AIB - AMARA Institute of Business

AIB - AMARA Institute of Business A Place where you can learn and grow.

SOP အတိုင်း အတိအကျ လိုက်လုပ်သောအခါ
31/10/2024

SOP အတိုင်း အတိအကျ လိုက်လုပ်သောအခါ

 ်ထမ်းတွေကို Feedback ပြန်ပေးဖို့ Manager တွေလုပ်ရမယ့် အချက် ( ၇ ) ချက်မန်နေဂျာတွေအနေနဲ့ဝန်ထမ်းတွေကို Feedback ပြန်ပေးရတ...
30/10/2024

်ထမ်းတွေကို Feedback ပြန်ပေးဖို့
Manager တွေလုပ်ရမယ့် အချက် ( ၇ ) ချက်

မန်နေဂျာတွေအနေနဲ့ဝန်ထမ်းတွေကို Feedback ပြန်ပေး
ရတာ သိပ်မလုပ်ချင်ကြပါဘူး။ဒါပေမယ့်လည်း ဝန်ထမ်းတွေဘက်က
ကျတော့ သူတို့လုပ်နေတာတွေ အဆင်ပြေရဲ့လား၊
အထက်လူကြီးကသဘောကျရဲ့လားဆိုတာလဲ
သိဖို့လိုအပ်တာမို့ မန်နေဂျာတွေအနေနဲ့ဝန်ထမ်းတွေကို
Feedback ပြန်ပေးရတဲ့အခါ သိထားသင့်တဲ့
အချက် ( ၇ ) ချက် ကို ပြန်မျှဝေပေးလိုက်ပါတယ်။
အဲဒါတွေကတော့ -

( ၁ ) ကြိုတင်ပြင်ဆင်ပါ။ ကိုယ်ဘာပြောသင့်သလဲ၊ ဘာပြောရမှာလဲ
ကြိုစဉ်းစားပြီးမှ ပြောဖို့လုပ်ပါ။

( ၂ ) အချိန်မီလုပ်ပါ - တစ်ခုခု အမှားအယွင်း ချွတ်ချော်တာဖြစ်
လာပြီ တွေ့ရပြီဆိုတာနဲ့ ချက်ခြင်းပြုပြင်နိုင်အောင် အချိန်မီပြောပါ။

( ၃ ) သီးသန့်တွေ့ဆုံပါ - လူကြားသူကြားထဲမှာ Feedback
ပေးတာမျိုးမလုပ်သင့်ပါဘူး။ ကုန်ကုန်ပြောရရင် ချီးကျူးတာကိုတောင်
လူအများသိအောင်လုပ်တာမျိုးဟာ ဝန်ထမ်းတိုင်းမကြိုက်တတ်ကြပါဘူး။

( ၄ ) အချက်အလက်နဲ့ပြောပါ - လူပုဂ္ဂိုလ်ကိုဦးတည်တာ
မဟုတ်ဘဲနဲ့ လုပ်ရပ်ကို ဦးတည်ပြီး အချက်အလက်၊
အထောက်အထားနဲ့ Feedback ပေးပါ။

( ၅ ) အဖြေကိုကူစဉ်းစားပေးပါ - ဝန်ထမ်းတွေမှားခဲ့ရင်တောင်
ဘယ်လိုပြင်ဆင်ရမလဲ၊ ဘာလုပ်သင့်လဲဆိုတာကို လမ်းညွှန်
ပေးဖို့ကြိုးစားပါ။

( ၆ ) ဝန်ထမ်းဘက်ကအမြင်ကို ပြန်တောင်းခံပါ - ဝန်ထမ်းတွေမှာ
လဲ ပြောစရာတွေရှိနေတတ်ပါတယ်။ သူတို့ဘက်ကအမြင်တွေကလဲ
ပြည့်စုံချင်မှ ပြည့်စုံမှာလို့ပြောလို့ရပေမယ့် သူတို့ဆီက
ပြန်သင်ယူရမယ့်အရာတွေလဲ ရှိနိုင်ပါတယ်။

( ၇ ) ပြဿနာကိုပဲ Feedback မပေးပါနဲ့ - ဝန်ထမ်းက
ကြီးကြီးမားမားအမှားလုပ်မိတော့မှ Feedback ပေးတာကလဲ
မန်နေဂျာတွေရဲ့ အမှားတစ်ခုပါ။ အမှိုက်ကစပြာဿဒ်မီးလောင်
မဖြစ်ဖို့လိုပါတယ်။ အမှားသေးသေးကလေးကိုမြင်နေ
ကတည်းက စပြီး Feedback ပေးပါ။









