University of Information Technology - UIT

University of Information Technology - UIT For your more detail information, please see at www.uit.edu.mm University of Information Technology - UIT
Official Page

07/04/2021

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ အင်္ဂလိပ်စာဌာနမှူး၊ ဆရာမ ဒေါ်ယုယုလှိုင်သည် ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၁) ရက်၊ (၇-၄-၂၀၂၁) ရက်နေ့တွင် ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါ‌ကြောင်းနှင့် ကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းအပ်ပါသည်၊၊

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မိသားစု

04/02/2021

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ဖွင့်လှစ်ဆဲ၊ ‌ဖွင့်လှစ်ရန် လျာထားသော Online သင်တန်းအသီးသီးကို Internet ဆက်သွယ်မှု အခက်အခဲကြောင့် ခေတ္တရပ်နားထားမည် ဖြစ်ပါကြောင်း၊ ပြန်လည်ပို့ချမည့်ရက်ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း၊ အသိပေးကြေညာအပ်ပါသည်။

University of Information Technology hosted the second 3-days online “AUN-QA Programme Framework (Version 4) workshop on...
26/01/2021

University of Information Technology hosted the second 3-days online “AUN-QA Programme Framework (Version 4) workshop on 25th – 27th January 2021. Altogether 44 participants from UIT, Computer Universities, Myanmar Maritime University, University of Pharmacy, Yangon, Myanmar Aerospace Engineering University and Yangon University of Foreign Languages. We are grateful to our honorable workshop facilitators, Mr. Johnson Ong Chee Bin, AUN-QA Expert, the founder and principal consultant of Education Quality International and Dr. Nguyen Thi My Ngoc, the Deputy Director of the Center for Educational Testing and Quality Assessment for their devoting their time to facilitating this 3-days intensive workshop. We are also thankful to all participants for their active participation during the workshop.

University of Information Technology hosted the first 3-day online “AUN-QA Programme Framework (Version 4) workshop on 1...
20/01/2021

University of Information Technology hosted the first 3-day online “AUN-QA Programme Framework (Version 4) workshop on 19th – 21st January, 2021. This online workshop is a community project collaborated between the AUN-QA and Education Quality International (EQI) to raise the quality and quality assurance of higher education in Myanmar. Altogether 42 participants from UIT, Computer Universities, Defence Services Technological Academy, University of Pharmacy, Yangon, University of Pharmacy, Mandalay and Taungoo University. We are grateful to our honorable workshop facilitators, Mr. Johnson Ong Chee Bin, AUN-QA Expert, the founder and principal consultant of Education Quality International and Dr. Nguyen Thi My Ngoc, the Deputy Director of the Center for Educational Testing and Quality Assessment for their devoting their time to facilitating this 3-day intensive workshop. We are also thankful to all participants for their active participation during the workshop.

The second 3-day online one will be on 25th – 27th January 2021.

18/01/2021

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ ရာထူးတိုး/ပြောင်းဖြင့် ပြောင်းရွှေ့လာကြမည့် ဆရာ၊ဆရာမများကို ဤတက္ကသိုလ်မိသားစုမှ လှိုက်လှဲစွာကြိုဆိုအပ်ပါသည်။ ဤတက္ကသိုလ်၏ သင်ကြား၊ သုတေသန လုပ်ငန်းများကို အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ကြမည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် ကိုယ်ပိုင်ဝန်ထမ်းအိမ်ယာ မရှိပါသဖြင့် အိမ်ထောင်သည်များအတွက် အဆင့်မြင့်ပညာဦးစီးဌာနမှ ပေးအပ်သော မင်းဓမ္မအိမ်ယာများတွင် နေထိုင်နိုင်ရန် လျှောက်လွှာများ ခေါ်ယူသည့်အခါမှသာလျင် လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။
လူပျို၊ အပျို ဖြစ်ပါက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ ဆရာ၊ဆရာမများဆောင်တွင် နေထိုင်ခွင့်ရရှိနိုင်ရန် ညှိနှိုင်းဆောင်ရွက်ရပါသဖြင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ စီမံရေးရာဌာနနှင့် ကြိုတင်ဆက်သွယ် ဆောင်ရွက်ထားရန် လိုအပ်ပါသည်။
ရောက်လျင် ရောက်ချင်း အဆောင်တွင်နေထိုင်နိုင်ရန်အတွက် (၇၂)နာရီအတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက်ကို တပါတည်း ယူဆောင်လာရန် လိုအပ်ပြီး သတ်မှတ်ထားသော အဆောင်တွင် နေထိုင်ခွင့် ရရှိရေး ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

ကိုဗစ်ကာလအတွင်း ခရီးသွားလာမှုများအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၏ လမ်းညွှန်ချက်များနှင့်အညီ ကူးစက်ရောဂါမှ ကာကွယ်နိုင်ရန် ဂရုတစိုက် သွားလာကြပါရန် နှိုးဆော်အပ်ပါသည်။

