02/07/2022
ACT = College ဝင်ခွင့် + ဘဝ အတွက် ပထမဆုံး ခြေလှမ်း
IGCSE O level, တက္ကသိုလ် ဝင်တန်း တို့ထက် မြင့်ပြီး ၊ SAT, OSSD, GCE A level တို့နှင့် တန်းတူ ဖြစ်သော ACT ဆိုသည်မှာ American College Test ဖြစ်ပါတယ်။
အမေရိကားလို နိုင်ငံမှာ ကျောင်းသွားတက်မယ် ဆိုရင် GED, OSSD, SAT, ACT အစရှိတာတွေကို ကြိုပြင်ဆင်ထားဖို့ လို့ပါတယ်။ အမေရိကားလို့သာ ပြောတာ၊ တကယ်က Canada မှာလည်း လက်ခံတယ်၊ Singapore, Thailand, UK, Australia လို နိုင်ငံမျိုးတွေက ကျောင်းတွေကလည်း လက်ခံတယ်။ Scholarship အတွက် ပြင်ဆင်မယ် ဆိုရင်တော့ ACT/SAT က မပါမဖြစ် ပါရမှာပါ။
GED ဆိုတာက အမေရိကန် နိုင်ငံမှာ အထက်တန်းကျောင်းပြီးဆုံးခြင်း လက်မှတ်ဖြစ်ပြီး အကြမ်းမျဥ်း အားဖြင့် IGCSE O level နဲ့ level ချင်း တူပါတယ်။
ACT / SAT တို့ကတော့ အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်ဆက်တက်ဖို့ ဖြေဆိုရတဲ့ တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ ဖြစ်ပါတယ်။
ACT score result ကို -
US မှာရှိတဲ့ ကျောင်းအကုန်လုံး နီးပါးလက်ခံကြပါတယ် ..
UK မှာ ဆိုရင်တော့
- Edinburgh Napier University,
- Heriot-Watt University,
- Imperial College of London,
- King’s College London,
- Manchester Metropolitan University တို့ အပါအဝင် တက္ကသိုလ်ပေါင်း ၅၀ ကျော်က လက်ခံထားပြီး Undergrad program direct entrance ရပါတယ်။
Canada မှာလည်း ကျောင်းအများစု လက်ခံပါတယ်။
Singapore မှာ ဆိုရင်
- NUS,
- NTU,
- SMU စတဲ့ အစိုးရကျောင်းတွေ အပါအဝင် private university တွေကပါ လက်ခံထားတာကို တွေ့ရတယ်။
Australia နဲ့ Thailand universities တော်တော်များများလည်း လက်ခံထားတာကို တွေ့ရပါတယ်။
ဒါဆိုရင် ကျနော်တို့ ကျောင်းသားတွေ အနေနဲ့ ACT ကို ဖြေပြီး နိုင်ငံတကာမှာ ရှိတဲ့ မိမိ တက်ချင်သော ကျောင်းတော်တော်များများ ကို ဝင်ခွင့် လျှောက်လို့ အဆင်ပြေလွယ်ကူစေရုံ သာမက Scholarship အတွက်လည်း မျှော်လင့်နိုင်ပါသေးတယ်။
ဒါဆို ACT ရဲ့ လေ့လာရမဲ့ အပိုင်းတွေကရော ?
လေ့လာရမဲ့ အပိုင်း တွေကတော့
- English
- Maths
- Reading
- Science (Chem, Phy, Bio) စတဲ့ အပိုင်းတွေကို လေ့လာဖြေဆိုရမှာ ဖြစ်ပါတယ်။
အမေရိကားက စာမေးပွဲမို့လို့ အရမ်းလန့်စရာတော့ မလိုပါဘူး .. နည်းစနစ်သိရင် မခက်ပါဘူး။
Multiple Choice Questions (MCQs) တွေကို ဖြေဆိုရမှာ ဖြစ်ပြီး၊ English writing မှာတော့ Essay ရေးရတာ ပါပါတယ်။ မိမိလျှောက်မဲ့ ကျောင်းအပေါ်မှာ မူတည်ပြီး Writing က optional ဖြစ်ပါတယ်။
ACT ရဲ့ စာမေးပွဲတွေမှာ ကျောင်းသားတွေ အတွက် အဓိက challenge က time management ပါပဲ။ စာမေးပွဲမှာ ပေးထားတဲ့ အချိန်နဲ့ ဖြေရတာနဲ့ တော်တော် struggle လုပ်ရပါတယ်။ သေချာ စနစ်တကျ ကြိုတင် ပြင်ဆင်ထားခြင်း မရှိရင် စာမေးပွဲမှာ အချိန်မလောက်နိုင်ပါဘူး။ စာတွေက မခက်ဘူး။ မေးခွန်းကို စဉ်းစားပုံ၊ ချဉ်းကပ်ပုံ exam approach technique ကို သေချာ လေ့လာ ပြင်ဆင်ထားမယ် ဆိုရင် လွယ်ကူစွာ ဖြေဆိုနိုင်မှာပဲ ဖြစ်ပါတယ်။
We are here to support you for your future !!
ဒီလို exam approach ကို အတွေ့အကြုံ များတဲ့ ဆရာ/ဆရာမ တွေနဲ့ သေချာ စနစ်တကျ လေ့ကျင့်သင်ကြားနိုင်ဖို့ အတွက် ကျနော်တို့ The Light Academy က နေပြီးတော့ ACT exam preparation class လေးကို မိတ်ဆက်ပေးပါရစေ
Englsih, Maths, Reading, Science ဘာသာရပ်တွေကို ACT exam preparation နဲ့ ပတ်သက်ပြီး အတွေ့အကြုံ အများကြီး ရှိတဲ့ ဆရာ/မ တွေနဲ့ သင်ကြားပေးမှာ ဖြစ်ပြီး အချိန်ကာလ ၄လ သာ ကြာမြင့်မှာ ဖြစ်ပါတယ်
ကျောင်းသားဦးရေလည်း အများကြီး လက်မခံပဲ အတန်း ၁တန်းလျှင် ၁၅ ယောက်သာ လက်ခံသင်ကြားမှာ ဖြစ်ပါတယ်။
For more information and further assistance - please contact
09 5085125 , 09 443147646