02/09/2026
တစ်ခါတလေ…
ကိုယ်သိပ်ချစ်ခဲ့ဖူးတဲ့လူတစ်ယောက်ကို
လွှတ်ချဖို့ ခက်နေတာ
အချစ်စစ် တစ်ခုဆိုတာထက်
သူ့လိုလူမျိုးကို နောက်တစ်ခါ မတွေ့ရတော့မှာ ကြောက်လို့ပါ...။
ဒါကြောင့်ပဲ
ကိုယ့်ကို မရွေးချယ်တော့တဲ့သူကို
ဆက်ပြီး ရွေးချယ်နေမိတယ်…။
တစ်ချိန်က သူပြောခဲ့ဖူးတဲ့ စကားတွေ၊
အတူရှိခဲ့ဖူးတဲ့ နေရာတွေ၊
ကိုယ့်ကို ပြုံးစေခဲ့ဖူးတဲ့ အမှတ်တရတွေကို
ညတိုင်း တိတ်တိတ်လေး ပြန်ဖွင့်ကြည့်မိတယ် ..။
အရင်တုန်းက ဒီလောက်တောင် ကောင်းခဲ့တာပဲ…ဆိုပြီး
ကိုယ့်ကို မပျော်ရွှင်စေတော့တဲ့နေရာမှာ
ဆက်နေမိတယ်...။
ဒါပေမယ့်…
အတိတ်က လှပခဲ့တာဟာ
အနာဂတ်မှာလည်း ဆက်ရှိနေရမယ်လို့ မဆိုလိုဘူး...။
တချို့လူတွေက
ကိုယ့်ဘဝထဲမှာ အမြဲနေဖို့ ရောက်လာတာမဟုတ်ဘူး...။
ကိုယ်မသိသေးတဲ့ သင်ခန်းစာတစ်ခုကို
သင်ပေးပြီး ပြန်ထွက်သွားဖို့ ရောက်လာကြတာပါ...။
တချို့အချစ်တွေကလည်း
ကိုယ့်ဘဝထဲကို ပျော်ရွှင်မှုတွေပဲ ယူလာဖို့ မဟုတ်ဘူး...။
“တခြားသူတစ်ယောက်က ကိုယ့်ကို မချစ်တော့ရင်တောင်
ကိုယ့်ကိုယ်ကိုတော့ မစွန့်ပစ်သင့်ဘူး” ဆိုတာ
သင်ပေးဖို့ ရောက်လာကြတာပါ...။
နာကျင်စေတဲ့ ပြတင်းပေါက်ကို
တစ်နေ့နေ့မှာတော့ ပိတ်လိုက်ပါ...။
အဲဒီပြတင်းပေါက်ကနေ
အတိတ်ကို ထိုင်ကြည့်နေရင်း
ကိုယ့်နှလုံးသားကို နေ့တိုင်း ထပ်ပြီး မကြေကွဲပါစေနဲ့...။
မလွှတ်နိုင်သေးရင်…
ဖြည်းဖြည်းချင်း လွှတ်ပါ။
မမေ့နိုင်သေးရင်…
အချိန်ပေးပါ။
နာကျင်နေသေးရင်…
ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ .. ။
နူးနူးညံ့ညံ့လေး ဖက်ထားပေးပါ .. ။
တစ်နေ့နေ့မှာ…
ကိုယ်ပိတ်ခဲ့တဲ့ ပြတင်းပေါက်ကို ပြန်ကြည့်မိပြီ...
ကိုယ့်ကိုယ်ကို ပြန်ရွေးချယ်ခဲ့တဲ့အတွက်
ကျေးဇူးတင်မိနေပါလိမ့်မယ်…။
တချို့အရာတွေကို လွှတ်လိုက်ရတာ
ဆုံးရှုံးခြင်းမဟုတ်ဘူး..။
ကိုယ့်ဘဝကို ပြန်ရယူခြင်းပါ..။ 🌙🤍
You deserve a life that feels like peace,
not a life you have to survive.
🌿Dear Soul🤍