American University of Yangon
အမေရိကန်ပြည်ထောင်စုရှိ ကယ်လီဖိုးနီးယားနှင့် နယူးယောက်ပြည်နယ်တက္ကသိုလ်များ၏ ပထမနှစ်နှင့် ဒုတိယနှစ်ကို မြန်မာနိုင်ငံရှိ American University of Yangon (အမေရိကန်တက္ကသိုလ်ရန်ကုန်) တွင်တက်ရောက်နိုင်ပြီး တတိယနှစ်နှင့်နောက်ဆုံးနှစ်ကို အမေရိကန်အစိုးရတက္ကသိုလ်ကြီးများတွင် ဆက်လက်တက်ရောက်ရမည်ဖြစ်သည်။ ၂ နှစ် + ၂ နှစ် တက်ရောက်ပြီးအမေရိကန် Bachelor ဘွဲ့ ( B.A. သို့ B.Sc ) ရရှိမည်ဖြစ်ပါသည်။
တက္ကသိုလ်ဝင်တန်း (သို့) IGCSE ဖြေဆိုအောင်မြင်သူများ လျှောက်ထားနိုင်သည်။ မြန်မာနိုင်ငံတွင် တက်ရောက်ရသည့်တက္ကသိုလ်ပထမ ၂ နှစ်တွင် နိုင်ငံခြားပါမောက္ခများကိုယ်တိုင် အမေရိကန်တက္ကသိုလ်များ၏ သင်ရိုးညွှန်းတန်းအတိုင်း သင်ကြားပေးပါသည်။ ကျောင်းသား၊ ကျောင်းသူများသည် ပညာသင်ကြားမှုအပြင် အမေရိကန်သံရုံးနှင့် Save the Children မှ ထောက်ပံ့ထားသည့် ကျောင်းသူ၊ကျောင်းသားများ ဦးဆောင်သည့် လေထုသန့်စင်ရေးပရောဂျက်နှင့် အခြား လူမှုလှုပ်ရှားမှုများကိုလည်း လုပ်ဆောင်ပြီး အဘက်ဘက်မှ မျှတအောင် တွေးခေါ်နိုင်စွမ်းနှင့် ခေါင်းဆောင်နိုင်စွမ်းများကိုပါ လေ့လာရသည်။
American University of Yangon ၏ 2 + 2 University Pathway
ရန်ကုန်တွင် (၂) နှစ် + အမေရိကန်တက္ကသိုလ်တွင် (၂) နှစ် တက်ရောက်နိုင်ရန် အမေရိကန်နိုင်ငံအစိုးရတက္ကသိုလ်များ၏ အသိအမှတ်ပြုခွင့်ပြုချက်ရရှိထားသည့် မြန်မာနိုင်ငံရှိ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည်။ Undergraduate Study Abroad Pathway ကျောင်းသူ၊ ကျောင်းသားများအတွက် သင်လျော်သော အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်ပါသည်။
...
TOEFL/IELTS ရမှတ်များကို ကြိုတင်ရရှိထားရန်မလိုအပ်ပဲ ပညာသင်ယူနေစဉ် (၂) နှစ်အတွင်းတွင် ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
အမေရိကန်ပညာရေးစနစ်၏ အားသာချက်တစ်ခုဖြစ်သည့် တတိယနှစ်မှစတင်၍ အထူးပြုမေဂျာစတင်ရွေးချယ်နိုင်ပြီး၊ ရွေးချယ်လေ့လာစရာ ဘာသာရပ်များစွာထဲမှ နှစ်သက်ရာရွေးချယ်နိုင်မည်ဖြစ်ပါသည်။
အထူးပြုမေဂျာကို လွတ်လပ်စွာပြောင်းလဲနိုင်ပြီး ထိုအတွက် ပထမနှစ်မှစ၍ ပြန်လည်တက်ရောက်ရန် လိုအပ်မည်မဟုတ်ပါ။
American University of Yangon တွင် (၂) နှစ်ပညာသင်ပြီးဆုံးပြီးနောက် Associate Diploma ကို ရယူနိုင်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံရှိ သက်ဆိုင်ရာတက္ကသိုလ်တွင် ၂ နှစ်ထပ်မံတက်ရောက်ပြီးပါက Bachelor’s Degree ရရှိနိုင်မည် ဖြစ်ပါသည်။
အမေရိကန်တက္ကသိုလ်ရန်ကုန်မှာ ဝင်ခွင့်ရခြင်းကြောင့် အမေရိကန်နိုင်ငံရှိ ပြည်နယ်တက္ကသိုလ်ကြီးများကို ဝင်ခွင့် ခိုင်မာစေသည်။
အမေရိကန်နိုင်ငံသို့ မသွားရောက်ခင် ကျောင်းခတ္တနား၍ အလုပ်အတွေ့အကြုံယူခြင်း (Term Breaks and Gap Year) ယူခြင်းများလည်း ပြုလုပ်နိုင်ပါသည်။
အမေရိကန်နိုင်ငံအပြင် တခြားနိုင်ငံများကိုလည်း ထပ်ပြီး Study Abroad Pathway ဖန်တီးနိုင်ပါသည်။
