05/28/2026
🧑🍳🇺🇸အမေရိကန်ကယ်လီဖိုးနီးယားပြည်နယ်မှာ စားသောက်ဆိုင်တွေဖွင့်ရင်အစားအစာတွေကိုသန့်ရှင်းသပ်ရပ်စွာရောင်းချရမယ်ဆိုတာကို လုံးဝ တင်းကြပ်စွာသတိပေးထားပါတယ်ရှင်
🍛ကဲကျွန်မ မနေ့ကသွားစားခဲ့တဲ့ဆိုင်အကြောင်း(ဆိုင်နံမည်မဖော်ပြလို) လူတွေကြိတ်ကြိတ်တိုးပဲ နံမည်ကြီးပဲ မြို့အချို့မှာလဲဆိုင်ခွဲတွေရှိတယ် ကိုယ်က သွားစားတော့တောင် လူတွေတန်းစီပြီးစောင့်နေရတယ် ကျွန်မလဲ ကျွန်မအလှည့်တုံကင်ယူပြီးခနစောင့်နေရသေးတာ ဆိုင်ကလဲခမ်းနားကြီးကျယ်ချက်ပဲ ပွဲမှာလိုက်တယ်ပေါ့ရှင် Serviceကလဲကောင်းတယ် အကုန်လုံးထောင့်စိနေရောပဲ impression တစ်ကယ်ကောင်းသလိုအစားအသောက်လဲကောင်းတယ်ပေါ့ရှင် စားရင်းတစ်ဝက်ကျိုးချိန်မှာ အစားသောက်ပေါ်က အမွှေးလေးတစ်ချောင်းဖြတ်ခနဲတွေ့လိုက်တယ် ကျွန်မမျက်စိကလဲလျင်တယ် အမွှေးက ဆံပင်မွှေးလိုလို မျက်တောင်မွှေးတော့မဟုတ် အဲ့ထက် နဲနဲရှည်တယ် လက်ညှိုးတစ်ဆစ်အနေအထားလေးပေါ့ ကျွန်မဆံပင်ကအရမ်းရှည်တယ် ကျွန်မအမက ဂုတ်ထောက် အပြောင်စီးထားတာသေချာလေးဆိုတော့ကျွန်မတို့မဟုတ်တော့ပြီ မျက်တောင်မွှေးကျွတ်စရာလဲမျက်တောင်size မဟုတ် ကိုးလို့ကန့်လန့်Size ပေါ့ရှင် ပြောရမလား မပြောရမလားစဉ်းစားနေဆဲ ဆက်လဲမစားချင်နေတော့ဘူး အမကလဲ ထားလိုက်မလား ပြောမလားတဲ့ ကျွန်မတို့ဒေါသတော့မထွက်ပါဘူး သူတို့အလုပ်ရှုပ်နေလို့ထင်ပါရဲ့ပေါ့ ဒါပေမဲ့လဲ သိအောင်တော့ပြောရပါမယ် အမေရိကန်မှာဒါမျိုးက အရမ်းကို sensitive ဖြစ်တယ်ပေါ့ရှင်
👩🍳စားပွဲထိုးအဖြူမလေးကိုလှမ်းခေါ်လိုက်တယ် ညီမလေး ခနလေးလာပေးပါဦးရှင့်ပေါ့ ဘာများလိုအပ်လို့လဲဟင်တဲ့ ကျွန်မလဲဘေးဝိုင်းတွေက ကြားမှာစိုးလို့ ခုနက အစားအစာတုံးကိုကိုင်ပြီး သူ့ရှေ့မသိမသာလေးပြလိုက်တယ် ထောင်ပြီးကပ်နေတဲ့အမွှေးကိုလဲ လက်ညှိုးထိုးပြလိုက်တော့ ပြာပြာသလဲကောင်မလေးက ဟယ် ဆောရီးပါနော် Managerကိုသွားပြောလိုက်မယ်နော်ဆိုပြီး သူအဲ့အစားလေးကို tissueလေးနဲ့ယူသွားတယ် ကျွန်မတို့လဲသူတို့ကိုဘာပြဿနာမှရှာချင်စိတ်မရှိပါဘူး သိအောင်ပဲပြောပြရုံပါ နောက်တော့ ကျွန်မတို့ကိုလာတောင်းပန်တယ် သူတို့အဲ့လိုမရှိဘူးပါဘူး ခုကပထမဆုံးပါ Busyနေလို့ပါဘာညာနဲ့ ကျွန်မတို့လဲရပါတယ်ရှင် နောက်ထပ်မဖြစ်ရင်ပဲရပါပြီဆိုပြီး သူ့ကိုလဲ don’t feel bad about it နော်ရတယ် အေးဆေး ပြောပြရုံပါပဲဆိုပြီး စိတ်သက်သာအောင်ပြောပေးလိုက်ပါတယ် ပြန်ခါနီးငွေရှင်းတော့ သူတို့ကျွန်မတို့ကို50%လျော့ပေးလိုက်ပါတယ်ရှင်
