Yangon University of Economics - Hlaing Campus

Yangon University of Economics - Hlaing Campus Fundraising page of YUEcoSU-Hlaing

မြန်မာ့နွေဦးတက္ကသိုလ် ဒုတိယအကြိမ်ဘွဲ့နှင်းသဘင် တက်ရောက်ရမည့် ကျောင်းသား၊ ကျောင်းသူများစာရင်း ကြေညာခြင်း။အထက်အကြောင်းအရာပ...
17/07/2025

မြန်မာ့နွေဦးတက္ကသိုလ် ဒုတိယအကြိမ်ဘွဲ့နှင်းသဘင် တက်ရောက်ရမည့် ကျောင်းသား၊ ကျောင်းသူများစာရင်း ကြေညာခြင်း။

အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ တော်လှန်ရေးကာလအတွင်း တက္ကသိုလ် တက်လက်စ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားရေး အဆက်မပြတ်သွားစေရန်ရည်ရွယ်၍ စတင်ဖွင့်လှစ်ခဲ့သည့် မြန်မာ့နွေဦးတက္ကသိုလ်တွင် ပညာသင်ကြားမှု ပြီးမြောက်သူများကို ဘွဲ့လက်မှတ်အပ်နှင်းရန် တက္ကသိုလ်၏ ပညာရေးအဖွဲ့မှ ဆုံးဖြတ်ပြီး ဖြစ်ပါသည်။

ရန်ကုန်စီးပွါးရေးတက္ကသိုလ်မှ တဆင့် မြန်မာ့​နွေဦးတက္ကသိုလ်၌၂၀၂၂ ခုနှစ် နိုဝင်ဘာလ မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ အတွင်း တွင် ဖွင့်လှစ်ခဲ့​သော စီးပွါးရေးပညာမဟာဌာန ၊ ဘောဂဗေဒဘာသာရပ်နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ ဘာသာရပ် စတုတ္ထနှစ် အတန်းတို့၏ Batch - 1 ဒုတိယပညာသင်ကာလ (Second Semester) စာ​မေးပွဲတွင် အောင်မြင်သူများ အနေဖြင့် ဘွဲ့ယူရန် စာရင်း ပေးသွင်းနိုင်ရန်ဖြစ်ပါသည်။

အသေးစိတ်ကို
https://www.facebook.com/share/1FRvoNg28f/?mibextid=wwXIfr
မှာ ကြည့်ရှုနိုင်ပါသည်။

ဘွဲ့ရ ရန်ကုန်စီးပွါးရေးတက္ကသိုလ် ကျောင်းသားများ အနေဖြင့် [email protected] သို့လည်း email ပေးပို့ ဆက်သွယ်နိုင်ပါသည်။

"YUEco Hlaing Family Reunion Campaign" မှ ရရှိပြီးအလှူငွေပေါင်းYUEco (Hlaing) မှ 1st batch to 5th batch ကျောင်းသား​ကျောင...
07/04/2025

"YUEco Hlaing Family Reunion Campaign" မှ ရရှိပြီးအလှူငွေပေါင်း

YUEco (Hlaing) မှ 1st batch to 5th batch ကျောင်းသား​ကျောင်းသူ​များအားလုံးပြန်လည်​တွေ့ဆုံကြတဲ့ campaign မှာ တက်တက်ကြွကြွ ပါဝင်​ပေးခဲ့ကြတဲ့ တစ်ဦးစီတိုင်းအတွက် ​ကျောင်း​တော်ကြီးနှင့်အတူ ​ကျေးဇူးတင်လိုက်ရပါတယ်။

ယခု campaign မှ စုစု​ပေါင်း အလှူ​ငွေ "11,306,070 MMK " ရရှိခဲ့ပြီး စစ်ကိုင်းမန္တ​​လေး ငလျင်​ဘေးဒဏ်သင့် ပြည်သူများဆီသို့ မြေပြင်၌ကိုယ်တိုင်ကိုယ်ကျ သွားရောက်လုပ်ကိုင်နေသော Volunteer များမှတစ်ဆင့် မြေပြင်သို့တိုက်ရိုက်စီးဆင်းခဲ့ပြီးဖြစ်ပါတယ်။

