Yangon University of Economics Students' Union-Ywar Thar Gyi

Yangon University of Economics Students' Union-Ywar Thar Gyi YUEco Students` Union is always stand for you.
(289)

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)မှ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုးအား အကြမ်းဖက်စစ်အုပ်စုမှ အလုပ်...
30/06/2023

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)မှ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုးအား အကြမ်းဖက်စစ်အုပ်စုမှ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်အမိန့်ချ

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ(ရွာသာကြီးနယ်မြေ) ဒုဥက္ကဌ ကိုထက်ပိုင်စိုး(တတိယနှစ်၊စာရင်းအင်းပညာ)သည် ဇွန်လ ၃၀ရက်နေ့ ၂၀၂၃ခုနှစ်တွင် အလုပ်နှင့် ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံရကြောင်း သိရှိရသည်။ ကိုထက်ပိုင်စိုးသည် April 21 ရက်နေ့တွင် လေးထောင့်ကန်လမ်းမပေါ်တွင်ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀ (ည) ဖြင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရုံးတင်တရားစွဲဆိုခံခဲ့ရသည်။ တရားရင်ဆိုင်ချိန်တွင်လည်း ဖိနှိပ်မှုနှင့် ခြိမ်းခြောက်မှုများအားလည်း ရင်ဆိုင်ခဲ့ရသည်။ တရားစွဲဆိုခံရချိန် တစ်နှစ်နှင့် နှစ်လကျော်ပြီးနောက် အမိန့်ချမှတ်ရာတွင် အရပ်ဘက်တရားရုံးများတွင် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်(ချုပ်ရက်ခံစားခွင့်ရှိ) ကို အမှုတွဲဖြစ်သူ နွေးရတီတိုးနှင့်အတူ ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။

#ရန်ကုန်စီးပွါးရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)

◼️ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဘဏ္ဍာရေးတာဝန်ခံ မယဉ်မြတ်နိုးဦး၏ အမှုတွဲ(၃)ဦး ပါဝင်သော်လည်း မယဉ်မြတ်နိုးဦ...
03/05/2023

◼️ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဘဏ္ဍာရေးတာဝန်ခံ မယဉ်မြတ်နိုးဦး၏ အမှုတွဲ(၃)ဦး ပါဝင်သော်လည်း မယဉ်မြတ်နိုးဦးပါဝင်လာခြင်းမရှိ။

မယဉ်မြတ်နိုးဦးကို ၂၀၂၁ခုနှစ် ဧပြီလ ၁၃ရက်နေ့တွင် တာမွေမြို့နယ်ရှိ သပိတ်မှောက်ဆန္ဒပြပွဲသို့အသွား ဥက္ကဋ္ဌ ကိုခန့်သူအောင်၊ အတွင်းရေးမှူးဟောင်း ကိုမင်းဟိန်းခန့်၊ အလုပ်အမှုဆောင် ကိုဖြိုးကျော့နိုင် တို့နှင့်အတူ မတရားဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် စစ်ကောင်စီလက်ဝေခံ တာမွေတရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃နှစ် မတရားချမှတ်ခြင်း ခံခဲ့ရသည်။ ထပ်မံ၍ ၂၀၂၂ခုနှစ် မတ်လ ၃၁ရက်နေ့တွင် မင်္ဂလာတောင်ညွန့်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃နှစ် မတရားချမှတ်ခဲ့သည်။
ထို့နောက် စက်တင်ဘာလ ၂၄ ရက် ၂၀၂၂ ခုတွင် အင်းစိန်အကျဉ်းထောင်မှ သာယာဝတီသို့ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။
ယနေ့ ကဆုန်လပြည့် မေလ ၃ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်မှ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့သည်။ လွတ်မြောက်လာသူများထဲတွင် မယဉ်မြတ်နိုးဦး၏ အမှုတွဲ(၃)ဦး ပါဝင်သော်လည်း မယဉ်မြတ်နိုးဦးပါဝင်လာခြင်းမရှိပေ။

#ထောင်ကားငါတို့ကိုမပျော့ညံ့
#ရန်ကုန်စီးပွါးရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ_ရွာသာကြီးနယ်မြေ

❗သူတို့ကျန်နေသေးသည်________________________ကျွန်မတို့ရဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ်တွေဟာ နွေဦးတော်လှန်ရေး အစမှသည် ယနေ...
06/01/2023

❗သူတို့ကျန်နေသေးသည်
________________________

ကျွန်မတို့ရဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ်တွေဟာ နွေဦးတော်လှန်ရေး အစမှသည် ယနေ့အချိန်အထိ ကဏ္ဍပေါင်းစုံမှာ ကျရာပုံစံဖြင့် သမဂ္ဂခွပ်ဒေါင်းအလံတော်ကို ကိုင်စွဲပြီး တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကြောင့် များစွာသော ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များဟာ အကျဉ်းချချုပ်နှောင်ထားခြင်းကို ခံကြရသလို ညှင်းပန်းနှိပ်စက်မှုတွေကိုလည်း ခံစားနေကြရပါတယ်။ ယမန်နေ့ လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက အကျဉ်းသားများစွာကို လွှတ်ပေးခဲ့ပေမယ့် တ.က.သကျောင်းသားများကိုတော့ လွှတ်ပေးခဲ့ခြင်းမရှိပါဘူး။ ယခုဖော်ပြထားတဲ့ စာရင်းကတော့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများနဲ့ တ.က.သဟောင်းများအင်အားစုကနေ ပြုစုထားတဲ့ ထောင်တွင်းမှာ ကျန်ရှိနေတဲ့ တ.က.သကျောင်းသား၊ ကျောင်းသားဟောင်းများစာရင်း ဖြစ်ပါတယ်။

လက်ရှိတ.က.သကျောင်းသား (၁၆)ဦးနဲ့ တ.က.သ ကျောင်းသားဟောင်း (၃)ဦး၊ စုစုပေါင်း (၁၉)ဦးတို့ဟာ နိုင်ငံအနှံ့က အကျဉ်းထောင်တွေထဲမှာ ယနေ့တိုင် အကျဉ်းကျခံနေလျက်ရှိပါတယ်။ ဖော်ပြပါ ကျောင်းသားများနဲ့နည်းတူ ဖမ်းဆီးချုပ်နှောင်ထားခံနေရဆဲ ကျောင်းသား၊ ပြည်သူများစွာ ကျန်ရှိနေသေးတာကြောင့် ပြည်သူလူထုအနေနဲ့ သွေးအေးမသွားဘဲ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့၊ အလုံးစုံလွတ်မြောက်ရေးဆီသို့ ဦးတည်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

