Chemistry Department-YUDE

Chemistry Department-YUDE WSOP & GMP fully Online Course

15/10/2025

သင်တန်းအပ်လက်ခံရက်ကို ၁၅.၁၀.၂၀၂၅ ရက်နေ့ မှစ၍ ၂၁.၁၀.၂၀၂၅ ရက်နေ့အထိ တိုးမြှင့်ထားပါတယ်။ Registration အောင်မြင်ပြီး သင်တန်းအပ်ရန်ကျန်ရှိသူများအနေဖြင့် သတ်မှတ်ရက်အတွင်း ကမာရွတ်မြို့နယ်၊ သထုံလမ်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာဌာနတွင် ရုံးချိန်အတွင်း လာရောက်အပ်နှံနိုင်ပါတယ်။ (စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များမပါ)
သင်တန်းအပ်ရာတွင် လိုအပ်သည့်အချက်အလက်များ
1. မှတ်ပုံတင်မိတ္တူ (၂) စုံ
2. ပညာရေးဆိုင်ရာအထောက်အထား မိတ္တူ (၂) စုံ
3. ဓာတ်ပုံ (၃) ပုံ

03/10/2025

Registration အောင်မြင်ကြောင်း email လက်ခံရရှိပါက ကမာရွတ်မြို့နယ် သထုံလမ်းပေါ်ရှိ ရန်ကုန်အဝေးသင်တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် သင်တန်းဝင်ခွင့်ဖောင်ယူ၍ မှတ်ပုံတင်မိတ္တူ နှစ်စုံး၊ ပညာရေးဆိုင်ရာအထောက်အထားမိတ္တူနှစ်စုံ နှင့်အတူ ၃.၁၀.၂၀၂၅ ရက်နေ့ မှ ၁၃.၁၀.၂၀၂၅ ရက်နေ့ အထိ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်​ေစသင်တန်းလာရောက်အပ်နှံနိုင်ပါပြီ။ စနေ၊ တနင်္ဂနွေနေ့များနှင့် သီတင်းကျွတ်ပိတ်ရက်များမှာတော့ သင်တန်းအပ်လက်ခံမည်မဟုတ်ပါ။
သင်တန်းကြေး - ၇၅၀၀၀
သင်တန်းအပ်လက်ခံချိန် - ၁၀ နာရီ မှ ၃ နာရီ အတွင်း
#တစ်စုံတစ်ရာစုံစမ်း​​ေမးမြန်းလိုပါက page messenger တွေစုံစမ်းမေးမြန်းနိုင်ပါတယ်။

28/09/2025

Registration အောင်မြင်သူများအနေဖြင့် ၁.၁၀.၂၀၂၅ ရက်နေ့မှ ၁၃.၁၀.၂၀၂၅ ရက်နေ့အထိ ကမာရွတ်မြို့နယ် သထုံလမ်းပေါ်ရှိ ရန်ကုန်အဝေးသင်တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ ရံုးချိန်အတွင်း သင်တန်းအပ်နှံရမှာဖြစ်ပါတယ်။
သင်တန်းအပ်နှံရာတွင် လိုအပ်သည့်အချက်များ
၁။ မှတ်ပုံတင်မူရင်း/မိတ္တူ (၁)စုံ
၂။ ဘွဲ့လက်မှတ် မူရင်း/ မိတ္တူ (၁)စုံ
၃။ ဓာတ်ပုံ (၆) ပုံ
*ဆယ်တန်း/ G-12 အောင်မြင်ပြီးသူဖြစ်ပါက
ဆယ်တန်းအောင်လက်မှတ်/G-12 ပြီးဆုံးကြောင်းလက်မှတ်လိုအပ်ပါတယ်။

28/09/2025

WSOP & GMP online certificate သင်တန်းနှစ်ခုအတွက် Registration ပြုလုပ်ရန် နှစ်ရက်သာ ကျန်တော့သည့်အတွက် သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် https://chemhrd.yude.edu.mm မှ တစ်ဆင့် ၃၀.၉.၂၀၂၅ ရက်နေ့ မနက် ၁၀နာရီ မတိုင်ခင်အထိ Registration တင်ထားရန်လိုအပ်ပါတယ်။
အချက်အလက် ပြည့်စုံသည့် Online Registration အောင်မြင်သူများကို email မှတစ်ဆင့်အကြောင်းကြားပေးမှာဖြစ်ပါတယ်။

