31/03/2025
For those concerned and is willing to make a contribution, you can contribute via this fundraising campaign
English below:
ချစ်ခင်ရပါသော မိတ်ဆွေများနှင့် ညီအစ်ကိုမောင်နှမများခင်ဗျာ/ရှင်..
အားလုံးသိတဲ့အတိုင်း မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း (စစ်ကိုင်းနဲ့ မန္တလေးဒေသ) ကို ဗဟိုပြုခဲ့တဲ့ ငလျင်ဒဏ်ကြောင့် လူအများအပြား အသက်ဆုံးရှုံးခဲ့ရသလို အိုးအိမ်၊ တန်ဖိုးရှိသမိုင်းဝင်အမွေအနှစ်တွေ၊ ဘုရားကျောင်းကန်တွေနဲ့ အများသုံးအဆောက်အအုံတွေများစွာ ပျက်စီးသွားခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် အပျက်အစီးတွေကြား မိသားစုတွေအများကြီးဟာလည်း နေစရာ၊ ဆေးဝါးကုသမှုနဲ့ အခြေခံလိုအပ်ချက်တွေ အရေးတကြီး လိုအပ်နေပါတယ်။
ဒါကြောင့် အဓိကထိခိုက်ခံရတဲ့ဒေသတွေဖြစ်တဲ့ စစ်ကိုင်းနဲ့ မန္တလေးဒေသတွေကို ကူညီဖို့ အလှူငွေစုဆောင်းရာမှာ ထိုင်းဘတ်ငွေနှင့် ပါဝင်အားဖြည့်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ QR/link ကနေတဆင့်ပါဝင် နိုင်ပါတယ်။
အခြားလှူဒါန်းလိုသော currency များနှင့်ပတ်သတ်၍လဲ page messenger ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်
- အလှူငွေပါဝင် ကူညီပေးနိုင်ရန် ဒီလင့်ခ်ကနေ ဝင်လို့ရပါတယ် 👉 https://forms.gle/tnUFiQd6JvRRCFNC6
- လှူဒါန်းမှုပြုလုပ်သွားမယ့် ဒေသနှစ်ခုနဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းတွေကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ် 👉 https://docs.google.com/document/d/1-_UldS4Vn9qAOLJw9EQyULXTARpEER0TqS1KWAbwab4/edit
အခက်ခဲအကျပ်အတည်းတွေကြားကနေ တဖက်တလမ်းက နည်းများမဆို ပါဝင်ကူညီထည့်ဝင်ပေးကြတဲ့ မိတ်ဆွေအယောက်ချင်းစီတိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ လှူဒါန်းငွေတွေကို ကယ်ဆယ်ရေး၊အစားအသောက်၊ သန့်ရှင်းတဲ့သောက်သုံးရေ၊ ခိုလှုံစရာ၊ အရေးကြီးတဲ့ ဆေးဝါးကုသမှုတွေနဲ့ ကယ်ဆယ်ရေးအတွက် တိုက်ရိုက်အသုံးပြုသွားမှာပါ။ ပွင့်လင်းမြင်သာမှုရှိစေဖို့ အလှူငွေတွေကို ဘယ်လိုသုံးစွဲသလဲဆိုတာကိုလည်း အီးမေးလ်ကနေ အသိပေးတင်ပြသွားပါ့မယ်။
အလှူငွေလှူဒါန်းမှုနဲ့ပတ်သတ်ပြီး အခက်အခဲတစ်စုံတစ်ရာရှိရင်လဲ Page Messenger မှာ မေးမြန်းနိုင်ပါတယ်
လေးစားစွာဖြင့်၊
MYMU
_________________________
Dear friends and community,
As we all know, a powerful earthquake has recently struck regions in Myanmar,Thailand and other neighboring countries.The epicenter of Earthquake exists in central Myanmar (Sagaing and Mandalay regions), where many people lost their lives, properties, invaluable and historical heritages, religious buildings as well as other public buildings. Consequently, it is leaving many families in urgent need of shelter, medical assistance, and basic necessities.
Thus, for those willing to make a contribution via Thai Baht, we are organizing a fundraise to assist mainly affected areas in Myanmar (Sagaing and Mandalay).
For donations in other currencies, please contact us via our Page Messenger for more details.
Latest news regarding the two areas can be read here - https://docs.google.com/document/d/1-_UldS4Vn9qAOLJw9EQyULXTARpEER0TqS1KWAbwab4/edit
We appreciate your considerate kindness and help. Your donations will directly aid those in need—providing food, clean water, shelter, and essential medical care. To ensure transparency, we will email updates detailing how and where your contributions are used.
If you're able to help, please fill out our donation form here:
👉https://forms.gle/tnUFiQd6JvRRCFNC6
Every contribution, no matter how small, makes a difference. Let us stand together in solidarity and compassion.
If you have any questions regarding donations, feel free to message us on our page!
With much gratitude,
MYMU