မှတ်တမ်းအပြည့်အစုံကို YUEco Hlaing Family Group ထဲမှာ တင်ပေးပြီးပြီ ဖြစ်ပါတယ်။ ငလျင်အတွက် လှူဒါန်းလိုသေးသောကြောင့်ရောက်ရှိလာတဲ့ ကျောင်းသူကျောင်းသားများကိုလည်း Admin Team ဘက်မှစိတ်ချရတဲ့ Fundraising page ​များကို ပြန်လည်ညွှန်းပေးနေပါတယ်။

"YUEco Hlaing Family Reunion Campaign" ​အောင်မြင်စွာပြီးဆုံး​ကြောင်း​အသိ​ပေးရင်း ကျောင်းသား​ကျောင်းသူများအားလုံး ​ကျောင်း​တော်ကြီး​မှာ တစ်​နေ့ အတူတူပြန်ဆုံကြပါမယ်။

ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်စီးပွါးရေးတက္ကသိုလ် (လှိုင်နယ်မြေ) 1st Batch - 5th Batch ကျောင်းသား၊ ကျောင်းသူများစုပေါင်...
03/04/2025

ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်စီးပွါးရေးတက္ကသိုလ် (လှိုင်နယ်မြေ) 1st Batch - 5th Batch ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ လက်ရှိအထိ စုစုပေါင်း မြန်မာငွေသိန်း ခုနစ်ဆယ်ကျော် (7,000,000 + + MMK) ထောက်ပံ့ခဲ့ပြီး။

——————————————————————-
ဧပြီ ၂၊ ၂၀၂၅။

မတ်လ (၂၈)ရက်နေ့တွင် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးအားဗဟိုပြု၍ ပြင်းအား 7.7 Magnitude ဖြင့် လှုပ်ခတ်ခဲ့သောငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်ဆီးမှုများအပေါ် ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များအတွက် ရန်ကုန်စီးပွါးရေးတက္ကသိုလ် (လှိုင်နယ်မြေ) 1st Batch - 5th Batch ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ မြန်မာငွေသိန်း ခုနစ်ဆယ်ကျော် (7,000,000 + + MMK) လှူဒါန်းခဲ့ပြီးဖြစ်သည်။ မြေပြင်ရှိ ယုံကြည်ရသော အဖွဲ့အစည်းများနှင့် ကယ်ဆယ်ရေးတွင်ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေသည့် Volunteer များမှတဆင့် ချိတ်ဆက် လှူဒါန်းခဲ့ပါသည်။

* ရန်ကုန်မှ စစ်ကိုင်းထိ မှာယူထားသောပစ္စည်းများသယ်ယူရန် ကူညီခဲ့ကြသည့် အဖွဲ့အစည်းများနှင့်လူပုဂ္ဂိုလ်များကိုလည်း အထူးကျေးဇူးတင်ရှိပါသည် *

လှူဒါန်းမှုမှတ်တမ်းများ မကြည့်ရှုရသေးသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မှတ်တမ်းများအား YUEco Hlaing Family facebook group (1st Batch - 5th Batch) မှတဆင့် ဝင်ရောက်ကြည့်ရှုကြပါရန် အသိပေးအပ်ပါသည်။

ကျွန်ုပ်တို့ ရန်ကုန်စီးပွါးရေးတက္ကသိုလ် (လှိုင်နယ်မြေ) ကျောင်းသား ကျောင်းသူများအနေဖြင့် ပြည်သူလူထုနှင့် တသားတည်းရှိနေပါကြောင်းနှင့် တတ်အားသ၍ ဆက်လက်အားဖြည့်သွားနိုင်ရန်လည်း ကြိုးပမ်းသွားပါမည်။


