ပညာရေးနှင့်ကလေးစိတ်ပညာ Educational and Child Psychology by EduBurma.org

  • Home
  • Myanmar
  • Yangon
  • ပညာရေးနှင့်ကလေးစိတ်ပညာ Educational and Child Psychology by EduBurma.org

ပညာရေးနှင့်ကလေးစိတ်ပညာ Educational and Child Psychology by EduBurma.org ပညာရေးနှင့်ကလေးစိတ်ပညာ
Educational and Child Psychology

30/08/2025

ခြေသည်းတွေ.ခွာ.ခံ.ထားရပြီး မျက်နှာဖူ:ယော-င် လက်တွေခြေထောက်တွေ ယော-င်ကိုင်: နှိ-ပ်စ-က်.ခံ​.နေရ တဲ့မိန်းကလေးကို အမြန်က.ယ်တ.င်ပေးကြဖို့အကူအညီတောင်:ခံ.လာ
က.ယ်ပေးကြပါဦးဗျာ ကျေးဇူးပြုပီး သက်ဆိုင်ရာလူကြီးတွေသိပီး ကူညီနိင်အောင် ရှ-ယ် ပေးကြပါဦးခင်ဗျာ မန္တလေး ၆၈လမ်းနဲ့ သိပ္ပံလိမ်းထောင့်မှာပါ. သမီးလေးက မျက်နှာတွေလည်း ဖူ:ယော-င်ညိုမည်:.စွဲ.နေသလို ခြေသည်းတွေလည်း ခွာ-ခံ.ထားရပါတယ်.
လက်တွေကလည်း ယော-င်ကိုင်:ပြီး ကျို:နေပုံရပါတယ်. မေးစေ့က အန.ာက သွေ:တွေကလည်း လ.တ်လ.တ်ဆ.တ်ဆ.တ်ပါ. ဘယ်မိဘက ဒီလိုလု-ပ်မှာလဲဗျာ. အခုက နှိ-ပ်စ-က်ပြီး ခိုင်:စာ:နေတဲ့ပုံစံမျိုးပါ.
ငယ်ထိ-ပ်လည်း.ကွဲ.နေတာကို မိုးရေထဲတောင်:ခိုင်:နေတာပါ. ကျနော်ဘယ်တုန်းကမှ မီးပွိုင့်တွေမှာတောင်းတဲ့ က-လေ:တွေကို မပေ:ဖူးပါဘူး. ရမှန်းသိရင်ထ.ပ်ခိုင်:စာ:မှာစို:တာကြောင့်ပါ. ခု ဒီက-လေ:လေ:ကတော့ အတော်ကို ချိ.နဲ့-နေပါပြီ. စကားတောင်ကောင်းကောင်း မပြော.ရဲ.ပါဘူး.
ကူညီပေးနိုင်မယ်ဆို ကူညီပေးကြပါခင်ဗျာ. ကျနော်လည်း တ.တ်နိုင်သလောက်ပါဝင်မှာပါ. မကြ-ည့်ရ-က်တော့လို့ပါ. ဆေ:ခန်:ပို့ပေးချင်တာပါခင်ဗျာ. ကူညီပေးကြပါဦး လို့ မန္တလေးက အစ်ကို တစ်ယောက်က အကူအညီတောင်:ခံ.ခဲ့တာ ဖြစ်ပါတယ်.
အဆိုပါ မိန်းကလေးကို သမီးနေကောင်းရဲ့လား ဘာ.ဖြ.စ်တာ.လဲ.လို့ မေးတော့ ကာ:တို-က်တာလို့ ဖြေခဲ့တာ တွေ့ရပါတယ်. သူမဟာ အဆိုပါလမ်းထောင့်မှာ အခြား တောင်:ရမ်:သူတွေနဲ့အတူ ရှိနေတာဖြစ်ပါတယ်.

19/08/2025

ကျွန်တော်တို့ သောက်လိုက်တဲ့ လက်ဖက်ရည်တစ်ခွက်ရဲ့ အခိုးအငွေ့တွေဟာ ကလေးတစ်ယောက်ရဲ့ အနာဂတ်တစ်ခုလုံးကို ဖုံးကွယ်ထားနိုင်တယ်ဆိုတာကို ဘယ်နှစ်ယောက်များ သတိထားမိပါသလဲ။

ဒီမေးခွန်းက ကျွန်တော့်ကို အမြဲတစေ ခြောက်လှန့်နေတယ်။ မနေ့ကပဲ မြို့ထဲက လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်မှာ ကျွန်တော်ထိုင်နေခဲ့တယ်။ ပလတ်စတစ်စားပွဲပုလေးတွေကြားထဲမှာ လူးလားခေါက်တုံ့ လှုပ်ရှားနေတဲ့ ကလေးလေးတစ်ယောက်။ အသက်အားဖြင့်တော့ ၁၀ နှစ်၊ အလွန်ဆုံးရှိမှ ၁၁ နှစ်ပဲ ဖြစ်လိမ့်မယ်။ သူ့အရွယ် ကလေးတွေ ကျောင်းစာအုပ်နဲ့ ဘောပင်ကိုင်ရမယ့်အချိန်မှာ သူကတော့ လက်ဖက်ရည်ခွက်တွေ၊ ပန်းကန်တွေထပ်ထားတဲ့ လင်ဗန်းကြီးကို ကျွမ်းကျင်စွာ ကိုင်ပြီး စားပွဲတွေကို ရှင်းလင်းပေးနေတယ်။ သူ့မျက်လုံးတွေက ပင်ပန်းနွမ်းနယ်နေပေမယ့် သူ့ရဲ့လှုပ်ရှားမှုတွေက စက်ရုပ်တစ်ကောင်လို အသားကျနေပြီ။
ညဉ့်နက်တဲ့အထိ အလုပ်လုပ်၊ ဆိုင်နောက်ဖေးက ဖျာတစ်ချပ်ပေါ်မှာ ခွေခေါက်အိပ်။ သူ့ရဲ့ကမ္ဘာလောကကြီးဟာ ဒီလက်ဖက်ရည်ဆိုင်လေးပါပဲ။

ကျွန်တော် တွေးကြည့်မိတယ်။ သူ့ရဲ့မိဘတွေ...။ သူတို့ဟာ သားသမီးကို မချစ်တဲ့ ရက်စက်တဲ့လူတွေလား။ ကျွန်တော့်ရင်ထဲက အလိုလိုဖြေမိတယ်၊ "မဟုတ်ဘူး" တဲ့။ နယ်က သူတို့ရဲ့ ထန်းလက်မိုး၊ ထရံကာ တဲအိမ်လေးထဲက ညတစ်ညကို မြင်ယောင်ကြည့်လိုက်ပါ။ ကလေးတွေရဲ့ ဗိုက်ဆာသံတိုးတိုးလေးတွေကြားမှာ၊ တိုးပြီးရင်းတိုးနေတဲ့ ငွေချေးစာချုပ်ရဲ့ အရိပ်အောက်မှာ သူတို့ ဘယ်လို အိပ်စက်နိုင်မှာလဲ။ သူတို့မှာ ရွေးချယ်စရာတစ်ခုပဲ ရှိခဲ့တယ်။ ဒါဟာ ရွေးချယ်မှုလို့ခေါ်လို့မရတဲ့ ရွေးချယ်မှုတစ်ခုပဲ။ အနာဂတ်တစ်ခုကို ရင်းပြီး နောက်အနာဂတ်တစ်ခုကို ဝယ်ယူခြင်းပဲ။

"အကြီးဆုံးသားလေးကတော့ စာတော်တယ်၊ သူ့ကိုတော့ ကျောင်းဆက်ထားရမယ်။ အငယ်ဆုံးသမီးလေးကလည်း နို့ပြတ်ကာစ၊ သူ့အတွက် ဆန်ပြုတ်လေးတော့ ရှိမှဖြစ်မယ်။" ဒီလိုအတွေးတွေကြားထဲမှာ သူတို့ရင်ဘတ်တွေ ဘယ်လောက်တောင် ကွဲကြေနေမလဲ။ အဆုံးမှာတော့ အလတ်ကောင်လေးရဲ့ ကလေးဘဝကို မြို့ပေါ်က လက်ဖက်ရည်ဆိုင်မှာ အပ်နှံလိုက်ရတယ်။ ဒါဟာ မိသားစုတစ်ခုလုံး မပြုတ်မပြုန်းရေးအတွက် တစ်ယောက်က သူ့ရဲ့အနာဂတ်ကို ယဇ်ပူဇော်လိုက်ရတဲ့ ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ်ပဲ။ သူတို့မိဘတွေရဲ့ နှလုံးသားထဲက ဒဏ်ရာဟာ ဘယ်တော့မှ ကျက်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဒီမိသားစုရဲ့ ကြေကွဲစရာရွေးချယ်မှုကို လက်ညှိုးထိုးဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိလို့လား။ "ကလေးတွေ အများကြီးမွေးကြတာကိုး" လို့ အလွယ်တကူ ကောက်ချက်ချလိုက်ရုံနဲ့ ပြီးမှာလား။
ကျွန်တော်တို့ မေးရမယ့် တကယ့်မေးခွန်းတွေက ပိုနက်တယ်။ ဒီမိသားစုကို ဒီလိုရွေးချယ်မှုမျိုးလုပ်အောင် ဘယ်အရာတွေက တွန်းပို့ခဲ့တာလဲ။ ဒီနေရာမှာတင် စဉ်းစားစရာတစ်ခုရှိလာတယ်။ နယ်က လယ်သမားဟာ သူပင်ပန်းကြီးစွာ စိုက်ပျိုးထားတဲ့ စပါးကို မတန်တဆဈေးနဲ့ ရောင်းချလိုက်ရတယ်။ မြို့ပေါ်က စက်ရုံအလုပ်သမား၊ ရုံးဝန်ထမ်းက အဲ့ဒီစပါးကနေဖြစ်လာတဲ့ ဆန်ကိုပဲ ဈေးကြီးပေးပြီး ပြန်ဝယ်စားနေရတယ်။ နှစ်ဦးစလုံး နစ်နာနေကြတယ်။

