Corporate Learning Institute

Corporate Learning Institute Corporate Learning Institute (CLI) designs and delivers training courses tailored to meet the needs of specific organizations.

Welcome to the Corporate Learning Institute!
🎓💼 Enhance your professional skills and elevate your career with our comprehensive training programs in business, management, and soft-skills development. 💡🚀


These courses can be tailored to time you have available-one day, one week- or they can be run as modular courses over a longer period of time.

“Contents, Time, Date, Duration, Venue- The Choice is Yours...”

20/02/2026

ဦးနှောက်နဲ့ နှလုံးသား ဟန်ချက်ညီမှသာ 💎

12/02/2026

လူတွေကို ကိုယ်ဖြစ်‌စေချင်သလို ဖြစ်စေဖို့ မကြိုးစားတော့တဲ့အခါ


02/02/2026

ဒီနေ့ သင်တည်ဆောက်နေတဲ့
အလေ့အကျင့်က
မနက်ဖြန် သင်ရောက်မယ့်နေရာကို ဆုံးဖြတ်ပေးပါလိမ့်မယ်။
ဒီနေ့ သင် ဘယ်အလေ့အကျင့်ကို တည်ဆောက်နေပါသလဲ?

01/02/2026

Performance အပြင်
လူသားစိတ်ကိုပါ
လုံခြုံစေတဲ့
အလုပ်ခွင်ကသာ
တိုးတက်နိုင်ပါတယ်။

30/01/2026





မြစ်တစ်စင်းကဲ့သို့ ဦးဆောင်တတ်ပါစေ။ Leader တစ်ယောက်အနေနဲ့ ကျွန်တော်တို့​ အများစုက ကိုယ်သွားမယ့် လမ်းကို ဖြောင့်နေစေချင်တ...
27/01/2026

မြစ်တစ်စင်းကဲ့သို့ ဦးဆောင်တတ်ပါစေ။

Leader တစ်ယောက်အနေနဲ့ ကျွန်တော်တို့​ အများစုက ကိုယ်သွားမယ့် လမ်းကို ဖြောင့်နေစေချင်တယ်။ ရလဒ်ကို ထိန်းချုပ်ချင်တယ်။
အချိန်ကို မလွဲချော်ချင်ဘူး။ မျှော်မှန်းထားတဲ့ရလဒ်ကို အချိန်မီ ရချင်တတ်ကြတယ်။ မျှော်မှန်းထားသလို ဖြစ်မလာတဲ့အခါ လက်မခံတတ်ကြဘဲ အရာရာကို ဆန့်ကျင်ချင်တတ်ကြတယ်။ အဲ့အချိန်မှာ မြစ်တစ်စင်းကို နမူနာယူတတ်ဖို့လိုပါတယ်။
မြစ်တစ်စင်းရဲ့သဘာဝဟာ တစ်ကြောင်းတည်း ဖြောင့်ဖြောင့်တန်းတန်း မစီးဆင်းပါဘူး။
မြစ်ဟာ ကွေ့တတ်တယ်။
ကျောက်တုံးတွေကို တိုက်မိတတ်တယ်။
တခါတရံ အရှိန်လျော့သွားတတ်သလို
တခါတရံ အရှိန်ပြင်းပြင်းနဲ့ ရှေ့ကို တိုးတက်သွားတတ်ပါတယ်။
ဒါပေမယ့် မြစ်ဟာ
ဘယ်တော့မှ မရပ်ပါဘူး။
ခေါင်းဆောင်မှု (Leadership) ဟာလည်း ဒီလိုပါပဲ။
Project ပျက်သွားတဲ့အချိန်တွေ၊
Decision မှားသွားတယ်လို့ ထင်မိတဲ့အချိန်တွေ၊
Team ကို မထိန်းနိုင်တော့သလို ခံစားရတဲ့အချိန်တွေ၊
ကိုယ်မျှော်လင့်ထားတဲ့ Result မထွက်လာတဲ့အချိန်တွေ—
အဲ့ဒီအချိန်တွေမှာ
“ငါဟာ မကောင်းတဲ့ ခေါင်းဆောင် (Leader) ဖြစ်နေပြီလား” လို့ ကိုယ့်ကိုယ်ကို မေးမိတတ်ပါတယ်။
ဒါပေမယ့်
အဲ့ဒီအရာတွေဟာ ကျရှုံးမှု (Failure) မဟုတ်ပါဘူး။
အဲ့ဒါတွေဟာ ပိုမိုကောင်းမွန်တဲ့ ခေါင်ဆောင်မှုတွေလုပ်ဆောင်နိုင်ဖို့ အမှန်တကယ် သင်ယူနေရတဲ့ အဆင့်တွေပါ။
မြစ်ဟာ အတားအဆီးကို တွေ့တဲ့အခါ
မတိုက်ခိုက်ပါဘူး။
မဖြစ်နိုင်တာကို အတင်း မချိုးဖောက်ပါဘူး။
သူက
အခြေအနေကို လက်ခံတယ်။
လိုက်လျောညီထွေ ပြောင်းလဲတယ်။
ပြီးတော့ ဆက်လက် စီးဆင်းသွားတယ်။
အောင်မြင်တဲ့ Leader တွေကလည်း
အဲ့ဒီလိုပါပဲ။
Control ကို အလွန်အကျွံ မကိုင်ထားဘူး။
Reality ကို ငြင်းဆန်မနေဘူး။
Ego နဲ့ Decision မချဘူး။
Direction ပြောင်းရတဲ့အခါ
“နောက်ဆုတ်ခြင်း” လို့ မမြင်ဘူး။
သူတို့က
Flow ကို ရွေးတယ်။
Plan ပျက်သွားရင်
အဲ့ဒါက Vision ပျက်သွားပြီလို့ မဆိုလိုပါဘူး။
Timeline လွဲသွားရင်
အဲ့ဒါက Leadership မရှိတော့ဘူးလို့ မဆိုလိုပါဘူး။
Strategy ပြောင်းရင်
အဲ့ဒါက Weak ဖြစ်နေတယ်လို့ မဆိုလိုပါဘူး။
အဲ့ဒါတွေဟာ
Mature Leadership ရဲ့ လက္ခဏာတွေပါ။
မြစ်တွေဟာ
ကိုယ့်ကိုယ်ကို သက်သေပြဖို့ အလျင်မလိုပါဘူး။
သူတို့က အချိန်ကို ယုံကြည်တယ်။
လှုပ်ရှားမှုကို ယုံကြည်တယ်။
Leader ကလည်း
အမြဲတမ်း Answer အားလုံး သိနေဖို့ မလိုပါဘူး။
အရေးကြီးတာက
မရပ်ဘဲ ဆက်လက် ရွေ့လျားနိုင်ဖို့ပါ။
အခုအချိန်မှာ Leadership Journey က
ရှုပ်ထွေးနေသလို ခံစားနေရရင်
ဒီအရာကို သတိရပါ—
👉 သင် မပိတ်မိပါဘူး
👉 သင် မပျက်စီးပါဘူး
👉 သင် နောက်ကျမနေပါဘူး
သင်ဟာ
အတားအဆီးတွေကြားထဲမှာတောင်
ဘယ်လို စီးဆင်းရမလဲဆိုတာ
သင်ယူနေတဲ့ Leader တစ်ယောက်သာ ဖြစ်ပါတယ်။
နူးညံ့စွာ ဦးဆောင်ပါ။
စိတ်ရှည်စွာ ဆုံးဖြတ်ပါ။
ရိုးသားစွာ ရွေ့လျားပါ။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
သင် မျှော်လင့်ထားတာထက်
ပိုမို အင်အားရှိတဲ့ Leader တစ်ယောက်အဖြစ်
သင်ကိုယ်သင် ပြန်တွေ့လာရပါလိမ့်မယ်။

