ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်

  • Home
  • Myanmar
  • Yangon
  • ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် We are NYRDDC

ဒေသအတွက် ဒေသခံတွေ တကယ် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှု အတွက် အခွင့်အရေး.....
08/09/2017

ဒေသအတွက် ဒေသခံတွေ တကယ် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှု အတွက် အခွင့်အရေး.....

တိုင်းရင်းသားကျောင်းဆင်း (ရန်ကုန်+စစ်ကိုင်း) ဝန်ထမ်း အင်အားဇယား
19/08/2017

တိုင်းရင်းသားကျောင်းဆင်း (ရန်ကုန်+စစ်ကိုင်း) ဝန်ထမ်း အင်အားဇယား

သင်တန်းသားသစ်များ ခေါ်ယူခြင်း
24/07/2017

သင်တန်းသားသစ်များ ခေါ်ယူခြင်း

ဒုတိယအကြိမ် အာစရိယ ပူဇော်ပွဲအတွက် ပထမကြိမ် အစည်းအဝေး စတင်လုပ်~ (Credit  )..............ဒုတိယကြိမ် အာစရိယပူဇော်ပွဲ ကျင်းပ...
21/02/2017

ဒုတိယအကြိမ် အာစရိယ ပူဇော်ပွဲအတွက် ပထမကြိမ် အစည်းအဝေး စတင်လုပ်~
(Credit )..............
ဒုတိယကြိမ် အာစရိယပူဇော်ပွဲ ကျင်းပနိုင်ရေးအတွက်
ကျောင်းသားဟောင်းများပထမအကြိမ်ဆွေးနွေးပွဲကို ယနေ့ ညနေ ၃နာရီခွဲတွင် ဒီဂရီကောလိပ်ရန်ကုန်၏ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးမှုအကြမ်းအားဖြင့်
၁။ ကျင်းပမည့်ရက်ကို အကြမ်းသတ်မှတ်ခြင်း (၂၀၁၇ စက်တင်ဘာ ၁၁ ၁၂ ၁၃)
၂။ ရန်ပုံငွေရှာဖွေမည့်အစီအစဉ်များ တိုင်ပင်ခြင်း
၃။ အမှတ်တရလက်ဆောင်များတွင်တပ်ဆင်သုံးစွဲမည့် logoအား ပြန်လည်သတ်မှတ်ခြင်းအတွက် အကြံဥာဏ်များတောင်းယူခြင်း
၎။ ပြည်နယ်နှင့်တိုင်းအလိုက် ကျောင်းသားဟောင်း ကိုယ်စားလှယ်များအား ရွေးချယ်နိုင်ရေးတွက် ညှိနှိုင်းဆောင်ရွက်ပေးရန်အတွက် တိုင်ပင်ခြင်း

ပြည်နယ်နှင့်တိုင်းကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေးအတွက် ရွေးချယ်မည့်သူများကို ကျောင်းသားဟောင်းများမှရွေးချယ်သတ်မှတ်ပေးကြရန်နှင့် အခြားအကြံဥာဏ်များကိုလည်းဖိတ်ခေါ်ပါသည်။

ဆက်သွယ်နိုင်မည့်ပုဂ္ဂိုလ်များ
၁။ ကိုတင်ဦး ၀၉၇၉၈၁၆၈၁၇၅
၂။ဒေါက်တာသောင်းအေး ၀၉၄၂၅၀၀၈၇၀၀
၃။ ကိုအောင်ကျော်ထွန်း ၀၉၅၀၆၁၈၀၆
၎။ ကိုမျိုးမြတ်ဆွေ ၀၉၂၅၀၆၀၅၀၃၉
၅။ဒေါက်တာနေဈန်သန်း ၀၉၄၂၁၀၈၆၈၉၈
၆။ဒေါက်တာအောင်မင်းဦး ၀၉၄၂၅၀၁၅၆၆၇
၇။ကိုအောင်သက်ပိုင် ၀၉၄၂၃၀၀၅၅၉၆
၈။ ဒေါက်တာညီညီအောင် ၀၉ ၄၃၁၉၀၁၅၅
၉။ ဒေါက်တာဝေယံလင်း ၀၉၄၂၂၄၆၆၆၈၂
၁၀။ဒေါက်တာချစ်စိုး ၀၉၄၅၇၃၀၇၃၄၃
၁၁။ဒေါက်တာသန်းအောင် ၀၉၄၂၁၇၅၇၄၆၃
၁၂။ဒေါက်တာလက်တွယ်မူ ၀၉၄၂၁၁၂၃၀၈၉