ဒါဆိုရင် အဲ့ဒီကြားထဲက ငွေတွေ၊ အကျိုးအမြတ်တွေ ဘယ်ကိုရောက်သွားလဲ။ လယ်သမားရဲ့ ချွေးနဲ့ မြို့နေလူတန်းစားရဲ့ လုပ်အားခကို ဘယ်သူတွေက စုပ်ယူနေတာလဲ။ ဒါဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကို လက်ညှိုးထိုးလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ဒါဟာ လူ့အသက်ထက်၊ လူ့ချွေးထက် အမြတ်အစွန်းကိုသာ ရှေ့တန်းတင်တဲ့ ဈေးကွက်စနစ်ကြီးရဲ့ ရက်စက်မှုပဲ။ လယ်ကွင်းထဲကနေ ကျွန်တော်တို့ရဲ့ ပန်းကန်ပြားထဲရောက်တဲ့အထိ ခရီးစဉ်တစ်ခုလုံးကို ချယ်လှယ်နေတဲ့၊ မျက်စိနဲ့မမြင်နိုင်တဲ့ လက်မည်းကြီးတွေရဲ့ အကြောင်းပဲ။ အဲ့ဒီစနစ်ကြီးရဲ့ ဒဏ်ကို နယ်က လယ်သမားမိသားစုကလည်း ခံရတယ်၊ မြို့ပေါ်က အခြေခံလူတန်းစားကလည်း ခံရတယ်၊ နောက်ဆုံးမှာတော့ ဒီလက်ဖက်ရည်ဆိုင်က ကလေးလေးလို အနာဂတ်တွေက ပေးဆပ်လိုက်ရတယ်။

အဲ့ဒီတော့ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ အလုပ်ရှာမရလို့ စိတ်ညစ်နေတဲ့ ဘွဲ့ရလူငယ်တစ်ယောက်၊ ဈေးကြီးလို့ သက်ပြင်းချနေရတဲ့ မြို့ပေါ်က အိမ်ရှင်မတစ်ယောက်၊ แล้วก็ လက်ဖက်ရည်ဆိုင်က ကလေးလေးရဲ့ ဘဝကြမ်းတမ်းမှုဟာ အတူတူပဲဆိုတာကို မြင်တတ်ဖို့လိုတယ်။ သူတို့အားလုံးဟာ လူ့အဖွဲ့အစည်းရဲ့ အောက်ခြေမှာရှိတဲ့ လူအများစုရဲ့ ချွေးစက်တွေကို အမြတ်ထုတ်နေတဲ့ စနစ်ကြီးတစ်ခုရဲ့ သားကောင်တွေဖြစ်နေကြတယ်ဆိုတာကို နားလည်ဖို့လိုတယ်။

အဲ့ဒီလို ဘုံအသိစိတ်ဓာတ်တစ်ခု ကျွန်တော်တို့ကြားမှာ မွေးဖွားလာတဲ့နေ့၊ ကိုယ့်ရဲ့တစ်ကိုယ်တော်ဒုက္ခဟာ တခြားသူတွေရဲ့ ဒုက္ခနဲ့ အမြစ်ချင်းဆက်နေတယ်ဆိုတာကို သဘောပေါက်သွားတဲ့နေ့ကျရင်... အဲ့ဒီနေ့ဟာ လက်ဖက်ရည်ခွက်ထဲက အခိုးအငွေ့တွေကြားမှာ ပျောက်ဆုံးနေတဲ့ ကလေးဘဝတွေကို ပြန်ရှာတွေ့မယ့် ပထမဆုံးခြေလှမ်းဖြစ်လာပါလိမ့်မယ်။ အဖြေက အချင်းချင်း အပြစ်တင်နေတာထက်၊ အတူတကွ နားလည်မှုတည်ဆောက်ခြင်းကနေ စတင်တာပါ။

18/12/2024
သုံးကြည့်ကြပါအုံး
15/07/2024

သုံးကြည့်ကြပါအုံး

အမေ့အမွေဆောင်းပါးလေးတစ်ပုဒ် လွန်ခဲ့သော ၁၀ နှစ်ခန့်က ကျွန်တော် ကလေးစိတ်ပညာဆောင်းပါးလေးများ အပတ်စဉ်လို ရေးနေတော့ အမေနှင့် ...
29/04/2024

အမေ့အမွေဆောင်းပါးလေးတစ်ပုဒ်

လွန်ခဲ့သော ၁၀ နှစ်ခန့်က ကျွန်တော် ကလေးစိတ်ပညာဆောင်းပါးလေးများ အပတ်စဉ်လို ရေးနေတော့ အမေနှင့် အဖေ အတော် ဝမ်းသာကြပါသည်။ ကျွန်တော်လည်း တာဝန်ထမ်းဆောင်စရာတွေများလာ၍ ဆက်မရေးဖြစ်တော့ သော်လည်း Education Digest နှင့် Academic Weekly Journal များတွင် ဆောင်းပါး ၂၀၀ လောက်တော့ လေ့လာတင်ပြရေးသားဖြစ်ခဲ့ပါသည်။ အမေနှင့် အဖေက ကျွန်တော့် ဆောင်းပါးများကို ဖတ်ကာ သူတို့ အမြင်ဖြင့် အမြဲဝေဖန်ပေးလေ့ရှိကြသည်။ အမေက ကျွန်တော့် ဆောင်းပါးတစ်ပုဒ်အကြောင်း ပြောဆို ဆွေးနွေးစဉ် “ သားကိုသာပြောပြောနေတာ အမေကိုယ်တိုင်လည်း စာလေးဘာလေးရေးပါဦး အမေ ရဲ့ “ ပြောသောကြောင့် အမေ လွန်ခဲ့တဲ့ ၉ နှစ်ခန့်က ကျွန်တော့်ကို ဆောင်းပါးလေးတစ်ပုဒ် ရေးပေးရှာပါသည်။ ၂၀၂၄ ဧပြီလ ၁၃ ရက်မှာ အမေ ကွယ်လွန်တော့ ကျွန်တော်လည်း အမေ့အမှတ်တရ လေးများရှာရင်း ပြန်တွေ့ ရသည့် အောက်ပါ ဆောင်းပါးလေးကို အမွေအဖြစ် သိမ်းဆည်း မိပါတော့သည်။

အရင်းစစ်တော့ အမြစ်မြေက
နုယဉ်ဝင်း (သပြေကန်)

အရင်းစစ်တော့ အမြစ်မြေက ဟူသောဆိုရိုးစကားကို မြန်မာတို့အမြဲပြောဆိုလေ့ရှိကြပါသည်။ အပင်တစ်ပင်ရှင်သန်ကြီး ထွားဖို့ရာမှာမြေကြီးသည် အခြေခံအဓိကအရေးအကြီးဆုံးဖြစ်သည်ဟု ဆိုလိုရင်းဖြစ်လေသည်။ စိုက်ပျိုးသူ၏ဂရုတစိုက်ရှိခြင်း၊ နေ၊ ရေ၊ လေပြည့်စုံစေခြင်း၊ မြေသြဇာကျွေးမွေးခြင်း စသည်တို့ပြည့်စုံခဲ့မည်ဆိုပါလျှင် ထိုသစ်ပင်သည်အချိန်တန်သည့်အခါ ခက်လက်ဝေဖြာစွာဖြင့် သီးပွင့်လာမည် အမှန်ပင်ဖြစ်ပါသည်။