အကျဉ်းထောင်မှ အလင်းရောင်ကို လွတ်မြောက်ရေးလမ်းမှာ ထွန်းညှိကြ။


နိုင်ငံတော်သစ်ဆီသို့မျှော်ရည်၍


#တကသ

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသူဟောင်း မယုယုမွန်အား အကြမ်းဖက်စစ်အုပ်စုမှ ထောင် (၁၀) နှစ် ချမှတ်______________________...
30/12/2022

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသူဟောင်း မယုယုမွန်အား အကြမ်းဖက်စစ်အုပ်စုမှ ထောင် (၁၀) နှစ် ချမှတ်

_____________________________________
၃၀.၁၂.၂၀၂၂

၂၉.၁၂.၂၀၂၂ရက်‌နေ့တွင် စီမံခန့်ခွဲမှုပညာမေဂျာမှ ကျောင်းသူဟောင်း မယုယုမွန်အား အကြမ်းဖက်စစ်အုပ်စုမှ ချုပ်ကိုင်ထားသည့် မော်လမြိုင်မြို့နယ် မတရားရုံးမှ ပုဒ်မ (၅၀) (ည)၊ ၅၁ (ဂ) တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် မတရားသဖြင့် အမိန့်ချလိုက်‌ကြောင်း သိရသည်။ မယုယုမွန်သည် CDMဝန်ထမ်းတစ်ဦးသာဖြစ်ပြီး မော်လမြိုင်မြို့တွင် တိမ်း‌ရှောင်နေစဉ်အတွင်း မတရားပုဒ်မများဖြင့် အကြမ်းဖက်စစ်တပ်မှ အကွက်ဆင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်‌ကြောင်း ယင်းနှင့်နီးစပ်သူများထံမှ ကြားသိရပါသည်။ ထို့အပြင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာမေဂျာ (2004-2007 batch)မှ ကျောင်းသူဟောင်းတစ်ဦးဖြစ်သူ မသန်းသန်းဆင့်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် ၅နှစ် ချမှတ်ခံရကြောင်းလည်း ကြားသိရပါသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)

ဒဂုံတက္ကသိုလ်ကျောင်းသား ( ၇ )ဦးအား  အကြမ်းဖက်စစ်ကောင်စီမှ သေဒဏ်ချမှတ်သည့် အပေါ် ကျောင်းသားသမဂ္ဂများမှ ပူးတွဲသဘောထားထုတ်...
01/12/2022

ဒဂုံတက္ကသိုလ်ကျောင်းသား ( ၇ )ဦးအား အကြမ်းဖက်စစ်ကောင်စီမှ
သေဒဏ်ချမှတ်သည့် အပေါ် ကျောင်းသားသမဂ္ဂများမှ ပူးတွဲသဘောထားထုတ်ပြန်ချက်

အကြမ်းဖက်စစ်အုပ်စုမှ ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့၊ ၂၀၂၂ ခုနှစ်တွင် သေဒဏ်ချမှတ်လိုက် ကြောင်း ကြားသိရသည်။ ထိုသို့ သေဒဏ်ချမှတ်ခြင်းသည် စစ်အုပ်စုအနေဖြင့် ပြိုကျပုတ်သိုးနေသော တရားရုံးများ၊ တရားဥပဒေများကို အသုံးချ၊ ခုတုံးလုပ်၍ လူသတ်ရန်ကြိုးစားနေမှုများသာဖြစ်သည်။ထိုသို့အကြမ်းဖက်စစ်အုပ်စု ထောက်တိုင် တရားရုံးများမှ စီရင်ချက်ချမှတ်ခြင်းကို လုံးဝ လက်မခံသလို အပြစ်မဲ့ ကျောင်းသားပြည်သူများအပေါ် သေဒဏ်ချမှတ်ခြင်းအား ကျွန်ုပ်တို့ ကျောင်းသားသမဂ္ဂများမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။

မတရားစီရင်ချက်ချခံထားရသော ကျောင်းသားများဖြစ်သည့် ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟ ထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင် တို့နှင့်အတူ ကျွန်ုပ်တို့ ကျောင်းသားသမဂ္ဂများ မှ တစ်သားတည်း ရပ်တည်၍ အခြေအနေအား အနီးကပ်စောင့်ကြည့်သွားမည်။

အကြမ်းဖက်စစ်အုပ်စုသည် အပြစ်မဲ့ကျောင်းသားပြည်သူများ အပေါ် ရက်စက်စွာ ညှင်းဆဲသတ်ဖြတ်မှုများ ဆက်တိုက်လုပ် ဆောင်နေသည်။ အကြမ်းဖက်စစ်အုပ်စုမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ဒီမိုကရေစီလှုပ်ရှားသူ ( ၄ ) ဦးကို ကြိုးပေးကွပ်မျက်ခဲ့ပြီး ယခု အချိန်အထိ နိုင်ငံတဝှမ်း မတရား ဖမ်းဆီးအကျဥ်းချထားခံရသူ (၁၃၀၀၀) ကျော်နှင့် သတ်ဖြတ်ခံရသူ ကျောင်းသားပြည်သူ (၂၅၀၀) ကျော်ရှိပြီဖြစ်သည်။

နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း စစ်အုပ်စု၏ လူသတ်ယန္တရားများဆက်လက် မလည်ပတ် နိုင်စေရေး အတွက် ပိုမိုအာရုံစိုက်အရေးယူဆောင်ရွက်ကြရန် ကျွန်ုပ်တို့မှ လေးလေးနက်နက်တိုက်တွန်းတောင်းဆိုသည်။

ကျောင်းသားပြည်သူတရပ်လုံးအနေဖြင့်လည်း အကြောက်တရားကို အန်တုကျော်လွှားပြီး မတရားဖိနှိပ်ခံနေ ရသော ကျွန်ုပ်တို့၏ ကျောင်းသား ရဲဘော်များနှင့် ပြည်သူလူထုအတွက် တော်လှန်ရေးကို ပိုမိုအရှိန်မြှင့်ပါဝင် ကြရန် မေတ္တာရပ်ခံလိုက်သည်။

❙ ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်း အပတ်စဉ်သစ်သင်တန်းဖွင့်ပွဲကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်း အပတ...
27/11/2022

❙ ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်း အပတ်စဉ်သစ်သင်တန်းဖွင့်ပွဲ

ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်း အပတ်စဉ်သစ်အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့၌ ကျောင်းသားလက်ရုံးတပ်တော်၏ အခြေစိုက်ဒေသတနေရာတွင် စတင်ခဲ့ပြီး သင်တန်းဖွင့်ပွဲကို တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းများမှ တက်ရောက်ခဲ့ကြသည်။