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ကျောင်းသားများ ခေါ်ယူ မှု စတင်နေပါပီ   Mai Kyaw Lwin Oo
19/08/2016

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ကျောင်းသားများ ခေါ်ယူ မှု စတင်နေပါပီ

Mai Kyaw Lwin Oo

03/07/2016

#စိတ်ရှည်ပါ #ဇွဲရှိပါ #သည်းခံပါ

ဒု-ကျောင်းအုပ်ကြီး အမှာစကား
ရန်ကုန် (၂၀၀၇-၂၀၀၈) ပညာသင်နှစ်

03/07/2016

ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သော ငွေကြေးအခက်အခဲရှိသည့် ဝေးလံဒေသမှတိုင်းရင်းသားများ နယ်စပ်ရေးရာဝန်ကြီးဌာန၏ တက္ကသိုလ်/ ကောလိပ်များတွင် အခမဲ့ပညာသင်ခွင့်ရရှိမည်
=========================================

အောင်သက်ကို၊ နိုင်သူ ၊ ရန်ကုန်၊ ဇွန် ၁၈-

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ဝေးလံဒေသနှင့် နယ်စပ်ဒေသရှိ တိုင်း ရင်းသားများအနေဖြင့် ငွေကြေးမတတ် နိုင်သည့်အတွက် တက္ကသိုလ်တက် ရန်အခက်အခဲရှိပါက နယ်စပ်ရေးရာ ဝန်ကြီးဌာနမှဖွင့်လှစ်ထားသော ဒီဂရီ ကောလိပ်များနှင့် တက္ကသိုလ်များတွင် နေထိုင်စားသောက်မှုနှင့် ပညာသင် စရိတ်အခမဲ့တို့ဖြင့် တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖွင့် လှစ်ထားသော ဒီဂရီကောလိပ်နှင့် တက္ကသိုလ် တို့ တွင် ဝိဇ္ဇာ/သိပ္ပံဘာသာ ရပ်များကိုပို့ချပေးနေသည့်အပြင် အင် ဂျင်နီယာဘာသာရပ်နှင့် ပညာရေး ဘွဲ့များအတွက်ကိုပါ ပို့ချပေးလျက် ရှိကြောင်း၊ နယ်စပ်ဒေသရှိတိုင်းရင်း သားများအနေဖြင့် အဆိုပါသင်တန်း များကို အခမဲ့တက်ရောက်ခွင့်ရရှိမည့် အပြင် သင်တန်းကာလပြီးဆုံးပြီးဘွဲ့ရ ရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနအ သီးသီးတွင်လည်း အလုပ်ခန့်ထားမှု များကိုပြုလုပ်ပေးမည်ဖြစ်ကြောင်း နယ် စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။