ထို့အတူ-
လူသားတစ်ဦးဖြစ်လာဖို့ မိဘ ဟူသည် ပင်မအခြေခံဖြစ်သည်။ ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်အရွယ်မှ စတင်ကာ အမျိုးမျိုးသောပြုစုယုယမှုများဖြင့် သားသမီးကိုစောင့်ရှောက်ရသူများမှာ မိဘများပင်ဖြစ်သည်။ တင်စားပြောဆိုရဦး မည်ဆိုလျှင် မိဘတိုင်းသည်လောကကြီးကိုတည်ဆောက်အလှဆင်ရာတွင် အခြေခံအကျဆုံးအုတ်မြစ်ပင်ဖြစ်သည်ဟု ပြောချင် ပါသည်။
ပတ်ဝန်းကျင်တွင် မကြာခဏ ကြားနေရတတ်သောစကား အချို့ရှိပါသည်။ သူများသားသမီးလေးတွေများ တော်လိုက်ကြတာ၊ ငါတို့သားသမီးတွေနဲ့များကွာပါ့ ဟူ၍ မချင့်မရဲ ပြောကြသူမိဘအချို့စကားများပင်ဖြစ်သည်။ မိဘတိုင်း မိဘတိုင်း ကိုယ့်သားသမီးများ ကိုတော်စေချင် တတ်စေချင်ကြသည်မှာ ဓမ္မတာစြဖ်ပသေည်။ သို့သော်
ထိုသားသမီးလေးများကို မည်သို့သင်ရမည် ကိုင်တွယ်ရမည်ကို သေချာ သိခြင်းမသိခဲ့ကြခြင်းက အရေးကြီးသည် အမှန်ပင်။

လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဖ ဟူ၍ဆိုကြသည်။ သားသမီးတို့၏လက်ဦးဆရာသည် မိဘနှစ်ပါးပင်ဖြစ် ပါသည်။ မိဘ၏တာဝန်သည် အလွန်ကြီးပါသည်။ ဝမ်းမှကျွတ်ပြီဟေ့ ဆိုကတည်းကိုက ကိုယ့်သားသမီးရဲ့ခြေလှုပ်လက်လှုပ်တာ ကအစအမြဲကြည့်နေရသည်။ ဘာလိုလဲ၊ ဘာဖြည့်ပေးရမလဲ တွေးနေရသည့်မိဘတွေပဲဖြစ်သည်။

အရွယ်ကလေးနဲနဲရပြီ။ ကျောင်းနေစအရွယ်ရောက်ပြီဆိုလျှင်တော့ပိုပြီး ဂရုစိုက်ရပါတော့မည်။ ငယ်စဉ်ကာလ၊ စည်းကမ်းပြ၊ ဆုံးမခဲ့ပေ၊ ဒို့မေမေ ဟူသည့် ကဗျာလေးထဲမှ အတိုင်း ကိုယ့်သားသမီးစည်းကမ်းတကျရှိလာဖို့ အမျိုးမျိုးဆုံးမသွန်သင်ရသည်။ ကလေးဘဝတည်းက မကောင်းတာလေးတွေကိုတားမြစ်ပြီး ကောင်းတာလေးတွေ လမ်းညွှန်တတ်ရပေမည်။ အကျိုးအကြောင်းတွေနဲ့ ဝေဖန်ထောက်ပြတတ်ရပေမည်။ သားသမီးကိုထိန်းကျောင်းရာမှာလည်း မိခင်ရော ဖခင်ပါ ဟန်ချက် ညီစွာဖြင့်ရှိနေရပေဦးမည်။ နွေးထွေးသော မိဘမေတ္တာ ဂရုဏာ တို့ဖြင့် ယှဉ်တွဲနေသောစကားတိုင်းသည် သားသမီးတို့အတွက် ဘဝခွန်အားများဖြစ်နေစေရပေမည်။

မိမိတို့၏သားသမီးများကို နိုင်ငံချစ်စိတ်၊ အများအကျိုးဆောင်ရွက်လိုသောစိတ်၊ မိမိတို့ကိုးကွယ်ရာဘာသာရေး ကိုလေးစားယုံကြည် သက်ဝင်စေသောစိတ်တွေရှိလာစေရေးလည်း အမြဲပြောဆိုသင်ပြတတ်ရပေမည်။ မိဘတိုင်းကိုယ့်သားသမီး ကိုချစ်မည်ဆိုလျှင် မျက်စိနှစ်လုံးကိုအမြဲဖွင့်ထားဖို့တော့လိုပေသည်။ သားသမီး၏လှုပ်ရှားပြောဆိုဟန်များကို အမြဲဂရုပြုနေရ ပေမည်။

ကျောင်းနေစအရွယ်ရောက်ပြီဆိုသည်နှင့် မိဘအပြင် ဆရာ၊ ဆရာမတွေရှိလာတော့မည်။ သူငယ်ချင်း အပေါင်းအသင်းများ ရှိလာကြတော့မည်။ အထူးသဖြင့် ပတ်ဝန်းကျင်နဲ့ ဆက်သွယ်လာရတော့မည်မှာ အမှန်ပင်။ ကျောင်းမသွားခင် ဆရာ၊ ဆရာမ တွေကို မည်သို့ရိုသေလေးစားရမည်၊ ပတ်ဝန်းကျင်မှာတွေ့ရသော လူကြီးသူမ များနှင့် တွေ့သည့် အခါတွင်လည်း မည်သို့ရိုသေစွာ ဆက်ဆံပြောဆိုရမည်၊ ကျောင်းစာကိုသင်ယူရာမှာ လေးလေးစားစား နားထောင်တတ်နိုင်ဖို့အပြင် စာအုပ်၊ ခဲတံ၊ ဘောပင်၊ ကိုယ့်ပစ္စည်းကိုယ့်ဥစ္စာကို စနစ်တကျကိုင်တွယ်သုံးစွဲတတ်ဖို့၊ ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့ မကျန်အောင် မမောနိုင်မပမ်းနိုင် သင်ကြားရမည်က မိဘများပင်ဖြစ်ပါသည်။

မိဘတိုင်း အပြောမပျင်းဖို့တော့လိုလေသည်။ ပုံတိုပတ်စပြောတတ်ရုံတင်သာမက ရုပ်မြင်သံကြားဇာတ်လမ်းကြည့်ရင်း နဲ့ကို ဆုံးမသွန်သင်တတ်နေရမည်က မိဘပင်ဖြစ်သည်။ ကိုယ့်ကလေးကို ထမင်းကျွေးရုံ၊ အဝတ်ဆင်ရုံ၊ ကျောင်းထားပေရုံနဲ့ ငါတို့တာဝန်ကျေပြီဟုတော့ မိဘတွေမတွေးမိကြ ဖို့တော့လိုသည်ဟု စာရေးသူဆိုချင်ပါသည်။ ကျောက်ရိုင်းတစ်တုံးကို လှပပြီးတန်ဖိုမဖြတ်နိုင်အောင်ရှိစေချင်ရင်တော့ သွေးလဲ သွေးတတ်ရပေမည်။ ဒါ့အပြင် စိတ်လည်းရှည်ရမည်က အမှန်ဖြစ်ပါသည်။

ကိုယ့်သားသမီး မည်သို့အရည်အသွေးရှိပါသလဲ အမြဲအကဲခက်နေရမည်က မိဘဖြစ်သည်။ ကျောင်းကပြန်လာလို့ သားကကျောင်းမှာဘယ်လို၊ သမီးကကျောင်းမှာဘယ်လို စသည်ဖြင့် ကျောင်းကနေအိမ်ပြန်ရောက်သည့်အခါတိုင်း ကလေးတွေ ဟာမိဘကို အမြဲပြန်ပြောလေ့ရှိကြသည်။ ဒါကို ဂရုတစိုက်နားထောင်ရမည်မှာလည်း မိဘပင်ဖြစ်သည်။ သူတို့ပြောသမျှကို မပျင်းမရိ (သို့မဟုတ်) မအားသည့်ကြားကနားထောင်ပြီး အဆိုးအကောင်းဝေဖန်တတ်နေရမည်က မိဘပင်ဖြစ်သည်။

အထူးသဖြင့် သားသမီးတွေစာဖတ်ဝါသနာပါလာအောင်လည်း သိမ်းသွင်းတတ်ရပေမည်။ စာကောင်းပေမွန်ကိုလည်း ရွေးချယ်ဖတ်တတ်စေဖို့ အစပျိုးပေးရမှာကမိဘပင်ဖြစ်သည်။ ကျောင်းမှာ သူ့ဆရာ၊ ဆရာမတွေ သင်မှာပဲ ငါတို့ပူစရာမလိုပါဘူး ငါတို့ကလေးကျောင်းရောက်ပြီး စာသင်နေရင်ပြီးတာပဲဟူသောအတွေးမျိုးကို တချို့သောမိဘများတွေး တတ်ကြသည်ကိုလည်း စာရေးသူကြုံဖူး၊ တွေ့ဖူးပါသည်။ ကလေးက စာဖတ်ဝါသနာပါလို့ ကြုံရာစာအုပ်ကိုဖတ်ကြည့်ဖို့ ကောက် ကိုင်ပြန်လျှင်လည်း ကျောင်းစာကျက်တာအချိန်လျော့သွားမှာစိုးလို့ ဆိုပြီး ပိတ်ပင်သော မိဘများလည်း အများကြီးတွေ့ကြုံခဲ့ ရသည်။