တကယ်လို့များအကြောင်းကြောင်းကြောင့် ရုတ်တရက် အလုပ်ကအဖြုတ်ခံရရင် ဒါတွေလုပ်ပါ - ( ၁ ) ဖြစ်လာတဲ့အခြေအနေကို လက်ခံလိုက်ပါ။ ကို...
28/10/2024

တကယ်လို့များအကြောင်းကြောင်းကြောင့် ရုတ်တရက်
အလုပ်ကအဖြုတ်ခံရရင်

ဒါတွေလုပ်ပါ -
( ၁ ) ဖြစ်လာတဲ့အခြေအနေကို လက်ခံလိုက်ပါ။ ကိုယ့်ကိုယ်ကို
အပြစ်မတင်မိပါစေနဲ့။

( ၂ ) အလုပ်ကရခဲ့တဲ့သင်ခန်းစာတွေကို ပြန်သုံးသပ်ပါ။

( ၃ ) နောက်အလုပ်သစ်ရှာဖို့ ကိုယ့်ရဲ့ Network ကိုပြန်
ဆက်သွယ်ပါ။

( ၄ ) အလုပ်လိုချင်ဇောနဲ့ နောက်အလုပ်သစ်ကို အလျင်စလို
မဝင်လိုက်ပါနဲ့။ သေချာစဉ်းစားပါ။

( ၅ ) အားလပ်ချိန်လေးရပြီမို့ကိုယ်ပိုင် အလုပ်သစ်လေးတစ်ခု
စလုပ်ကြည့်ဖို့ကြိုးစားပါ။

( ၆ ) ပိုင်ရှင်က အလုပ်ထုတ်တာထက် စနစ်က အလုပ်ထုတ်တာ
ဖြစ်ဖို့များတာကို မမေ့ပါနဲ့။

( ၇ ) တခါတလေကျတော့ အလုပ်ဖြုတ်ခံလိုက်ရလို့ပိုကောင်း
သွားတာတောင်ဖြစ်နိုင်ပါတယ်။

( ၈ ) လုံး၀ ( လုံး၀ ) စိတ်ဓါတ်မကျပါနဲ့။








28/10/2024

ကောင်းဖြစ်ချင်ရင်

📌 စကားနည်းနည်းပဲပြောပါ။ များများနားထောင်ပါ
📌 ကိုယ့်စိတ်ကူးအကြံဉာဏ်တွေကို ချရေးတဲ့အကျင့်လုပ်ပါ
📌 ကိုယ့် Team ကိုနေ့တိုင်းအားပေးပါ
📌 နေရာတကာဝင်ပါတာကို ရှောင်ပါ
📌 စိတ်ကျန်းမာရေးကို ဦးစားပေးပါ
📌 ပဋိပက္ခကို မကြောက်ပါနဲ့။
📌 ကုမ္ပဏီကို သစ္စာရှိမယ့်အစား ကိုယ့်ကိုယ်ကိုသစ္စာရှိပါ။








27/10/2024

#နံမည်အကြီးဆုံးဥပဒေသ ( ၅ ) ခု

( ၁ ) Murphy Law - တစ်ခုခုဖြစ်လာမှာကိုကြောက်လေလေ၊ အဲဒီအရာဖြစ်လာဖို့များလေလေပါပဲ။

( ၂ ) Kidlin law - ဖြစ်နေတဲ့ပြဿနာကဘာလဲလို့ တိတိကျကျချရေးနိုင်ပြီဆိုရင် ပြဿနာကို တစ်ဝက်ဖြေရှင်းပြီးသားဖြစ်သွားပြီ။

( ၃ ) Gilbert law - လုပ်ရမယ့်အလုပ်တစ်ခုရှိလာပြီဆို အဲဒီအလုပ်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းကိုရှာကြံဖို့က ကိုယ့်တာဝန်ဖြစ်သွားပြီ။

( ၄ ) Wilson Law - ဉာဏ်ပညာနဲ့ဗဟုသုတကိုသာဦးစားပေးရှာမယ်ဆိုရင် ငွေကနောက်ကလိုက်လာပါလိမ့်မယ်။

( ၅ ) Falkland Law - ဆုံးဖြတ်ချက်မဖြစ်မနေချစရာမလိုရင် ဘာဆုံးဖြတ်ချက်မှမချမိပါစေနဲ့။








26/10/2024

#အလုပ်ကိုအရမ်းချစ်သလား။

ကောင်းတာပေါ့။

ဒါပေမယ့် ကိုယ့်ကိုယ်ကိုချစ်ဖို့လဲ မမေ့ပါနဲ့။

အလုပ်ကို အရမ်းအလေးထားလုပ်ကိုင်တာ သိပ်ကောင်းပါတယ်။

ဒါပေမယ့် ကိုယ့်ရဲ့တိုးတက်မှု၊ ကာယသုခ၊ စိတ္တသုခဲ့ ရေရှည်
ပန်းတိုင်တွေကို မမေ့ပစ်ပါနဲ့။