😬🇺🇸တစ်ကယ်တော့အဲ့လိုတွေတွေ့တာနဲ့ အမေရိကန်မှာကမလွယ်ဘူးပေါ့နော် California မှာ food safety ကို အင်မတန်မှကိုတင်းကျပ်စွာ လိုက်နာကျင့်သုံးကြတာပါရှင်
ဗဟုသုတ သိသလောက်ရေးပေးမယ်နော်
🇺🇸California မှာအစားအသောက်တွေကိုစစ်ဆေးရေးစနစ်ရှိပါတယ် အခြားပြည်နယ်တွေမှာလဲရှိတယ် အနဲငယ်တော့စနစ်တွေကွဲနိုင်တာပေါ့နော်
👩🍳California Retail Food Code (CalCode) လို့ခေါ်တဲ့ဒီဥပဒေကတော့ FDA Food Code ကို အခြေခံပြီး ရေးဆွဲထားသော ဥပဒေဖြစ်ပါတယ်ရှင်2025 ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် နောက်ဆုံးUpdateလုပ်ခဲ့ပါသေးတယ်
🇺🇸အဲ့လိုသတင်းကြားတာတို့ တိုင်ကြားတာတို့ဆိုရင်လဲ လာပြီးစစ်ဆေးတဲ့အဖွဲ့တွေရှိသလို မကြာခနလာပြီးစစ်ဆေးကြတာတွေလဲရှိပါတယ်ရှင်
💗Local Registered Environmental Health Specialists လို့ခေါ်တဲ့ (REHS)တွေကတော့ အစားအသောက်တွေကိုကြိုတင်အကြောင်းမကြားဘဲ လာရောက်စစ်ဆေးပေးတဲ့ပညာရှင်Specialist တွေဖြစ်ပါတယ် ပုံမှန်အကြောင်းကြားပြီး လာစစ်ဆေးတာတွေလဲရှိတယ်။
👩🍳ဖရန်ချိုင်းယူကြတဲ့ ဆူရှီဆိုင်တွေဆို ခနခနလာစစ်ကြတယ် ကျရင် ဘယ်လောက်ပေးရတယ်ဆိုပြီးတောင်းတာမျိုး စစ်ခလဲ$၂၀၀လဲတောင်းတယ်ကြားဖူးတယ် ကျွန်မက ဆူရှီမလုပ်တော့အဲ့ဒါတော့သေချာမသိဘူး
👩🍳Inspection လာရောက်စစ်ဆေးတဲ့အကြိမ်ရေကတော့ ဆိုင်ရဲ့အစားအစာချက်ပြုတ်မှုပေါ်မူတည်တယ် risk level ပေါ်မူတည်တယ်ပေါ့လေ ဥပမာ ပင်လယ်စာဆိုင်ဆိုပိုချက်ရတယ် စျေးကြီးတဲ့steaks ဆိုင်တွေဆို ကျက်မကျက်ပိုးသေမသေ အချိန်အကြာကြီးယူရတဲ့ စားသောက်ဆိုင်အကြီးတွေပေါ်မူတည်ပြီး ဆုံးဖြတ်ကြတာဖြစ်ပါတယ်ရှင်
🇺🇸👩🍳California မှာကတော့ စားသောက်ဆိုင်တွေကို နှစ်စဉ် အနည်းဆုံး ၁-၂ ကြိမ် စစ်ဆေးပါတယ်အသားကင်ဆိုင်၊ Sushi ဆိုင်ကဲ့သို့ high-risk ဆိုင်တွေကိုတော့ ပိုပြီးမကြာခဏ စစ်ဆေးပါတယ်ရှင်
✅California တွင် အဖြစ်များဆုံးအချက်တွေကတော့
1. ဝန်ထမ်းများ လက်မဆေးကြောခြင်း
2. အစားအစာ မမှန်ကန်သောအပူချိန်တွင် သိမ်းဆည်းခြင်း
3. Surface နဲ့ ကိရိယာတွေ မသန့်ရှင်းစင်ကြယ်ဘဲ ထားခြင်း
4. အစားအစာ ရောနှောကိုင်တွယ်ခြင်း