ခေတ်နှင့်အညီ အရာရာတိုးတက်ပြောင်းလဲနေသလို မိဘတိုင်းခေတ်နှင့် အမှီလိုက်ပြီး တိုးတက်နေဖို့လည်း လိုပေသည်။
ခေတ်နှင့်အမှီဆိုရာတွင် မိဘဆိုသူအချို့ ဆံပင်နီကြောင်ကျားနဲ့ စကတ်အတို၊ ဘောင်းဘီပေါင်ရင်းလောက် ဝတ်ပြီး ခေတ်မှီနေကြတာတွေ ဆိုလိုတာတော့မဟုတ်ပါ။ မိဘသည် သားသမီးတို့၏စံပြဖြစ်နေရပေမည်။ စံပြမဖြစ်တောင်မှ မိမိမွေးထားတဲ့သားသမီးကိုတော့ အများကစံပြ အဖြစ်နဲ့ နမူနာယူနိုင်လောက်အောင် သွန်သင်ဆုံးမလမ်းညွှန်ပြနေတတ်ရမည်ဟု ဆိုချင်သည်။ သို့မှလည်း မိကောင်းဖကောင်း ဖြစ်ပေလိမ့်မည်။

သူများသားသမီးတွေများ တော်လိုက်ကြတာ၊ ငါ့သားသမီးတွေနဲ့ဆက်စပ်လို့ မရအောင်ပါပဲဟု ညည်းတွားတတ်ကြ သည့် ထိုမိဘများနဲ့တွေ့လေတိုင်း ရင်ထဲမှာနင့်အောင်ခံစားရသည်။ ဘာများလိုခဲ့သောကြောင့်ပါလိမ့် စဉ်းစားလဲ ကြည့်မိပါ၏။
သားသမီးများ ပြောဟန်ဆိုဟန်လှုပ်ရှားပုံ၊ နေထိုင်ရသည့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းစသည်များကို အရွယ်အလိုက် မျက်ခြေမပျက် လေ့လာခဲမည်ဆိုလျှင် ထိုသို့ မဖြဖ်တန်ရာ။ များသောအားဖြင့် ကလေးအတော်များများသည် လိမ္မာချင်ရက်နဲ့ မလိမ္မာတော့ဘဲ ဆိုးသွားကြတာတွေတွေ့တိုင်း အမြဲသုံးသပ်လေ့လာခဲ့မိသည်။ အဓိကအရေးအကြီးဆုံးက မိဘများ ပင်ဖြစ်သည်။ သူတို့ မည်သို့ မည်ပုံ ကိုင်တွယ် ထိန်းကျောင်းခဲ့လေသနည်း။ ပတ်ဝန်းကျင်ကမကောင်းသောကြောင့် စသည်ဖြင့် ဘာညာပြောချင်ဆိုချင် စောဒကတက်ချင်သည့် မိဘများကိုလည်းတွေ့ဖူးသည်။ အဖိုးကြောင့် အဖွားကြောင့် ပတ်ဝန်းကျင်ကြောင့် ဆင်ခြေ ပေးကြသည်။ အဓိကက မိဘပဲဖြစ်သည်။

သစ်တစ်ပင် ရှင်သန်ဖို့ရာ အဓိကကျသည်မှာ ရပ်တည်ရာမြေကြီးပင်။ သားသမီးကောင်းမွန်စွာကြီးပြင်းဖို့ရာမှာလည်း မိဘက အရေးကြီးဆုံး အမှန်ပင်ဖြစ်သည်။ ကလေးဆိုသည် ဖယောင်းရုပ်ကလေးများကဲ့သို့ ဖြစ်၏။ သိမ်မွေ့နုနယ်၏ ဖြူစင် အပြစ်ကင်း၏။ တန်ဖိုးမြင့်သည်ထက်မြင့်အောင် ကောင်းမြတ်သော အတွေးအခေါ်၊ ဗဟုသုတ၊ ကိုယ်ကျင့်တရားများဖြင့် ပုံဖော် အလှဆင် ပေးရမည်ဖြစ်ပေသည်။ အညွန့်လေးတလူလူဖြင့် တန်ဖိုးမြင့်သောသူများကို လူ ဟုခေါ်၏။ လူသား၏ ကောင်းမြတ်မှုများကို အရင်းစစ်လျှင်တော့ အမြစ်သည်မြေကြီးထဲတွင်ပင်ရှိပါသတည်း။
နုယဉ်ဝင်း (သပြေကန်)

English လိုတော်ဖို့ ဖတ်သင့်တဲ့ ဘာသာစကား လေ့လာခြင်းဆိုင်ရာ  သုတေသီတို့ ပြောစကားများ (၂) Behaviourismခင်စန္ဒာဝင်း (EduBurm...
07/02/2024

English လိုတော်ဖို့ ဖတ်သင့်တဲ့
ဘာသာစကား လေ့လာခြင်းဆိုင်ရာ သုတေသီတို့ ပြောစကားများ (၂)
Behaviourism

ခင်စန္ဒာဝင်း (EduBurma ) နှင့် ရန်နိုင်စိုးညွန့် (EduBurma) တို့ ပူးပေါင်းတင်ဆက်ပါသည်။
What is Behaviorism?
ယခင်တစ်ပတ်က Nativism အကြောင်း တင်ပြပြီးပါပြီ။ ။ ဒီတစ်ပတ် နောက်သီအိုရီတစ်ခုတူတူလေ့လာ ကြပါစို့။ စိတ်ပညာသီအိုရီတစ်ခုဖြစ်တဲ့ Behaviorism က ဘာသာစကားသင်ကြားရေးအတွက် တန်ဖိုးရှိတဲ့ရှု့ထောင့်တွေ၊ သင်ကြားသင်ယူနည်းနာတွေ ပေးပြန်ပါတယ်။ Behaviorism က ချီးမွမ်းအားပေးခြင်း၊ အတုယူလုပ်ဆောင်ခြင်း၊ အလေ့အထဖြစ်စေခြင်းတွေက ဘာသာစကား သင်ကြားရေး၊ တတ်မြောက်ရေးမှာ အရေးပါတာကို အဓိက ရှင်းပြတယ်။
Ivan Pavlov နဲ့ J. B. Watson တို့ အဆင့်ဆင့် ပြောပြခဲ့တဲ့ Behaviorism အမူအကျင့် ဆိုင်ရာ သီအိုရီ ကို အမေရိကန် စိတ်ပညာရှင် B.F. Skinner က ပိုပြည့်စုံတဲ့အထိ အဓိက ဆက်လက် ရှင်းပြပေးခဲ့ပါတယ်။ ဘာသာစကားသင်ယူတတ်မြောက်ခြင်းအပါအဝင် သင်ယူတတ်မြောက်ခြင်းမှန်သမျဟာ အလေ့အထအမူအကျင့်ဖြစ်စေခြင်း(ပြုစုပျိုးထောင်လေ့ကျင့်ခြင်း) ၊ အားပေးအားမြှောက်ပြုခြင်း တို့ရဲ့ ရလာဒ်တွေ ဖြစ်တယ်လို့ သူက ယုံကြည်တယ်။
ဘာသာစကားသင်ကြားရေးနဲ့ အမူအကျင့် ဘာပတ်သက်သလဲ။
အောက်ပါ အချက်သုံးချက်ဟာ Behaviourism အရ ဘာသာစကားတတ်မြောက်ခြင်းအတွက် အရေးပါသည့် အချက်သုံးခုဖြစ်ပါတယ်။
(၁) Learning Through Imitation: အတုယူရင်းတတ်မြောက်တာ
သူ့အဆိုအရ ဘာသာစကားသင်ယူခြင်းအများစုဟာ သူများတွေ ပြောဆိုအသုံးပြုတာကို လိုက်ပြီး အတုယူပြုလုပ်ခြင်း က လာတယ်။ ကလေးတွေဟာ လူကြီးတွေ ပြောတာကို လိုက်ပြောတယ်။ ဟုတ်တယ် တော်တယ် စသည်ဖြင့် မှန်ကြောင်း သူတို့ကို လူကြီးက တုန့်ပြန်တာရရင်း ဆက်ပြောကျင့်ရင်းတတ်သွားကြတယ်ပေါ့။ အဲဒီတော့ ဆရာတွေ မိဘတွေရဲ့ တာဝန်သည် အတုယူနိုင်အောင် လုပ်ပေးဖို့ တာဝန်ဖြစ်တယ်။
(၂) Reinforcement and Repetition: အားပေးအားမြှောက်ပြုခြင်း နှင့် ထပ်တလဲလဲ ပြုမူခြင်း
ကလေးတစ်ယောက်က စကားလုံး၊ စကားစုတစ်ခုကို မှန်အောင်လိုက်သုံးတဲ့ အခါ၊ လူကြီးတွေက ချီးမွမ်း အားပေးတယ်။ ဒါက အကြိမ်ကြိမ်သုံးစေတယ်။ အကြိမ်ကြိမ်သုံးတော့ သူပိုတတ်မြောက်တယ်။
(၃) Conditioning: ပြုစုပျိုးထောင်လေ့ကျင့်ပေးမှု (သို့) အလေ့အထဖြစ်စေခြင်း
စကားလုံး၊စကားစုတွေက လှုံ့ဆော်ပေးသော အရာ stimuli ဖြစ်တယ်၊ သူတို့ အနက်အဓိပ္ပါယ်ဆောင်မှုတွေက ပြန်တုံ့ပြန်ခြင်း responses တွေဖြစ်တယ်လို့မြင်တယ်။ ဥပမာ ခွေးကို မြင်ရမြင်ရတိုင်း dog ဆိုတဲ့ စကားလုံးကို ကြားဖန်များတဲ့အခါ ဒီ နှစ်ခု (stimulus+response) dog ဆိုတဲ့ စကားလုံးနဲ့ တကယ့်အကောင်ကိုတွဲမိ သွားတယ်။ သိသွားတယ်။ ဒါက Behaviorism က ဘာသာစကားသင်ကြားရေး ကိုရှုမြင်ပုံဖြစ်တယ်။ အထက်ပါ အလေ့အထဖြစ်စေခြင်း၊ပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်း (conditioning) က သင်ယူမှုဖြစ်စေတယ်ဆိုတယ်။