အောက်က လက္ခဏာ ( ၈ ) ခုကို ကိုယ့်ဆီမှာမြင်မိပြီဆိုရင်
ကိုယ့်ကိုယ်ကိုဦးစားပေးဖို့ အချိန်ရောက်ပြီဗျ။

အဲဒီလက္ခဏာတွေကတော့

( ၁ ) အလုပ်ပြီးဖို့ကိုယ်ရဲ့လိုအပ်ချက်ကို လျစ်လျူရှုမိနေပြီဆိုရင်

( ၂ ) အိပ်ရေးပျက်လောက်တဲ့အထိ အလုပ်မှာအချိန်ကုန်နေပြီဆိုရင်

( ၃ ) အလုပ်နဲ့ပတ်သက်ရင် 24/7 ကိုတက်ကြွနေပြီဆိုရင်

( ၄ ) ကိုယ့်ဘ၀ရဲ့တိုးတက်အောင်မြင်မှုကို နောက်ပို့ထားမိပြီဆိုရင်

( ၅ ) ကိုယ့်အလုပ်တိုင်းကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့
ဦးစားပေးမိပြီဆိုရင်

( ၆ ) ဘာအလုပ်ပဲခိုင်းခိုင်း တစ်ခါမှ နိုးလို့မပြောမိဘူးဆိုရင်

( ၇ ) အလုပ်ကအနားယူရမှာကို၊ ခွင့်ယူရမှာကို အပြစ်ရှိတယ်
လို့ခံစားမိနေပြီဆိုရင်

( ၈ ) ကိုယ်တကယ်အလုပ်ကိုအစွမ်းကုန်လုပ်နေရဲ့လားလို့
ကိုယ့်ကိုယ်ကို သံသယဖြစ်မိနေရင်

ကိုယ့်ကိုယ်ကိုဂရုမစိုက်မိဘူးဆိုရင် ဒါဟာ အလုပ်ကိုအရမ်းချစ်နေတာတော့ မဟုတ်ဖူး။ ဦးစားပေးမှာနေတာ။ အချိန်မီပြင်ပါ။

ဘယ်နှစ်ချက်လောက် ကိုက်နေသလဲ သတိထားမိရဲ့လားဗျာ။










25/10/2024

ရှုံးနိမ့်မှုဆိုတာ ကြောက်ရွံ့ရမယ့် ရှောင်ရှားရမယ့်

အရာမဟုတ်ပါဘူး။

ကိုယ့်အိပ်မက်ကို သွားရာလမ်းမှာမဖြစ်မနေကြုံဆုံရမယ့်၊

ရင်ဆိုင်ရမယ့်အရာသာဖြစ်ပါတယ်။

လုပ်ရမှာက လက်ခံလိုက်၊ သင်ယူလိုက်လုပ်ရင်းရှေ့ဆက်သွားဖို့ပါပဲ။ 🔑✨








နိုဝင်ဘာလ ၁ရက်နေ့သည် ဒီပါ၀လီနေ့ဖြစ်ပါသည်။
23/10/2024

နိုဝင်ဘာလ ၁ရက်နေ့သည် ဒီပါ၀လီနေ့ဖြစ်ပါသည်။

လစာဆိုတာဘာလဲ။ လစာဆိုတာ အလုပ်လုပ်ပေးတဲ့အတွက် လစဉ်ရရှိတဲ့သတ်မှတ်ထားတဲ့ ငွေကြေးပမာဏပါ။ လစာက စုစုပေါင်း (  ၇ ) မျိုးရှိတယ်ဗျ...
23/10/2024

လစာဆိုတာဘာလဲ။ လစာဆိုတာ အလုပ်လုပ်ပေးတဲ့အတွက်
လစဉ်ရရှိတဲ့သတ်မှတ်ထားတဲ့ ငွေကြေးပမာဏပါ။

လစာက စုစုပေါင်း ( ၇ ) မျိုးရှိတယ်ဗျ။ အဲဒါတွေက

( ၁ ) ကြက်သွန်နီလစာ - လစာစာအိတ်ကို ကိုင်လိုက်တယ်၊ ဖွင့်ကြည့်လိုက်တယ်။ မျက်ရည်တောက်တောက်ကျသွားတယ်။

( ၂ ) မုန်တိုင်းလစာ - မုန်တိုင်းဘယ်အချိန်တိုက်မလဲ၊ ဘယ်လောက်ကြာမလဲမသိသလိုဘဲ လစာကို ဘယ်အချိန်ရလာမလဲ၊ ဘယ်အချိန်ကုန်သွားမလဲမသိနိုင်ဘူး။

