Queens Education Service Myanmar

Queens Education Service Myanmar Learning opportunities in US

08/21/2023

Hybrid and online classes available.

08/21/2023
Partnership with Min Travel Myanmar 🇲🇲
08/16/2023

Partnership with Min Travel Myanmar 🇲🇲

US မှာကျောင်းသွားထားချင်တဲ့ မိဘတွေ
US မှာကျောင်းတက်ချင်တဲ့ကျောင်းသားတွေအတွက်
ကောင်းသတင်းကျော်ဇော်ပြီးသား
Min Myanmar Travel မှ အသစ်ဖွင့်လစ်တဲ့ service လေးတစ်ခုကို သတင်းကောင်းလေးပေးပါရစေ။

QESM လို့အတိုကောက်ခေါ်တဲ
Queens Education Service Myanmar
ရုံးခွဲလေးဟာ အခုဆို
New York ပြည်နယ် Queens မြို့လေးမှာဖွင့်လစ်ထားပါပြီ။

ပညာရေးလောက ထဲက အတွေအကြုံရင်ကျင့်ပြီးသား
Former International school တစ်ခုရဲ့ Founder နဲ့ Principal ဖြစ်သူမှ ( Queens မှာနေထိုင်သူ)
ကျောင်းလိုအပ်ချက်များအကြံပေးခြင်း
ကျောင်းများအသင့်တော်ဆုံးရွှေးချယ်ပေးခြင်း
လျောက်ထားပေးခြင်း
အိမ်ရှာပေးခြင်း
လေဆိပ်ကြိုပေးခြင်း
ဘဏ်အကောင့်ဖွင့်ပေးခြင်း
အစစလိုအပ်ချက်များကို One stop လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

မြန်မာပြည်ရုံးခွဲအဖြစ်တော့
မမင်းကပဲ ဦးစီးသွားမှာဖြစ်လို့
ပြည်ဝင်ခွင့်ဆိုတာကိုလဲ စိတ်မပူရတော့ဘူးပေါ့
F1 visa အတွက် ရင်အေးရပြီး
မိ့မိ့ကြိုက်နှစ်သက်ရာကျောင်းကို ရွှေးချယ်တက်လို့ရသွားမှာဖြစ်ပါတယ်။

မှတ်ချက် USA ကျောင်းသီးသန့်

08/14/2023
US ရောက်တာနဲ့ဘာကစရမလဲ ဘာလုပ်ရမလဲမေးကြတဲ့သူတွေအတွက်ပါ..ပထမဆုံးလုပ်ရမှာက၁၊ကိုယ်နေတဲ့ အိမ်လိပ်စာကို အသိ မိတ်ဆွေတစ်ယောက်ယောက...
08/14/2023

US ရောက်တာနဲ့ဘာကစရမလဲ ဘာလုပ်ရမလဲမေးကြတဲ့သူတွေအတွက်ပါ..

ပထမဆုံးလုပ်ရမှာက
၁၊ကိုယ်နေတဲ့ အိမ်လိပ်စာကို အသိ မိတ်ဆွေတစ်ယောက်ယောက်ကတဆင့် စာထည့်ခိုင်းပါ

၂၊ဘဏ်ကတ်
debit cardပဲ အရင်လုပ်ရပါတယ်၊လွယ်လွယ်နဲ့အဆင်တပြေရနိုင်တာကတော့ TD bank ပါ..$100-500စသဖြင့် ကြိုက်သလောက်ထည့်လို့ရပါတယ်..
လိုအပ်တာတွေက👇👇👇
၁၊passport
၂၊ကိုယ်နေတဲ့လိပ်စာနဲ့စာလာထားတဲ့စာအိတ်
နဲ့ (တချို့လည်း အိမ်လိပ်စာပြောရုံနဲ့ရတယ်)
၃၊driver license(မြန်မာနိုင်ငံကဟာပါ) ပြရင် ချက်ချင်းရပါတယ်
**(cash မသုံးဘဲ ကတ်ပြားကိုပဲ ပုံမှန်သုံးပါ၊တစ်လအတွင်း သုံးထားတဲ့ bank statement လေး စာတိုက်ကနေပို့ပေးပါလိမ့်မယ်)**
Debit card ရပြီးတစ်လလောက်နေမှ credit card ထပ်လျှောက်ပြီး ကိုယ်ပိုင်ပိုက်ဆံအရင်သွင်းထားပြီး credit score တက်အောင် စပြီးသုံးပါတယ်..