''လျှောက်ထားလိုတဲ့ တိုင်းရင်း သားများအနေနဲ့ သက်ဆိုင်ရာတိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံးတွေမှာ လျှောက် လွှာထုတ်ယူပြီး လျှောက်ထားလို့ရပါ တယ်။ သင်တန်းသားတွေကို မြို့နယ် သင်တန်းသား ရွေးချယ်ရေးကော်မ တီ၊ တိုင်းပြည်နယ်သင်တန်းသားရွေး ချယ်ရေးကော်မတီနဲ့ ဗဟိုအဆင့်ရွေး ချယ်ရေးကော်မတီဆိုတာ ရှိပါတယ်။ ကျွန်တော်တို့ အဓိကရည်ရွယ်တာ က ပြည်မကလေးတွေမဟုတ်ပါဘူး။တကယ့်တိုင်းရင်းသားကလေးတွေ အတွက်ပါ''ဟု နယ်စပ်ရေးရာဝန်ကြီး ဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးနိုင်သူက ပြောသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော နယ်စပ်ဒေသတိုင်း ရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်နှစ်ခုရှိပြီး ရန်ကုန်တိုင်း ဒေသကြီးရှိ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာလမ်း ပေါ်ရှိ အုန်းတောကျေးရွာတို့တွင်ဖွင့် လှစ်ထားကြောင်း၊ အဆိုပါကောလိပ် များတွင် ဝိဇ္ဇာဘာသာရပ်များအနေ ဖြင့် မြန်မာ၊ အင်္ဂလိပ်၊ ပထဝီ၊ သမိုင်း၊ စီးပွားရေးပညာ၊ မနုဿဗေဒ၊ စိတ် ပညာဘာသာရပ်များကို ပို့ချပေးနေ ပြီး သိပ္ပံဘာသာရပ်အနေဖြင့် မြန်မာ၊ အင်္ဂလိပ်၊ ဓာတုဗေဒ၊ ရူပဗေဒဘာ သာရပ်များကို ပို့ချပေးနေကြောင်း၊ ယင်းအပြင် အင်ဂျင်နီယာဘာသာ ရပ်ကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

အဆိုပါဒီဂရီကောလိပ်များတွင် ဝိဇ္ဇာသိပ္ပံဘာသာရပ်များအတွက် ဝင် ခွင့်သတ်မှတ်ချက်မရှိဘဲ အင်ဂျင်နီ ယာဘာသာရပ်အတွက် တက္ကသိုလ် ဝင်တန်းရမှတ် ၃၅ဝနှင့်အထက်ရရှိ ရမည်ဖြစ်ကြောင်း၊ ယင်းကောလိပ် သည် ကျောင်းသား၊ ကျောင်းသူ စုစု ပေါင်း ၂၅ဝမှ ၃ဝဝအထိခေါ်ယူလေ့ ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ဆီကခေါ်တာက ပညာရေးဝန်ကြီးဌာနလက်အောက် ကရှိတဲ့ တက္ကသိုလ်တွေထက်အမှတ် နိမ့်ပါတယ်။ တက်ရောက်ခွင့်ရတဲ့ ကလေးတွေကို ပညာသင်စရိတ်အခမဲ့၊ ဝတ်စုံထုတ်ပေးတာတို့ လုပ်ပေးတယ်။ ဘွဲ့ရရင်လဲ အလုပ်ပြန်ခန့်တယ်။ ခန့် ထားတဲ့နေရာမှာလဲ သူတို့နေရပ်တွေ ကိုပြန်ချထားပေးတယ်။ လိုအပ်ချက် ရှိရင် ဒုဦးစီးမှူးရာထူးကို တန်းပြီးခန့် ပေးတယ်။ လိုအပ်ချက်မရှိသေးရင် အကြီးတန်းစာရေးရာထူးကို ခန့်ထား ပေးပါတယ်''ဟု ဦးနိုင်သူက ဆက် လက်ပြောကြားသည်။

