Yangon Buddhist University - Shwe Pyi Thar

Yangon Buddhist University - Shwe Pyi Thar တက္ကသိုလ်၏ လုပ်ဆောင်ချက်များ၊ ထုတ်ပြန်‌ကြေညာချက်များ၊ သတင်းများ

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)၂၀၂၆-၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရက်ကြေညာခြင်း။ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)၏  ၂၀၂၆-၂...
20/05/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)

၂၀၂၆-၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရက်ကြေညာခြင်း။

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)၏ ၂၀၂၆-၂၇ ပညာသင်နှစ် ပထမနှစ်၀က် ကျောင်းဖွင့်ရက်ကို ၁၃၈၈ ခု၊ နယုန်လဆုတ် (၂)ရက်၊ (1.6.2026) တနင်္လာနေ့တွင် စတင်ဖွင့်လှစ်ပြီး ၁၃၈၈ ခု၊ နယုန်လဆုတ် (၂)ရက်၊ (1.6.2026) တနင်္လာနေ့ နေ့လယ် ၁ နာရီအချိန်တွင် ကျောင်းသားသစ် ကြိုဆိုပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)အတွင်းနေကျောင်းသားများ စတင်လက္ခံနေပြီဖြစ်၍ 22 .5.2026 နေ့တွင် လူတွေ့ စစ်ဆေးပါမည်။အတွင်...
18/05/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)

အတွင်းနေကျောင်းသားများ စတင်လက္ခံနေပြီဖြစ်၍
22 .5.2026 နေ့တွင် လူတွေ့ စစ်ဆေးပါမည်။

အတွင်းနေကျောင်းသားဟောင်းများ 25.5.2026 နေ့ နောက်ဆုံးပြန်လည်ဝင်ရောက်ကြရမည်ဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

18.5.2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)2026/27ပညာသင်နှစ် ပြန်လည်စတင်ဖွင့်ပါတော့မည်၊ကျောင်းပြန်လည်ဖွင့်မည့်ရက်ကို မကြာမှီ ထုတ်...
17/05/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)

2026/27
ပညာသင်နှစ် ပြန်လည်စတင်ဖွင့်ပါတော့မည်၊

ကျောင်းပြန်လည်ဖွင့်မည့်ရက်ကို မကြာမှီ ထုတ်ပြန် ကြေငြာပေးပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)မုခ်ဉီးအတွက် သိန်း တစ်ရာ ထပ်လှူ တည်ဆောက်နေဆဲ တက္ကသိုလ် ဒုတိယ မုခ်ဦးး အတွက် မုခ်ဦးကုသို...
14/05/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)

မုခ်ဉီးအတွက် သိန်း တစ်ရာ ထပ်လှူ

တည်ဆောက်နေဆဲ တက္ကသိုလ် ဒုတိယ မုခ်ဦးး အတွက်
မုခ်ဦးကုသိုလ်ရှင်ဖြစ်သည့် ဦးမြကြည်+ ဒေါ်မြင့်မြင့်ဝေ သား သမီး မြေး မိသားစု လှိုင်ရတနာအိမ်ရာနှင့်
ဘုရင့်နောင်ပွဲရုံ က သိန်း တစ်ရာ လှူဒါန်းပါသည်၊၊

စုစုပေါင်းကုသိုလ်ရှင်မိသားစု လှူဒါန်းပြီးသည်မှာ သိန်း ၃၅၀ ရှိပါပြီ။

ကုသိုလ်ရှင်မိသားစု
ကိုယ်ဖြင့်ဆောက်ရွက်သမျှသော ကာယကံအလုပ်မှန်သမျှ ၊ နှုတ်ဖြင့်ဆောင်ရွက်သမျှသော ဝစီကံအလုပ်မှန်သမျှ၊ စိတ်ဖြင့်ဆောင်ရွက်သမျှသော မနောကံအလုပ်မှန်သမျှ ဒီရေလားကဲ့သို့ တိုးတက်ဖြစ်ထွန်း အောင်မြင်ကြပါစေ၊

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)ဒုတိယမုခ်ဦး ကိုစတင်ဆောက်နေပြီဖြစ်ပါတယ်၊4 လပိုင်း 22 ရက်နေ့က စတင်ဆောက်လုပ်လာတာဖြစ်ပြီး ...
12/05/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)