Behaviorism အယူအဆချည်းသာဆိုရင်တော့ မပြည့်စုံနိုင်ခြင်း
Behaviorism ဟာ ဘာသာစကားသင်ကြားရေးဆိုင်ရာအတွက် တန်ဖိုးရှိတဲ့ အသိအမြင်တွေ ပေးခဲ့တာမှန်တယ်။ သို့သော် ဘာသာစကားသင်ကြားရေးသဘောသဘာဝကို Behaviorism တစ်ခုတည်းနဲ့ ပြည့်စုံအောင်ရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဆောင်းပါး ၁ မှာ ဆွေးနွေးခဲ့တဲ့ nativism အပါအဝင် နောက်ဆောင်းပါးတွေမှာ ဆက်တင်ပြမယ့် သီအိုရီတွေပေါင်းမှ ပိုမိုပြည့်စုံမှာဖြစ်တယ်။
ယနေ့ခေတ်မှာ ဘာသာစကားသင်ကြားရေးကို သီအိုရီပေါင်းစုံပေါင်းစပ်ရှုမြင်သုံးသပ်ကာ တိုးတက်အောင်ဆောင်ရွက်ကြရတာဖြစ်ပါတယ်။ အခုတော့ ထုံးစံအတိုင်း Behaviourism က ဘာသာစကားသင်ကြားရေးအတွက် အကြံပြုထားတာလေးတွေကို ထပ်ဖြည့်မှတ်ကြစို့။

ဆရာ၊ဆရာမများ သတိပြုဖွယ်များ
(၁) Positive Reinforcement ချီးမွမ်းအားပေးမှု
သင်ယူသူတွေရဲ့ အားထုတ်မှု၊ တိုးတက်မှု၊ ဘာသာစကားကို မှန်ကန်စွာသုံးလာနိုင်မှုကို ချီးမွမ်းအားပေးတာ တွေပုံမှန်လုပ်ဖို့လိုတယ်။ ဒါဟာကျောင်းသားတွေရဲ့ သင်ယူလိုစိတ်ကို ပိုတိုးစေတယ်။ Positive Reinforcement က အမျိုးမျိုးရှိတယ်။ ဥပမာ စကားလုံးသစ်သင်တယ်။ ရလာတယ်။ သုံးတတ်လာတယ်။ Excellent! Good Job! စတာသည်ဖြင့် နှုတ်အားဖြင့် လုပ်ပေးနိုင်တယ်။ စတစ်ကာလေးတွေ၊ သကြားလုံးလေးတွေ စသည် ဆုလေးတွေ ပေးတာလည်းပါတယ်။ လုပ်ထားတဲ့ Assignment အောက်မှာ ချီးမွမ်းအားပေး စာသားလေးတွေရေးပေးတာ။ စသည်ဖြင့် နည်းမျိုးစုံရှိပါတယ်။

(၂) Structured Repetition and Practice: ပုံစံချထားပေးတဲ့အတိုင်း ထပ်တလဲလဲ ကျင့်စေခြင်း၊
ဥပမာ present perfect သင်လိုက်တယ်ပေါ့လေ ကျတော်တို့ အလွယ်ခေါ်နေကြ has/have V3 အသုံး တွေထဲက တစ်ခုသင်တယ်ဆိုပါဆို့၊ Have you ever ….? ဆိုတာလေးကို အမေးအဖြေအကြိမ်များစွာ ကျင့်ပေးမယ်ပေါ့။
ဘယ်လိုလုပ်မလဲ ကလေးတွေကို စာရွက်ပိုင်းလေး တစ်ခုစီပေးထား အဲ့ စာရွက်ထဲ Verb Phrase လေးတွေ မတူတာလေးတွေပါမယ်။ travel by train, fall out of bed, dream of a ghost …စသည်ပေါ့။
ကလေးတွေကို အဲ့တာမလုပ်ခင်တော့ အဲ့စာလုံးတွေ သိထားစေရမယ်၊ အဲ့ verb တွေရဲ့ past participle V3 ကိုလည်း သင်ထားပြီးပြီဆိုပါဆို့။

ကိုယ့်လက်ထဲရောက်နေထဲ စာရွက်ပိုင်းလေးထဲက စကားစုကို ကြည့် Have you ever… နဲ့ ဆက် သူငယ်ချင်းကိုမေး၊ သူကဖြေ။ ပြီးရင် သူငယ်ချင်းက လည်း သူ့ စာရွက်ထဲက စကားစုကို ကြည့် ပြန်မေး၊ ကိုယ်ကဖြေ... ပြီးရင်စာရွက်လဲ...
အခြားနောက်သူငယ်ချင်း ဆယ်ယောက်ပြည့်တဲ့ အထိလုပ်။ အတန်းထဲ လိုက်ပြီး Have you ever travelled by train?/ fallen out of bed… စတဲ့ အဲ့ Structured မေးခွန်းတွေ တ၀ကျင့်လိုက်ရတယ်။ ပြောခွင့်ရတယ်။ အတန်းထဲ ပတ်မေးနေရတော့ ပျော်ဖို့လည်းကောင်းတယ်။

(၃) Modeling and Imitation: နမူနာပြ လိုက်လုပ်စေခြင်း
ဟုတ်ပြီအပေါ်က အဲ့လို drill နဲ့ တကယ်မကျင့်ခင် ဘာလုပ်ရမလဲ။ နမူနာလုပ်ပြရမယ်။ လိုက်ပြီးလုပ်ခိုင်းကြည့်ရမယ်။ ဥပမာ ကျောင်းသားတစ်ယောက်ရွေး သူနဲ့ အရင် စာရွက်လဲတဲ့ အထိ အရင်ကျင့်ပြ။
ဆရာ - Have you ever fallen out of bed?
ကျောင်းသား - No, I have never fallen out of bed.
ကျောင်းသား - Have you ever travelled by train?
ဆရာ - I have travelled by train many times….
ဘာလုပ်ရမလဲ သေချာလုပ်ပြပြီးမှ ကျောင်းသားတွေကို အပေါ်က structured practice လုပ်ခိုင်းတာဖြစ်ရမယ်။

(၄) Immediate Feedback + Constructive Correction
ချက်ခြင်းပြင်ပေး၊ ဘာလိုနေတာလဲ (စိတ်မညစ်စေပဲ) သိအောင်ပြော
ကဲခုနက ပြောတဲ့ structured practice လုပ်နေချိန် ဆရာက အတန်းထဲ ပတ်နားထောင်နေတုန်း Have you ever fell out of bed? ကြားတယ်ဆိုပါစို့။ Have you ever fallen …?အဲ့လို ချက်ချင်းပြင်ပေးရမယ်။ Use past participle/V3 သုံးဟဲ့... လိုရင်း ပြင်ရမှာကို သိအောင် feedback ပေးရမယ်။

ဒါက ဥပမာပေးတာပါ။ အခြားသော အတန်းတွင်း activities များစွာ နှစ်ယောက်တစ်တွဲ pair work တွေ ၊ ဇာတ်တိုက်လေ့ကျင့် role play တွေ များစွာ ဟာ Behaviourism သဘောတွေပါတယ်။ ကျောင်းသင်ရိုးသစ်တွေ၊ language coursebook တွေက pair work/ role play စတာတွေဟာ ဒီသဘောပါပါတယ်။ behaviorism စတဲ့ သီအိုရီပိုင်းတွေကို နားလည်ထားတဲ့ ဆရာက ပိုမို ထိရောက်စွာလေ့ကျင့်ပေးနိုင်တာပေါ့နော်။

