Physics Students-Yenanchaung University-YNCU

Physics Students-Yenanchaung University-YNCU Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Physics Students-Yenanchaung University-YNCU, College & University, Yenangyaung.

01/02/2025

ငါတို့နိုင်ငံစတင်အမှောင်ကျတဲ့နေ့
ငါတို့နိုင်ငံစတင်ပျက်စီးတဲ့နေ့
ငါတို့လူငယ်တွေအနာဂတ်ပျောက်ဆုံးတဲ့နေ့
4နှစ် 4နှစ်ရှိခဲ့ပြီ 💔💔

17/01/2025

ဘွဲ့ယူတဲ့နေ့တဲ့လား
အားကျပါတယ်ဗျာ
ကျနော်တို့မရနိုင်တဲ့ဘဝတွေဘဲ
ခက်ခဲမယ်မှန်းသိပေမယ့်
ဒီလမ်းကိုရွေးလို့နောင်တမရပါဘူး
မိဘတွေနဲ့ဘွဲ့ဓတ်ပုံလေးရိုက်မယ်ဆိုတဲ့အိမ်မက်လေးတော့ဝေးသွားရုံ...

အဆင်ပြေလားCongratulations ပါနော််🤣🤣
20/02/2024

အဆင်ပြေလား
Congratulations ပါနော််🤣🤣

အစိုးရ ထောက်ပံ့ကြေးယူသည့် နွမ်းပါး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ စစ်မှုထမ်းရန်စစ်ကောင်စီက ဆင့်ခေါ်ပြီး စစ်မှုထမ်းရန် ရွှေ့ဆိုင်းလျှင် လျှော်ကြေး သိန်း ၈၀ ပေးရမည်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ပညာရေးဝန်ကြီးဌာနထံမှ ပညာရေးဆိုင်ရာ ထောက်ပံ့ကြေးရယူထားသည့် နွမ်းပါး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသားများအားလုံး စစ်မှုထမ်းရန် စစ်ကောင်စီက ဆင့်ခေါ်ထားပြီး စစ်မှု မထမ်းဘဲ ရွှေ့ဆိုင်းနေလျှင် ငွေကျပ် သိန်း ၈၀ လျှော်ကြေးပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

လတ်တလောရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော စာရင်းများအရ ပုသိမ်တက္ကသိုလ်၊ မအူပင်တက္ကသိုလ်၊ မန္ဆလေးတိုင်းအတွင်းရှိ တက္ကသိုလ်တချို့တို့တွင် ပညာရေးဝန်ကြီးဌာနထံမှ အစိုးရထောက်ပံ့ကြေး ယူ ကျောင်းတက်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများကို လာမည့် ဧပြီလကုန် စတင်မည့် စစ်မှုထမ်းခေါ်ယူမှုများတွင် လျှောက်လွှာ တင်ခိုင်းနေကြောင်း သိရှိရသည်။

"ဧရာဝတီတိုင်းမှာရှိတဲ့ အစိုးရထောက်ပံ့ကြေးယူခဲ့တဲ့၊ ယူနေတဲ့ ဆင်းရဲနွမ်းပါး တက္ကသိုလ်​ကျောင်းသားကျောင်းသူတွေကို စစ်မှူထမ်းဖို့စည်းရုံးပါတယ်။ သူတို့ခေါ်တဲ့အချိန် စစ်မှုမထမ်းဘဲ ရွှေ့ဆိုင်း ပျက်ကွက်ရင် လျှော်ကြေးသိန်း ၈၀ ပေးရမယ်။ အစိုးရ ထောက်ပံ့ကြေး ပေးတော့ တစ်လမှ ၃၀၀၀၀ ကျပ်ပါ။ မိဘနဲ့ကျောင်းသားတွေစိတ်ဒုက္ခရောက်နေရပါပြီ" ဟု မအူပင်တက္ကသိုလ်မှ အစိုးရထောက်ပံ့ကြေးယူခဲ့သူ တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

အလားတူ အစိုးရထောက်ပံ့ကြေးယူ ဘွဲ့ရခဲ့ကြသည့် ဆင်းရဲနွမ်းပါး ဘွဲ့ရ လူငယ်များအားလုံးကိုလည်း လာမည့် ဧပြီလကုန် စတင်မည့် စစ်မှုထမ်းများ ခေါ်ယူချိန်တွင် လျှောက်လွှာတင်ကြရန် စစ်ကောင်စီက အုပ်ချုပ်ရေးအဖွဲ့များမှတစ်ဆင့် အကြောင်းကြားနေကြောင်း သိရှိရသည်။