5. ပိုးကောင် ဝင်ရောက်မှု မကာကွယ်ခြင်း
6. Food safety training မပေးထားသောဝန်ထမ်းများခန့်ထားခြင်းနဲ့
7. Certified Food Safety Manager မရှိခြင်း တို့ဖြစ်ပါတယ်ရှင်
✅နံပါတ်7 အချက်ကတော့ ဒီမှာဆိုရင် အစားအသောက်ကိုင်ရင် ကဲငါဆိုင်ဖွင့်ပြီဆိုပြီးကိုင်ချင်တိုင်းကိုင်လို့မရဘူး အစားအသောက်ကိုင်တွယ်ခွင့် နာရီအနဲငယ်ကြာ အွန်လိုင်းလက်မှတ်သင်တန်းတက် multiple Choice မေးခွန်းအချို့ဝင်ဖြေ အောင်ရင် လက်မှတ်ရပြီး ပရင့်ထုတ် အဲ့လိုရမှ ကိုင်တွယ်လို့ရတယ် မအောင်ရင် ပြန်ထပ်ဖြေ လွယ်တာတော့လွယ်ပါတယ် အဲ့လိုလက်မှတ်တွေရှိမှကိုင်လို့ရတာကိုး ပြီးမန်နေဂျာဆိုသူဆိုရင် Manager Levelနဲ့ညီတဲ့ လက်မှတ်ယူထားရပါတယ်ရှင်
👨💼 Certified Food Manager
California မှာကတော့ဆိုင်တိုင်းမှာcertified food safety manager တစ်ဦး မဖြစ်မနေ ရှိရမယ်ရှင် ဒါမရှိရင်တော့ ကြီးမားသောပြစ်ဒဏ်ကျသင့်နိုင်ပါတယ် ServSafe သို့မဟုတ် ANAB-accredited certification ဖြင့်လဲဖြေဆိုနိုင်ပါတယ်ရှင်
🚚 Delivery ဆိုင်တွေအတွက် အထူးဥပဒေတွေကတော့ ဥပမာ UberEats, GrubHub ကဲ့သို့ third-party delivery platform သုံးသောဆိုင်တွေတိုင်းက ready-to-eat အစားအစာများကို tamper-evident seal (ဖွင့်ကြည့်မှသိသောseal) ဖြင့် ထုပ်ပိုးရမည်ဟု 2021 ခုနှစ်မှ စတင်ပြီးသူတို့ကြော်ငြာထားပါတယ်ရှင်
(ခုထိဒါကိုတစ်ချို့ဆိုင်တွေကလဲမသုံးနေကြသလိုပဲတွေ့ရတယ် မမိသေးလို့ပေါ့နော်)
🏆 LA County နဲ့ တခြားမြို့ကြီးတွေမှာတော့Grade စနစ်နဲ့ သွားပါတယ်ရှင်
💡 LA, SF, San Diego တွင် Grade စာလုံးကို ဆိုင်တံခါးဝတွင် မြင်သာအောင် ကပ်ထားရပါမယ် customer တွေ ဝင်မဝင်ခင်မြင်နိုင်အောင်လို့ပေါ့နော်
💗Grade A = 90-100 အမှတ် ကတော့အကောင်းဆုံးပါတဲ့
💁🏼♀️Grade B = 80-89 အမှတ် ကတော့ တိုးတက်မှုလိုအပ်ပါတယ်ရှင်
💁🏼♀️Grade C = 70-79 အမှတ် ကတော့အရေးပေါ်ပြင်ဆင်ရပါမယ်တဲ့ရှင်
💁🏼♀️Failed = 70 အောက် ဆိုရင်ဆိုင်ကိုချက်ချင်းပိတ်သိမ်းအဲ့လို Gradeအလိုက်ဆိုင်တွေကို ဝင်စစ်ဆေးတဲ့အဖွဲ့ကပေးပါတယ်ရှင်
ဒါလေး အဲ့ဆိုင်ကိုသွားရင်းကြုံလာလို့ရေးလိုက်ပါတယ်ရှင် ကျွန်မမှာတော့ အစားအသောက်ကိုင်တွယ်မှု ServeSafe လက်မှတ်ရှိပါတယ်ရှင်
#အစားအသောက်