WSOP & GMP online Certicate course ၃ လသင်တန်းအတွက် Online Registration ကို ယနေ့ (၁၅.၉.၂၀၂၅) နံနက် ၁၀:၀၀ နာရီမှစ၍ https:/...
15/09/2025

WSOP & GMP online Certicate course ၃ လသင်တန်းအတွက် Online Registration ကို ယနေ့ (၁၅.၉.၂၀၂၅) နံနက် ၁၀:၀၀ နာရီမှစ၍ https://chemhrd.yude.edu.mm မှတစ်ဆင့် ၃၀.၉.၂၀၂၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီထိ လျှောက်ထားနိုင်ပါပြီ။ သင်တန်းတစ်ခုလျှင် သင်တန်းကြေး ၇၅၀၀၀ ကျပ်ဖြစ်ပြီး သင်တန်းကာလ ၃ လလုံး Online မှသာ သင်ယူရမှာဖြစ်သည့်အတွက် သင်တန်းတစ်ခုတည်းဖြစ်စေ သင်တန်းနှစ်ခုလုံးတစ်ပြိုင်နက်တည်း​ဖြစ်စေ လျှောက်ထားလို့ရပါတယ်။ အချက်အလက်ပြည့်စုံသော Registration form များကို Registration အောင်မြင်ကြောင်း email မှတစ်ဆင့် ပြန်လည်အကြောင်းပြန်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ Registration ပြုလုပ်ရာတွင် မိမိလက်ရှိအသုံးပြုနေသော email address အမှန်ကိုသာ ထည့်သွင်းပေးရမှာဖြစ်ပါတယ်။
ပြုလုပ်ရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက page message box သို့ မေးမြန်းနိုင်ပါတယ်။

The University of Distance Education, Yangon (Burmese: အဝေးသင် တက္ကသိုလ် (ရန်ကုန်) [ʔəwéθɪ̀ɰ̃ tɛʔkəθò (jàɰ̃ɡòʊɰ̃)]), located in Yangon, is one of two universities under the University of Distance Education system in Myanmar. With ove...

08/09/2025

ရန်ကုန်အဝေးသင်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဓာတုဗေဒဌာနမှ Water and Sanitation for Occupational Purpose (WSOP) နှင့် Good Manufacturing Practice (GMP) Online certificate သင်တန်းနှစ်ခုကို ၁၄.၁၀.၂၀၂၅ ရက်နေ့မှာ စတုတ္ထအကြိမ်အဖြစ် ထပ်မံဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ အဆုိပါသင်တန်း နှစ်ခုအတွက် Registration ကို ၁၅.၉.၂၀၂၅ ရက်နေ့မှ ၃၀.၉.၂၀၂၅ ရက်နေ့အထိ chemhrd.yude.edu.mm မှတစ်ဆင့် online registration တင်ရမှာဖြစ်ပါတယ်။ သင်တန်းနှင့်ပတ်သက်၍ သိရှိလိုပါက ​page messenger မှ တစ်ဆင့် အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

22/01/2025

23.1.2025 နံနက် ၁၀:၃၀ အချိန်တွင် ပြုလုပ်မည့် zoom meeting အတွက် zoom meeting ID နှင့် Passcode ကို email မှတစ်ဆင့် ပေးပို့ထားပြီးညဖစ်ပါသည်။
meeting ID နဲ့ Passcode ကို email မရရှိသေးသူများ page messenger တွင် ထုတ်ယူနိုင်ပါပြီ