၂၀၁၄ ခုနှစ်မှ စတင်ပြီး အမေရိကားနဲ့ မြန်မာနိုင်ငံမှာ ကျောင်းသားဟောင်းများစွာ မွေးထုတ်ထားပြီး ဖြစ်ပါသည်။ ဗီဇာရရှိမှု ၁၀၀ ရာခိုင်နှုန်းရရှိထားပါသည်။
Program အကြောင်းနှင့် မိတ်ဖက်တက္ကသိုလ်များအကြောင်း ကြည့်ရှုရန်
2 + 2 University Pathway Program ကို တက်ရောက်ရန် လိုအပ်ချက်
တက္ကသိုလ်ဝင်တန်း (သို့) IGCSE ပြီးဆုံးထားပြီး နိုင်ငံခြားတွင် ပညာသင်ယူရန် ရည်ရွယ်ထားသူများ တက်ရောက်နိုင်ပါသည်။ အခြေခံပညာရေးဆိုင်ရာလိုအပ်ချက် ရှိ/မရှိ တစ်ဦးချင်းစီ စစ်ဆေးမည့် ဝင်ခွင့်စာမေးပွဲနှင့် အင်တာဗျုးကိုလည်း ကျောင်းတက်ရောက်ရန်အတွက် ဖြေဆိုရမည်ဖြစ်ပါသည်။
ဘာသာရပ်များနှင့် သင်ကြားမည့် ဆရာ/ဆရာမများ American University of Yangon ရှိ သင်ကြားနည်းစနစ်များကို အမေရိကန်တက္ကသိုလ်များအတိုင်း သင်ယူရရှိနိုင်ရန် စီစဉ်ထားပါသည်။ American University of Yangon တွင် (၂) နှစ်တာသင်ယူသည့် ကာလအတွင်း အမေရိကန်နှင့် အနောက်တိုင်းတက္ကသိုလ်များမှ Masters နှင့် PhDs Degree ရရှိထားသော ဝါရင့်အတွေ့အကြုံရှိ Native-English Speaking Professors မှ သင်ကြားပေးသွားမည်ဖြစ်ပါသည်။
အဆိုပါ (၂) နှစ်အတွင်း ကျောင်းသူ၊ ကျောင်းသားများသည် အမေရိကန်ပညာရေး၏ General Education ဘာသာရပ် (၂၀) Credit (60+) ကို တက်ရောက်ရမည်ဖြစ်ပြီး ရရှိထားသည့် Credits များကို အမေရိကန်တက္ကသိုလ်များသို့ တိုက်ရိုက်လွှဲပြောင်းနိုင်ပါသည်။
Courses များကို လေ့လာရန်
ကျောင်းလခနှင့် ပညာသင်ဆုများ
ရန်ကုန်မြို့တွင် တက်ရောက်နေစဉ်ကာလအတွင်း စာသင်နှစ်အပိုင်းအခြား (Term တခုလျှင်) အမေရိကန်ဒေါ်လာ ၅၀၀၀ နှုန်း၊ နှစ်နှစ်အတွင်း စာသင်နှစ်အပိုင်းအခြား (၅) ခု (5 Terms) အတွက် ကျောင်းလခ ကျသင့်မည်ဖြစ်ပါသည်။
ထူးချွန်ကျောင်းသူ၊ ကျောင်းသားများအတွက်လည်း ကျောင်းလခ တစ်စိတ်တစ်ပိုင်း ကင်းလွတ်ခွင့် ပညာသင်ဆုများကို လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
အမေရိကားတွင် တက်ရောက်စဉ်ကျောင်းလခမှာ ရွေးချယ်တက်ရောက်မည့် တက္ကသိုလ်ပေါ်မူတည်တာကြောင့် ကွာခြားမှုရှိနိုင်ပြီး ကျောင်းသူ၊ ကျောင်းသား၊ မိဘ တစ်ဦးချင်းစီ (သို့) အစုအဖွဲ့အလိုက်အတွက် ဆွေးနွေးအကြံပေးမည့် Session များ ရယူနိုင်ပါသည်။
Scholarship များအကြောင်း ကြည့်ရှုရန်
၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အမေရိကန်တက္ကသိုလ်ပထမနှစ်ကို အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ညွှန်ကြားချက်များနှင့် အညီ ဘေးကင်းလုံခြုံသော သင်ယူလေ့လာမှုပုံစံများဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုသည်များကို www.au.edu.mm တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။ ကျောင်းစုံစမ်းရန်၊ ပညာသင်ဆုများ၊ ကိုဗစ်ကာလဘေးကင်းလုံခြုံရေးအစီအစဉ်များ စုံစမ်းရန်၊ အမေရိကန်တက္ကသိုလ်ရန်ကုန်၏ ဝင်ခွင့်အတိုင်ပင်ခံများကို ဆက်သွယ်နိုင်ပါသည်။ အမေရိကန်တက္ကသိုလ်ရန်ကုန် ဖုန်းနံပါတ် ၀၉ ၇၇ ၉၀၀၀ ၉၀၀၊ အမှတ် ၁၁ (အေ)၊ အင်းယားလမ်း၊ ရန်ကုန် သို့လည်းဆက်သွယ်မေးမြန်းနိုင်ပါသည်။