၃၊health insurance ( New York နဲ့ တချို့ရတဲ့ပြည်နယ်တွေမှာတော့ free ရပါတယ်)
လိုအပ်တာတွေက

၁၊Pp ရှေ့မျက်နှာ
၂၊Visa တုန်းထုပါမျက်နှာ
၃၊I-94
၄၊ဖုန်းနံပါတ်
၅၊Email
၆၊အိမ်လိပ်စာ
ဒီအချက်၆ချက်ကိုတွဲပြီး ဒီ အီးမေးလ်ကိုပို့ပေးပါ..
[email protected]
နှစ်ပတ်နေရင် New York State လို့ပါတဲ့ အပြာနဲ့အဖြူ member card လေးရပါမယ်..နောက်နှစ်ပတ်နေရင် United Healthcare Community Plan ဆိုတဲ့ Member card လေးထပ်ရပါမယ်..အဲ့ကတ်လေးကို register လုပ်ပေးပြီး ကိုယ်ပြချင်တဲ့ ဆရာဝန်ကိုရွေးထည့်ရပါမယ်..
ကလေးပါလာတဲ့မိဘတွေဆို ကလေးအတွက်လိုအပ်တဲ့ ကာကွယ်ဆေးထပ်ထိုးရတာ သွေးစစ်ရတာတွေ တစ်ပြားမှ မကုန်ဘဲ လိုအပ်တဲ့ အားဆေးတွေလည်း လစဉ်အလကားရမှာပါ..

၃၊New York State Identification Card (NYSC)
အွန်လိုင်းက ရက်ယူရတာခက်လို့ မနက်စောစော Walk in ဝင်တာ အကောင်းဆုံးပါ
နီးစပ်ရာ သတ်မှတ်ထားတဲ့ library တစ်ခုခုမှာ သွားရင်းလာရင်း application form ယူထားပါ

၁၊IDNYC application ကိုဖြည့်ထားပါ
၂၊passport
၃၊billing address or bank statement
ဒီအချက် သုံးခုရပြီဆို မနက် ၈နာရီမထိုးခင် တန်းစီပြီး နံပါတ်ယူပါ..
ပြီးရင် ဓါတ်ပုံရိုက်ရပါတယ်..နှစ်ပတ် တစ်လနေရင် New York State ID card ရပါပြီ..
**အချက်အလက်မစုံပဲတင်ခဲ့ရင် pending ဖြစ်ပြီး သူတို့ပြောတဲ့အချက်တွေပြန်တောင်းပြီး သတ်မှတ်ပေးတဲ့ရက်ရောက်မှ ပြန်သွားလျှောက်ရပါတယ်..**
အမြဲစိတ်ချမ်းသာရတာက လူမတိုးရ သိပ်ကြာကြာတန်းမစီရဘဲ အရမ်းယဉ်ကျေးပျူငှါပြီး ကူညီပေးကြလွန်းတာပါပဲ..ကိုယ်တေနိုင်ငံကရုံးတွေဆို ဟောက်တာခံရသေး လဒ်ကထိုးရသေး တစ်ကမ္ဘာလောက်ထိုင်စောင့်ရ..အခါခါပြန်ချိန်း အကြာကြီး သွားထိုင်စောင့်ရဆိုတာတွေမရှိတော့ မောလည်း မောရကျိုးနပ်ပါတယ်..
အားလုံးပဲလွယ်ကူအဆင်ပြေကြပါစေ..



