YYM Institute

YYM Institute Yangon Youth Management Institute

Senior accountant နှင့် Junior accountant အလိုရှိပါတယ်။F & B လုပ်ငန်းတွင်တာဝန်ထမ်းဆောင်ရန် Senior accountant (လစာ ၇ - ၁၀...
28/04/2026

Senior accountant နှင့် Junior accountant အလိုရှိပါတယ်။
F & B လုပ်ငန်းတွင်တာဝန်ထမ်းဆောင်ရန်
Senior accountant (လစာ ၇ - ၁၀ သိန်း)
Junior accountant (လစာ ၅ - ၆ သိန်း)
တစ်ဦးစီ အလိုရှိပါတယ်။
Accounting software နှင့် Excel အသုံးပြုနိုင်သူပိုအဆင်ပြေပါသည်။
သက်ဆိုင်ရာ software training ပေးပါမည်။
မြို့ထဲ ယောက်လမ်းရှိ ရုံးခန်း တွင်ရုံးတက်ပြီး စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။
စိတ်ဝင်စားပါက အောက်ပါ viber သို့ CV form ပေးပို့ဆက်သွယ်နိုင်ပါသည်။
09 530 2629

အစိုးရဌာန၊အစိုးရနှင့်ပူးပေါင်းဆောင်ရွတ်နေသောလုပ်ငန်းများ၊အစိုးရ၏အစုရှယ်ယာပါဝင်နေသောလုပ်ငန်းများ Audit Rotation လုပ်ရမည်လ...
16/12/2025

အစိုးရဌာန၊အစိုးရနှင့်ပူးပေါင်းဆောင်ရွတ်နေသောလုပ်ငန်းများ၊အစိုးရ၏အစုရှယ်ယာပါဝင်နေသောလုပ်ငန်းများ Audit Rotation လုပ်ရမည်လို့ အမိန့်ကြော်ငြာစာထွက်တော့ company တွေအနေနဲ့ audit rotation လုပ်ရင်ကောင်းမလားမေးလာကြပါတယ်။ ဘယ်ဟာမဆိုကောင်းကျိုးဆိုးကျိုးတွဲနေတာပဲလေ။
စာရင်းစစ်သက်တမ်းရှည်လာတာနဲ့ ရင်းနှီးမှုများလာပြီးဘက်လိုက်မှုများလာနိုင်တယ်။ ရင်းနှီးမှုကြောင့်လာဘ်ပေးလာဘ်ယူလျော့ချနိုင်မယ်။ စာရင်းစစ်တယောက်နဲ့တယောက်အမြင်မတူနိုင်ဘူး။မတူညီတဲ့ရှုဒေါင့်ကကြည့်ပြီး တယောက်မမြင်တာ နောက်တယောက်မြင်ပြီးအားနည်းချက်ဖော်ထုတ်နိုင်တယ်။

မကောင်းတာက ရေရှည်စာရင်းစစ်တ​ယောက်ကလုပ်ငန်းရဲ့ထူးခြားချက်များ၊ လုပ်ပုံလုပ်နည်းများကိုနက်ရှိုင်းစွာနားလည်ပြီးပိုမိုထိရောက်တဲ့စစ်ဆေးမှုပြုလုပ်နိုင်မယ်။စာရင်းစစ်ပြောင်းတဲ့အချိန်မှာ စာရင်းစစ်အသစ်ကလုပ်ငန်းရဲ့အသေးစိတ်ဗဟုသုတတွေပြန်ရှာရတဲ့အတွက် ယာယီအရည်အသွေးကျနိုင်တယ်။
မိမိလုပ်ငန်းကော audit rotation system သုံးရင်ကောင်းမလားဆိုတာ မိမိ company အရွယ်အစား၊ လုပ်ငန်းသဘာဝ၊ risk level၊ စည်းမျဉ်းစည်းကမ်းတွေပေါ်မူတည်ပြီးချိန်ဆသင့်ပါတယ်။
ပုံမှန်စာရင်းစစ်ရဲ့လွတ်လပ်မှုနဲ့ထိရောက်မှုကိုစောင့်ကြည့်ဖို့ကတော့မဖြစ်မနေလိုအပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စာရင်းစစ်လောကအနေနဲ့တော့ ဒီအပြောင်းအလဲကြောင့် စာရင်းစစ်လုပ်ငန်းများအကြားယှဉ်ပြိုင်မှုတိုးလာပြီးအရည်အသွေးပိုမိုမြင့်မားလာနိုင်မယ်လို့ထင်မြင်မိတာကြောင့် welcome policyပါ