သတင်းပြန်ကြားရေးနှင့်စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန
စစ်ရေးဌာနကြီး
ဗဟိုစစ်ရေးရုံး
ကျောင်းသားလက်ရုံးတပ်တော်

▪️ အမျိုးသားအောင်ပွဲနေ့ ဆီသို့အထူးထုတ်စာစဉ်ထွက်ပြီ၁၀၂ နှစ်မြောက်ကျရောက်လာသည့် အမျိုးသားအောင်ပွဲနေ့၏ အထိမ်းအမှတ်အဖြစ် ခေတ...
17/11/2022

▪️ အမျိုးသားအောင်ပွဲနေ့ ဆီသို့အထူးထုတ်စာစဉ်ထွက်ပြီ

၁၀၂ နှစ်မြောက်ကျရောက်လာသည့် အမျိုးသားအောင်ပွဲနေ့၏ အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက်စွန့်လွှတ်ခဲ့သည့် ကျောင်းသားထု၏ တိုက်ပွဲဂုဏ်ရောင်ကိုဖော်ကျူးရန်၊ စစ်ကောင်စီယန္တရားအပေါ် သပိတ်မှောက်လှုပ်ရှားမှုများ ပိုမိုအားကောင်းရန်၊ အမျိုးသားသွေးစည်းညီညွတ်မှုကို အခိုင်အမာတည်ဆောက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အမျိုးသားအောင်ပွဲနေ့ အထူးထုတ်စာစဉ်ကို ဆီသို့ဝိုင်းတော်သားများက ထုတ်ဝေလိုက်ပါသည်။

အမျိုးသားအောင်ပွဲနေ့ ၁၀၂ နှစ်ပြည့် အထူးထုတ်စာစဥ်တွင်
- ပထမကျောင်းသားသပိတ် တိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင်ကြီးများကိုယ်တိုင်ရေးသားခဲ့သော ကိုယ်တွေ့ဆောင်းပါးများ၊

- ကျောင်းသားလှုပ်ရှားမှုသမိုင်းများ၊

- လက်ရှိနွေဦး တော်လှန်ရေးနှင့် ချိတ်ဆက်၍ သုံးသပ်ချက်ဆောင်းပါးများ

- NUGအစိုးရတာဝန်ရှိသူများ၊ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်များ၊ ကျောင်းသားမျိုးဆက်ဟောင်းများ၏ အမျိုးသားနေ့အမှတ်တရ အမှာစကားများ

- ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၏ တိုက်ပွဲတပ်လှန့်သံများအပြင်

- ကဗျာများ၊ သမိုင်းဝင်ရှားပါး မှတ်တမ်းဓာတ်ပုံများဝေဝေဆာဆာဖြင့် ကဏ္ဍစုံလင်စွာ ဖတ်ရှုရမည်ဖြစ်ပါသည်။

စာစဥ်အား ဖတ်ရှုရန်နှင့် ပြန်လည်ဖြန့်ဝေရန် commentတွင် ဖော်ပြထားသော Link တွင် Download ပြုလုပ်နိုင်သည်။ စာမူများ ပေးပို့လိုပါက Page Messenger မှ တစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

#အမျိုးသားနေ့
#အမျိုးသားအောင်ပွဲနေ့_ဆီသို့အထူးထုတ်စာစဉ်


နိုင်ငံတော်သစ်ဆီသို့ မျှော်ရည်၍

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)

'’ ကျွန်မသားလက်ထက်မှာ ဒီလိုပြန်ဖြစ်တဲ့အတွက်လည်း ကျွန်မစိတ်မကောင်းပါဘူး။ တော်လှန်ရေးလုပ်နေတဲ့ သားကိုလည်း ကျွန်မတားဆီးခြင်...
15/11/2022

'’ ကျွန်မသားလက်ထက်မှာ ဒီလိုပြန်ဖြစ်တဲ့အတွက်လည်း ကျွန်မစိတ်မကောင်းပါဘူး။ တော်လှန်ရေးလုပ်နေတဲ့ သားကိုလည်း ကျွန်မတားဆီးခြင်းမပြုသလို သူ့လက်ထက်မှာတော့ ‌သောက်တလွဲဖြစ်နေတဲ့ပညာရေးနဲ့ အာဏာရှင်တွေကို အမြစ်ပြတ်နိုင်ဖို့အတွက်ကျွန်မ အမြဲအားပေးနေမှာပါ။ ‘’
- ပေးစာကဏ္ဍမှ

ပေးစာကဏ္ဍအတွင်း ဆရာ/မ _၊ကျောင်းသား/သူ ၊ မိဘ အသံ စုံလင်စွာဖြင့် ကျွန်ပညာရေးစနစ်ရဲ့ အတွေ့အကြုံ ဆိုးကျိုးဖြစ်ရပ်တွေကို အောက်ပါအတိုင်း မျှဝေထားကြပါတယ်။

အောက်ဖော်ပြပါလင့်တွင် ဝင်ရောက်ရေးသားနိုင်ပါသည်။
https://forms.gle/NN7jwoXhYaHUhw6m6

----------------------------------------------------------
ကျွန်တော်တို့ဟာ ပညာရပ်ပိုင်းဆိုင်ရာစကားလုံးတွေ ရွှန်းရွှန်းဝေအောင် မသုံး‌တတ်ရင်သာနေမယ်။ ကျွန်တော်တို့ရဲ့သိမှုထဲမှာတော့ ဒီပညာရေးစနစ်ကြီးရဲ့ လွဲမှားနေမှုကို ခံစားမိကြပါတယ်။

