ငံများသို့ အလည်အပတ်သွားရောက်မည့် ကျောင်းသူကျောင်းသားများ သိထားရမယ့် Re-Entry Stamp အကြောင်း✈...
06/04/2026

🇹🇭ထိုင်းနိုင်ငံမှ အခြားနိုင်ငံများသို့ အလည်အပတ်သွားရောက်မည့် ကျောင်းသူကျောင်းသားများ သိထားရမယ့် Re-Entry Stamp အကြောင်း

✈️နှစ်သစ်ကူးကျောင်းပိတ်ရက်ကာလများအတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအပါအဝင် အခြား ပြည်ပနိုင်ငံများသို့ အလည်အပတ်သွားရောက်ကြမည့် ကျောင်းသူကျောင်းသားများအနေဖြင့် လေဆိပ်၌ ထိုင်းလူဝင်မှုကြီးကြပ်ရေးကောင်တာများ ဖြတ်သန်းခြင်းမပြုမီ Re-Entry Stamp အား သတ်မှတ်နှုန်းထားများ ပေးသွင်း၍ မပျက်မကွက် (မပျက်မကွက်) ဆောင်ရွက်သွားကြပါရန် တိုက်တွန်းအပ်ပါသည်။

⚠️ယင်းသို့ Re-Entry Stamp ဆောင်ရွက်ရန် ပျက်ကွက်ပါက မိမိတို့ကိုင်ဆောင်ထားသော Non-ED Visa များ ပျက်ပြယ်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ Non-ED Visa ဖြင့် ပြန်လည်ဝင်ရောက်နိုင်မည် မဟုတ်ပါ။ Non-ED Visa လျှောက်ထားမှုကို အစမှ ပြန်လည်လျှောက်ထားရမည်ဖြစ်ပါသဖြင့် မလိုလားအပ်ဘဲ ကုန်ကျစရိတ်များ ကျသင့်မည် ဖြစ်ပါသည်။

✅ဘွဲ့ကြိုတန်း (Undergraduate) နှင့် ဘွဲ့လွန် (Postgraduate) ကျောင်းသားများအနေဖြင့် ED Plus ဗီဇာအမျိုးအစားရရှိထားသဖြင့် Multiple Entry ဖြစ်ရာ Re-Etry Stamp ဆောင်ရွက်ရန် မလိုပါ။

❗️အထူးသဖြင့် Language Program ကျောင်းသူကျောင်းသားများအနေဖြင့် ပြည်ပထွက်ပါက Re-Entry Stamp များ မပျက်မကွက် ဆောင်ရွက်သွားပါရန် ထပ်မံတိုက်တွန်းအပ်ပါသည်။

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်
မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံး

ရန်ကုန်မြို့၌ ကျင်းပသည့် ၁၁ ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ မှတ်တမ်းပုံရိပ်များ ၁၁ ကြိမ်မြောက် ထိုင်းတက...
05/04/2026

ရန်ကုန်မြို့၌ ကျင်းပသည့် ၁၁ ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ မှတ်တမ်းပုံရိပ်များ

၁၁ ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲတွင် ဝင်ရောက်ပြသခဲ့သည့် မြောက်ပိုင်းချင်းမိုင်တက္ကသိုလ် ပြခန်းသို့ ထိုင်းနိုင်ငံသံရုံး၊ ယာယီတာဝန်ခံ Mr. Yordying Supasri၊ အထူးဧည့်သည်တော်များ၊ စိတ်ပါဝင်စားသည့် ကျောင်းသားကျောင်းသူများနှင့် မိဘများ လာရောက်လေ့လာခဲ့သည့် မှတ်တမ်းပုံရိပ်များကို ဂုဏ်ယူစွာဖြင့် ဝေမျှအပ်ပါသည်။

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်
မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံး

04/04/2026

Meet us at Sedona Hotel, Yangon!

11th Thailand Education Fair
📆4-4-2026 (Saturday)
🕰️9:00am to 4:00pm

03/04/2026

🇹🇭မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်ကို ဘာကြောင့် ရွေးချယ်သင့်ပါသလဲ?
ဘယ်လိုမျိုးဘာသာရပ်တွေ သင်ကြားလို့ ရပါသလဲ?

✅၄-၄-၂၀၂၆ ရက်နေ့ (စနေနေ့) ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပမယ့် (၁၁) ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲတွင် မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကိုယ်တိုင် တက်ရောက်၍ တိုက်ရိုက်ရှင်းလင်းဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် ဘာသာပြန်ဝန်ဆောင်မှုများကိုလည်း စီစဉ်ပေးထားရှိပါသည်။

✅ထို့ပြင် ၂၀၂၆ ခုနှစ် ဇွန်လတွင် စတင်ဖွင့်လှစ်မည့် သင်တန်းများအတွက် တစ်နေရာတည်းတွင် တိုက်ရိုက် ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်သဖြင့် စိတ်ဝင်စားသူများအနေဖြင့် လာရောက် ဆွေးနွေးလေ့လာပါရန် ဖိတ်ခေါ်အပ်ပါသည်။
________________________
𝟏𝟏𝐭𝐡 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫 (𝐌𝐲𝐚𝐧𝐦𝐚𝐫) 𝟐𝟎𝟐𝟔
📅 Date: 4 April 2026 (Saturday)
⏰ Time: 9:00 AM – 4:00 PM
📍 Venue: Sedona Hotel Yangon
စာရင်းပေးသွင်းရန် အချိန်အနည်းငယ်သာ ကျန်ရှိပါသဖြင့် အမြန်ဆုံး Register လုပ်ထားရန် တိုက်တွန်းအပ်ပါသည်။
🔗Register Link: https://forms.gle/k9bahr9qvSe9omH49
________________________
✅တက်ရောက်နိုင်သည့်ဘာသာရပ်များ
(English Taught Programs)
🎓B.B.A (Aviation Business Management & Tourism) – 3 Years Program (50,000 Baht/ Semester)
🎓B.B.A (Management) – 4 Years Program (40,000 Baht/ Semester)
🎓B.B.A (Digital Business Management) – 4 Years Program (45,000 Baht/ Semester)
🎓B.E (Software Engineering) – 3 Years Program (53,500 Baht/ Semester)
🎓M.B.A – 2 Years Program
🎓M.B.A (Stragetic Management) – 2 Years Program
🎓M.Ed (Educational Innovation) – 2 Years Program
🎓D.B.A (PHD) – 3 Years Program
🎓Ph.D (Innovation Management for Business Development)– 3 Years Program

✅Short Courses
📚GED Preparation Course– 1000 Hours
📚Certificate for AI and Machine Learning – 1 Year Program
📚Certificate for Management and Business Administration – 1 Year Program
📚Language Short Courses – 1 Year Program
________________________

📌ပွဲလာတဲ့အခါ ဘာတွေ ယူခဲ့ဖို့ လိုမလဲ?
Educational Documents: (ဖြစ်နိုင်လျှင်) ကိုယ့်ရဲ့ Transcript၊ အမှတ်စာရင်းတွေနဲ့ လက်မှတ်တွေကို တက္ကသိုလ်တွေနဲ့ တိုက်ရိုက်ဆွေးနွေးတဲ့အခါ အကြံဉာဏ်တောင်းခံနိုင်ဖို့ ယူဆောင်လာပါ။

Address

Yangon
11041

Alerts

Be the first to know and let us send you an email when North Chiang Mai University Myanmar Representative Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to North Chiang Mai University Myanmar Representative Office:

Share