🧾 ပြေစာအခွန်အမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက်ရမည့် လုပ်ငန်းများ #စားသောက်ဆိုင်လုပ်ငန်းများ (အခွန်နှုန်း - ၅%) #ဟိုတယ်နှင့်တည...
27/10/2025

🧾 ပြေစာအခွန်အမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက်ရမည့် လုပ်ငန်းများ
#စားသောက်ဆိုင်လုပ်ငန်းများ (အခွန်နှုန်း - ၅%)
#ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းများ (အခွန်နှုန်း - ၃%)
#ရွှေထည်လက်ဝတ်ရတနာရောင်းချသည့် လုပ်ငန်းများ (အခွန်နှုန်း - ၃%)
#ရုပ်သံလွှင့်မီဒီယာလုပ်ငန်းများ (အခွန်နှုန်း - ၅%)
#လက်ကိုင်ဖုန်း (Handset) နှင့် ဆက်ဆက်စပ်ပစ္စည်းများ ရောင်းချ/ဝန်ဆောင်မှု ဆောင်ရွက်သည့် လုပ်ငန်း (အခွန်နှုန်း - ၅%)

✅ လုပ်ငန်းရှင်များအတွက် သတိပေးချက် - ပြေစာတိုင်းမှာ သတ်မှတ်အခွန်အမှတ်တံဆိပ် မပျက်မကွက် အပြည့်အဝ ကျနစွာ ကပ်နှိပ်ထုတ်ပေးဖို့ တိုက်တွန်းပါတယ်။ ဒါဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းဖြစ်သလို၊ မိမိလုပ်ငန်းရဲ့ ပွင့်လင်းမြင်သာမှုကိုလည်း ပြသရာ ရောက်ပါတယ်။
🤝 စားသုံးသူပြည်သူများအတွက် တိုက်တွန်းချက် အထက်ပါလုပ်ငန်းများမှ ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းများ ဝယ်ယူတဲ့အခါ အခွန်အမှတ်တံဆိပ်ကပ်ထားတဲ့ ပြေစာ ကို မဖြစ်မနေတောင်းယူပါ

ဒီဟာဘာအကျိုးသက်ရောက်မှုအတွက်လုပ်တာလဲလို့ Government ငွေကြေးpolicy နှင့်မရင်းနှီးသောသူတွေအတွက် (လုံးဝမသိသေးသူများအတွက်) အ...
04/10/2025

ဒီဟာဘာအကျိုးသက်ရောက်မှုအတွက်လုပ်တာလဲလို့ Government ငွေကြေးpolicy နှင့်မရင်းနှီးသောသူတွေအတွက် (လုံးဝမသိသေးသူများအတွက်) အကြမ်းဖျဉ်းလေးသိသလောက်ပြောပြချင်တာပါ။
ဘဏ်တွေက ဗဟိုဘဏ်မှာ ဥပဒေအရ မဖြစ်မနေ required reserve လိုအပ်သောအရံငွေကြေးထားရှိရပါတယ်။ ထို မဖြစ်မနေထားရှိရန်လိုအပ်သော ငွေကြေး ( required reserve) ထက်ပိုသောငွေ (Excess reserve) ပေါ်မှာ ဗဟိုဘဏ်က ဘဏ်များ ကိုအတိုး (interest on excess reserve IOER ) ပေးပါတယ်။ ထိုအတိုးနှုန်းကိုတိုးမြှင့်ပေးမယ်လို့ပြောပါတယ်။ ဘဏ်တွေက သူတို့ဘဏ်တွေမှာရှိတဲ့ငွေကို income ပြန်ရဖို့ အပြင်စီးပွါးရေးလုပ်ငန်းတွေကိုငွေပြန်ချေးတာက risk များတဲ့အတွက် အဲဒီအစား ဗဟိုဘဏ်မှာထားပြီး အတိုးယူတာပိုနှစ်သက်လာနိုင်ပါတယ်။ စျေးကွက်ထဲမှာချေးငွေရှားပြီးအတိုးနှုန်းမြှင့်မားလာတာကြောင့် စီးပွါးရေးလုပ်ငန်းများရင်းနှီးမြှပ်နှံမှု / စားသုံးသူသုံးစွဲမှုနှေးကွေး ပြီးဝယ်လိုအားကျဆင်းကာ inflation ကျဆင်းရန်ရည်ရွယ်တဲ့ဗဟိုဘဏ် ထိန်းချုပ်ဖို့လုပ်တဲ့နည်းလမ်းဖြစ်ပါတယ်။
ဗဟိုဘဏ်သည် IOER အတိုးနှုန်းကိုသတ်မှတ်ရာမှာပိုမိုတင်းကြပ်သောထိန်းချုပ်မှုနဲ့သတ်မှတ်မယ် (သို့)ယခင်က money market အတိုးနှုန်းနဲ့ ချိတ်ဆက်ထားခြင်းကို ဖျက်သိမ်းလိုက်တဲ့အတွက် ဗဟိုဘဏ်ကအတိုးနှုန်းကိုပိုမိုတိုက်ရိုက်ထိန်းချုပ်သွားနိုင်မှာဖြစ်ပါတယ်။
ဗဟိုဘဏ်က expansionary policy မှ tightening policy သို့ကူးပြောင်းနေခြင်းဖြစ်ပါတယ်။ ထိုသို့လုပ်ခြင်းကြောင့် inflation ကိုထိန်းချုပ်မယ်၊ ဒေါ်လာစျေးနဲ့ရွှေစျေး ကျဆင်းနိုင်ခြေ (သို့) တည်ငြိမ်နိုင်ခြေရှိမယ်၊ ကုန်စျေးနှုန်းကျဆင်းနိုင်ခြေ(သို့) တက်နှုန်းနှေးသွားမယ်လို့ရည်ရွယ်ပါတယ်။
သို့သော် ဒီအကျိုးသက်ရောက်မှုများက ချက်ချင်းဖြစ်ပေါ်မှာမဟုတ်ပဲတဖြည်းဖြည်းထင်ဟပ်လာနိုင်ပါတယ်။ အခြားအကြောင်းရပ်များစွာကြောင့်လဲ ရည်ရွယ်ချက်အပေါ်ထိခိုက်မှုရှိနိုင်ပါသေးတယ်။