မေတ္တာဖြင့်
Corporate Learning Institute(Training and Corporate Development)

Subscribe us: https://t.me/CorporateLearningInstitute
Subscribe us: https://youtube.com/
Follow us: https://www.linkedin.com/corporatelearninginstitute
Follow us: https://www.tiktok.com/
Follow us: https://vk.com/corporatelearninginstitute
Follow us: https://instagram.com/corporatelearninginstitute
Like us: CorporateLearningInstitute

Communication Skills ဆိုတာဘာလဲ။Communication Skills ဆိုတာ ကိုယ့်အတွေး၊ အမြင်၊ အချက်အလက်၊ ခံစားချက်တွေကို မှန်ကန်၊ ရှင်းလ...
18/01/2026

Communication Skills ဆိုတာဘာလဲ။

Communication Skills ဆိုတာ ကိုယ့်အတွေး၊ အမြင်၊ အချက်အလက်၊ ခံစားချက်တွေကို မှန်ကန်၊ ရှင်းလင်း၊ သင့်တော်တဲ့နည်းလမ်းနဲ့ သူတစ်ပါးကို နားလည်အောင် ဆက်သွယ်နိုင်တဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။
Communication က ပြောတတ်ခြင်း တစ်ခုတည်းမဟုတ်ပါဘူး။ သူ့မှာအောက်ပါ ၄ မျိုးလုံးပါဝင်ပါတယ်—
Listening (နားထောင်နိုင်ခြင်း)
Speaking (ပြောဆိုနိုင်ခြင်း)
Writing (ရေးသားနိုင်ခြင်း)
Non-verbal Communication (အပြုအမူ၊ မျက်နှာအမူအရာ၊ ကိုယ်နေဟန်ထား) တို့ပါဝင်တယ်။
လုပ်ငန်းခွင်ပြဿနာတွေကို လေ့လာကြည့်မယ်ဆိုရင် ၇၀% ကျော်က Communication မကောင်းခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ပြဿနာ အများစုကို လေ့လာကြည့်မယ်ဆိုရင် ညွှန်းကြားချက်မရှင်းလင်းတာ၊ တဖက်သူစကားကို သေချာ မနားထောင်တာ၊ ထင်မြင်ယူဆချက်တွေ မတူညီတာကို သေချာမညှိနိုင်းနိုင်တာတွေကြောင့် ဖြစ်ကြတာကို တွေ့ရှိရမှာဖြစ်တယ်။
Communication သာကောင်းမွန်ခဲ့မယ်ဆိုရင် ထုတ်လုပ်မှုစွမ်းအားနဲ့ ထိရောက်မှုတွေ တိုးတက်လာစေပါတယ်။ ညွှန်ကြားချက်တွေ ရှင်းလင်းလာခြင်းကြောင့် အမှားတွေနည်းလာမယ်။ Feedback မှန်မှန်ကန်ကန်ပေးတတ်တာကြောင့် အလုပ်တွေ လျှင်လျှင်မြန်မြန် တိုးတက်လာမယ်။ အစည်းအဝေးပွဲတွေမှာ ရှင်းလင်းတိကျစွာ ပြောဆိုနိုင်တာကြောင့် အချိန်ကုန်တာ သက်သာလာပါလိမ့်မယ်။
Communication ကောင်းမွန်ကောင်းမွန်တဲ့အခါ ဆက်ဆံရေး (Relationship) တွေကောင်းမွန်လာပြီး ယုံကြည်မှုတွေ တိုးတက်လာပါတယ်။ Communication ကောင်းတဲ့လူတွေကို လူတွေက ပုံယုံကြည်တယ်။ အလုပ်တွဲလုပ်ချင်တယ်။ အလုပ်အပ်ချင်တယ်။ ခေါင်းဆောင်အဖြစ် မြင်ကြတယ်။
Communication ဟာ ခေါင်းဆောင်မှုနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံရေသောက်မြစ်ပါပဲ။ Idea ကောင်းတွေရှိလည်း သေချာရှင်းလင်းစွာ မပြောနိုင်ရင် အခြားသူတွေ မမြင်ရတဲ့အတွက် လက်ခံမှုရရှိနိုင်မှာ မဟုတ်ပါဘူး။ Skill ကောင်းတွေ ရှိပေမဲ့လည်း ထိရောက်စွာ ဆက်သွယ်မှုမရှိရင် တန်ဖိုးထားခံရမှာ မဟုတ်ပါဘူး။ ဆက်သွယ်ဖလှယ်မှု ကောင်းမွန်းခြင်းဟာ ရာထူးတက်ခြင်းရဲ့ အဓိကအချက်တစ်ခုလည်း ဖြစ်ပါတယ်။
Communication Skills သာမကောင်းခဲ့ရင် အခြားသူတွေရဲ့ အထင်အမြင်လွဲမှားခြင်းကို အမြဲ ခံနေရမှာဖြစ်ပါတယ်။ မလိုအပ်ဘဲ ပဋိပက္ခတွေများနေမယ်။ အစည်းအဝေးပွဲတွေက ထိရောက်မှုမရှိ၊ ရလဒ်မထွက်ပဲဖြစ်နေမယ်။ “Skill ကောင်းတွေရှိပေမယ့် အလုပ်ပဲမပြီးတာ” လို့ သတ်မှတ်ခံရပါလိမ့်မယ်။
Communication Skills ကောင်းဖို့အတွက် အောက်ပါအချက်တွေကို ပြုလုပ်နိုင်ပါတယ်။

(1) တက်ကြွစွာ နားထောင်တတ်ဖို့ လေ့ကျင့်ပါ။
လူအများစုက နားထောင်နေသလိုနဲ့ ပြန်ပြောဖို့ပဲ စဉ်းစားနေကြတတ်ပါတယ်။ တက်ကြွစွာ နားထောင်တတ်ဖို့အတွက်ဆိုရင်
✔ အာရုံသေချာစိုက်ရပါမယ်။
✔ မျက်လုံး အကြည့်ချင်းစုံဖို့လိုပါတယ်။
✔ စိတ်ဝင်စားကြောင်းပြသရပါမယ်။
✔ အခြားသူတွေ ပြောနေစဉ်မှာ ကြားဖြတ်ပြောခြင်းကို ရှောင်ရပါမယ်။
✔ တဖက်သူတွေ ပြောတဲ့စကားတွေကို ကိုယ့်စကားလုံးတွေနဲ့ အနှစ်ပြန်ချုပ်ပြရပါမယ်။

(2) ရှင်းလင်းတိကျစွာ ပြောတတ်အောင်လုပ်ပါ။
ပြောတဲ့အခါ
အချက်အလက် အပြည့်အစုံ→ လုပ်ရတဲ့ အကြောင်းရင်း → လုပ်ရမယ့်အရာတွေ ပြည့်ပြည့်စုံစုံပြောပါ။
လိုအပ်တာထက် ပိုပြီး ရှည်ရှည့်ဝေးဝေး မပြောပါနဲ့
ဥပမာ
“ဒီကိစ္စကို ကြည့်ပေးပါ” ဆိုတာထက် “ဒီ report ကို Friday မတိုင်ခင် review လုပ်ပေးပါ။
Section 2 နဲ့ 3 ကို အလေးထားပြီး ပိုကြည့်ပေးပါ”
စသဖြင့် ပြည့်ပြည့်စုံစုံ ရှင်းပြပါ။

(3) Tone & Body Language ကို သတိထားပါ။
စကားအဓိပ္ပါယ်ထက် လေသံ၊ ကိုယ်နေဟန်ထား (Tone & Body Language) က ပိုသက်ရောက်မှု ရှိတတ်ပါတယ်။
မျက်နှာအမူအရာ
အသံအမြင့်အနိမ့်
ကိုယ်နေဟန်ထား၊ လက်အမူအရာ စတာတွေကို ဂရုစိုက်ပါ။