YUEco (Hlaing) က​ ကျောင်းသား​တွေ Reunion ပြန်လုပ်ကြမယ်ဗျို့ 📣 ❗YUEco Hlaing တွင် 1st Batch မှ 5th Batch  ထိတက်​ရောက်ခဲ့​...
02/04/2025

YUEco (Hlaing) က​ ကျောင်းသား​တွေ Reunion ပြန်လုပ်ကြမယ်ဗျို့ 📣 ❗

YUEco Hlaing တွင် 1st Batch မှ 5th Batch ထိတက်​ရောက်ခဲ့​သော စီနီယာဂျူနီယာ ညီအစ်ကို​မောင်နှမများအားလုံး စု​ပေါင်းလှူဒါန်းနိုင်ဖို့အတွက် Fundraising campaign ​လေးတစ်ခုစီစဥ်ထားပါတယ်။

ဒီ Campaign က​နေရလာ​သော အလှူ​ငွေများကို "YUEco Hlaing Family"
နာမည််ဖြင့် ငလျင်​ဘေးသင့်​​နေသော ဒေသများမှာအရေးတကြီးလိုအပ်​နေ​​သော Power Supply ၊ သယ်ယူပို့​ဆောင်​ရေးတွင်အသုံးပြုမည့် ဆီဖိုး ၊ သောက်​ရေ အစရှိတဲ့ အသုံးအ​​ဆောင်ပစ္စည်းများအတွက်လှူဒါန်း​ပေးသွားမှာဖြစ်ပါတယ်။

ယခု Campaign တွင်ပါဝင်​ပေးသူများအားလုံးအတွက်လည်း Reunion အမှတ်တရအ​နေဖြင့် Donation Receipt လည်း ပြန်ထုတ်​ပေးသွားမှာဖြစ်လို့ ​တက်နိုင်သ​​လောက်ပါဝင်ကူညီ​ပေးကြဖို့ နှိုး​ဆော်တိုက်တွန်းလိုက်ရပါတယ်။

လှူဒါန်းဖို့အတွက် Page တွင်လာ​​ရောက် ဆက်သွယ်​​လို့ရပါတယ်။ မြန်မာ​က​ကျောင်းသားများ​သာမက နိုင်ငံခြား​ရောက်​ကျောင်းသားများအတွက် လှူဒါန်းနိုင်မယ့် Banking များလည်း လိုအပ်ရင်ချိတ်ဆက်ပေးကြမှာမလို့ လူကိုယ်တိုင်ပဲလာဖို့ လိုပါ​တော့တယ်ဗျို့။

#ပြည်သူမှ_ပြည်သူသို့

#တချိန်ကအီကိုလှိုင်

ဟိတ် ~ ~YUEco (Hlaing) Family မှာ ရဲဘော်တွေအတွက် မိုးရာသီရိက္ခာရှာနေတာရှိတယ်နော် ချစ်တို့ရေ 📢လာရောက်အားပေးကြပါအုံးလို့ 👀
07/06/2024

ဟိတ် ~ ~

YUEco (Hlaing) Family မှာ ရဲဘော်တွေအတွက် မိုးရာသီရိက္ခာရှာနေတာရှိတယ်နော် ချစ်တို့ရေ 📢

လာရောက်အားပေးကြပါအုံးလို့ 👀

02/05/2024

သမဂ္ဂသို့နှစ်သစ်မုန့်ဖိုးကမ်ပိန်းမှာ စုစုပေါင်း ၂သိန်း ၁သောင်းကျပ်တိတိရရှိခဲ့ပါတယ်။ Target မပြည့်တဲ့အပြင် Engagement အရလည်းတော်တော်လေး လျော့ကျနေလို့ ကမ်ပိန်းကိုဆက်မဆွဲတော့ပဲ ပိတ်သိမ်းလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
Admin Team ဘက်က နောက်လထဲမှာ အားတက်သရောနဲ့ ကမ်ပိန်းတွေလုပ်ပေးပါ့မယ်၊ ပါဝင်ပေးကြပါအုံးခင်ဗျာ