USကို မိသားစုလိုက် လာချင်တယ်ဆိုရင်တော့ visit visaနဲ့လာလို့ရပါတယ်..ကြိုပြီးပြင်ဆင်ထားသင့်တာလေးတွေ အရေးကြီးသိသင့်တာလေးတွေ ...
08/13/2023

USကို မိသားစုလိုက် လာချင်တယ်ဆိုရင်တော့ visit visaနဲ့လာလို့ရပါတယ်..

ကြိုပြီးပြင်ဆင်ထားသင့်တာလေးတွေ အရေးကြီးသိသင့်တာလေးတွေ အပိုင်း(၁)
🌟 🌟 🌟 🌟 🌟 🌟 🌟 🌟 🌟 🌟
၁၊အိမ်ထောင်စုစာရင်း မူရင်း နိုတြီ
၂၊မွေးစာရင်း မူရင်း နိုတြီ
၃၊မှတ်ပုံတင် မူရင်း နိုတြီ
၄၊driver license
၅၊ဘွဲ့လက်မှတ် မူရင်း နိုတြီ
၆၊အိမ်ထောင်သည်ဆို လက်ထပ်စာချုပ်မူရင်းနဲ့ နိုတြီ
၇၊ကလေးငယ်တွေအတွက်က ကျောင်းထွက်လက်မှတ်
၈၊ကာကွယ်ဆေးထိုးထားတဲ့ record

❌❌❌အဲ့တာတွေကို မြင်သာတဲ့နေရာမှာ မထည့်ယူလာပါနဲ့.ဖုန်းထဲမှာ SSတွေလိုလည်းမသိမ်းပါနဲ့..memory stick ထဲထည့်သိမ်းပါ..emailနဲ့ မိသားစုဝင်တစ်ယောက်ယောက်စီ ပို့ထားတာမျိုးလည်းရပါတယ်..
လာဖို့နဲ့အလုပ်ရှာတာတွေအကြောင်းကို Facebook messenger နဲ့မပြောပါနဲ့..email နဲ့ အလုပ်ကြိုရှာတာတွေမလုပ်ကြပါနဲ့..လေဆိပ်ကနေ ပြန်ပို့ခံရတာတွေရှိပါတယ်..❌❌❌

အမေးများလွန်းတဲ့ ဘယ်လောက်ကုန်မလဲဆိုတဲ့မေးခွန်းအတွက်👇👇👇
ခန့်မှန်းကုန်ကျစရိတ်က တစ်ယောက်ကိုသိန်း၆၀ခန့်နဲ့လက်ထဲသုံးဖို့ $2000-3000ပါရင်ရပါပြီ..လူပိုရင်တော့ လေယာဉ်လက်မှတ်ခထပ်တိုးမှာပေါ့..(လေယာဉ်လက်မှတ်ကိုသေချာစုံစမ်းပြီး သက်သာတဲ့နေရာရှာဝယ်ပါ၊visit နဲ့ဆို အသွားအပြန်လက်မှတ်ဝယ်မှရပါမယ်)
ပိုက်ဆံကတော့ ပိုပါရင်လည်းပိုကောင်းတာပေါ့..
လေဆိပ်မှာ ပိုက်ဆံဘယ်လောက်ပါလည်း မေးရင် သုံးလေးထောင်ကနေ ရှစ်ထောင်လောက်အတွင်းပဲပြောပါ..တစ်သောင်းလောက်လို့ပြောရင် declaring လုပ်ရလို့ အချိန်ကြာတာရစ်တာဖြစ်မှာစိုးရပါတယ်..
Credit card ပါတယ်လို့ပြောပါ..မြန်မာနိုင်ငံက visa credit card လုပ်လာရင် ရောက်ခါစ ကားစီး ရထားစီးအတွက် အသုံးဝင်ပါတယ်..