ဒုတိယမုခ်ဦး ကိုစတင်ဆောက်နေပြီဖြစ်ပါတယ်၊
4 လပိုင်း 22 ရက်နေ့က စတင်ဆောက်လုပ်လာတာဖြစ်ပြီး အခုဆို ရက် 20 ရှိပါပြီ၊
ဘင့်များလောင်းဖို့အတွက် မနက်ဖန် ငြမ်းများဆင်ပါမယ်၊
ပန်းရံဆရာကတော့ တစ်လခွဲ အပြီးဆောက်မယ်ဟု ပြောပါတယ်၊လက်ခ သိန်း 150 ကျပါတယ်၊
အလျှားပေ 40 အနံ 5 ပေ၊ အမြင့် ဘေးတိုင် 14 ပေ၊ အလယ်ဟိုက်က 18 ပေ ဖြစ်ပါတယ်၊ ယခုလက်ရှိမုခ်ဦး ပုံစံအတိုင်းဖြစ်ပါတယ်၊

ကုသိုလ်ရှင်ကတော့
ဦးမြကြည်+ဒေါ်မြင့်မြင့်ဝေ သားသမီး မြေး မိသားစု
ဘုရင့်နောင် ပွဲရုံ ကဖြစ်ပါတယ်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ
12.5.2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)2026–2027 ပညာသင်နှစ်အတွက်ကျောင်းသားသစ်များနှင့် အတွင်းနေ ကျောင်းသားများလျှောက်လွှာတင်ရ...
21/04/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)
2026–2027 ပညာသင်နှစ်အတွက်
ကျောင်းသားသစ်များနှင့် အတွင်းနေ ကျောင်းသားများ
လျှောက်လွှာတင်ရန် စတင်ဖွင့်လှစ်လိုက်ပါပြီ။

📌 စိတ်ဝင်စားသူများအနေဖြင့် သတ်မှတ်ထားသော အချိန်ကာလအတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)
📅 21 April 2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ‌(ရွှေပြည်သာ)2025/26 ပညာသင်နှစ် အောင်စာရင်းထုတ်ပြန်
20/04/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ‌(ရွှေပြည်သာ)

2025/26 ပညာသင်နှစ် အောင်စာရင်းထုတ်ပြန်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ‌(ရွှေပြည်သာ)2026 ပညာသင်နှစ် အတန်းတင်စာမေးပွဲ အတွက်အောင်ဂဇက် ထုတ်ပြန်နိုင်‌ရေးအတွက်  ညှိနှိုင်း အတ...
19/04/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ‌(ရွှေပြည်သာ)

2026 ပညာသင်နှစ် အတန်းတင်စာမေးပွဲ အတွက်အောင်ဂဇက် ထုတ်ပြန်နိုင်‌ရေးအတွက်
ညှိနှိုင်း အတည်ပြုရန် အစည်းအဝေးပြုလုပ်။

ယနေ့ ဧပရယ် ၁၉ ရက် နံက် 9 နာရီတွင်
ပါချုပ်ဆရာတော်၊ ပါမောက္ခ ဆရာတော်များဖြစ်သည့် ဦးရေဝတ၊ ဦးသီဟ၊ ဒေါက်တာ ဘဒ္ဒန္တဇနိတ၊ မော်ကွန်းထိန်းဆရာတော် ဦးပဏ္ဍိတ၊ ရုံးအဖွဲ့ဆရာတော် ဦးသုနန္ဒ တို့ပါဝင်လျက် အပြီးသတ် အောင်ဂဇက် ထုတ်ပြန်နိုင်ရန် ညှိနှိုင်းစည်းဝေးခဲ့ကြသည်။

အောင်ဂဇက်ကို ဧပရယ် ၂၁ ရက်နေ့ တွင် ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်းသတင်းရရှိသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)သင်္ကြန်အတွင်း  (3) နှစ်မြောက် (5)ရက်တရားသင်တန်းဖွင့်မည်။ သီဝရီ နှင့် လက်တွေ့ ပေါင်းစပ...
02/04/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)