For Self-Study Learners
Self-Study လုပ်ရသူတွေအတွက် အကြံပြုချက်
(ဒါတွေက Behaviourism ရှုထောင့်က ဘာသာစကားသင်ယူရေးကို ကြည့်တဲ့ အခါ အသုံးတည့်မည့် အကြံပြုချက်လေးတွေပေးခြင်းဖြစ်ပါတယ်။ )
(၁) Repetitive Learning: အဖန်ဖန်လေ့ကျင့်သင်ယူခြင်း။ သတ်သတ်မှတ်မှတ်လေ့ကျင့်ခြင်း
1. အဖန်ဖန်လေ့ကျင့်သင်ယူခြင်းက မှတ်မိစေတယ်။ ကျွမ်းကျင်စေတယ်။ မိမိလေ့လာထားတဲ့ ဝေါဟာရတွေကို သဒ္ဒါစည်းကမ်းတွေကို အသုံးပြုလေ့ကျင့်ရာမှာ တစ်ခါတည်းနဲ့မရဘူးဆိုတာ သိထားရပါမယ်။ ဥပမာ ဆိုပါစို့ Learn English British Council Website မှာ အခမဲ့လေ့လာစရာတွေ အဲံ့ဒီမှာရှိတယ်။ အဲ့ဒီ Website က Grammar Section မှာရှိတဲ့ Past Simple သင်ခန်းစာလေး လေ့လာလိုက်တယ်ဆိုပါစို့။ ရှင်းပြချက်တွေ လေ့ကျင့်ခန်းတွေ ပြီးသွားပြီ ၊ အဖြေလည်း အဲ့မှာ Feedback နှိပ်လို့ သိပြီးပြီ။ ကိုယ်က အဖြေတွေ အကုန်မမှန်သေးဘူးပေါ့...ဒါဆိုဘာလုပ်မလဲ....လေ့ကျင့်ဖို့လိုသေးတာလေ၊ ပျင်းလည်းမပျင်းရအောင် အခြား Website တစ်ခုက Past Simple ရှင်းပြချက်၊လေ့ကျင့်ခန်း တွေထပ်လေ့လာလေ့ကျင့်ကြည့်ပါလား၊ ဥပမာဆိုပါစို့ Engo4u website grammar section က Past Simple လေးထပ်လုပ်ကြည့်။ နှစ်ထပ်ရှိ မှတ်မိ ပိုကျွမ်းကျင် ပိုနားလည်သွားမှာပါ။
(၂) Listening and Mimicking: နားထောင်ပါ၊လိုက်ဆိုပါ၊ အသံသွင်းပါ၊ယှဉ်ကြည့်ပါ။
Behaviourism ရှုထောင့်ကပြောရရင် native speaker တွေ ပြောတာ နားထောင်ဖို့လိုမယ်၊လိုက်ပြောကြည့်မယ်။ ဒါက imitation လို့ ဆိုခဲ့တဲ့ အပိုင်းကိုး။ လုပ်ကို လုပ်သင့်တယ်။ self-study သမားဆို language contact အတွက် အဲ့လိုစနစ်တကျလုပ်ဖို့က ဒီဘက်ခေတ် အတော်လွယ်သွားပြီ။ YouTube, Facebook စတာတွေ မှာ topics အစုံ Video အတိုလေးတွေရှိတယ်။
ဥပမာ YouTube မှာဆို English Speeches လို့ရိုက်ရှာ တစ်ခု နားထောင်ကြည့်၊ နောက်တစ်ခေါက်မှာ ပြောနေသူနဲ့ တူအောင်လိုက်ပြောကြည့် ၊ ပြီးရင် နောက်ဆုံးတစ်ခေါက်မှာ video ကို mute လုပ် subtitle ကည့် ကိုယ့်ဘာသာပြော အသံသွင်း။ အဲ့လိုဆို ဗဟုသုတလည်းရ အသံထွက်လည်း မှန်လာမယ်။
အခြေခံက စမယ်ဆို Oxford Advanced Learners Dictionary PC software မှာ Ispeaker ဆိုတဲ့ Section လေးပါတယ်။ အဲတာကိုသုံး စကားလုံး၊ စကားစု၊ ဝါကျ၊ လေယူလေသိမ်း၊ အဖိအဖော့ အသံထွက်၊ အသုံးဝင်သော စကားစု Functional Language များကို တော်တော်ထိထိရောက်ရောက်ကျင့်နိုင်တယ်။ အပေါ်က နံပတ် ၁ အချက်တော့ရှိရမယ်နော် မှန်မှန်လုပ်ရမယ်ဆိုတဲ့အချက်။
Speakometer ဆိုတဲ့ software လေး PlayStore/AppStore က download ဆွဲပြီး အသံထွက်တွေလေ့ကျင့်လို့ရတယ်။
(၃) Use of Rewards: ကိုယ့်ကိုကိုယ် ဆုချပါ။
ကိုယ့်ကိုကိုယ်လည်း ဆုပေးလို့ရတယ်။ ငါဒီနေ့ ဘာတွေလေ့ကျင့်လိုက်ပြီ ရသွားပြီ၊ မုန့်လေးဝယ်စားမယ်။ ဘာလုပ်မယ်ညာလုပ်မယ် စသည်ဖြင့်ပေါ့။ နောက်တစ်ခုက အောင်မြင်မှုမှတ်စုစာအုပ်လေးရေးထားတာမျိုး၊ road map လေးမှာ အမှန်ခြစ်ခြစ်သွားတာမျိုး...စသည်ဖြင့်ပေါ့လေ။
(၄) Immediate Feedback သုံးသပ်ချက် ချက်ခြင်းရလေကောင်းလေ
အပြောအတွက် feedback က Duolingo, Elsa speak စတာတွေသုံးရင် အတော် အသုံးတည့်မယ့် constructive feedback လေးတွေ သူတို့ AI စနစ်က အလိုလိုပေးတာရမယ်။ ကွန်ပျူတာရှိရင်တော့ Duolingo စားမေးပွဲဖြေဖို့လေ့ကျင့် တဲ့ DET Ready website မှာ acc ဖွင့်ပြီး 4 skills ဘယ်ဟာမဆို စုစုပေါင်း လေ့ကျင့်ခန်း 10 ခုလောက်ကျင့် feedback ချက်ခြင်းရတယ်။ Essay ဘာညာကတော့ GPT တို့ bard တို့ကို feedback တောင်းလေ။

တိုက်တွန်းလိုသော အချက်များ
ဘာသာစကားသင်ကြားရေး၊ သင်ယူရေး ဆိုတာ နိုင်ငံတကာမှာ အတော်ခိုင်မာစွာလေ့လာထားကြတဲ့နယ်ပယ်ဖြစ်လို့ အထောက်အကူပြုမဲ့ သီအိုရီအမြင်တွေ လေ့လာစရာတွေ အင်တာနက်မှာ များစွာ ရှိပါတယ်။ ELT နယ်ပယ်နဲ့ အလှမ်းဝေးနေသေးတဲ့ ဆရာဆရာမများ အဲတာတွေကို လေ့လာတဲ့အခါ လွယ်ကူစေဖို့ ရယ်၊ သင်ယူသူတွေလည်း သင်ယူခြင်း မှာ မိမိကိုယ်ကို ပိုမိုနားလည်ကာ ထိရောက်မှုပိုရှိစေဖို့ရယ် ရည်ရွယ်ကာ ဆောင်းပါးများ စဉ်ဆက်မပြတ်ရေးသားပေးသွားဖို့ EduBurma က ကြိုးစားပါမယ်။
English Level B1 B2 လောက်ရှိပြီဆိုရင်တော့ Teaching English British Council Website မှာ အခုလို အကြောင်းအရာတွေကို လေ့လာနိုင်မယ့် short course လေးတွေ လစဉ် အခမဲ့ တက်ရောက်ပြီး Certificate လေးများပါရရှိနိုင်ပါတယ်။
ပြီးတော့ MmTESOL page မှာလည်း မြန်မာ ELT Professional များက မကြာခဏ Webinar များကျင်းပလေ့ရှိပါတယ်။ (Comment မှာ Link လေးတွေပေးမယ်နော်။)
ကြေငြာလေးတစ်ခုဝင်ရမယ်ဆိုရင်တော့ အဆင့်မြင့်ပညာတွေ နိုင်ငံတကာနယ်ပယ်နဲ့ ချိတ်ဆက် ဆည်းပူနိုင်ရေး မှာ လိုအပ်တဲ့ ဘာသာစကားစွမ်းရည် အတွက် EduBurma မှာ elementary က စလို့ regular တန်းလေးတွေ level အမျိုးမျိုး ရှိသလို ကလေးများအတွက် Life Skill English regular တန်းလေးတွေရှိတယ် ဆိုတာကိုလည်း သတင်းကောင်းပါးလိုက်တယ်ခင်ဗျား။
ရန်နိုင်စိုးညွန့် (EduBurma) နှင့် ခင်စန္ဒာဝင်း (EduBurma) တို့ ပူးပေါင်းတင်ဆက်ပါသည်။
Bibliography
1. B.F. Skinner's Original Works:
• Skinner, B. F. (1957). "Verbal Behavior". Copley Publishing Group.
• Skinner, B. F. (1938). "The Behavior of Organisms: An Experimental Analysis". B.F. Skinner Foundation.
2. Books and Articles on Behaviorism in Education:
• Watson, J. B. (1930). "Behaviorism". The University of Chicago Press.
• L. W. Michael, & J. C. Moore (2011). "The Basic Principles of Behaviorism". Journal of Applied Behavior Analysis.
3. Modern Analyses and Critiques:
• Schunk, D. H. (2012). "Learning Theories: An Educational Perspective". Pearson.
• Moore, J. (2013). "Tutorial: Cognitive Behaviorism and Behavior Analysis". The Analysis of Verbal Behavior.
4. Applied Behavior Analysis in Education:
• Cooper, J. O., Heron, T. E., & Heward, W. L. (2007). "Applied Behavior Analysis". Pearson.
5. For Historical Context and Broad Overviews:
• Thorne, J., & Henley, T. (2005). "Connections in the History and Systems of Psychology". Houghton Mifflin.
• Todes, D. P. (2014). "Ivan Pavlov: A Russian Life in Science". Oxford University Press.