ဒီလွဲမှားမှုတွေကို ကျွန်တော်တို့တွေ အသံထုတ်ဖို့လိုပါတယ်။ ဒီလို အသံထုတ်နိုင်ဖို့အတွက် ပေးစာကဏ္ဍကို စီစဥ်ထားရှိတာကြောင့် လွဲမှားနေတဲ့ပညာရေးစနစ်ကိုဖော်ထုတ်ရင်း #သောက်တလွဲပညာရေး online campaign မှာ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဒီ campaign မှာပါဝင်မယ်ဆိုရင်တော့ ကိုယ်ပြောလိုတာတွေကို #သောက်တလွဲပညာရေး ဆိုတဲ့ hashtag နဲ့ ကိုယ့် Facebook စာမျက်နှာမှာ တင်ပြီး ပါဝင်နိုင်ပါတယ်။ မိမိ Facebook account မှာတင်ဖို့ အခက်အခဲရှိတဲ့သူတွေအနေနဲ့ အောက်ပါ Google Form link ကနေတဆင့်ဝင်ရောက်ပြီး ပြောဆိုလိုတာတွေကို ဖြည့်ပေးခဲ့လို့လည်းရပါတယ်။ ကျွန်တော်တို့ကနေပြီး ပြန်လည်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီ campaign မှာ ပညာရေးစနစ်ကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ သပိတ်မှောက်ကျောင်းသားတွေရဲ့ မိဘတွေ ပါဝင်ရေးသားလို့ရပါတယ်။ သပိတ်မှောက်ကျောင်းသားတွေအနေနဲ့ ပညာရေးစနစ်ရဲ့ သောက်တလွဲဖြစ်မှုတွေ၊ မျှော်ရည်တဲ့ ပညာရေးစနစ်အသစ်တွေကို အသံထုတ်ပေးကြဖို့လိုပါတယ်။ ဆရာဆရာမတွေအနေနဲ့လည်း ကိုယ့်တပည့်ကျောင်းသားတွေအပေါ် ပညာရေးစနစ်ရဲ့ဖိနှိပ်မှု၊ မပျိုးထောင်ပေးနိုင်မှုတွေနဲ့ ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့ ပညာရေးစနစ်အကြောင်းတွေကို ဝေမျှပေးကြပါ။ သပိတ်မှောက်ကျောင်းသားတွေရဲ့ မိဘတွေအနေနဲ့ ဘယ်လိုစဉ်းစားချက်ကြောင့် ကိုယ့်သားသမီးကို ကျောင်းဆက်မတက်ဘဲ သပိတ်မှောက်ဖို့ခွင့်ပြုခဲ့တာလဲဆိုတာကို အခြားသော မိဘများစီ ရှင်းလင်းဝေမျှတဲ့ပုံစံမျိုးနဲ့ ပါဝင်ပေးကြစေလိုပါတယ်။

#သောက်တလွဲပညာရေး

အောက်ဖော်ပြပါလင့်တွင် ဝင်ရောက်ရေးသားနိုင်ပါသည်။
https://forms.gle/NN7jwoXhYaHUhw6m6

◾PTTကို လူထုအားနဲ့ ကန့်ကွက်ကြပါစို့။Complaint Letter ပို့တဲ့ လှုပ်ရှားမှုမှာ အားလုံးပါဝင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင...
30/10/2022

◾PTTကို လူထုအားနဲ့ ကန့်ကွက်ကြပါစို့။

Complaint Letter ပို့တဲ့ လှုပ်ရှားမှုမှာ အားလုံးပါဝင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

ဒီစာအတိုင်း copy ယူပြီး မိမိရဲ့ Emailနဲ့ပို့ဆောင်ပေးနိုင်ပါတယ်။
___________

To: [email protected] and [email protected]

Cc: [email protected]

Subject: PTT group must stop funding crimes against humanity in Myanmar

PTT is the largest buyer of gas from Myanmar and its subsidiary, PTTEP, is the operator of two of Myanmar’s gas fields. Each month, PTT group transfers millions of dollars that are due to the Myanmar government instead to bank accounts controlled by a brutal criminal junta that is committing war crimes and crimes against humanity, including sexual violence, torture, deliberate campaign against of civilians, and murder. ASEAN has refused to recognise the junta and has once again banned it from the ASEAN summit. PTT group continues to choose to treat it like a government.
You claim that your human rights policies are based on the United Nations Guiding Principles on Business and Human Rights (UNGP). Yet the UNGP clearly state that “questions of complicity may arise when a business enterprise contributes to or is seen as contributing to, adverse human rights impacts caused by other parties.” PTT Group is the largest single source of revenue to the junta – its contribution is substantial as the junta relies on it to pay for jet fuel and weapons to target civilians. Your failure to divert revenues is a breach of the UNGP.
The UN Human Rights Office has called on the international community to cut off revenues to the junta, noting that gas revenues are the largest source of foreign revenue and are due to the Myanmar Oil and Gas Enterprise (MOGE) which is a government department. It called on businesses to ensure they do not “remain in a business relationship of any kind with the Tatmadaw, or any enterprise owned or controlled by them.”
The shareholders of one of your partners in crime, TotalEnergies, demanded that Total exit because it was “directly financing the current military dictatorship’s ongoing acts of crimes against humanity.” The shareholders of another of your partners in crime, Chevron, demanded that Chevron divert funds due to the government in Myanmar into protected accounts. Total even blamed PTT, effectively stating that if Total tried to divert funds, you’d find ways to ensure the junta could access the revenues.
PTT should have reached the same conclusions from its own Human Rights Due Diligence. Meanwhile, your website claims you’ve had no complaints to your human rights whistle-blower facility, which apparently does not count demands from our National Unity Government to stop colluding with a terrorist junta. You also claim to adhere to principles of good corporate governance while transferring millions to bank accounts controlled by a junta that is pushing Myanmar towards joining Iran and North Korea on a money laundering blacklist.
You have justified your complicity by stating that you are “putting the utmost importance for energy security of both Thailand and Myanmar.”
- No-one asked you to turn the gas off, just to stop breaching your contracts with our government by channelling the funds to the junta.
- For decades you have ripped gas out of Myanmar at knock down prices while the military and its cronies line their pockets with the revenues and two thirds of our country remained without electricity – you have consistently undermined our energy security.
- In Thailand, you have invested in LNG infrastructure – you know that you could, replace Myanmar gas with LNG but that it would hit your profits.
Please consider this letter to be a complaint:
- PTT group is financing atrocity crimes in Myanmar and making misleading claims to justify its complicity.
- PTT group should pay funds due to the Myanmar government to the NUG or into protected accounts that the junta cannot access.
___________

https://m.facebook.com/story.php?story_fbid=204453935310544&id=100072378171687

Blood Money - သွေးစွန်းငွေ

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)

နှစ်တစ်ရာကျော် ကျောင်းသားလှုပ်ရှားမှု  - ၃ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးသည် လူထုတရပ်လုံးပါဝင်...
19/10/2022

နှစ်တစ်ရာကျော် ကျောင်းသားလှုပ်ရှားမှု - ၃

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးသည် လူထုတရပ်လုံးပါဝင်ဆင်နွှဲခဲ့ကြသည့် သမိုင်းဝင်လှုပ်ရှားမှုကြီးဖြစ်သည်။ ၂၆နှစ်အကြာဖိနှိပ်အုပ်ချုပ်ခဲ့သော မဆလတစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်၍ ဒီမိုကရေစီစနစ်ကိုတောင်းဆိုခဲ့ကြသည်။ မဆလတစ်ပါတီအစိုးရလက်အောက်တွင် နိုင်ငံရေး၊စီးပွားရေး ကြပ်တည်းမှုများ၊ စားဝတ်နေရေး အကျပ်ဆိုက်မှုများက အရေးတော်ပုံကြီးဖြစ်ပေါ်လာစေသည့် ဖန်တီးပေးသောအခြေအနေများဖြစ်ပြီး ကျောင်းသားလှုပ်ရှားမှုများက အရေးတော်ပုံ၏ အဓိကအကြောင်းအရင်းခံများဖြစ်သည်။