30/04/2024

ကမ်ပိန်းက ဟိုတရက်က ၁သိန်း ၈သောင်းနဲ့ပဲ ရပ်နေပါတယ် 🥺

ငွေ Amount အရမ်းနည်းနေသေးလို့ Admin Team အနေနဲ့ ကမ်ပိန်းကိုမပိတ်သေးဖို့စဉ်းစားပါတယ်၊

နောက်လဆန်းလောက်ထိ ဆက်ဆွဲနိုင်ဖို့ တိုင်ပင်နေပါတယ်။

Admin တွေလည်း ဒီ၂ရက်လိုင်းမရတဲ့နေရာရောက်နေလို့ ခုမှ Announce လုပ်လိုက်ရပါတယ်။

ကမ်ပိန်းပြီးတော့မှာပေမဲ့ ၁သိန်း၈သောင်းပဲရသေးလို့ ကူကြပါအုံးနော် 🥺https://www.facebook.com/share/p/HqqYNxDNJYfQNweE/?mibe...
26/04/2024

ကမ်ပိန်းပြီးတော့မှာပေမဲ့ ၁သိန်း၈သောင်းပဲရသေးလို့ ကူကြပါအုံးနော် 🥺

https://www.facebook.com/share/p/HqqYNxDNJYfQNweE/?mibextid=WC7FNe

#သမဂ္ဂသို့နှစ်သစ်မုန့်ဖိုး #သမဂ္ဂ

◼️သမဂ္ဂသို့နှစ်သစ်မုန့်ဖိုး Campaign Day V အထိလက်ခံရရှိငွေ မြန်မာငွေ ၇သောင်းခွဲပဲရှိပါသေးတယ်။လက်ရှိ ကျနော်တို့ရဲဘော်တွေရ...
25/04/2024

◼️သမဂ္ဂသို့နှစ်သစ်မုန့်ဖိုး Campaign Day V အထိလက်ခံရရှိငွေ မြန်မာငွေ ၇သောင်းခွဲပဲရှိပါသေးတယ်။

လက်ရှိ ကျနော်တို့ရဲဘော်တွေရောက်နေတဲ့ဒေသမှာ ဓာတ်ဆီ ၁လီတာ ၁သောင်း၈ထောင်ပေးရပါတယ်။
ဒီပုံစံအတိုင်းမုန့်ဖိုးသွားပေးရင်တော့ သွားနောက်နေသလိုရီစရာသာသာဖြစ်နေမှာပါ။
ဒီရဲဘော်တွေပဲရှိတာပါဗျာ၊ တော်လှန်ရေးသမားတွေပဲမို့ ညည်းပြဖို့လည်းဝန်လေးမိပါတယ်။
လိပ်ပြာသန့်သန့်နဲ့ အသက်စွန့်ထားတဲ့ရဲဘော်တွေကို ထောက်ပို့ ကူချင်တာပါ။
ပါဝင်ကြပါအုံးဗျို့...
ကမ်ပိန်းအကြောင်းအသေးစိတ်ဖတ်ရန် - https://www.facebook.com/photo/?fbid=910724354184834&set=a.558829396041000

#သမဂ္ဂသို့နှစ်သစ်မုန့်ဖိုး #သမဂ္ဂ

◼️သမဂ္ဂသို့နှစ်သစ်မုန့်ဖိုး Campaign Day IIပထမရက်လက်ခံရရှိငွေ - 50,000 MMK ရှိပါပြီ။ကမ်ပိန်းပထမရက်အနေနဲ့တော့ ရရှိငွေရော ...
22/04/2024