ဘာသာစကား နဲ့ သင်ကြားရေး ဆိုင်ရာ Psycholinguistics Article များ Link
Nativism
https://m.facebook.com/story.php?story_fbid=pfbid09ZyxmqdjwGFqFcFDSndjaX78zMAj7ibxSRngJgry8DztNBXsyBCmJAa7SmSmYGNJl&id=100077568789254&mibextid=Nif5oz
Behaviourism
https://m.facebook.com/story.php?story_fbid=pfbid0UonZocX1eWsSJXXncCPpWDKxiuyp6JsXu2ycje38MXPZqFBGJXo8CxswJJVqFQ45l&id=100077568789254&mibextid=Nif5oz
Academic English ဆိုင်ရာ ဆောင်းပါးများ
https://m.facebook.com/story.php?story_fbid=pfbid0PeDtmhHD8Hz2fJUamrfPKW6prg99bvLTyN4KcvFCjcRQ8ZFjTEzWzTHnqFwnLpPTl&id=100077568789254&mibextid=Nif5oz

Essay ရေးနည်းလမ်းညွှန်ဆောင်းပါးပေါင်းချုပ်
Essay ရေးတတ်ဖို့ 1
https://m.facebook.com/story.php?story_fbid=203621512233474&id=100077568789254
Essay ရေးတတ်ဖို့ 2
https://m.facebook.com/story.php?story_fbid=203626025566356&id=100077568789254
Essay ရေးတတ်ဖို့ 3
https://m.facebook.com/story.php?story_fbid=203674662228159&id=100077568789254
Essay ရေးတတ်ဖို့ 4
https://m.facebook.com/story.php?story_fbid=203854842210141&id=100077568789254
Essay ရေးတက်ဖို့ 5
https://m.facebook.com/story.php?story_fbid=205300735398885&id=100077568789254
ေးတက်ဖို့ 6
https://www.facebook.com/100077568789254/posts/205694325359526/
Essayရေးတက်ဖို့ 7
https://m.facebook.com/story.php?story_fbid=252151577380467&id=100077568789254&mibextid=Nif5oz
Essayရေးတက်ဖို့ 8
https://m.facebook.com/story.php?story_fbid=253712197224405&id=100077568789254&mibextid=Nif5oz
Essayရေးတက်ဖို့ 9
https://m.facebook.com/story.php?story_fbid=pfbid02pKXZATjoi6tLqajAhNtsp6qgyPSKomCV5mUb219BnZaHcXEpejAgxbEvXuVibYCjl&id=100077568789254&mibextid=Nif5oz

ကလေးစိတ်ပညာဆောင်းပါးအချို့
Moral Development
https://m.facebook.com/story.php?story_fbid=pfbid0j44pd7j2yTiKbMCq2vzZ3MW7iSQ9dLp6Hen6gkzNM8iqg9wcxZPtFd1mWdgJ3NFGl&id=100077568789254&mibextid=Nif5oz
Belief System in Children
https://m.facebook.com/story.php?story_fbid=pfbid02bAhBy7zjXajbirbF4JvRS73VSbdEVvQfzufzomHN1zbk5SPVsLagnvNVaTJ8Wknul&id=100077568789254&mibextid=Nif5oz
Child Psychology Article on Metacognition
https://m.facebook.com/story.php?story_fbid=pfbid02FJK46T9g6GKPc9x9Vd8XdQUGBb3kpccvunrwzLotqxwu8X6P2pBrHws1Hhq9wQz2l&id=100057080275545&mibextid=Nif5oz

သင်ကြားခြင်းနဲ့သင်ယူခြင်းပိုမိုထိရောက်စေဖို့ ဘာသာစကား နဲ့ သင်ကြားရေး ဆိုင်ရာ  သုတေသီတို့ ပြောစကားများ (၁)EduBurma ဘာသာဗေ...
04/02/2024

သင်ကြားခြင်းနဲ့သင်ယူခြင်းပိုမိုထိရောက်စေဖို့
ဘာသာစကား နဲ့ သင်ကြားရေး ဆိုင်ရာ သုတေသီတို့ ပြောစကားများ (၁)