(4) Feedback ကို မှန်ကန်စွာ ပေးနိုင်အောင် လေ့ကျင့်ပါ
Feedback ကို မှန်ကန်စွာ ပေးနိုင်ဖို့ SBI Model ကို လေ့ကျင့်ပါ။ SBI Model ဆိုတာက
Situation – ဘယ်အချိန်၊ ဘယ်နေရာ
Behavior – ဘာလုပ်ခဲ့လဲ
Impact – ဘာအကျိုးဆက်ဖြစ်လဲ
ဥပမာ – “မနေ့က Meeting မှာ (S)
သင်က အခြားသူတွေ စကားပြောနေစဉ် အလယ်မှာ ဖြတ်ဖြတ်ပြောခဲ့တဲ့အတွက် (B)
အဖွဲ့ဝင်တချို့ မပြောရဲတော့ဘူး (I)”
စသည့်ဖြင့် အခြေအနေ၊ လုပ်ခဲ့တဲ့အရာနဲ့ အကျိုးသက်ရောက်မှုတွေကို ရှင်းရှင်းလင်းလင်းပြောပြပါ။

(5) စာဖြင့်ဆက်သွယ်မှု (Written Communication) ကို လျော့မတွက်ပါနဲ့။
Email / Chat မှာ— ရည်ရွယ်ချက်ရှင်းရှင်းလင်းလင်း ရေးပါ။
အချက်အလက်တွေကို Bullet Points သုံးပြီး ရှင်းပြပါ။
ခံစားချက် (Emotion) တွေ မထည့်ပါနဲ့။

(6) ဆက်သွယ်ဖလှယ်တဲ့ပုံစံ Communication Style ကို လက်ခံမယ့်သူနဲ့ လိုက်လျောညီထွေစွာ ပြောင်းလဲပါ။
အထက်လူကြီးနဲ့ပြောတဲ့ပုံ၊ လုပ်ဖော်ကိုင်ဖက်နဲ့ပြောတဲ့ပုံ၊ ဖောက်သည်နဲ့ပြောဆိုတဲ့ပုံ စသဖြင့် ကိုက်ညီစွာ ပြောဆိုဆက်ဆံပါ။
👉 လူတိုင်းကို နည်းလမ်းတစ်မျိုးတည်းနဲ့ မပြောဆိုသင့်ပါဘူး။

အကျဉ်းချုပ်အားဖြင့် Communication Skills က သင် ဘယ်လောက်တော်တယ်၊ တတ်တယ်ဆိုတာထက် သင့်ကို လူတွေ ဘယ်လောက်နားလည်လဲဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ဒါကြောင့် Communication Skills က အလုပ်ခွင်အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်တစ်ခုပဲ ဖြစ်ပါတယ်။

မေတ္တာဖြင့်
Corporate Learning Institute(Training and Corporate Development)

Subscribe us: https://t.me/CorporateLearningInstitute
Subscribe us: https://youtube.com/
Follow us: https://www.linkedin.com/corporatelearninginstitute
Follow us: https://www.tiktok.com/
Follow us: https://vk.com/corporatelearninginstitute
Follow us: https://instagram.com/corporatelearninginstitute
Like us: CorporateLearningInstitute

Soft Skills ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ Soft Skills ဆိုတာ လူတစ်ယောက်ရဲ့ အပြုအမူ၊ စိတ်နေသဘောထား၊ ပေါင်းသင်းဆက်ဆံရေး...
13/01/2026

Soft Skills ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။

Soft Skills ဆိုတာ လူတစ်ယောက်ရဲ့ အပြုအမူ၊ စိတ်နေသဘောထား၊ ပေါင်းသင်းဆက်ဆံရေး၊ အလုပ်လုပ်ပုံလုပ်နည်းတွေနဲ့ ဆိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ စွမ်းရည်​တွေကို ဆိုလိုပါတယ်။
အလွယ်ပြောရရင်တော့ “အလုပ်ကို ဘယ်လိုလုပ်လဲ” ဆိုတာထက် “လူတွေနဲ့ ဘယ်လိုဆက်ဆံပြီး အလုပ်ကို ဘယ်လိုပြီးမြောက်အောင်လုပ်နိုင်လဲ” ဆိုတာကို ဆုံးဖြတ်ပေးတဲ့ စွမ်းရည်တွေပါပဲ။

Soft Skills နဲ့ Hard Skills ကွာခြားချက်တွေကိုပြောရမယ်ဆိုရင်
- Hard Skills က နည်းပညာပိုင်း၊ အတတ်ပညာပိုင်းနဲ့ ပိုမိုသက်ဆိုင်မှုရှိတယ်။ Soft Skills က လူမှုဆက်ဆံရေးပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေနဲ့ ပိုမို ဆက်စပ်မှုရှိတယ်။
- Hard Skills က သင်တန်းတက်ပြီး သင်ယူနိုင်ပေမယ်။ Soft Skills က အတွေ့အကြုံ၊ ကိုယ့်ကိုယ်ကို သတိထားမှုနဲ့ တိုးတက်လာအောင် လုပ်မှရတယ်။
- Hard Skills က စာမေးပွဲနဲ့တိုင်းတာလွယ်တယ်။ ဥပမာ – Excel, Coding ။ Soft Skills က တိုင်းတာရခက်တယ်။ ဥပမာ – Communication, Leadership
- Hard Skills က အလုပ်ရဖို့ ကူညီပေးပြီး Soft Skills ကတော့ အလုပ်မှာ အောင်မြင်နိုင်ဖို့ ကူညီပေးပါတယ်။