၁၉၈၈ မတ်လ ၁၂ရက်ညတွင် အင်းစိန်ကြို့ကုန်း၌ စက်မှုတက္ကသိုလ်ကျောင်းသားများနှင့် အရပ်သားများရန်ဖြစ်ရာ ရပ်ကွက်လူကြီးများ၏ ဘက်လိုက်ဖြေရှင်းမှုကိုမကြေနပ်သဖြင့် ကျောင်းသားများက ရပ်ကွက်ရုံးကိုဆန္ဒပြကြသည်။ ပဋိပက္ခမှာပိုမိုပြင်းထန်လာပြီး လုံထိန်းများက စက်မှုတက္ကသိုလ်သို့ဝင်ရောက်၍ ပစ်ခက်ဖြိုခွင်းသဖြင့် မတ်လ၁၃ရက်တွင် စက်မှုကျောင်းသားကိုဖုန်းမော်ကျဆုံးသည်။ ကျောင်းသားသွေးမြေကျမှုအပေါ် မခံမရပ်နိုင်သဖြင့် ရန်ကုန်တက္ကသိုလ်ကျောင်းသား များက လှိုင်နယ်မြေမှ တက္ကသိုလ်ပင်မသို့ ချီတက်ဆန္ဒပြသည်။ အင်းလျားကန် တံတားဖြူအရောက်တွင် လုံထိန်းများက ပစ်ခက်ဖြိုခွင်းသဖြင့် ကျောင်းသားများစွာ ဖမ်းဆီးခံရပြီး သေဆုံးဒဏ်ရာရသူများလည်းရှိသည်။ ကျောင်းသားများသွေးမြေကျသည့် တံတားဖြူကို တံတားနီဟု ပြောင်းလဲခဲ့သည်။ ထိုနေ့မှစ၍ ကျောင်းသားဆန္ဒပြပွဲများ ဆက်တိုက်ထွက်ပေါ်လာပြီး မတ်လ ၁၇ ရက်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကိုဖွဲ့စည်းခဲ့သည်။ မတ်လ၁၈ရက်နေ့တွင် အစုိးရက တက္ကသိုလ်အားလုံးကို ပိတ်လိုက်သည်။

ကျောင်းများကို မေလ ၃၀တွင်ပြန်ဖွင့်ခဲ့ပြီး ဇွန်လထဲတွင် ကျောင်းသားဆန္ဒပြပွဲများပြန်လည် စတင်လာသည်။ ​ဇွန်လ ၂၁ရက်တွင် အခြေခံပညာကျောင်းသားများ ပြည်လမ်းအတိုင်းလမ်းလျှောက်ဆန္ဒပြရာ မြေနီကုန်းအရောက်တွင် စစ်တပ်၏ဖြိုခွဲ ခြင်းကိုခံရသည်။ ထိုနေ့မှစ၍ တစ်နိုင်ငံလုံးရှိ ကျောင်းများကိုထပ်မံပိတ်လိုက်ပြန်သည်။ ၁၉၈၈ ဩဂုတ်လ ၈ရက်နေ့တွင် တစ်နိုင်ငံလုံးအထွေထွေသပိတ်ကြီးစတင်ဆင်နွှဲခဲ့ပြီး ရှစ်လေးလုံးလူထုလှုပ်ရှားမှုများပေါ်ပေါက်လာသည်။ ရှစ်လေးလုံးအရေးတော်ပုံတွင် အလွှာအသီးသီး လူထုလူတန်းစားအသီးသီးက ပါဝင်ခဲ့ကြသလို ကျောင်းသားများကလည်း ဒေသအလိုက်၊ကျောင်းအလိုက် သမဂ္ဂများဖွဲ့ကာ အရေးတော်ပုံ၏ဦးဆောင်မှုတွင် ပါဝင်ခဲ့ကြသည်။ မြို့နယ်အထွေထွေသပိတ်ကော်မတီများတွင် ကျောင်းသားကိုယ်စားလှယ်များသည် အင်တိုက်အားတိုက်ပါဝင်ကြသည်။

၁၉၈၈ ဩဂုတ်လ ၂၈ရက်တွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂမြက်ခင်းပြင်၌ ကျင်းပသော အစည်းအဝေးအရ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ(ယာယီ) ပေါ်ပေါက်လာပြီး မင်းကိုနိုင်(ဥက္ကဌ) ၊ ကိုကိုကြီး (ဒုဥက္ကဌ) နှင့် မိုးသီးဇွန် (အတွင်းရေးမှူး) တို့ ကဦးဆောင်သည်။ စက်တင်ဘာလထဲတွင် မင်းဇေယျနှင့် ဌေးကြွယ်တို့ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (မကသ) ပေါ်ပေါက်လာသည်။ မဆလအစိုးရ သမ္မတ ဒေါက်တာမောင်မောင်က ၄င်း၏မိန့်ခွန်းထဲတွင် သမဂ္ဂအဆောက်အဦ ပျော်ပျော်ပါးပါး အုတ်မြစ်ချကြရန် မက်လုံးပေးပြောဆိုမှုလည်း ရှိခဲ့ပြီး ယင်းကိုကျောင်းသားသမဂ္ဂ များကကန့်ကွက်ခဲ့သည်။ စက်တင်ဘာလ ၁၃ရက်တွင် နိုင်ငံရေးခေါင်းဆောင်များကို ဖိတ်ခေါ်၍ ကြားဖြတ်အစိုးရဖွဲ့စည်းနိုင်ရေးအတွက် ကျောင်းသားများကကြိုးပမ်းခဲ့ကြသည်။

