17/07/2025
더니 နဲ့ 았,었,했더니 ဒီ grammar နှစ်ခုလုံးက
အဓိပါယ်အရ တူပေမဲ့ သဒ္ဒါသေဘာတရားအရ အသုံး ကွာပြားချက်တွေအများကြီးရှိပါတယ်။
✅သိသာတယ် ကွာခြားချက် ပထမအချက်
-더니က အခုလက်ရှိကာလ(현재형)ကိုဖော်ပြပြီး
-았,었더니 ကတော့ အတိတ်ကာလ (과거형)ကိုဖော်ပြပါတယ်။
✅ဒုတိယကွာခြားချက်က
-았,었더니က (동사) Action Verb နဲ့ပဲတွဲသုံးပြီး
-더니 ကတော့ (동사 ) Action Verb,(형용사) Quality Verb , 이다 နဲ့တွဲသုံးတဲ့ (명사) Noun အကုန်လုံးနဲ့ တွဲသုံးလို့ရပါတယ်။
✅တတိယကွာခြားချက်ကတော့ Subject အသုံးပါ။
-았,었더니 က Subject က"ကိုယ်တိုင်"ဖြစ်တဲ့အခါမှ သုံးပြီး
-더니 ကတော့ Subject ကကိုယ်တိုင်မဟုတ်တဲ့
"တစ်ခြားသူ(သို့)တစ်ခြားအရာတွေနဲ့ ပတ်သက်ပြီးသုံးပါတယ်။
🧑🏫Grammar နှစ်ခုလုံးရဲ့ တူညီတဲ့ ဆိုလိုရင်းအဓိပါယ်ကတော့
"အတိတ်ကာလမှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရလာတဲ့ဘအကျိုးရလာဒ်ကို ဖော်ပြတာဖြစ်ပါတယ်။
ဥပမာ-
내가 늦잠을 잤더니 학교에 늦었어요.
~~~~ ~~~~~
(ငါက အိပ်ရထနောက်ကျတာကြောင့် ကျောင်းနောက်ကျခဲ့တယ်။)
나나가 늦잠을 자더니 학교에 늦었어요.
~~~~ ~~~~~
(နာနာက အိပ်ရထနောက်ကျတာကြောင့် ကျောင်းနောက်ကျခဲ့တယ်။)
🧑🏫 ဒီ Grammar နှစ်ခုက တစ်ခုနဲ့တစ်ခု မတူညီတဲ့ အဓိပါယ် ၊ မတူညီတဲ့ ဖော်ပြချက်သဘောတရားတွေနဲ့လဲ သုံးပါသေးတယ်။
✅았,었더니က ကိုယ်ကိုတိုင် အရာတစ်ခုကို သိမြင်ခံစားလိုက်ရတယ်ဆိုတဲ့ သဘောကို ဖော်ပြတဲ့အခါမှာလဲသုံးပြီး
✅더니 ကကတော့ အတိတ်ကာလနဲ့ အခုလက်ရှိကို နှိုင်းယှဉ်ဖော်ပြတဲ့အခါမှာ သုံးပါသေးတယ်။
ဥပမာ-
아까밖에 나갔더니 비가 오더라.
(ခုဏက အပြင်ထွက်ကြည့်လိုက်တော့ မိုးရွာနေတယ်)
작년에는 이 물건이 싸더니 이제 비싸네 .
(မနှစ်က ဒီပစ္စည်းက ဈေးပေါခဲ့တာ အခုတော့
ဈေးကြီးနေတယ် )
💢았,었더니 က Subject ကကိုယ်တိုင်သုံးပြီး၊
더니 ရဲ့ subject က တစ်ခြားသူ ၊တစ်ခြားအရာနဲ့သုံးတယ်ဆိုပေမဲ့
❤️ချွင်းချက်အနေနဲ့ Indirect Speech ပုံစံ တတိယလူကို ကိုယ်ကြုံတွေ့ခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြန်ပြောတဲ့အခါ
었,었더니 grammar ကလဲ subject က တစ်ခြားသူ ၊တစ်ခြားအရာနဲ့ တွဲသုံးပါတယ်။ ❤️
ဥပမာ -
민지가 나가더니 비가 온다고 하더라.
(မင်ဂျီက ထွက်သွားတော့ မိုးရွာနေတယ်လို့ပြောတယ် ။)
💢မင်ဂျီနဲ့ ကိုယ်နဲ့အတူရှိနေပြီး ဒါမှမဟုတ် မင်ဂျီထွက်သွားတာကို မြင်လိုက်တယ်ဆိုတဲ့ အနေအထားကိုဖော်ပြ💢
민지가 나갔더니 비가 온다고 하더라 .
(မင်ဂျီ ထွက်သွားတော့ မိုးရွာနေတယ်လို့ပြောတယ်)
💢မင်ဂျီပဲ ထွက်သွားခဲ့ပြီ မင်ဂျီက သူကြုံခဲ့တဲ့ အခြေအနေကိုပဲ ပြန်ပြောပြသွားတဲ့ အနေအထားကိုဖော်ပြ 💢
Teacher Zune