သင်္ကြန်အတွင်း (3) နှစ်မြောက် (5)ရက်တရားသင်တန်းဖွင့်မည်။ သီဝရီ နှင့် လက်တွေ့ ပေါင်းစပ်ပြီးသင်ကြားပေးမည်။ သတိပဌာနသုတ်ကို သင်ကြားရင်း လက်တွေ့ပေါင်းစပ် ကျင့်သုံးရမည်ဖြစ်သည်။မိမိတို့၏ နေ့စဉ်ဘဝထဲအထိ သတိကို ကျင့်သုံးကြရမည်ဖြစ်သည်။
သတိမပါပဲ အိမ်ပြန်သွားသူသည် တရားမပါပဲအိမ်ပြန်သွားသူဖြစ်သည်၊
သတိပါပြီးအိမ်ပြန်သွားသူသည် တရားပါပြီးအိမ်ပြန်သွားသူဖြစ်သည်၊ သို့အတွက်ကြောင့်သတိပဌာနသုတ်ကို အဓိက သင်ကြားလေ့လာကြရမည်ဖြစ်သည်။
ယောဂီဦးရေ ၅၀ မျှသာ လက္ခံ ပါမည်၊ စာသင်ခန်းတစ်ခန်းစာမျှသာဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)၌  နှစ်စဉ်ကျင်းပ သင်ကြားပေးလျက်ရှိသော "စာရိတ္တပျိုးခင်...
25/03/2026

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)၌ နှစ်စဉ်ကျင်းပ သင်ကြားပေးလျက်ရှိသော "စာရိတ္တပျိုးခင်း" နွေရာသီ ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကလေးများကိုယ်တိုင် ပါ၀င်ပူးပေါင်းဆောင်ရွက်တတ်မှု၊ တွေး၊ ရေး၊ ဖတ်၊ ပြော စွမ်းရည်မြှင့်သင်တန်းကို 10.3.2026 အင်္ဂါနေ့မှ 24.3.2026 အင်္ဂါနေ့အထိ (နှစ်ပတ်တာကာလ) အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းဟု အတန်း သုံးတန်းခွဲ၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ကျောင်းသား ကျောင်းသူ 136 ယောက် တက်ရောက်သင်ယူခဲ့ကြပါသည်။

24.3.2026 ညခင်း၀ယ် သင်တန်းဆင်းပွဲ ပြုလုပ်ရာ
သားသားမီးမီးများအား သင်တန်းဆင်းလက်မှတ်နှင့်အတူ အတန်းအလိုက် (ပညာရေး) ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ။
စကားပြောစွမ်းရည် ဆုများ။
အ၀တ်အစား၊ အနေအထိုင်၊ အပြောအဆို၊ ပူးပေါင်းပါ၀င်ဆောင်ရွက်တတ်မှု၊ စာကြိုးစားမှု စသည့် ဆုများကိုလည်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။

သင်ကြားပေးကြသော ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူတို့အား ပါမောက္ခချုပ်ဆရာတော်မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပါသည်။

သင်တန်းကာလအတွင်း နေ့စဉ် အာဟာရဒါနအလှူရှင်များကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ် (ရွှေပြည်သာ)
25.3.2026

စာမေးပွဲကျင်းပသော ရက်များအတွင်း ကြီးကြပ်ရေးဆရာတော်များအတွက် ရေနွေးကြမ်းနှင့် အချိုပွဲကိုဒေါ်မိုးမိုးထွန်း (MA- 1) က လှူဒ...
28/02/2026

စာမေးပွဲကျင်းပသော ရက်များအတွင်း ကြီးကြပ်ရေးဆရာတော်များအတွက် ရေနွေးကြမ်းနှင့် အချိုပွဲကို

ဒေါ်မိုးမိုးထွန်း (MA- 1) က လှူဒါန်းပါသည်။

သတင်းနှင့် ပြန်ကြားရေး
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
ရွှေပြည်သာ
28.02.2026 (Saturday)

Address

Btw Corner Of Nawarat Market & U Uttama Street, 8 Quarter, Shwepyitha Tsp
Yangon

Opening Hours

Monday 12:00 - 17:00
Tuesday 12:00 - 17:00
Wednesday 12:00 - 17:00
Thursday 12:00 - 17:00
Friday 12:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Yangon Buddhist University - Shwe Pyi Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share