၁၉၈၈ စက်တင်ဘာလ ၁၈ရက်တွင် စစ်တပ်ကအာဏာသိမ်းပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးကိုအကြမ်းဖက်နှိမ်နင်းခဲ့သည်။ စစ်တပ်က ဆန္ဒပြကျောင်းသားများကိုဖမ်းဆီးခဲ့သဖြင့် သောင်းနှင့်ချီသောကျောင်းသားများ နယ်စပ်သို့ထွက်ပြေးခဲ့ရသည်။ ကျောင်းများကိုနှစ်နှင့်ချီ၍ ပိတ်လိုက်သဖြင့် ပညာရေးနှောင့်နှေးခဲ့ရသည်။ ရှစ်လေးလုံးအရေးတော်ပုံပြီးနောက် ကျောင်းသားများသည် နည်းလမ်းသုံးခုဖြင့် နိုင်ငံရေးကိုဆက်လုပ်ကြသည်။ ပထမတစ်နည်းမှာ "လက်နက်ကိုင်တော်လှန်ရေး" နည်းဖြစ်ပြီး ABSDF ကဲ့သို့သော အဖွဲ့များပေါ်ပေါက်လာသည်။ ဒုတိယမှာ " မြေအောက်လှုပ်ရှားမှု"များဖြစ်ပြီး တရားဝင်ရပ်တည်ခွင့်မရသော ဗကသများအဖွဲ့ချုပ် က ဆက်လက်ဆောင်ရွက်သည်။ တတိယတစ်ခုမှာ မြေပေါ်နိုင်ငံရေးနည်းလမ်းဖြစ်ပြီး "လူ့ဘောင်သစ်ပါတီ"အနေဖြင့် တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခဲ့သည်။

" ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု"

"ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျားပြန်မည်"ဟု ကြွေးကြော်ခဲ့သော စစ်တပ်သည် ၁၉၉ဝ ရွေးကောက်ပွဲ တွင် NLDပါတီအနိုင်ရသောအခါ ရလာဒ်ကိုငြင်းဆန်၍ အနုိင်ရအမတ်များနှင့် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးခဲ့သည်။ ထိုကဲ့သို့ နိုင်ငံရေးအရ လွတ်လပ်မှုမရှိ၊ ဖိစီးတင်းကြပ်သော ထောင့်ကိုးရာကိုးဆယ့်ပြည့်လွန်နှစ်များအတွင်း ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု ပေါ်ပေါက်လာသည်။

၁၉၉၆ အောက်တိုဘာလ၂၀ရက်တွင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများ နှင့် စည်ပင်ရဲများ စော်ဘွားကြီးကုန်းဂိတ်တွင် ရန်ဖြစ်ပွားခဲ့သည်။ ထိုကိစ္စကိုမကျေနပ်၍ စက်မှုတက္ကသိုလ်ကျောင်းသားများက ဆန္ဒထုတ်ဖော်ခဲ့ရာ ဆန္ဒပြကျောင်းသားခေါင်းဆောင်များ ဖမ်းဆီးခံရပြီး ကျောင်းများကို ရုတ်တရက်ပိတ်လိုက်သည်။ နိုဝင်ဘာလကုန်တွင် ကျောင်းများပြန်ဖွင့်ကာ ဆန္ဒပြကျောင်းသားများကို ပြန်လွှတ်ခဲ့သော်လည်း ကျောင်းသားလှုပ်ရှားမှု များနှင့်စပ်လျဥ်း၍ ပုံဖျက်သောစာများထွက်ပေါ်လာခဲ့သည်။ ယင်းစာများကိစ္စကိုမကြေနပ်သဖြင့် ဒီဇင်ဘာလ၂ရက်နေ့တွင် စက်မှုတက္ကသိုလ်ကျောင်းသားများက စတင်ဆန္ဒပြကြသည်။ ကျောင်းသားများအပေါ် ပြန်လည်တောင်းပန်ရန်နှင့် ကျောင်းသားသမဂ္ဂ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရန် တောင်းဆိုကြသည်။

ထုိလှုပ်ရှားမှုသည် စက်မှုတက္ကသိုလ်မှစ၍ ရန်ကုန်မြို့ရှိ အခြားတက္ကသိုလ်များသို့ ပျံ ့နှံ့သွားပြီး ပူးပေါင်းပါဝင်လာကြသည်။ ဆန္ဒပြကျောင်းသားများသည် လှည်းတန်း တွင် ထိုင်သပိတ်ပြုလုပ်ပြီး မီးသတ်ပိုက်များထိုးကာ စစ်တပ်ကအတင်းအကြပ်လူစုခွဲစေသည်။ ကျောင်းသားများသည် လှည်းတန်းမှဆူးလေးအထိ ချီတက်ဆန္ဒ့ကြပြီး ဗဟန်းအရောက်တွင် ဖြိုခွင်းဖမ်းဆီးခံရသည်။ ကျောင်းသားအများအပြား ဖမ်းဆီးခံရသော်လည်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

၁၉၉၆ ကျောင်းသားလှုပ်ရှားမှုကြောင့် တက္ကသိုလ်များကို နှစ်အတန်ကြာပိတ်ထားလိုက်ရသည်။ ကျောင်းသားလှုပ်ရှားမှုစတင်ဖြစ်ခဲ့ရာ ရန်ကုန်စက်မှုတက္ကသိုလ်အပါအဝင် နည်းပညာကောလိပ်ကျောင်းများကို နဝတအစိုးရက ပညာရေးဝန်ကြီးဌာနမှခွဲထုတ်၍ အသစ်ဖွဲ့စည်းသည့် သိပ္ပံနည်းပညာဝန်ကြီးဌာန လက်အောက်သို့ထည့်သွင်းသည်။ ထိုဌာန၏ဝန်ကြီးမှာ ဗိုလ်သန်းရွှေ၏လူယုံ နာမည်ဆိုးဖြင့်ကျော်ကြားသူ ဦးသောင်းဖြစ်ပြီး ၄င်းက တက္ကသိုလ်နှင့်ကျောင်းသားများအပေါ် ဖိနှိပ်ရေးအစီအစဥ်များချမှတ်ခဲ့သည်။

မျက်မှောက်ကာလ ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားနိုင်ငံရေး

၂၀၀၇ ခုနှစ်တွင် အထွေထွေအကြပ်အတည်းနှင့် ကုန်စျေးနှုန်းကြီး​မြင့်လာမှုကြောင့် သံဃာတော်များဦးဆောင်သည် ရွှေဝါရောင်လူထုလှုပ်ရှားမှုပေါ်ပေါက်လာသည်။ ထိုကာလတွင် ဗကသများအဖွဲ့ချုပ်ကို မျိုးဆက်သစ်ကျောင်းသားများဖြင့် ဖွဲ့စည်းကာ ၂၀၀၇ ဩဂုတ်လတွင် တကျော့ပြန်ထူထောင်နိုင်ခဲ့သည်။ မျိုးဆက်သစ်ကျောင်းသားများသည် ၈၈မျိုးဆက်ကျောင်းသားဟောင်းများနှင့် လက်တွဲလှုပ်ရှားကြသည်။ ရွှေဝါရောင် အရေးတော်ပုံ ကို စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက် ဗကသကျောင်းသားများလည်း ဖမ်းဆီးခံရသည်။