"မန္တလေးတိုင်းထဲမှာရှိတဲ့ တက္ကသိုလ်တွေကနေ ထောက်ပံ့ကြေးယူ ဘွဲ့ရခဲ့တဲ့ လူငယ်တွေ အားလုံး စစ်မှုထမ်း လျှောက်လွှာတင်ဖို့ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွေက အကြောင်းကြားစာတွေပို့ပါတယ်။ ပျက်ကွက်လို့မရဘူး။ မပျက်မကွက် လျှောက်လွှာ တင်ရမယ်လို့ ပြောပါတယ်" ဟု မန္ဆလေးတိုင်း၊ အမရပူရမြို့နယ်၊ တပ်ကြီးကျေးရွာမှ လူငယ်တစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ- အစိုးရ ပညာသင်ထောက်ပံ့ကြေး ကြော်ငြာတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

အခုလိုကျ ဘွဲ့ရပညာတတ်တွေက ပိုသာသွားပြန်ရော
12/02/2024

အခုလိုကျ ဘွဲ့ရပညာတတ်တွေက ပိုသာသွားပြန်ရော

စစ်မှုထမ်းဥပဒေတွင် ဘွဲ့ရပညာတတ်များ တပ်ထဲ ကာလရှည်နေရန် ပြဋ္ဌာန်းထား
------------
ဘွဲ့ရ သို့မဟုတ် စက်မှုလက်မှုပညာတစ်ခုခု တတ်မြောက်ထားသူဖြစ်ပါက စစ်ကောင်စီတပ်ထဲတွင် အခြားသူများထက် အချိန်ကြာကြာပိုပြီး စစ်မှုထမ်းရနိုင်ခြေရှိသည်။

အခြားသူများက ၂ နှစ်မှ ၅ နှစ်အထိ စစ်ကောင်စီတပ်ထဲ စစ်မှုထမ်းရမည်ဖြစ်သော်လည်း ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရပါက ၃ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်သည်။

အခြားသူများသည် စစ်မှုထမ်းကာလပြည့်ပြီးပါက နောက်တစ်ကြိမ် စစ်တပ်ထဲလာရန်မလိုတော့သော်လည်း ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများကိုတော့ “အရေးပေါ်ပြန်တမ်းဝင်အရာရှိ” အဖြစ် တပ်ထဲ ပြန်ခေါ်နိုင်သည်။

နောက်တစ်ကြိမ်ဆင့်ခေါ်မှုအတွက် အချိန်မည်မျှကြာအောင် စစ်တပ်ထဲထားမည်ဆိုသည်က သတ်မှတ်ချက်မရှိပါ။ ကံမကောင်းပါက ဘဝတစ်လျှောက်လုံး စစ်တပ်ထဲနေရသည်အထိပင် ဖြစ်လာနိုင်သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/49136/

06/02/2024

သွေးစွန်းတဲ့ပညာရေး
သွေးစွန်းတဲ့ ဘွဲ့
ကလေးလေးတွေရဲ့အသက်ကို ပေးစပ် နေရတဲ့အချိန်
ခင်ဗျားတို့ကကျောင်းတွေဆက်တက် ဘွဲ့ဓတ်ပုံတွေရိုက် လိုင်းပေါ်တင်
ခင်ဗျားတို့တွေလူရော ဟုတ်ရဲ့လား
စာနာစိတ်နည်းနည်း တောင်မထားကြတဲ့
တကိုယ်ကောင်းစိတ် ကျွန်စိတ်နဲ့ကောက်ရိုးမီးတွေ

ရှက်စရာကြီးနော်ကိုယ်ချင်းစာတရားမဲ့ ဘွဲ့ တွေ 😊
01/02/2024

ရှက်စရာကြီးနော်
ကိုယ်ချင်းစာတရားမဲ့ ဘွဲ့ တွေ 😊

16/11/2023

Non CDM Students လွိုင်ကော်ကိုကြည့်ထား
နင်တို့အတွက်မုန်းတိုင်း‌တွေစပြီးနော်

11/11/2023

အမေလာမှကျောင်းတက်မယ်ဆိုတဲ့ဟာတွေက
‌ဘွဲ့ယူကုန်ကြပီး😆

01/11/2023

ဘောမတွေ ငါတို့အလှည့်လာပြီ

Address

Yenangyaung

Website

Alerts

Be the first to know and let us send you an email when Physics Students-Yenanchaung University-YNCU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share