( ၃ ) ဓမ္မတာလစာ - တစ်လတစ်ကြိမ်ရတယ်။ ၃ ရက်လောက်ပဲကြာလိုက်တယ်။ မမြင်ရတော့ဘူး။

( ၄ ) မျက်လှည့်လစာ - မျက်လှည့်ပြလိုက်သလိုပဲ။ ကိုင်ပြီးသွားတာနဲ့ ပျောက်သွားရော။

( ၅ ) အတိတ်မေ့လစာ - ဘာမှမမှတ်မိတော့ဘူး။ လစာရပြီး ဘာအတွက်သုံးလိုက်မှန်းမသိဘဲ ကုန်သွားရော။

( ၆ ) အချိန်ခရီးသွားလစာ - မသွားမီကရောက်နှင့်သည်။ မရမီကကုန်နှင့်သည် ဆိုသလိုပဲ လစာမရခင်ကတည်းက ပေးရမယ့် အကြွေးတွေနဲ့တင်ကုန်နေပြီ။

( ၇ ) Active လစာ - အလုပ်လုပ်တာရပ်လိုက်တာနဲ့ လစာကမရတော့ဘူး။

ဘယ်လိုလစာမျိုးကိုယ်ရနေသလဲ သတိထားမိလား။








 #အလုပ်ပြောင်းသင့်တဲ့ လက္ခဏာ ( ၈ ) ခု( ၁ ) တနင်္ဂနွေ အိပ်မက်ဆိုးတွေ - တနင်္ဂနွေနေ့ ညနေဘက်ရောက်တာနဲ့ နောက်နေ့ရုံးတက်ရတော့...
21/10/2024

#အလုပ်ပြောင်းသင့်တဲ့ လက္ခဏာ ( ၈ ) ခု

( ၁ ) တနင်္ဂနွေ အိပ်မက်ဆိုးတွေ - တနင်္ဂနွေနေ့ ညနေဘက်ရောက်တာနဲ့ နောက်နေ့ရုံးတက်ရတော့မှာပဲလို့ စိတ်ပျက်တတ်လာရင်

( ၂ ) တိုးတက်လမ်းမရှိ - လက်ရှိရာထူး၊ တာဝန်မှာပဲရပ်နေပြီး တိုးတက်ဖို့ အခွင့်အလမ်းမရှိတော့ရင်

( ၃ ) ရည်ရွယ်ချက်ပျောက်နေရင် - အလုပ်သာလုပ်နေရတယ်၊ ဘာလို့လုပ်နေရမှန်းမသိဖြစ်နေရင်

( ၄ ) အဆိပ်သင့်ပတ်ဝန်းကျင် - အလုပ်ရဲ့ Culture ကိုကအလုပ်ကပြန်လာပြီဆိုရင် အင်အားတွေကုန်ဆုံးပြီး စိတ်ဓါတ်ကျဆုံးနေပြီဆိုရင်

( ၅ ) နေရာတကာဝင်ပါတဲ့မန်နေဂျာနဲ့ ကြုံရရင် - ကိုယ့်ကို ယုံကြည်မှုမရှိဘဲ တချိန်လုံး CCTV လိုကြည့်ပြီး ပြောဆိုတတ်တဲ့မန်နေဂျာနဲ့ကြုံနေရရင်

( ၆ ) အသိအမှတ်ပြုမခံရရင် - ကိုယ်ကြိုးစားလုပ်ကိုင်သလောက် အသိအမှတ်ပြုမခံရရင်

( ၇ ) စိတ်ဖိစီးမှုအရမ်းများနေရင် - အလုပ်ကြောင့်ကိုယ်ရောစိတ်ပါ ဖိစီးနေရင်

( ၈ ) ကျင့်ဝတ်စံနှုန်းတွေလွဲနေရင် - ကိုယ်ထားတဲ့တန်ဖိုးနဲ့ ကုမ္ပဏီရဲ့တန်ဖိုးလွဲနေပြီဆိုရင်

ဘယ်နှစ်ခုလောက်ကြုံနေရလဲဗျာ။









21/10/2024

၉၉% သောလူတွေက ခပ်တုံးတုံးနေရတာနဲ့ အဆင်ပြေနေကြတယ်။

၁% သောသူတွေကပဲ ရူးသွပ်ကြတယ်

ဒါပေမယ့် ရူးသွပ်တာကပိုကောင်းတယ်။








Address

Innwa Street
Yangon
11091

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959776762828

Website

Alerts

Be the first to know and let us send you an email when AIB - AMARA Institute of Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to AIB - AMARA Institute of Business:

Share