ဦးသိန်းစိန်၏ စစ်တပိုင်းအစိုးရလက်ထက်တွင် ဗကသကျောင်းသားများပြန်လည်လွတ်မြောက်လာပြီး ဗကသကိုပြန်လည်ထူထောင်နိုင်ခဲ့သည်။ တက္ကသိုလ်ကောလိပ်များတွင် ကျောင်းသားသမဂ္ဂများဖွဲ့စည်းနိုင်ခဲ့သော်လည်း အစုိးရ၏ပိတ်ပင်မှုများရှိသည်။ယင်းသမဂ္ဂများထဲမှ အချို့သည် ဗကသအဖွဲ့ချုပ်သို့ ဝင်ရောက်ဆက်သွယ်ကြပြီး တချို့က သီးခြားရပ်တည်ကြသည်။ ၂၀၁၄ ခုနှစ်တွင် အစုိးရကပြဌာန်းသည့် အမျိုးသားပညာရေးဥပဒေ အပေါ် ကန့်ကွက်မှုများရှိခဲ့ပြီး ကျောင်းသားများ၏ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်မှုအများအပြားရှိခဲ့သည်။ မန္တလေးမှ ရန်ကုန်သို့ လမ်းလျှောက်ချီတက်လာသည့် ကျောင်းသားများ၏ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့အရောက် ၂၀၁၅ ခုနှစ်၊ မတ်လ ၁၀ရက်တွင် ဖြိုခွင်းခဲ့ပြီး ရာနှင့်ချီသောကျောင်းသားများ ဖမ်းဆီးခံရသည်။

NLDအစုိးရလက်ထက်တွင် သမဂ္ဂဖွဲ့စည်းမှု၌ အတန်ငယ်လွတ်လပ်ခွင့်ရရှိပြီး ပညာရေးနှင့်တက္ကသိုလ်ရေးရာကိစ္စများတွင် ပါဝင်စီမံခွင့်ရခဲ့သော်လည်း ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး နှင့် ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမှုများကို စစ်တပ်နှင့်အစိုးရက ဖမ်းဆီးခဲ့သည်။

၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်တပ်၏ အာဏာသိမ်းရန်ခြိမ်းခြောက်ပြောဆိုမှုများအပေါ် ကျောင်းသားသမဂ္ဂများက ကန့်ကွက်ခဲ့သည်။ စစ်တပ်အာဏာသိမ်းသောအခါ ကျောင်းသားသမဂ္ဂများကရှေ့တန်းမှနေ၍ ဆန့်ကျင်ခဲ့ကြပြီး လူထုဆန္ဒပြပွဲများထွက်ပေါ်လာရန် စည်းရုံးဆောင်ရွက်ခဲ့ကြသည်။ လူထုလှုပ်ရှားမှုများတွင် သမဂ္ဂများကတက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့သည်။ မြို့နယ်အလိုက်၊ ခရုိင်အလိုက်နှင့် အခြေခံပညာကျောင်းများအထိပါ သမဂ္ဂများဖွဲ့စည်းနိုင်ခဲ့သည်။ စစ်တပ်၏အကြမ်းဖက်မှုများကြောင့် လက်နက်ကိုင်တော်လှန်ရေးနယ်ပယ် ကျယ်ပြန့်လာသည့်အခါ ကျောင်းသားလူငယ်အများအပြားသည် ပြည်သူ့ကာကွယ်ရေး တပ်မတော် နှင့် အခြားလက်နက်ကိုင်တပ်ဖွဲ့များအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ ၁၉၈၈ နောက်ပိုင်း ABSDF ထူထာင်သကဲ့သို့ ယခုတွင်လညိး ကျောင်းသားလက်ရုံးတပ်တော်၊ ကျောင်းသားတပ်ရင်းစသည့် ကျောင်းသားအခြေပြုလက်နက်ကိုင်အဖွဲ့များကိုတွေ့ရသည်။

လက်ရှိနွေဦးတော်လှန်ရေးတွင် ကျောင်းသားသမဂ္ဂများသည် တော်လှန်ရေး၏ ကဏ္ဍနယ်ပယ်အသီးသီးတွင် တိုက်ပွဲသဏ္ဍာန်မျိုးစုံကိုကိုင်စွဲ၍ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် တက်တက်ကြွကြွ တော်လှန်တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။

မောင်ဘိုးရေးသားသည်။







ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)

◾"ငါတို့ဘယ်လိုဖြတ်သန်းခဲ့ကြသလဲ" ကျောင်းသားမျိုးဆက်အသီးသီး၏ စကားဝိုင်း။ကျွန်တော်တို့နိုင်ငံဟာ ကျောင်းသားသမဂ္ဂနဲ့တော်လှန်ရ...
16/10/2022

◾"ငါတို့ဘယ်လိုဖြတ်သန်းခဲ့ကြသလဲ" ကျောင်းသားမျိုးဆက်အသီးသီး၏ စကားဝိုင်း။

ကျွန်တော်တို့နိုင်ငံဟာ ကျောင်းသားသမဂ္ဂနဲ့တော်လှန်ရေး၊ တော်လှန်ရေးနဲ့ကျောင်းသားသမဂ္ဂ ဆိုတာခွဲခြားလို့မရတဲ့အထိ ယှဉ်တွဲနေတာပဲဖြစ်ပါတယ်။ ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ကြိုးပမ်းမှုကစလို့ အဆက်ဆက်သော အာဏာသိမ်းမှုတွေ၊ လူထုအုံကြွမှုတွေမှာ ကျောင်းသားသမဂ္ဂမျိုးဆက် တဆက်ပြီးတဆက်ဟာ အဓိကကျတဲ့နေရာကနေ မားမားမတ်မတ် တော်လှန်ခဲ့ကြပါတယ်။ ကျုပ်တို့ရဲ့ နောင်တော်ကျောင်းသားမျိုးဆက်တွေ ဘယ်လိုမျိုး ဖြတ်သန်းခဲ့ကြလဲ၊ တိုက်ပွဲဝင်ခဲ့ကြလဲ၊ သူတို့ခေတ်မှာ သူတို့ရေဘယ်လိုစီးခဲ့ကြသလဲ၊ ကျုပ်တို့ခေတ်ရဲ့ ရေစီးကိုကော သူတို့ဘယ်လိုမြင်ကြလဲ။ ဒါတွေကို သိထားကြဖို့ ကောင်းပါတယ်။ ကျောင်းသားတွေရဲ့ တော်လှန်ရေးလမ်းကြောင်းအတွက် အထောက်အကူဖြစ်ပါလိမ့်မယ်။