20/01/2025

သင်တန်းနှင့်ပတ်သက်သောအကြောင်းအရာများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဓာတုဗေဒဌာန မှ ပါမောက္ခ (ဌာနမှူး) မှလည်းကောင်း၊ သင်တန်းတွင်အသုံး​ြပုသော နည်းပညာဆိုင်ရာ အကြောင်းအရာများကို ရန်ကုန်အဝေးသင်တက္ကသို်လ် ကွန်ပြူတာဌာနမှ IT ပညာရှင်မှလည်းကောင်း ရှင်းပြသွားမှာဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ Online registration အောင်မြင်၍ သင်တန်းဝင်ခွင့်မှတ်ပုံတင်ထားပြီးသူများသည် 23.1.2025 (Thur) နံနက် ၁၀နာရီခွဲတွင် Zoom meting တက်ရောက်နိုင်ရန် အသိပေးအကြောင်းကြားအပ်ပါသည်။ Zoom meting ID နှင့် Passcode ကို email မှတစ်ဆင့် ပေးပို့သွားပါမည်။
Online register တင်ထားပြီး registration အောင်မြင်ကြောင်း ​email မရရှိသေးသူများ page messenger တွင် register တင်ထားသောအမည် နှင့်တကွ လာရောက်စုံစမ်းနိုင်ပါပြီ။
address သည် မိမိ လက်ရှိအသုံးပြုနေသော email address နှင့် စာလုံးပေါင်းမှန်မှသာ သင်တန်းနှင့်ပတ်သက်သော email ကိုလက်ခံရရှိမှာဖြစ်ပါတယ်။

16/01/2025

Register အောင်မြင်ပြီးသူများအနေဖြင့် ကမာရွတ်​ မြို့နယ် သထံုလမ်းပေါ်ရှိ ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာဌာနတွင် ၁၆.၁.၂၀၂၅ ရက်နေ့မှစ၍ ရုံးချိန်အတွင်း လာရောက်အပ်နှံနိုင်ပါပြီ။
သင်တန်းအပ်နှံရာတွင် လိုအပ်သည့်အချက်အလက်များ
1. မှတ်ပုံတင် မူရင်း / မိတ္တူ
2. ဘွဲ့လက်မှတ် မူရင်း/ မိတ္တူ
3. ဓာတ်ပုံ ၆ ပုံ
4. G-12 အောင်မြင်ပြီးသူဖြစ်ပါက ကျောင်းသားကဒ်

13/01/2025

Online Registration ရက် တိုးမြှင့်ခြင်း
တတိယအ​ကြိမ် WSOP နှင့် GMP သင်တန်းနှစ်ခုအတွက် Online မှ register တင်ရမည့်ရက်ကို မူလ သတ်မှတ်ထားသော ၁၄.၁.၂၀၂၅ အစား ၂၁.၁.၂၀၂၅ ထိ တစ်ပတ်တိတိ ထပ်မံတိုးမြှင့်သတ်မှတ်ပေးလိုက်ပြီဖြစ်ကြောင်းကြေငြာအပ်ပါသည်။

Online သင်တန်းနှစ်ခုအတွက် Online registration ကာလလေးကတော့ တစ်ပတ်ပဲကျန်တော့တာဖြစ်တဲ့အတွက် သင်တန်းတက်ရောက်ရန်စိတ်ပါဝင်စားသ...
06/01/2025

Online သင်တန်းနှစ်ခုအတွက် Online registration ကာလလေးကတော့ တစ်ပတ်ပဲကျန်တော့တာဖြစ်တဲ့အတွက် သင်တန်းတက်ရောက်ရန်စိတ်ပါဝင်စားသူများအနေဖြင့် Registration မပိတ်ခင် register လုပ်ထားဖို့လိုမယ်နော်။
Online registration တင်ပုံတင်နည်းကို အောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါပြီ။
https://www.facebook.com/share/p/15nkE3yFtn/
Registration တင်ရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက chat box မှတစ်ဆင့် မေးမြန်းနိုင်ပါတယ်။

Online registration တင်ရာတွင်လိုအပ်သည့်အချက်များ1. မှတ်ပုံတင် (attach file တွင်တင်ရန်)2. ဘွဲ့လက်မှတ် (attach file တင်ရန်...
02/01/2025

Online registration တင်ရာတွင်လိုအပ်သည့်အချက်များ
1. မှတ်ပုံတင် (attach file တွင်တင်ရန်)
2. ဘွဲ့လက်မှတ် (attach file တင်ရန်)

Online Registration ပြုလုပ်ပုံအဆင့်ဆင့်ကို ပုံတစ်ပုံချင်းစီအောက်တွင် တင်ထားပါသည်။ (mobile တွင်မြင်ရပုံဖြစ်ပါတယ်)

Address

Yangon

Alerts

Be the first to know and let us send you an email when Chemistry Department-YUDE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Chemistry Department-YUDE:

Share