ရောက်တာနဲ့ စျေးသက်သာတဲ့နေရာရှာအလုပ်ရှာပါ( cash နဲ့ပေးတဲ့ဆိုင်တွေရှိပါတယ်)
နေစားငြိမ်းနဲ့လစာပေးတဲ့နေရာတွေလည်းရှိပါတယ်..တစ်ယောက်တည်းသမားဆိုရင်တော့ ပိုအဆင်ပြေတာပေါ့

မိသားစုနဲ့ဆိုရင်တော့ စျေးသက်သာတဲ့နေရာရှာငှါး..အသိမိတ်ဆွေနဲ့အတူစပ်ငှါးရင်တော့ ပို
ကျယ်ပိုသန့်တာလေးရတာပေါ့..
ကလေးပါရင် မငှါးချင်တဲ့သူများတဲ့အတွက် သွားရေးလာရေး သိပ်မခက်တဲ့နေရာဆို သိပ်ဂျီးမများပဲငှါးစေချင်တယ်..အိမ်လိပ်စာရမှ
ကလေးကျောင်းအပ်လို့ရမှာပါ..
အိမ်လိပ်စာသေချာပြီဆို internet service ခေါ်တပ်ရင် bill ကို စာတိုက်ကနေပို့ပေးပါလို့ပြော..အင်တာနက်ဘေလ် ကိုယ့်နာမည်နဲ့ဆောင်ထားရင် အရမ်းအသုံးဝင်ပါတယ်..

နေရာရပြီဆို ကလေးကျောင်းအပ်ဖို့
Google မှာ family welcoming center near me လို့ရိုက်ရှာပြီး အနီးဆုံး စင်တာကိုသွားပါ..
အိမ်လိပ်စာပြော Passport ပြပြီး ကျောင်းအပ်ဖို့စာရင်းပေးလို့ရပါပြီ၊
Office ကနေ ဘယ်ကျောင်းကိုသွားပါဆိုပြီး အနီးဆုံးကျောင်းကို ညွှန်ပေးပါတယ်..(ဒီမှာ ဘာလုပ်လုပ် တစ်ပြားမှ မပေးရပါဘူး)
ကျောင်းသွားအပ်တဲ့အခါ ကျောင်းထွက်လက်မှတ်၊report card နဲ့ ကာကွယ်ဆေးထိုးထားတဲ့ records လိုပါတယ်..



Asylum တင်ပြီး ကျောင်းတက်လို့ရလားမေးကြတဲ့သူများအတွက်ပါ..
08/08/2023

Asylum တင်ပြီး ကျောင်းတက်လို့ရလားမေးကြတဲ့သူများအတွက်ပါ..

In-state tuition?

In-state tuition ဆိုတာ ဘာလဲဆိုတော့ Public or State University/College တွေမှာ စျေးနှုန်းသက်သာစွာနဲ့ တက်ရောက်သင်ကြားရခွင့် ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လူတိုင်းရနိုင်တာတော့လ မဟုတ်ပါဘူး Income / ဝင်ငွေ သတ်မှတ် ပမာဏ အထက် ရှိသူများ International Student များ မရနိုင်ပါ။

ပုံမှန်အားဖြင့် In-state tuition အား နိုင်ငံသား, Green Card Holder, Asylee and Refugee များ လျှောက်ထား တက်ရောက်နိုင်ပါသည်။ ‌သို့သော်လည်း လက်ရှိ အခြေအနေ တွင် Asylum Applicant များပါ လျှောက်ထား တက်ရောက်ခွင့် ရရှိတာ တွေ့ရပါတယ်။

In-state tuition ဖြင့် ရရှိနိုင်ရန် ၄င်းပြည်နယ်တွင် အနည်းဆုံး ၁၂ လ နေထိုင်ပြီးပါက သက်ဆိုင်ရာ ကျောင်း၏ Admission or DSO ထံ ဆက်သွယ်၍ လျှောက်ထားနိုင်ပါသည်။ အကယ်၍ မိဘ များမှာ အခြားပြည်နယ်တွင် နေထိုင်ပါက ၄င်းပြည်နယ်အတွင်း Public/State University/College များတွင်လည်း in-state tuition benefits လျှောက်ထားရရှိနိုင်ပါသည်။