အရေးကြီးတဲ့ Soft Skills အမျိုးအစားများအချို့ကို ပြောပြရမယ်ဆိုရင်
(1) Communication Skills
• ကိုယ့်အမြင်ကို ရှင်းလင်းတိကျစွာ ပြောနိုင်ခြင်း
• နားထောင်နိုင်ခြင်း (Active Listening)
• မတူညီတဲ့ လူမျိုး၊ အဆင့်အတန်းတွေနဲ့ ပြောဆိုနိုင်ခြင်း

(2) Emotional Intelligence (EQ)
• ကိုယ့်စိတ်ခံစားချက်ကို ကိုယ်တိုင်သိခြင်း
• စိတ်ဆိုးတဲ့အချိန် ထိန်းချုပ်နိုင်ခြင်း
• သူတစ်ပါးရဲ့ ခံစားချက်ကို နားလည်နိုင်ခြင်း

(3) Teamwork & Collaboration
• လူအများနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း
• ကိုယ့်အမြင်သာမက တခြားသူရဲ့ အမြင်ကို လက်ခံနိုင်ခြင်း
• အဖွဲ့အောင်မြင်ရေးကို ကိုယ့်အောင်မြင်မှုထက် ဦးစားပေးခြင်း

(4) Problem Solving & Critical Thinking
• ပြဿနာကို စိတ်လှုပ်ရှားမှုမပါဘဲ အကြောင်းအရင်းနဲ့ စဉ်းစားနိုင်ခြင်း
• ဖြေရှင်းနည်းအမျိုးမျိုး စဉ်းစားနိုင်ခြင်း
• အဆုံးဖြတ်မတိုင်ခင် အကျိုးအနစ်ကို ချိန်ဆနိုင်ခြင်း

(5) Adaptability & Flexibility
• အပြောင်းအလဲကို ကြောက်မနေပဲ လက်ခံနိုင်ခြင်း
• မမျှော်လင့်ထားတဲ့ အခြေအနေတွေမှာလည်း အလုပ်လုပ်နိုင်ခြင်း

(6) Leadership Skills
• ခေါင်းဆောင်ရာထူးမရှိပေမယ့်လည်း ဦးဆောင်နိုင်ခြင်း
• အဖွဲ့ဝင်တွေကို စိတ်ဓာတ်မြှင့်တင်နိုင်ခြင်း
• တာဝန်ယူတတ်ခြင်း

Soft Skills ဘာကြောင့် အရေးကြီးတာလဲ
(1) Career Success အတွက်
လေ့လာမှုများအရ👉 အလုပ်မှာအောင်မြင်မှုရဲ့ 80% ဟာ Soft Skills ကြောင့် 👉 Hard Skills က 20% လောက်သာ ဖြစ်ပါတယ်။

(2) Relationship ကောင်းစေတယ်
• လုပ်ဖော်ကိုင်ဖက်
• မိသားစု
• သူငယ်ချင်း
Soft Skills က ဘဝအဆင့်အတန်းအားလုံးမှာ အသုံးဝင် ပါတယ်။

(3) Conflict ကို လျော့ချပေးတယ်
• အငြင်းပွားမှုတွေကို ပိုပြီး တည်ငြိမ်စွာ ဖြေရှင်းနိုင်
• မလိုအပ်တဲ့ ဒေါသ၊ စိတ်နာမှုတွေ လျော့နည်းစေ

(4) Leadership & Promotion အတွက် မဖြစ်မနေလိုအပ်
ရာထူးတက်တဲ့အချိန်
• “အလုပ်လုပ်တတ်လား” ထက်
• “လူတွေကို ဦးဆောင်နိုင်လား” ကို ပိုကြည့်ကြပါတယ်။

Soft Skills ကို တိုးတက်လာအောင်လုပ်ဖို့ဆိုရင်
1. ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်း (Self-Awareness)
2. Feedback ကို မကြောက်ဘဲ လက်ခံခြင်း
3. လူအမျိုးမျိုးနဲ့ ပိုပြီး ဆက်ဆံခြင်း
4. ​လေ့လာသင်ယူခြင်း၊ စာဖတ်ခြင်း၊ Role-play လေ့ကျင့်ခြင်း
5. အမှားတွေကို သင်ခန်းစာအဖြစ် မြင်ခြင်းအားဖြင့် တိုးတက်အောင်လုပ်နိုင်ပါတယ်။

အကျဉ်းချုပ်ရမယ်ဆိုရင် Hard Skills က အလုပ်ကို ရအောင်လုပ်ပေးတယ်။ Soft Skills က အလုပ်ကို ရေရှည်မြဲအောင် ထိန်းသိမ်းပြီး အောင်မြင်မှုရရှိစေပါတယ်
Soft Skills မရှိဘဲ ကိုယ်တတ်ကျွမ်းတဲ့ အသိပညာများကို အပြည့်အဝ အသုံးချနိုင်ခြင်း မရှိပါဘူး။