ACCA changes တွေကြားလို့ ဆက်လုပ်ရမလား ဘာလုပ်ရမလဲလို့ စိတ်ပျက်စရာမလိုပါဘူး။ ဘာသာရပ်အမည်ပြောင်းတာ၊ syllabus ပြောင်းတာမျိုး...
25/06/2025

ACCA changes တွေကြားလို့ ဆက်လုပ်ရမလား ဘာလုပ်ရမလဲလို့ စိတ်ပျက်စရာမလိုပါဘူး။ ဘာသာရပ်အမည်ပြောင်းတာ၊ syllabus ပြောင်းတာမျိုးက ခေတ်ရဲ့ပြောင်းလဲမှုနဲ့ လျှော်ညီအောင် Professional Qualification တိုင်း မကြာခဏလုပ်လေ့ရှိပါတယ် ။ လုပ်မှလဲ update ဖြစ်ပြီး အသုံးဝင်တဲ့ professional qualification အဖြစ်ဆက်ရှိနေမှာပါ။

လက်ရှိတက်နေဆဲ လေ့လာပြီးသားဘာသာရပ်တွေအတိုင်းဆက်ဖြေချင်တယ်ဆိုရင် အပြောင်းအလဲက July 2027 မှစတင်မှာဖြစ်လို့ ကောင်းကောင်းဆက်ဖြေဖို့ အချိန်လုံလောက်ပါတယ် ။ ၂၀၂၇ နားနီးရင်တော့ ဘယ်ဘာသာ အပြောင်းအလဲများပြီးခေတ်အခြေအနေအရပိုအသုံးဝင်မလဲစဉ်းစားပြီး ဖြေမယ့်ဘာသာနဲ့ ချန်မဲ့ ဘာသာရပ်ရွေး
ခြယ်ဖြေဆိုသင့်ပါတယ်။

အောင်ပြီးသာဘာသာရပ်များအတွက်လဲ သက်ဆိုင်ရာဘာသာတွေ credit ပြန်ရမှာ ဖြစ်တဲ့အတွက် ဘာမှစိတ်ပူစရာမလိုပဲ မိမိရည်မှန်းချက် အောင်မြင်အောင်သာ ဆက်လက်ချီတက်ကြပါလို့

ဝါဆိုလပြည့် စမ္မစကြာအခါတော်နေ့မှာ မြန်မာပြည်သူပြည်သားများအားလုံး ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြော...
20/07/2024

ဝါဆိုလပြည့် စမ္မစကြာအခါတော်နေ့မှာ မြန်မာပြည်သူပြည်သားများအားလုံး ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်

Credit photo

March 2024_ACCA Part1 (RQF Level 4) တန်းခွဲသစ်
02/03/2024

March 2024_ACCA Part1 (RQF Level 4) တန်းခွဲသစ်

2024 အတွက်ပထမဆုံး milestone လေး ပေါ့။“The Impact of Mandatory IFRS Adoptionon value relevance of published accounting in...
03/02/2024