အပေါ်မှာ ပြောခဲ့သလို Asylum pending applicant များ လျှောက်ထားရရှိနိုင်သည့်အတွက် မြန်မာ Asylum applicant များ အနေနှင့် သက်ဆိုင်ရာ ပြည်နယ်တွင် အနည်းဆုံး ၁၂လ နေထိုင်းပြီးပါက မိမိ၏ ပညာရေး အခွင့်အလမ်း အား ဆက်လက် အကောင်အထည်ဖေါ်သင့်ပါတယ်။

ဒီနေရာမှာ အလည်နှင့် လာပြီး Asylum လျှောက်ထားသူများ၊ ကျောင်းသား visa နှင့် လာပြီး Asylum လျှောက်ထားသူများဟု ခြားနာခြင်း မရှိပါ။ မိမိနေထိုင်ရာ ပြည်နယ်တွင် ၁၂ လ နေထိုင်ပြီးပါက ၄င်းပြည်နယ်ရှိ University/College များတွင် in-state tuition benefits ဖြင့် တက်ရောက် ရရှိနိုင်ပါသည်။ အထူးသဖြင့် ကျောင်းသား အနေ ဖြင့် လာ၍ ကျောင်း ဆက်မတက်သူများ ၁၂ လ နေထိုင်းပြီးပါက in-state tuition ဖြင့် ပြန်လည်တက်ရောက်သင့်ပါတယ်။ Asylum applicant အနေနှင့် in-state tuition လျှောက်သည့်အခါ USCIS မှ Letter များ၊ State/Driver ID၊ EAD စသည့် မိမိ ၏ Documents များ ပြည့်စုံစွာ တင်ပြရပါမည်။

Fees အနေဖြင့် ကျောင်းတကျောင်းနှင့် တကျောင်း စျေးနှုန်းများ policy များ မတူသည့်အတွက် အတိအကျ ပြောရန် ခက်သော်လည်း ပျမ်မျှအားဖြင့် တစ်ဘာသာ လျှင် $50 ဝန်းကျင်မှ $500 ဝန်းကျင်ခန့် ထိ ရှိနိုင်ပါသည်။

⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

Photo Credit to The College Post.

08/08/2023

Purpose-Centered Education model

08/08/2023

Accelerated 7-week intensive courses.

08/08/2023

Transfer quickly and easily

08/08/2023

ကျောင်းသားများအတွက် မရှိမဖြစ် AI Tools များ 📌

Writing အတွက် အကောင်းဆုံး Tools များ

၁။ ChatGPT- https://chat.openai.com/

အားလုံးသိတဲ့ ChatGPT က ကျောင်းသားများအတွက် အကောင်းဆုံး AI စာရေးကိရိယာများထဲမှ တစ်ခုဖြစ်နေသေးပြီး အခမဲ့သုံးလို့ရပါတယ်။ ChatGPT က စာအတိုကနေဆောင်းပါးတွေအထိ စာသားအမျိုးအစားအားလုံးကို ဖန်တီးနိုင်စေပါတယ်။ သုတေသနအတွက်လည်း အသုံးပြုနိုင်ပြီး AI ကို ဘယ်ပညာရပ်ဆိုင်ရာမေးခွန်းများမဆို မေးနိုင်ပါတယ်။ ChatGPT က ဇယားများနှင့် ဂရပ်များရဲ့ အချက်အလက်များကို အကျဉ်းချုံ့ရန်အတွက်လည်း ကောင်းမွန်ပါတယ်။

၂။ Caktus AI- https://www.caktus.ai/
ကျောင်းသားများအတွက် အထူးထုတ်လုပ်ထားသည့် AI Tools ဖြစ်ပြီး ကျောင်းသားများအား ကျောင်းအလုပ်များကို အလိုအလျောက်လုပ်ဆောင်နိုင်စေသောပါတယ်။ Caktus AI က ကုဒ်ရေးသားခြင်း၊ စာစီစာကုံးရေးသားခြင်း၊ စာပိုဒ်များရေးသားခြင်းနှင့် သင်္ချာပုစ္ဆာဖြေရှင်းခြင်း အပါအဝင် အခြားအရာများစွာကို လုပ်ဆောင်နိုင်ပါတယ်။ လုပ်ရမှာက tool ကို input အနည်းငယ်ပေးလိုက်ရုံပါပဲ။