နယ်စပ်ဒေသတိုင်းရင်းသားလူ မျိုးများ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကော လိပ်များတွင် ဝိဇ္ဇာသိပ္ပံဘာသာရပ်များ ကို လေးနှစ်တက်ရောက်ရမည်ဖြစ်ပြီး ဗွှုသင်တန်းတွင် မြို့ပြ၊ အီလက် ထရွန်နစ်၊ လျှပ်စစ်စွမ်းအားနှင့်စက် မှုစွမ်းအားဘာသာရပ်များကို နှစ်နှစ် စီသင်ကြားနိုင်ပြီး ဒီပလိုမာလက်မှတ် ချီးမြှင့်မည်ဖြစ်ကြောင်း၊ အင်ဂျင်နီယာ ဘွဲ့အတွက် အရည်အချင်းပြည့်မီပါ က နှစ်နှစ် ထပ်မံတက်ရောက်နိုင် ကြောင်း သိရသည်။

ပြည်ထောင်စုတိုင်းရင်းသားလူ မျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ပညာ ရေးဘွဲ့ နြီ ငါးနှစ်သင်တန်းကိုဖွင့် လှစ်ထားပြီး အဆိုပါသင်တန်းကျောင်း ကို မန္တလေး-စစ်ကိုင်း-မုံရွာကားလမ်း ပေါ်ရှိ နတ်ခရိုင်ကျေးရွာ၏တောင် ဘက် လေးမိုင်အကွာ ရွာသစ်ကြီးကျေး ရွာတွင်ဖွင့်လှစ်ထားကြောင်း၊ အဆိုပါ တက္ကသိုလ်အတွက် ယခုနှစ်တွင် သင် တန်းသား၂၅ဝ လျာထားသတ်မှတ် ထားပြီး ဝင်ခွင့်သတ်မှတ်ချက်အနေ ဖြင့် သိပ္ပံတွဲရမှတ် ၃၈ဝ၊ ဝိဇ္ဇာတွဲ ၃၂ဝ နှင့် ဝိပ္ပံတွဲ ၃၂ဝရရှိသူတို့ လျှောက် ထားနိုင်ကြောင်း သိရသည်။

''ဝင်ခွင့်သတ်မှတ်ချက်တွေက တစ်နှစ်နဲ့တစ်နှစ်နဲ့ မတူညီပါဘူး။တက္ကသိုလ်ဝင်တန်းအောင်ချက်အ ပေါ်မူတည်ပြီးတော့ ကျောင်းသား အရေအတွက်ကို ခွဲဝေချထားပေးရ တာပါ''ဟု ယင်းက ဆက်လက်ပြော သည်။

၂ဝဝ၁-ဝ၂ပညာသင်နှစ်မှ ၂ဝ၁၃ -၁၄ ပညာသင်နှစ်အထိ တိုင်းရင်းသားစုစုပေါင်း၂၄ဝဝကျော်ကို အဆို ပါဒီဂရီကောလိပ်များမှ မွေးထုတ်ပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

***************************************************

https://www.facebook.com/democracytodaynewspaper
***************************************************

18/09/2015

ငါတို့..ညီတော်နောင်တော်တွေ အမျိုး/ဘာသာ/သာသနာ အတွက် လွှတ်တော်ထဲမှာ နောင်တချိန်လက်တွဲလို့ဆောင်ရွက်ကြဖို့ အနာဂတ်နိုင်ငံတော်ကြီးကို မျှော်ကြည့်ကြပါစို့

ကောင်းသောမွန်မြတ်ရာဘုံဘ၀သို့ရောက်ကြပါစေကြောင်းဆုတောင်းမေတ္တာပို့သပါ၏ ကြီးစွာစိတ်မကောင်းဖြစ်မိပါ၏
18/09/2015

ကောင်းသောမွန်မြတ်ရာဘုံဘ၀သို့ရောက်ကြပါစေကြောင်းဆုတောင်းမေတ္တာပို့သပါ၏ ကြီးစွာစိတ်မကောင်းဖြစ်မိပါ၏

ပြန်လည်ဆုံစည်းကြစို့ ညီနောင်တို့ ..............BB
15/09/2015

ပြန်လည်ဆုံစည်းကြစို့ ညီနောင်တို့ ..............BB

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share