2024 အတွက်ပထမဆုံး milestone လေး ပေါ့။
“The Impact of Mandatory IFRS Adoption
on value relevance of published accounting information: Evidence from Iraqi Private Banks” အတွက် peer reviewer လုပ်ပေးလို့ရတဲ့ certificate လေး 😊

၂၀၂၃/၂၀၂၄ခုနှစ်အတွက်ကွန်ဒိုနှင့်လူနေတိုက်ခန်းရောင်းဝယ်မှုအပေါ်အခွန်စည်းကြပ်ရန်နူန်းထားများ
16/12/2023

၂၀၂၃/၂၀၂၄ခုနှစ်
အတွက်ကွန်ဒိုနှင့်လူနေတိုက်ခန်းရောင်းဝယ်မှုအပေါ်
အခွန်စည်းကြပ်ရန်နူန်းထားများ

Good Brothers’ Group of Companies ရန်ကုန်မြို့၊ လှိုင်ရုံး အတွက် အောက်ဖော်ပြပါရာထူးအား ခေါ်ယူလျှက်ရှိပါသည်။Working Day –...
14/12/2023

Good Brothers’ Group of Companies ရန်ကုန်မြို့၊ လှိုင်ရုံး အတွက် အောက်ဖော်ပြပါရာထူးအား ခေါ်ယူလျှက်ရှိပါသည်။

Working Day – Monday to Saturday / Sunday Off & Public Holidays /
Uniform & Lunch provided

1. Junior Financial Analyst - ရန်ကုန် (မ (၁) ဦး)

• အသက် (၂၀) နှစ် မှ (၂၅) နှစ် အတွင်း ရှိသူ ဖြစ်ရမည်။
• စီးပွားရေးတက္ကသိုလ် (သို့) တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
• Accounting & Finance နှင့် ပတ်သတ်၍ ဗဟုသုတ ရှိသူဖြစ်ပြီး Certificate (သို့) Diploma သင်တန်းတက်မြောက်ပြီးစီးထားသူ ဖြစ်ရမည်။
• Accountant Payable & Receivable အပိုင်းများ ပြုလုပ်နိုင်သူ ဖြစ်ရမည်။
• Banking ငွေအဝင်အထွက်များကို နေ့စဉ် Update စစ်ဆေးပေးနိုင်ရမည်။
• Banking နှင့် ပတ်သတ်သော စာအဝင်အထွက်များ ပြင်ဆင်ပေးနိုင်ရမည်။
• ကွန်ပျူတာ စာစီ၊ စာရိုက် နှင့် Internet, Email ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
• ပေါင်းသင်းဆက်ဆံရေး ပြေပြစ်၍ အသင်းအဖွဲ့ဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်သူဖြစ်ရမည်။
• ရေရှည်လက်တွဲ လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

လျှောက်ထားလိုသူများသည် မိမိကိုယ်ရေးရာဇဝင်အကျဉ်း၊ ပညာအရည်အချင်းထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ တစ်လအတွင်း ရိုက်ထားသော ဓါတ်ပုံ (၃) ပုံ တို့နှင့်အတူ အောက်ဖော်ပြပါ မေးလ် ([email protected]) နှင့် Viber (၀၉-၂၅၃၀၃၉၉၅၃၊ ၀၉၄၀၃၄၇၆၈၃၇) သို့ ပေးပို့၍ စုံစမ်းမေးမြန်းလိုပါက ဖုန်း (၀၁- ၃၆၈၃၆၉၅ လိုင်းခွဲ-၈၃၃) သို့ ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်၍ မေးမြန်းလျှောက်ထားနိုင်ပါသည်။

2024 Internship လျှောက်ချင်သူများအတွက်
11/12/2023

2024 Internship လျှောက်ချင်သူများအတွက်

*******KB Bank Myanmar 2024 Internship Program is now opening*******
We are now looking for young, talented and active students to have a chance to join our internship program.
If you are interested, please see the details of the program below.
We highly encourage you to join the program.
*******************************************************
Please download the application via the following link:
1) https://mega.nz/file/5mMnkQQJ -LyZRJsFODCw0
2) https://www.dropbox.com/scl/fi/e0x6fsnj63pfj3rjurcnp/Job-Application-Form-Internship.docx?rlkey=yf4rslutju7ub4q6xpx2ehf92&dl=0

Address

Latha Street
Yangon

Telephone

+9595014563

Website

Alerts

Be the first to know and let us send you an email when YYM Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to YYM Institute:

Share