၃။ Grammarly- https://www.grammarly.com/
စာလုံးပေါင်း၊ သဒ္ဒါနှင့် သတ်ပုံသတ်ပုံအမှားများကို ပြင်နိုင်စေရန် အကောင်းမွန်ဆုံးသော AI-powered အရေးအသား application များထဲမှ တစ်ခုဖြစ်ပြီးကျောင်းသားများသည် Microsoft Word သို့မဟုတ် Gmail ကဲ့သို့သော အခြားအက်ပ်များနှင့် ချိတ်ဆက်ခြင်းဖြင့် အသုံးပြုနိုင်တဲ့အပြင်စာသားကို အချိန်နှင့်တစ်ပြေးညီ စကင်န်ဖတ်နိုင်ပြီဘယ် အသက်အရွယ်အုပ်စုနှင့်မဆို အရေးအသားအတွက် အဖိုးတန်ပါတယ်။

Research အတွက် အကောင်းဆုံး Tools များ

၄။ WolframAlpha- https://www.wolframalpha.com/
ကျောင်းသားများအတွက် အသုံးဝင်သော ကိရိယာတစ်ခုဖြစ်ပြီးမေးပွဲအတွက် လေ့ကျင့်ရန်၊ အိမ်စာအကူအညီရယူရန်နှင့် သုတေသနပြုလုပ်ရန် ကူညီပေးနိုင်ပါတယ်။ WolframAlpha က သင်္ချာနှင့် ရူပဗေဒအတွက် ကျော်ကြားသော်လည်း ဓာတုဗေဒ၊ ဇီဝဗေဒ၊ အင်ဂျင်နီယာ၊ ဘောဂဗေဒ၊ နက္ခတ္တဗေဒ၊ စာရင်းအင်းပညာနှင့် အခြားအရာများတွင်လည်း ထူးချွန်သူဖြစ်ပါတယ်။ ၎င်းသည် ကျောင်းသားများကကိုယ်ပိုင်ဒေတာကို တင်ပြီး ရင်သပ်ရှုမောဖွယ် စိတ်ကြိုက်ရုပ်ပုံများကို ဖန်တီးနိုင်စေပါတယ်။

၅။ Socratic by Google- https://socratic.org/

Socratic က ကျောင်းသားများအား အထက်တန်းကျောင်းနှင့် တက္ကသိုလ်အဆင့်တွင် ကျောင်းလုပ်ငန်းကို နားလည်ရန် ကူညီပေးသည့် Google AI မှ ပံ့ပိုးပေးထားတဲ့ သင်ယူမှုအက်ပ်တစ်ခုပါ။ အထက်တန်းကျောင်းဘာသာရပ်အများစုကို ပံ့ပိုးပေးပြီး သိပ္ပံ၊ သင်္ချာ၊ စာပေ၊ လူမှုရေးလေ့လာရေးနှင့် အခြားအရာများကို ပံ့ပိုးရန်အတွက် တည်ဆောက်ထားပါတယ်။ ဆိုကရေးတီးကို မေးခွန်းတစ်ခုမေးခြင်းဖြင့်၊ အက်ပ်သည် သဘောတရားများကို လေ့လာရန် ကျောင်းသားများအတွက် အကောင်းဆုံးအွန်လိုင်းအရင်းအမြစ်များကို ရှာဖွေနိုင်ပါလိမ့်မယ်။