EduBurma

ဘာသာဗေဒစိတ်ပညာရှင်များက ဘာသာစကား သင်ယူကြပုံကို သီအိုရီ လေးမျိုးနဲ့ ရှင်းပြကြတယ်။ အားလုံးကတော့ သူ့ရှုထောင့်တဲ့နဲ့ သူ အသုံးဝင်တဲ့ အကြံတွေပေးတယ်။ လေ့လာသင်ကြားနည်းတွေပေးတယ်။ ဒီတစ်ခေါက်တော့ Nativism က ဘာပြောသလဲကြည့်ကြစို့။
လေ့လာနေသူ၊ သင်ကြားနေသူများ အသုံးတည့်နိုင်မယ်ရည်ရွယ်ပါတယ်။
1. Nativism (ဇာတိပညာပါပြီးသား ဆိုတဲ့ သီအိုရီ)
Noam Chomsky က ပြောတယ်။ လူတွေဟာ ဘာသာစကားတွေ တတ်အောင်သင်နိုင်စွမ်းနဲ့ကို မွေးလာတာဖြစ်တယ်။ ဦးနှောက်ထဲမှာကိုက အဲ့ဒီလုပ်ဆောင်ချက်အတွက် ပရိုဂရမ်ပါပြီးသား။ အဲ့တာကို သူက Universal Grammar လို့ဆိုတယ်။ အဲ့ဒီအသိလေးက ပါပြီးသားပေါ့။ သူ့ကို သုံးပြီးတတ်အောင်လုပ်ရတယ်။ သူရှင်းပြတာအများကြီးထဲကမှ အဓိကတွေ ကိုပြောပြမယ်နော်။
၁ ယုံကြည်မှုသိပ်အရေးကြီးတယ်။
ကျောင်းသားကလည်း ငါလုပ်ရင်ဖြစ်ကိုဖြစ်မှာ တတ်ကိုတတ်မှာ မုချယုံကြည်ထား။ ဆရာတွေကလည်းကျောင်းသားတွေကို ယုံကြည်မှုခိုင်မာနေစေဖို့ အားပေး။ တိုးတက်မှုတွေရှိလာရင် မြင်အောင်ပြ။ စတာတွေ အရေးကြီးတယ်။
၂ ဘာသာစကားအထိအတွေ့
ဘာသာစကားဟာ အထိအတွေ့ရလေတတ်မြောက်လေလို့ မြင်တယ်။ ဆိုလိုတာက အတန်းထဲ စာသင်သလို သင်တဲ့ Learning လည်းရှိပေမယ့် သင်တဲ့ ဘာသာစကားကို လက်တွေ့ပြောသုံးနေတဲ့ ဝန်းကျင်ရှိလို့ အလိုလို ထိတွေ့ရင်း သုံးတတ်လာတဲ့ Acquisition က ပိုအရေးပါတယ် ပြောတာ။ ဒီကိစ္စမှာ နှစ်ပိုင်းရှိပြန်တယ်။ ကလေးတွေအတွက်တစ်မျိုး၊ လူကြီးတွေအတွက်တစ်မျိုး ဆွေးနွေးစရာရှိတယ်။
(က) ကလေးတွေအတွက်
အသက်ငယ်လေကောင်းလေတဲ့။ လူပျိုဖော်အပျိုဖော်ဝင်တဲ့ အထိ ကလေးအရွယ်မှာ ကာလတစ်ခုရှိတယ် ။ ဘယ်အရွယ်က ဘယ်အထိ ရယ်လို့တော့ အတိအကျ တော့ ပြောရခက်တယ်။ Critical Period လို့ခေါ်တယ်။ အဲ ဒီကာလမှာ ဘာသာစကားအထိအတွေ့ ရရင် ဘာသာစကားကို တစ်ခုထက်ပိုတတ်နိင်တယ်ဆိုတာပေါ့။ ဒါကြောင့်လည်း လူတွေ မိခင်ဘာသာစကားတတ်လာကြတယ်။ တချို့တွေ ကတော့ နှစ်ခုထိတွေ့တော့ နှစ်မျိုးပြောတတ်တဲ့ bi-lingual လေးတွေဖြစ်တယ်။ Critical Period ဘယ်တော့စလဲကတော့ သေချာပြောရခက်ပေမယ့် အဓိက ကတော့ စောလေကောင်းလေ တဲ့။ သတိပြုရမှာ က စာသင်တာပြောတာမဟုတ် ဘာသာစကားကို သဘာဝအတိုင်းလူတွေနဲ့ ပြောဆိုထိတွေ့ သုံးခွင့်ရတာကို ဆိုလိုတယ်။
(ခ)
ဒုတိယတစ်ခုက အရွယ်ရောက်သူတွေ သင်ယူရာမှာပေါ့။ ကလေးတွေလိုပါပဲ natural language exposure သဘာဝအတိုင်း ဘာသာစကားကို ပြောဆိုထိတွေ့ တာ အရေးပါတယ်။ အဲဒီအတွက် ကတော့ စာသင်ခန်းထဲက activities တွေက သဘာဝကျလေကောင်းလေပေါ့။ အဲလို အချိန်မျိုးမှာ target language နဲ့သာ ပြောဆိုသင့်တယ် ဆိုတာမျိုးပေါ့။ ဒါပေမယ့်
Understand Universal Grammar Concepts ဆိုတာက ရှိသေးတယ်။ ဒါကို လည်း သုံးရမယ်။ ဘာသာစကားတွေမှာပေါ့ အနည်းနဲ့ အများဆိုသလို ဆင်တူတဲ့ စည်းမျဉ်းလေးတွေရှိတယ်။ မိခင်ဘာသာစကား L1 ရဲ့ သဒ္ဒါစည်းမျည်းတွေ သေချာနားလည်ထားသူဟာ အခြားဘာသာစကား L2 သင်ယူရာမှာလည်း ပို မိုလွယ်ကူတယ်လို့ Jim Cummins' Theory of Linguistic Interdependence က ဆိုတယ်။ ဆိုလိုတာက target language ပဲသုံးရမယ် ဆိုတာကြီးပဲ ပုံသေ မှတ်မရဘူး။ ။ မိခင်ဘာသာစကားနဲ့ နှိုင်းယှဉ် မှတ်ရင် ပို သိတာမျိုးတွေရှိတယ်။ နောက်ပြီး metalinguistic awareness ဘာသာစကားဆိုတာ ဒါပါလား ဒီလိုပါလား သဘောတရားလေးတွေကို သတိပြုမိလာမယ်။
အဲတော့ သုတေသနလေးတွေ ပေါ်အခြေပြုပြီး Nativism အမြင်အရ အကြံပြုချက်တွေ ပြန်စုမယ်။
၁ ကလေးတွေအတွက်
1. Early Exposure - စောစာထိတွေ့စေပါ။ (စာသင်ခိုင်းတာ မဟုတ်ဘူးနော်။)
2. Natural Language Environments - သဘာဝအတိုင်း ဘာသာစကားကို ပြောဆိုထိတွေ့ ပါစေ
3. Encourage Natural Learning - သဘာဝအတိုင်းလေးတတ်တတ်သွားတာမျိုးဖြစ်အောင်အားပေး။ English လိုပြော၊ကစား၊သွားလာ၊သီချင်းဆို၊ ပုံပြင်နားထောင်၊ကာတွန်းကားကြည့် သဘာဝအတိုင်းနော် ။ ပြီးတော့ နေ့စဉ်ဘဝမှာ “ဒီကိုလာ” ပြောမယ့်အစား come here လို့ ပြောလိုက်တာမျိုးပေါ့။
4.Incorporate Songs and Rhymes - သီချင်း၊ ကဗျာ စတာတွေ ကို သုံး အကြိမ်ကြိမ်ထိတွေ့လည်း သူတို့ပျော်မယ်။
5. Focus on Listening and Speaking - နားထောင်ခြင်း ပြောခြင်းကို ပိုလုပ်။ စာသင် စာဖတ်စာရေး ကနောက်။
6. Positive Reinforcement - ချီးကျူးအားပေး
7. Storytelling and Reading Aloud - ပုံပြင်ဖတ်ပြ
8. Allow for Natural Development - သဘာဝအတိုင်းလေးသူ့အရှိန်နဲ့သူရတာမျိုးဖြစ်ပါစေ။ ဖိအားမပေးနဲ့။
9. Social Interaction with Peers - ရွယ်တူတွေဆီကလည်း သင်ရတာမို့ အခြားကလေးတွေနဲ့ ကစားပြောဆိုဆက်ဆံရင်း သိလာတာမျိုးဖြစ်အောင် လုပ်ပေး။ အဲ့လိုပြောမယ့် ကလေးတွေ ကြားထား။ အဲ့လို ဝန်းကျင်လေး ဖန်တီးပေးပေါ့။

၂ လူကြီးတွေအတွက်
1. Leverage Innate Linguistic Abilities ဇာတိလာမွေးရာပါ ဘာသာဗေဒစွမ်းရည်မြင့်အောင်လုပ်။ critical period ကျော်ပြီးပေမယ့် လူကြီးမှာလည်း အဲ့စွမ်းရည်ကျန်သေးတယ်။ ဥပမာ ကိုရီးယားကားကြည့်ပါများ ကိုရီးယားလို ဘယ်လိုပြောသလဲ သတိထားကြည့်သူဆို အလိုလို သိလာတာတွေရှိတယ်လေ။
2. Exposure to Native Language Environments သင်ယူတဲ့ ဘာသာစကားကို ပြောဆို အသုံးပြုသူတွေကြားထဲ နေ၊ ဇာတိစွမ်းရည်ပြ အမြန်တတ်မယ်ပြောတယ်။
3. Understand Universal Grammar Concepts ဘုံသဒ္ဒါ သဘောကို သိအောင်လုပ်၊ ဘာသာစကားတွေက တစ်ခုနဲ့ တစ်ခု မတူဘူးဆိုပေမယ့် သဘောတရား အခြေခံတွေက တူပုံတွေ အများကြီးရှိတယ်။ ဥပမာ အိမ်၊ home ဒါတွေက နာမ်တွေ၊ သတိထားကြည့်ရင် အိမ်မှာ at home ဆိုတာ နေရာပြစကားစုလေးဖြစ်စေဖို့ မြန်မာက နေရာပြ ဝိဘတ်နောက်ကထည့်တယ်၊ English က ရှေ့မှာ preposition ထည့်တယ်။ ရှေ့နောက်သာ မတူတာ ထပ်ထည့်ရတာလေးကို သတိပြုမိရင် Preposition သဘောကို သိတာပေါ့။
4. Practice Regularly ပုံမှန်လည်း လေ့ကျင့်
5. Utilize Modern Learning Tools ခေတ်မီသင်ကြားနည်းတွေသုံး။ ခုခေတ်မှာ သဘာဝအတိုင်း native တွေနဲ့ ထိတွေံရသလိုမျိုးကို interactive ဖြစ်တဲ့ ဆော့ဖ်ဝဲတွေ ၊ သင်ခန်းစာတွေများစွာရှိတယ်။ ဥပမာ ELSA Speak လိုမျိုးတွေသုံးပေါ့။

ဒါတွေဟာ Noam Chomsky ရဲ့ ဘာသာစကားသင်ကြားရေ Nativism သီအိုရီအမြင်နဲ့ တိုက်တွန်းချက်တွေဖြစ်ပါတယ်ခင်ဗျား။ ဘာသာဗေဒ စိတ်ပညာ ဆိုင်ရာ များကို တတ်စွမ်းသမျှ အများသူငှာ နားလည်အောင် တင်ပြပေးခြင်းပါ။ ဆက်လက်ပြီးအသေးစိတ်ထပ်မံ ရှာဖွေလေ့လာနိုင်ကြပါတယ်ခင်ဗျာ။
References:
Chomsky, N. (1965). "Aspects of the Theory of Syntax". MIT Press.
Cummins, J. (1981). "The role of primary language development in promoting educational success for language minority students." In Schooling and language minority students: A theoretical framework. Los Angeles: California State University, Evaluation, Dissemination and Assessment Center.

Address

Yangon
11021

Alerts

Be the first to know and let us send you an email when ပညာရေးနှင့်ကလေးစိတ်ပညာ Educational and Child Psychology by EduBurma.org posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to ပညာရေးနှင့်ကလေးစိတ်ပညာ Educational and Child Psychology by EduBurma.org:

Share