ကမ္ဘာ့ကျောင်းသားနေ့အထိမ်းအမှတ် အဖြစ် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ - SURC က ကျင်းပတဲ့ "ငါတို့ဘယ်လိုဖြတ်သန်းခဲ့ကြသလဲ" ဆိုတဲ့စကားဝိုင်းဆွေးနွေးပွဲကတော့ နောင်တော်မျိုးဆက်တွေ နဲ့ ကျွန်တော်တို့မျိုးဆက် ရဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေ၊ လက်ရှိနွေဦးတော်လှန်ရေးအပေါ် သူတို့ရဲ့ရှုမြင်ပုံတွေ ကြားသိရမှာပဲဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေအဖြစ်
(က) အောင်စောဦး (၇၄၊ ၇၅၊ ၇၆ မျိုးဆက်)
(ခ) မျိုးကြီး (၈၈ မျိုးဆက်)
(ဂ) မင်းသွေးသစ် (၂၀၁၅ မျိုးဆက်)
(ဃ) မင်းဟန်ထက် (၂၀၂၁ မျိုးဆက်)

ကျင်းပမည့်နေ့ရက် - အောက်တိုဘာလ ၁၇ ရက်နေ့၊ ၂၀၂၂ ခုနှစ်
ကျင်းပမည့်အချိန် - ည (၇) နာရီမှ ည (၉) နာရီ

GSCB, GMSR facebook စာမျက်နှာများနှင့် နှင့် ကျောင်းသားသမဂ္ဂ အသီးသီး၏ လူမှုကွန်ယက်စာမျက်နှာများနှင့် အောက်ပါ မီဒီယာများတွင် စကားဝိုင်းအား တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။

Mizzima,DVB, Than Lwin Times, Than Lwin Khet,Burma VJ,Kanbawza Tai, Kanbawza Broadcasting,D-Day,Khit Thit, Zalen, Ayeyarwaddy Times, Mindat Post,Myanmar Press Photo Agency, People's Spring

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

◼️အများပြည်သူ မည်သူမဆို ပါဝင်နိုင်​သော "အလွမ်း​ပြေ ကျန်သူ​ရေးတဲ့ ခပ်​ကွေး​ကွေး အက္ခရာကမ်ပိန်း"ကျွန်တော်တို့ မြန်မာလူမျို...
05/10/2022

◼️အများပြည်သူ မည်သူမဆို ပါဝင်နိုင်​သော "အလွမ်း​ပြေ ကျန်သူ​ရေးတဲ့ ခပ်​ကွေး​ကွေး အက္ခရာကမ်ပိန်း"

ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ထုံးထမ်းအစဉ်အလာအရ သီတင်းကျွတ်ကာလဆိုရင် မိဘတွေကို သားသမီးတွေက ကန်တော့ကြ၊ မိဘတွေကသားသမီးတွေကို‌ ဆုတွေ၊မုန့်ဖိုးတွေပေးကြနဲ့ ဆွေမျိုးတွေဆီ အလည်သွားပြီး သိုက်သိုက်ဝန်းဝန်းပျော်ပျော်ရွှင်ရွှင်နဲ့ စားစရာတွေ ချက်ပြုတ်စားသောက်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါတယ်။

ဒီလိုနဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးကာလနဲ့ ကြုံရတဲ့နောက်မှာ မိဘတွေကြွေလွင့်ရတာရှိသလို သားသမီးတွေလည်း ကြွေလွင့်ခဲ့ကြရတာ ရှိခဲ့တယ်။ အခုဆိုရင် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မတရားသဖြင့် ကြွေလွင့်ကျဆုံးခဲ့ရသူတွေရှိသလို တော်လှန်ရေးကြောင့် အဝေးရောက်နေတဲ့၊ အကျဥ်းကျခံ​နေရတဲ့ သားသမီးတွေနဲ့ လွမ်းဆွတ်နေရတဲ့ မိဘတွေလဲရှိပါတယ်။ အဲ့ဒီအပြင် လွမ်းဆွတ်နေရတဲ့မိဘတွေဆီ ပြန်မလာနိုင်တော့တဲ့ ကြွေလွင့်ခဲ့ရတဲ့‌ ကျွန်တော်တို့ရဲ့တော်လှန်ရေးညီကိုမောင်နှမများလည်း အများကြီးကိုရှိပါတယ်။ ဒီလိုအရာများကို ကျွန်တော်တို့ပြည်သူလူထုများအနေနဲ့ တစ်ယောက်နဲ့တစ်ယောက်‌ဖေးမပြီး မျှဝေခံစားနိုင်စေဖို့အတွက် စာတိုလေးတွေရေးဖို့ ဒီကမ်ပိန်းလေးကို စီစဉ်ရခြင်းဖြစ်ပါတယ်ခင်ဗျ။ မိဘနဲ့ဝေးကွာနေသော သားသမီးများဖြစ်ဖြစ်၊ သားသမီးနဲ့ဝေးကွာနေသော မိဘများဖြစ်ဖြစ်၊ ကြွေလွင့်ခဲ့ရတဲ့သူများအတွက် လွမ်းဆွတ်နေသော ပြည်သူများကဖြစ်ဖြစ် (​မိတ်​ဆွေ၊သူငယ်ချင်း၊​ဆွေမျိုး မည်သူပင်ဖြစ်ပါ​​စေ) အလွမ်းပြေစာတိုလေးများကို ​ပေးထားတဲ့ Link မှတစ်ဆင့် ရေးပို့ပေးနိုင်ပါတယ်ခင်ဗျ။ ပြည်သူလူထုမှ ပေးပို့လာသော စာတိုလေးများကို မျှဝေခံစားနိုင်ဖို့အတွက် ဆီသို့မီဒီယာနဲ့ သမဂ္ဂများ၏ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင်ပြန်လည်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

နမူနာပုံစံ
သို့
(​ပေးပို့ခံရသူ အိမ်​ဝေးသူ၊ ​ဖော်​ဝေးသူ၊ ကျဆုံးသူအမည်)
စာများ​ရေးသားရန်

မှ
(​ပေးပို့သူအမည်)

​ပေးပို့ရန် Link - https://bit.ly/3V7o1Wz

#ဆီသို့မီဒီယာ






ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)

Address

Yangon Institute Of Economics
Yangon
ROOMNO(110),MAINBUILDING

Alerts

Be the first to know and let us send you an email when Yangon University of Economics Students' Union-Ywar Thar Gyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Yangon University of Economics Students' Union-Ywar Thar Gyi:

Share