၆။ AllSearch- https://www.allsearch.ai/

ဘယ်အရာအတွက်မဆို အဖြေများအတွက် ထောင်ပေါင်းများစွာသော စာအုပ်များကို အလွယ်တကူ ရှာဖွေနိုင်စေပြီး AI ကို ဘယ်မေးခွန်းကိုမဆို မေးနိုင်တဲ့အပြင် သင့်မေးခွန်းအတွက် အဖြေကိုရှာဖွေရန် ပညာရပ်ဆိုင်ရာနှင့် စာပေနှစ်ခုစလုံးကို ထောင်ပေါင်းများစွာသော စာအုပ်များမှ စကင်န်ဖတ်နိုင်ပါတယ်။ အဖြေများတွေ့ရှိသည့်နေရာကို ကိုးကား၍ ၎င်းကို သုတေသနမှတ်စုများတွင် ထည့်သွင်းနိုင်ပါတယ်။

၇။ Sourcely- https://www.sourcely.net/

အခြားပညာရပ်ဆိုင်ရာအပိုင်းများအတွက် ယုံကြည်စိတ်ချရသောအရင်းအမြစ်များကို ရှာဖွေရန် Sourcely ကို အသုံးပြုနိုင်ပြီး ကိုးကားချက်များပေးရန်လိုအပ်ပါကအသုံးဝင်သောကိရိယာတစ်ခုဖြစ်ပါတယ်။ စာပိုဒ်တစ်ခု သို့မဟုတ် ဝါကျတစ်ခုအဖြစ် တွေံရှိချက်များကို အကျဉ်းချုပ်ဖော်ပြရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်

Homework အတွက် အကောင်းဆုံး Tools များ

၈။ Tutorly.ai- https://tutorly.ai/

ကျောင်းသားများရဲ့ အိမ်စာများကို ကူညီပေးသည့် AI အခြေခံ ကိရိယာတစ်ခု ဖြစ်ပြီးအသုံးပြုသူများဟာ မေးခွန်းကို အက်ပ်ထဲသို့ ကူးထည့်ကာ အဖြေတစ်ခု ရရှိနိုင်ပါတယ်။ အပလီကေးရှင်းမှာ ရွေးချယ်စရာမျိုးစုံ၊ အဖြေတိုနှင့် အခြားမေးခွန်းဖော်မတ်များရရှိနိုင်တဲ့အပြင် Elite အသုံးပြုသူများသည် အကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ပိုမိုနားလည်သဘောပေါက်ရန်အတွက် 'Explain' နှင့် 'Show Steps' ကဲ့သို့သော အပိုဝန်ဆောင်မှုများကို အသုံးပြုခွင့်ရှိပါတယ်။

၉။ Notedly.ai- https://notedly.ai/
ကျောင်းသားများ စာဖတ်ရာကနေ မှတ်စုများကိုချက်ချင်းထုတ်ခြင်းဖြင့် အချိန်ကုန်သက်သာစေသော AI ကိရိယာတစ်ခုဖြစ်ပါတယ်။ ကျောင်းသားများက မှတ်စုမှတ်ရတဲ့အချိန်ကိုသက်သာစေပြီး ရှုပ်ထွေးသောအကြောင်းအရာများကို လျင်မြန်ထိရောက်စွာ နားလည်နိုင်စေရန် ကူညီပေးပါတယ်။

၁၀။ LearnAnything- https://learn-anything.xyz/

LearnAnything ကို လမ်းပြအဖြစ် ဘယ်ဘာသာရပ် သို့မဟုတ် ကျွမ်းကျင်မှုကိုမဆို သင်ယူနိုင်ပါတယ်။ လေ့လာလိုတဲ့အရာကို AI ကို ရိုးရိုးရှင်းရှင်းပြောလိုက်ရုံနဲ့ သင်ယူရန် လုပ်ဆောင်ရမယ့် အရာအပြည့်အစုံကို သင်ရရှိနိုင်ပါတယ်။ဘာသာရပ်တစ်ခုကို စတင်လေ့လာရန် ဘယ်လိုစလုပ်ရမှန်းမသိရင် ၎င်းသည် အသုံးဝင်သောကိရိယာတစ်ခုဖြစ်သည်။

Address

Elmhurst
Queens Village, NY
11373

Telephone

+15168520730

Website

Alerts

Be the first to know and let us send you an email when Queens Education Service Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Queens Education Service Myanmar:

Share