◼️သမဂ္ဂသို့နှစ်သစ်မုန့်ဖိုး Campaign Day II

ပထမရက်လက်ခံရရှိငွေ - 50,000 MMK ရှိပါပြီ။

ကမ်ပိန်းပထမရက်အနေနဲ့တော့ ရရှိငွေရော Engagement ရောအရမ်းနည်းပါတယ်လို့ 🥺🥺

ဆယ်ရက်တည်း Campaign လုပ်တာမလို့ လာကူကြပါအုံးနော် ❗️❗️

ကမ်ပိန်းအကြောင်းအသေးစိတ်ဖတ်ရန် - https://www.facebook.com/photo/?fbid=910724354184834&set=a.558829396041000

#သမဂ္ဂသို့နှစ်သစ်မုန့်ဖိုး #သမဂ္ဂ

◼️သမဂ္ဂသို့နှစ်သစ်မုန့်ဖိုးကျနော်တို့အားလုံးအတွက် သင်္ကြန်ဆိုတာ အဓိပ္ပာယ်မဲ့ခဲ့တာ ၅နှစ်ရှိပါပြီ၊ 2020 ကိုဗစ်ကာလကတည်းက အခ...
21/04/2024

◼️သမဂ္ဂသို့နှစ်သစ်မုန့်ဖိုး
ကျနော်တို့အားလုံးအတွက် သင်္ကြန်ဆိုတာ အဓိပ္ပာယ်မဲ့ခဲ့တာ ၅နှစ်ရှိပါပြီ၊ 2020 ကိုဗစ်ကာလကတည်းက အခု 2024 ခုနှစ်အထိ နှစ်သစ်တွေကို အဓိပ္ပာယ်မဲ့စွာဖြတ်သန်းခဲ့ရတာ ၅နှစ်ရှိပါပြီ။ ဒီအချိန်မှာ တော်လှန်ရေးအတွက် ဘဝတစ်ခုလုံးစတေးထားတဲ့သူတွေကို ကျနော်တို့အနေနဲ့ တတ်နိုင်သလောက် အတူတူရှိကြောင်း ဖော်ပြပေးဖို့လိုအပ်ပါတယ်။ ဒီလိုအချိန်မှာ ငွေကြေးကူညီမှုဆိုတာလည်း အများကြီးအရေးပါပါတယ်။ အခုလို နှစ်ဟောင်းကနှစ်သစ်ပြောင်းတဲ့ကာလမှာ ကျနော်တို့ ကျောင်းသားသမဂ္ဂက ရဲဘော်တွေကိုမုန့်ဖိုးပေးကြရအောင်ပါ။

📌သမဂ္ဂသို့နှစ်သစ်မုန့်ဖိုးမှ ရရှိတဲ့ ငွေကြေးပမာဏအားလုံးကို ကျောင်းသားသမဂ္ဂက ရဲဘော်တွေကို နှစ်သစ်မုန့်ဖိုး ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။ 📌

ကမ်ပိန်းကာလကိုတော့ ဒီနေ့ကစပြီး လာမဲ့တစ်ပတ်အထိသတ်မှတ်ထားပြီးတော့ ကမ်ပိန်းမှာ ပါဝင်ချင်တယ်ဆိုရင်တော့
Hlaing Page မှတဆင့် (သို့မဟုတ်) မိမိတို့သက်ဆိုင်ရာ အဖွဲ့အလိုက် ပါဝင်နိုင်ပါတယ်။
နိုင်ငံပြင်ပရောက်နေတဲ့သူငယ်ချင်းတို့အနေနဲ့လည်းပါဝင်နိုင်အောင် နိုင်ငံခြား Transaction တွေလည်း လက်ခံပါတယ်။

#သမဂ္ဂသို့နှစ်သစ်မုန့်ဖိုး #သမဂ္ဂ

P.S Admin Team လိုင်းမရဖြစ်နေလို့ သင်္ကြန်ပြီးမှ သင်္ကြန်ကမ်ပိန်းထလုပ်ရတယ် စိတ်မဆိုးနဲ့နော် xD

Address

Hlaing Campus, Parami Road
Yangon

Alerts

Be the first to know and let us send you an email when Yangon University of Economics - Hlaing Campus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Yangon University of Economics - Hlaing Campus:

Share