18/01/2021

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ရာထူးတိုး/ပြောင်းဖြင့် ပြောင်းရွှေ့သွားသည့် ဆရာ၊ဆရာမများအားလုံးကို ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
ဤတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း မိသားစုသဖွယ် အကောင်းဆုံး ကြိုးစား လုပ်ဆောင်ပေးခဲ့ကြသည်များကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မိသားစုမှ အသိအမှတ်ပြု ကျေးဇူးတင်အပ်ပါသည်။ နောင်တွင် ပြန်လည်ဆုံစည်းကြမည်ဟု မျှော်လင့်မိပါသည်။

ကျောင်းတွေ ပိတ်ထားပေမဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အချိန်တွေ အလဟသ မဖြစ်ရအောင်  Online Course တွေ ဖွင့်ထားပေးပါတယ်။ ဘွဲ့ကြ...
14/01/2021

ကျောင်းတွေ ပိတ်ထားပေမဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အချိန်တွေ အလဟသ မဖြစ်ရအောင် Online Course တွေ ဖွင့်ထားပေးပါတယ်။
ဘွဲ့ကြိုသင်တန်းအားလုံးအတွက် Video Lecture တွေကို LMS ကနေ တင်ထားပေးတဲ့အပြင် ဂျပန်စာသင်တန်း Level အမျိုးမျိုး၊ Huawei Cloud ကို အသုံးပြုပြီး Mobile Development သင်တန်းကို Huawei Company နှင့် ပူးပေါင်းပြီး Online မှသင်ကြားပေးလျက်ရှိပါတယ်။
ကျောင်းသားကျောင်းသူများ အားလုံး တစ်နေ့ ဘယ်မှာ ဘာလုပ်ချင်တာလဲ ဆိုတာကို ကြိုတင်စဉ်းစားပြီး အချိန်ကို အကျိုးရှိစွာ အသုံးချခြင်းအားဖြင့် ကြိုတင်ပြင်ဆင် အောင်ပွဲဝင်နိုင်ကြပါစေ။

Photos: ဂျပန်နိုင်ငံအခြေစိုက် Signalbase Company နှင့်ပူးပေါင်း၍ သင်ကြားပေးနေသော Japanese Language Level 3 Online သင်တန်းမှ ပုံများ

12/01/2021

နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူ (၁၇၃) ယောက်တွင် (၁)ဦးသာ Internship ဆင်းလို့ မပြီးသေးဘဲ ကျန် (၁၇၂) ယောက်လုံး ပြီးသွားလို့ Internship Presentation ကို ပြီးခဲ့တဲ့ ဇန္နဝါရီလ၊ ပထမအပတ်က Online မှ ပြုလုပ်ခဲ့ကြပါတယ်။
(၁၇၂) ယောက်မှာ (၈၈)ယောက်က Internship ဆင်းတဲ့ ကုမ္ပဏီမှာဘဲ ဆက်ပြီး အလုပ်ဝင်နေကြပြီး၊ (၂၄) ယောက်ကတော့ တခြားသူတို့ စိတ်ဝင်စားတာနဲ့ ကိုက်ညီတဲ့ ကုမ္ပဏီမှာ အလုပ်ဝင်ကြလို့ စုစုပေါင်း (၁၁၂) ယောက် ဘွဲ့မရသေးပေမဲ့ လုပ်ငန်းခွင် ဝင်နေကြပြီ ဖြစ်ပါတယ်။
ကျန် (၆၀)ဦးကတော့ မာစတာဆက်တက်ဖို့ရည်မှန်းထားတာရယ်၊ တခြား စိတ်ဝင်စားရာအလုပ်ကို လျှောက်ကြမှာရယ်၊ စာမေးပွဲဖြေပြီး ဘွဲ့ရမှဘဲ အလုပ်ဝင်မယ်ဆိုတဲ့ သူတွေ ဖြစ်ပါတယ်။
UIT နှင့် ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ၏ ပညာရေးအတွက် Internship လက်ခံလေ့ကျင့်ပေးခဲ့သော ကုမ္ပဏီများ အားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ရဲ့ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများ၏ (၆၅)% အလုပ်ရရှိနေပြီးဖြစ်ကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာ ဖော်ပြအပ်ပါသည်။

Team Stuffed, Excellent Award of Application Contest for university students hosted by KDDI foundation
06/01/2021

Team Stuffed, Excellent Award of Application Contest for university students hosted by KDDI foundation

Proud of our professors who apply to get the Grant for AR/VR Education!
31/12/2020

Proud of our professors who apply to get the Grant for AR/VR Education!