မေတ္တာဖြင့်
Corporate Learning Institute(Training and Corporate Development)

Subscribe us: https://t.me/CorporateLearningInstitute
Subscribe us: https://youtube.com/
Follow us: https://www.linkedin.com/corporatelearninginstitute
Follow us: https://www.tiktok.com/
Follow us: https://vk.com/corporatelearninginstitute
Follow us: https://instagram.com/corporatelearninginstitute
Like us: https://www.facebook.com/CorporateLearningInstitute

31/08/2025

Celebrating my 8th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

"ဂျက်ခ်မား က ပြောတာပါ...”"ကျေးဇူးပြုပြီး ..ခင်ဗျားတို့ရဲ့ကလေးတွေကို ပြောလိုက်ပါ ....ကမ္ဘာကြီးဟာ ..နေ့စဉ် ပြောင်းလဲနေတာပါ...
09/05/2024

"ဂျက်ခ်မား က ပြောတာပါ...”

"ကျေးဇူးပြုပြီး ..
ခင်ဗျားတို့ရဲ့ကလေးတွေကို
ပြောလိုက်ပါ ....

ကမ္ဘာကြီးဟာ ..
နေ့စဉ် ပြောင်းလဲနေတာပါ။
ဘယ်သူကမှ ဘယ်သူ့ကိုမှ
စောင့်နေမှာ မဟုတ်ဘူး ....

ဓာတ်မီးခြစ် တီထွင်ခဲ့အပြီးမှာ
ယမ်းမီးခြစ်ဟာ ..
တဖြည်းဖြည်း မှေးမှိန်သွားခဲ့တယ်။
ဂဏန်းပေါင်းစက် တီထွင်ခဲ့အပြီးမှာ
ပေသီးတွက်နည်းဟာ ..
တဖြည်းဖြည်း မှေးမှိန်သွားခဲ့တယ်။
ဒစ်ဂျစ်တယ် ကင်မရာတွေ
ပေါ်လာခဲ့တဲ့နောက် ..
ဖလင်ကင်မရာတွေ မှေးမှိန်သွားခဲ့တယ်။

တိုက်ရိုက်ရောင်းစနစ်..
အင်တာနက်ကတဆင့်
ရောင်းတဲ့စနစ် ပေါ်လာပြီးတဲ့နောက်
ရိုးရာ စျေးကွက်ရှာဖွေနည်းတွေ
မှေးမှိန်သွားခဲ့တယ် ...။

4G စမတ်ဖုန်းကို
မိတ်ဆက်ပြီးတဲ့နောက်မှာ ..
ကွန်ပျူတာကို ဖွင့်ဖို့တောင် မလိုတော့ဘူး။

WeChat နဲ့ WhatsApp တွေ
ဖွံ့ဖြိုးလာတဲ့အခါမှာတော့
အစဉ်အလာ နည်းနဲ့..
Text Message ပို့တာတွေ
အရင်လောက် ခေတ်မစားတော့ဘူး...။

ဘယ်သူက ဘယ်သူ့စီးပွားကို
သိမ်းပိုက်သွားလို့ဆိုပြီး ..
အပြစ်တင်မနေကြပါနဲ့တော့ ...။
ဒါဟာ အပြောင်းအလဲကြောင့်သာ
ဖြစ်ပါတယ်။

လူတွေဟာ ..
အပြောင်းအလဲကို လက်ခံလွယ်လာတယ်။
ပိုပြီး လိုက်လျောညီထွေဖြစ်အောင်
ပြောင်းလဲနိုင်လာတယ် ...။
အတွေးသစ် အကြံသစ်တွေကို
လက်ခံလာကြတယ်။”

တစ်စုံတစ်ယောက်က ဂျက်ခ်မားကို
"ခင်ဗျားရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်က
ဘာလဲ” လို့မေးတဲ့အခါ -

“သိပ်ကို ရိုးရှင်းပါတယ် ...။
ခင်ဗျားတို့စောင့်ကြည့်နေတဲ့ အချိန်မှာ
ကျွန်တော်က လုပ်နေပါပြီ” …။

ဒါကြောင့်မို့ပြောင်းပါ ...။
အချိန်နဲ့အမျှ ပြောင်းနေတဲ့ကမ္ဘာကြီးထဲမှာ
မပြောင်းပဲနေလိုက်ရင် ကျန်ရစ်ခဲ့လိမ့်မယ်။

ကိုယ့်အချိန်အတွင်းမှာ ကိုယ်စိုက်တာလေးပဲ
ကိုယ်ရိတ်သိမ်းရမှာပါ ....

အသောက်မက်နေရင်
အရက်သမားပဲဖြစ်မှာပေါ့ ...။
အချိန်ရှိသမျှ အပြစ်ချည်းပဲတင်နေရင်လဲ
အပြစ်ဖွဲ့တတ်သူပဲ ဖြစ်လာမှာပေါ့ ...။

ကိုယ့်ကိုယ်ကို လှပဖို့အတွက်
အချိန်သုံးစွဲခဲ့ရင်လဲ... လှပတဲ့
လူငယ် လုံမငယ်လေးတွေ ဖြစ်လာမှာပေါ့။
ကျန်းမာရေးအတွက် အချိန်သုံးခဲ့ရင်
ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပေါ့ ...။

တစ်စုံတစ်ခုကို ..
သေသေချာချာ ရွေးချယ်ခဲ့ရင်လဲ
အဓိပ္ပါယ်ရှိသူ ဖြစ်လာမှာပါ ...။
သင်ယူရာမှာ အချိန်သုံးစွဲခဲ့ရင်လဲ
ပညာရှိဖြစ်လာမှာပါ ...။

မိသားစုအတွက် ..
အချိန်ကို သုံးခဲ့မယ်ဆိုရင်လဲ
သာယာစိုပွတေဲ့ မိသားစုဘဝကို
ပိုင်ဆိုင်နိုင်မှာပါ ...။

Dr. Pacapol Anurit

ရန်ကုန်စီးပွားရေးတက္ကသိုလ်မဟာဘွဲ့ သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာ သင်တန်းများခေါ်ယူခြင်းကြေညာချက်ရန်ကုန်စီးပွားရေးတက္က...
24/04/2024