UIT Stars of the week! ကျောင်းတွေ ပိတ်ထားပေမဲ့လဲ တစ်ခုခု တိုးတက်ရာ တိုးတက်ကြောင်း မပြတ်  လေ့လာသင်ယူနေကြတဲ့ အနာဂတ် IT Pro...
31/12/2020

UIT Stars of the week!
ကျောင်းတွေ ပိတ်ထားပေမဲ့လဲ တစ်ခုခု တိုးတက်ရာ တိုးတက်ကြောင်း မပြတ် လေ့လာသင်ယူနေကြတဲ့ အနာဂတ် IT Professional ခေါင်းဆောင်လေးများ

Amazon Web Services (AWS) မှ ကြီးမှူး၍ Build on, Myanmar 2020 Hackathon ပြိုင်ပွဲကို 9th Nov, 2020 ရက်နေ့မှ 11th Dec, 20...
16/12/2020

Amazon Web Services (AWS) မှ ကြီးမှူး၍ Build on, Myanmar 2020 Hackathon ပြိုင်ပွဲကို 9th Nov, 2020 ရက်နေ့မှ 11th Dec, 2020 ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြိုင်ပွဲတွင် Track (၂) ခု - Awba Track တွင် Challenges (၂) ခု နှင့် Ayeyarwady Foundation Track တွင် Challenge Themes (၂) ခုတို့မှ တစ်ခုအားရွေးချယ်၍ မိမိတို့၏ Innovative ideas, solutions များကို (၃) ယောက် (၁)ဖွဲ့စီမှ အဆိုပြုတင်သွင်းခြင်း နှင့် တင်ပြဆွေးနွေးခြင်းများ ပြုလုပ်ယှဉ်ပြိုင်ကြရပါသည်။ အဆိုပါပြိုင်ပွဲ၌ အဖွဲ့ပေါင်း (၁၀၀) ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်အနက် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မှ အဖွဲ့(၁၆)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

30th Nov, 2020 ရက်နေ့၌ ပမာဏရွေးချယ်မှု (Shortlist) တွင် ပြိုင်ပွဲဝင် အဖွဲ့ (၁၂)ဖွဲ့ ရွေးချယ်ခြင်းခံရသည့် အနက် သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်မှ (၉)ဖွဲ့ အရွေးချယ်ခံခဲ့ရပါသည်။

11th Dec, 2020 ရက်နေ့ နောက်ဆုံးအဆင့် (Grand Finale) ၌ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်မှ အဖွဲ့(၄)ဖွဲ့မှာ အောက်ပါအတိုင်း ဆုများအသီးသီးဆွတ်ခူးရရှိခဲ့ပါသည်။

Challenge Themes – Awba Track တွင်

• Champion: Team Midas
Team Midas အဖွဲ့ဝင်များ
(၁) မောင်စွမ်းဆောင်လွင်၊ စတုတ္ထနှစ် (Software Engineering)
(၂) မမြတ်သဲချစ်၊ စတုတ္ထနှစ် (Business Information System)
(၃) မောင်ဖြိုးမော်ကို၊ စတုတ္ထနှစ် (High Performance Computing)

• 1st Runner Up: Team Ninjas
Team Ninjas အဖွဲ့ဝင်များ
(၁) မောင်အောင်ခန့်သော်၊ စတုတ္ထနှစ် (Knowledge Engineering)
(၂) မောင်ကောင်းမြတ်ကျော်၊ တတိယနှစ် (CS)
(၃) မရွှန်းလဲ့နိုင်၊ ဒုတိယနှစ်

Challenge Themes – Ayeyarwady Foundation Track တွင်

• Champion: Team Outliers
Team Outliers အဖွဲ့ဝင်များ
(၁) မသန့်သဇင်အိမ်၊ တတိယနှစ် (CS)
(၂) မပန်းအင်ကြင်း၊ တတိယနှစ် (CS)
(၃) မောင်အောင်ကိုကို၊ B.C.Sc. (Software Engineering)

• 1st Runner Up: Team KanPai
Team KanPai အဖွဲ့ဝင်များ
(၁) မယမင်းသီရိအောင်၊ ပဉ္စမနှစ် (High Performance Computing)
(၂) မသက်မွန်နှင်း၊ ၊ ပဉ္စမနှစ် (High Performance Computing)
(၃) မသီရိရတနာအောင်၊ ၊ ပဉ္စမနှစ် (High Performance Computing)

AWS - Build on, Myanmar 2020 Hackathon ပြိုင်ပွဲတွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ဆုရရှိခဲ့သော ကျောင်းသား၊ကျောင်းသူများအား ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။

AWS ၏ Build on, Myanmar 2020 Hackathon web site: https://www.buildonmyanmar.com/

Address

Parami Road, Universities' Hlaing Campus, Ward (12), Hlaing Township
Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

019664709

Alerts

Be the first to know and let us send you an email when University of Information Technology - UIT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to University of Information Technology - UIT:

Share