ရန်ကုန်စီးပွားရေးတက္ကသိုလ်
မဟာဘွဲ့ သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာ သင်တန်းများခေါ်ယူခြင်း
ကြေညာချက်
ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် ဖွင့်လှစ်မည့် အောက်ပါမဟာဘွဲ့ သင်တန်း များနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများသို့ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်-
မဟာဘွဲ့သင်တန်းများ
(က) စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (Master of Business Administration_MBA)
(ခ) ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Master of Public Administration_MPA) Online သင်တန်း (ဂ) ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ (Master of Development Studies_MDevS) Online သင်တန်း
(ဃ) ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (Master of Banking and Finance_MBF) Online သင်တန်း (င) အသုံးချရင်းအင်းပညာမဟာဘွဲ့ (Master of Applied Statistics_MAS) Online သင်တန်း
(စ) ဈေးကွက်စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Master of Marketing Management _MMM) Online သင်တန်း (ဆ) ဧည့်ဝတ်နှင့်ခရီးသွားလာရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (Master of Hospitality and Tourism Management_MHTM) Online သင်တန်း (ဇ) စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (Executive Master of Business Administration_EMBA) (ဈ) ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Executive Master of Public Administration_EMPA)(Online သင်တန်း)
(ည) ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ (Executive Master of Development Studies_EMDevS) (Online သင်တန်း) ဘွဲ့လွန်ဒီပလိုမာသင်တန်းများ
(က) သုတေသနပညာဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Research Studies_PGDRS) Online သင်တန်း
(ခ) ဈေးကွက်ဆိုင်ရာစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Marketing Management PGDMM) Online သင်တန်း
အဆိုပါ မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် အောက်ပါအရည်အချင်းများနှင့်ကိုက်ညီ သူများ လျှောက်ထားနိုင်ပါသည်-
(က) အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
(ခ) အခြားတက္ကသိုလ်တစ်ခုခုတွင် သင်တန်းတစ်ခုခုကို တစ်ပြိုင်တည်း တက်ရောက်နေသူ မဖြစ်စေရ။ (၈) သက်ဆိုင်ရာ သင်ရိုးနှင့်အညီ သတ်မှတ်ထားသော အချိန်အတိုင်း ပြည့်မီစွာ တက်ရောက်နိုင်သူ ဖြစ်ရမည်။ (ဃ) မဟာဘွဲ့သင်တန်းများအတွက် သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲနှင့် လူတွေ အကဲဖြတ်စစ်ဆေးခြင်းတို့ကို လူကိုယ်တိုင် လာရောက်ဖြေဆိုအောင်မြင်သူဖြစ်ရမည်။
(င) Executive တန်းများအတွက် (၁-၇-၂၀၂၄) ရက်နေ့တွင် အသက်(၃၀)နှစ် ပြည့်ပြီးသူဖြစ်ရမည်။
MBF (Online) သင်တန်းအတွက် ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင်တစ်ခုခုတွင် လုပ်ငန်းခွင် အတွေ့အကြုံ လုပ်သက်အနည်းဆုံး (၂)နှစ်ရှိပြီး (၁-၇-၂၀၂၄) ရက်နေ့တွင် အသက် (၂၅)နှစ် ပြည့်ပြီးသူဖြစ် ရမည်။ (ဆ) MAS (Online) သင်တန်းအတွက် လုပ်ငန်းခွင် လုပ်သက်အနည်းဆုံး (၂)နှစ် နှင့် (၁-၇-၂၀၂၄)ရက်နေ့တွင် အသက်(၂၅)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။ Computing Skills တတ်ကျွမ်းသူ ဖြစ်ရမည်။ (ခ) MMM (0nline)သင်တန်းအတွက် ဈေးကွက်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းခွင် (အလယ်အလတ်အဆင့်စီမံခန့်ခွဲမှု အတွေ့အကြုံ လုပ်သက်အနည်းဆုံး(၂)နှစ်ရှိပြီး (၁-၇-၂၀၂၄) ရက်နေ့တွင် အသက်(၂၅)နှစ် ပြည့်ပြီးသူဖြစ် ရမည်။ (ဈ) MHTM (Online) သင်တန်းအတွက် ဧည့်ဝတ်နှင့်ခရီးသွားလာရေး စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းခွင် (အလယ် အလတ်အဆင့်စီမံခန့်ခွဲမှု) အတွေ့ အကြုံလုပ်သက် အနည်းဆုံး (၂)နှစ်ရှိပြီး (၁-၇-၂၀၂၄) ရက်နေ့တွင် အသက် (၂၅)နှစ် ပြည့်ပြီးသူဖြစ်ရမည်။ (ည) EMBA သင်တန်းအတွက် အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက်အနည်းဆုံး (၈)နှစ်ရှိ ရမည်ဖြစ်ပြီး၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများမှ ဝန်ထမ်းဖြစ်လျှင် Executive Level (စီမံခန့်ခွဲမှုအဆင့်) လုပ်သက်အနည်းဆုံး(၈)နှစ် ရှိရမည်။ (ဋ) EMPA Online သင်တန်း)အတွက် အစိုးရ၀န်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက် အနည်းဆုံး (၂) နှစ်ရှိရမည်ဖြစ်ပြီး၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် ကုမ္ပဏီဝန်ထမ်းဖြစ်လျှင် Executive Level (စီမံခန့်ခွဲမှု အဆင့်) လုပ်သက်(၂)နှစ် ရှိရမည်။
(5)
EMDevS (Online သင်တန်း)အတွက် အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက်အနည်းဆုံး (၂)နှစ် ရှိရမည်ဖြစ်ပြီး၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှ ဝန်ထမ်း ဖြစ်လျှင် Executive Level (စီမံခန့်ခွဲမှုအဆင့်) လုပ်သက်(၂)နှစ် ရှိရမည်။
၃။ သင်တန်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများနှင့်သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို အောက်ဖော်ပြ ပါဌာနများတွင် သတ်မှတ်ရက်အတွင်း တင်သွင်းလျှောက်ထားနိုင်ပါသည်။
| စဉ် သင်တန်းအမည် - လျှောက်လွှာတင်သွင်း ရေးဖြေ
၁။
ရမည့်ရက်
ဆက်သွယ်ရမည့်
ဖြေဆိုရမည့်ရက် | နယ်မြေ/ဖုန်းနံပါတ် MBA (ပုံမှန်) (၂၈-၃-၂၀၂၄ မှ ၂၃-၅-၂၀၂၄) (၂၆-၅-၂၀၂၄) တနင်္ဂနွေနေ့ | လှိုင်နယ်မြေ EMBA(ပုံမှန်)
၂။ | MPA(Online)
EMPA(Online)
(၁၁ ၈၆၆၄၆၈၄)
(၃-၄-၂၀၂၄ မှ ၁၄-၆-၂၀၂၄) (၁၆-၆-၂၀၂၄) တနင်္ဂနွေနေ့ ကမာရွတ်နယ်မြေ
၃။ MDevS(Online) (၂၈-၃-၂၀၂၄ မှ ၂၁-၆-၂၀၂၄)
EMDevS(Online)
၄။ | MBF, MHTM,
MMM (Online)
၅။ | MAS(Online)
(၁၅-၆-၂၀၂၄) စနေနေ့ (၀၁ ၇၅၁၂၆၃၃) (၂၃-၆-၂၀၂၄) တနင်္ဂနွေနေ့ - ကမာရွတ်နယ်မြေ
(၂၈-၃-၂၀၂၄ မှ ၆-၆-၂၀၂၄) (၂၃-၆-၂၀၂၄] တနင်္ဂနွေနေ့ ကမာရွတ်နယ်မြေ
(၆-၅-၂၀၂၄ မှ ၂၆-၇-၂၀၂၄) (၂၈-၇-၂၀၁၂၄) တနင်္ဂနွေနေ့
(၀၁ ၇၅၂၆၆၁၃)
(၀၉၄၄၂၆၃၁၈၉၈)
ကမာရွတ်နယ်မြေ
(ဝ၉၂၅၆၇၁၂၇၄၀)
PGDRS (Online) – (၂၈-၃-၂၀၂၄ မှ ၂၃-၅-၂၀၂၄)
လူတွေ့နှုတ်ဖြေရက်- ကမာရွတ်နယ်မြေ
၂၇-၅-၂၀၂၄ (တနင်္လာနေ့)
၀၉၄၄၄၀၂၇၄၀၃၊
၀၉၆၉၆၁၆၄၇၇၇၊
၁၉၆၆၃၅၅၆၈၆၈)
PGDMM (Online) (၂၈-၃-၂၀၂၄ မှ၂၈-၆-၂၀၂၄) လူတွေ့ နှုတ်ဖြေရက်-
ကမာရွတ်နယ်မြေ
၈-၇-၂၀၂၄(တနင်္လာနေ့) (၁၉၄၄၂၆၃၁၈၉၈)
ဌာနမှူး(သင်တန်း)
ရန်ကုန်စီးပွားရေးတက္ကသိုလ်

Address

#521 A, 5th Floor, Theingi Street, North Okkalapa Tsp
Yangon

Telephone

+959262616651

Website

Alerts

Be the first to know and let us send you an email when Corporate Learning Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Corporate Learning Institute:

Share